ရွှန်းဆကု ဆဂမိ၏ အောင်မြင်မှု (သို့မဟုတ်) ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာသော ဂျပန်၏ အသက်အငယ်ဆုံး ဘီလျံနာ

ရွှန်းဆကု ဆဂမိ၏ အောင်မြင်မှု (သို့မဟုတ်) ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာသော ဂျပန်၏ အသက်အငယ်ဆုံး ဘီလျံနာ - Property Knowledge in Myanmar from iMyanmarHouse.com
26 Jul 2024 12:08 pm တွင် တင်ခဲ့သည်
859 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

Forbes မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ လက်ရှိအားဖြင့် ကမ္ဘာပေါ်တွင် ဘီလျံနာဦးရေ ၂၇၈၁ ဦး ရှိသည်ဟု ဆိုသည်။

ထိုအထဲတွင် ဂျပန်၏ အသက်အငယ်ဆုံးဘီလျံနာ ရွှန်းဆကု ဆဂမိလည်း တစ်ဦးအပါအဝင် ဖြစ်သည်။

Forbes မဂ္ဂဇင်းကြီး၏ ဖော်ပြချက်တွင် ဆဂမိသည် အသက် ၃၃ နှစ်အရွယ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာကြွယ်ဝလာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဆဂမိသည် ဉာဏ်ရည်တု (AI) နည်းပညာဖြင့် ချမ်းသာကြွယ်ဝလာသူ ဖြစ်သည်။

တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်အရ ဆဂမိသည် ၂၀၁၈ ခုနှစ်တွင် ထွန်းသစ်စ ကုမ္ပဏီတစ်ခုကို ရောင်းချလိုက်ပြီး ရရှိလာသောငွေဖြင့် M & A Research Institute ကို တည်ထောင်ခဲ့သည်ဟု ဆိုသည်။

M & A Research Institute သည် ကုမ္ပဏီပေါင်းစည်းခြင်းနှင့် ဝယ်ယူခြင်းဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ ဖြစ်သည်။

အသေးစားမှ အလတ်စားလုပ်ငန်းများ၏ သက်ကြီးရွယ်အို ပိုင်ရှင်များ၊ စီအီးအိုများကို ကုမ္ပဏီဝယ်ယူမည့် အလားအလာရှိသူများနှင့် AI နည်းပညာသုံးကာ ချိတ်ဆက်ပေးသည်။

၎င်းတွေ့ကြုံရင်ဆိုင်ခဲ့ရသော အတွေ့အကြုံ တစ်ခုအရ ယခုကုမ္ပဏီကို တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုကျိုရှိ သူ၏ ရုံးခန်းတွင် ဆဂမိက တိုင်းမ်မဂ္ဂဇင်းသို့ ရှင်းပြသည်မှာ လူငယ်များထက် သက်ကြီးရွယ်အိုများ များပြားနေသောနိုင်ငံတွင် ကုမ္ပဏီလောက၌ အောင်မြင်မှုရရန် စိန်ခေါ်မှုများ ရင်ဆိုင်ခဲ့ရကြောင်း ပြောသည်။

အဘိုးဖြစ်သူ၏ ဖြစ်ရပ်ကို ဆဂမိက သာဓကထူသည်။

အဘိုးဖြစ်သူသည် အိုဆာကာတွင် အောင်မြင်သော အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခု တည်ထောင်ခဲ့ ကြောင်း ဆဂမိက တိုင်းမ်မဂ္ဂဇင်းသို့ ပြောသည်။

သို့သော် အနားယူရမည့် အသက်အရွယ်သို့ ရောက်ချိန်တွင် လုပ်ငန်းဆက်ခံမည့်သူ မရှိသောကြောင့် လုပ်ငန်းကို ပိတ်သိမ်းလိုက်ရသည်။

မွေးဖွားနှုန်း နည်းပါးပြီး အလုပ်သမားအင်အားစု ကျဆင်းနေကာ သက်ကြီးရွယ်အို များပြားမှုနှင့် ရင်ဆိုင် နေရသော ဂျပန်တွင် ထိုပြဿနာမှာ အမြဲတွေ့နေရသည့် အကြောင်းရပ် ဖြစ်သည်။

Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၃ ခုနှစ်အတွင်း ဂျပန်၏ မွေးဖွားနှုန်း ၅ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး မွေးဖွားသူထက် သေဆုံးသူများပြားနေကြောင်း ဖော်ပြသည်။

ဆဂမိက အဆိုပါပြဿနာကို ဖြေရှင်းရေးအတွက် အခြားလုပ်ငန်းများကို သူ၏ လုပ်ငန်းမှတဆင့် AI နည်းပညာ၏ အကူအညီဖြင့် ကူညီပေးရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

“ဂျပန်မှာ အသက်အရွယ်ကြီးမြင့်သူ များပြားလာနေတာဟာ ဆိုးရွားပြင်းထန်ပါတယ်။ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးလို့ ကျွန်တော်ထင်ပါတယ်” ဟု ဆဂမိက တိုင်းမ်မဂ္ဂဇင်းသို့ ပြောသည်။

သက်ကြီးရွယ်အို လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့လုပ်ငန်းအား ဆက်ခံမည့်သူ ရှာဖွေတွေ့ရှိစေရန် ဆဂမိ၏ ကုမ္ပဏီက AI နည်းပညာသုံး တွဲဖက်သူ ရှာဖွေသည့် စနစ်ဖြင့် ရှာသည်။

ဆက်ခံသူရှာဖွေတွေ့ရှိသွားသည့်အခါမှသာ ဆဂမိက Client များကို ဝန်ဆောင်ခ တောင်းခံသည်။

ဆဂမိက သူ၏ ကုမ္ပဏီကို တိုကျိုစတော့အိတ်ချိန်း၌ ၂၀၂၂ ခုနှစ်တွင် ဈေးကွက်တင်ခဲ့ပြီး ဝန်ထမ်းပေါင်း ၃၀၀ ခန့်ရှိသည်အထိ ကြီးထွားလာခဲ့ကာ ထမြောက်အောင်မြင်သွားသည့် လုပ်ငန်းလွှဲပြောင်းမှုပေါင်း ၄၀၀ ရှိခဲ့သည်။

ဆဂမိက သူ၏လုပ်ငန်းကို နိုင်ငံတကာအထိ ချဲ့ထွင်နိုင်ရန် စီစဉ်နေသည်။

“ကျွန်တော့်အနေနဲ့ အခွင့်အရေးရမယ်ဆိုရင် တခြားနိုင်ငံတွေမှာလည်း M&A ရဲ့ ဝန်ဆောင်မှုတွေနဲ့ အလားတူ အကူအညီပေးလိုပါတယ်”

လက်ရှိအားဖြင့် M & A Research Institute Holdings Inc. ၏ ရှယ်ယာဈေးများမှာ ဆက်လက်မြင့်တက် လျက် ရှိနေသည်။

ဆဂမိသည် ဂျပန်၏ အသက်အငယ်ဆုံး ဘီလျံနာ သူဌေးကြီးဖြစ်သော်လည်း ထောင်လွှားမှုမရှိဘဲ နှိမ့်ချစွာပင် နေထိုင်သည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Rise Of Shunsaku Sagami, Japan's Youngest Billionaire With A $1.9 Billion Net Worth (finance)

 

 

 

[Zawgyi]

ရႊန္းဆကု ဆဂမိ၏ ေအာင္ျမင္မႈ (သို႔မဟုတ္) ကန္ေဒၚလာ ၁ ဒသမ ၉ ဘီလီယံ ခ်မ္းသာေသာ ဂ်ပန္၏ အသက္အငယ္ဆံုး ဘီလ်ံနာ

 

Forbes မဂၢဇင္းၾကီး၏ ေဖာ္ျပခ်က္အရ လက္ရွိအားျဖင့္ ကမၻာေပၚတြင္ ဘီလ်ံနာဦးေရ ၂၇၈၁ ဦး ရွိသည္ဟု ဆိုသည္။

ထိုအထဲတြင္ ဂ်ပန္၏ အသက္အငယ္ဆံုးဘီလ်ံနာ ရႊန္းဆကု ဆဂမိလည္း တစ္ဦးအပါအဝင္ ျဖစ္သည္။

Forbes မဂၢဇင္းၾကီး၏ ေဖာ္ျပခ်က္တြင္ ဆဂမိသည္ အသက္ ၃၃ ႏွစ္အရြယ္တြင္ ကန္ေဒၚလာ ၁ ဒသမ ၉ ဘီလီယံ ခ်မ္းသာၾကြယ္ဝလာခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

ဆဂမိသည္ ဥာဏ္ရည္တု (AI) နည္းပညာျဖင့္ ခ်မ္းသာၾကြယ္ဝလာသူ ျဖစ္သည္။

တိုင္းမ္မဂၢဇင္း၏ ေဖာ္ျပခ်က္အရ ဆဂမိသည္ ၂၀၁၈ ခုႏွစ္တြင္ ထြန္းသစ္စ ကုမၸဏီတစ္ခုကို ေရာင္းခ်လိုက္ျပီး ရရွိလာေသာေငြျဖင့္ M & A Research Institute ကို တည္ေထာင္ခဲ့သည္ဟု ဆိုသည္။

M & A Research Institute သည္ ကုမၸဏီေပါင္းစည္းျခင္းႏွင့္ ဝယ္ယူျခင္းဆိုင္ရာ အတိုင္ပင္ခံကုမၸဏီ ျဖစ္သည္။

အေသးစားမွ အလတ္စားလုပ္ငန္းမ်ား၏ သက္ၾကီးရြယ္အို ပိုင္ရွင္မ်ား၊ စီအီးအိုမ်ားကို ကုမၸဏီဝယ္ယူမည့္ အလားအလာရွိသူမ်ားႏွင့္ AI နည္းပညာသံုးကာ ခ်ိတ္ဆက္ေပးသည္။

၎ေတြ႔ၾကံဳရင္ဆိုင္ခဲ့ရေသာ အေတြ႔အၾကံဳ တစ္ခုအရ ယခုကုမၸဏီကို တည္ေထာင္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

တိုက်ဳိရွိ သူ၏ ရံုးခန္းတြင္ ဆဂမိက တိုင္းမ္မဂၢဇင္းသို႔ ရွင္းျပသည္မွာ လူငယ္မ်ားထက္ သက္ၾကီးရြယ္အိုမ်ား မ်ားျပားေနေသာႏိုင္ငံတြင္ ကုမၸဏီေလာက၌ ေအာင္ျမင္မႈရရန္ စိန္ေခၚမႈမ်ား ရင္ဆိုင္ခဲ့ရေၾကာင္း ေျပာသည္။ အဘိုးျဖစ္သူ၏ ျဖစ္ရပ္ကို ဆဂမိက သာဓကထူသည္။

အဘိုးျဖစ္သူသည္ အိုဆာကာတြင္ ေအာင္ျမင္ေသာ အိမ္ျခံေျမအက်ဳိးေဆာင္လုပ္ငန္းတစ္ခု တည္ေထာင္ခဲ့ ေၾကာင္း ဆဂမိက တိုင္းမ္မဂၢဇင္းသို႔ ေျပာသည္။

သို႔ေသာ္ အနားယူရမည့္ အသက္အရြယ္သို႔ ေရာက္ခ်ိန္တြင္ လုပ္ငန္းဆက္ခံမည့္သူ မရွိေသာေၾကာင့္ လုပ္ငန္းကို ပိတ္သိမ္းလိုက္ရသည္။

ေမြးဖြားႏႈန္း နည္းပါးျပီး အလုပ္သမားအင္အားစု က်ဆင္းေနကာ သက္ၾကီးရြယ္အို မ်ားျပားမႈႏွင့္ ရင္ဆိုင္ ေနရေသာ ဂ်ပန္တြင္ ထိုျပႆနာမွာ အျမဲေတြ႔ေနရသည့္ အေၾကာင္းရပ္ ျဖစ္သည္။

Bloomberg သတင္းဌာန၏ ေဖာ္ျပခ်က္အရ ၂၀၂၃ ခုႏွစ္အတြင္း ဂ်ပန္၏ ေမြးဖြားႏႈန္း ၅ ဒသမ ၁ ရာခုိင္ႏႈန္း က်ဆင္းခဲ့ျပီး ေမြးဖြားသူထက္ ေသဆံုးသူမ်ားျပားေနေၾကာင္း ေဖာ္ျပသည္။

ဆဂမိက အဆိုပါျပႆနာကို ေျဖရွင္းေရးအတြက္ အျခားလုပ္ငန္းမ်ားကို သူ၏ လုပ္ငန္းမွတဆင့္ AI နည္းပညာ၏ အကူအညီျဖင့္ ကူညီေပးရန္ ေဆာင္ရြက္ေနျခင္းျဖစ္သည္။

“ဂ်ပန္မွာ အသက္အရြယ္ၾကီးျမင့္သူ မ်ားျပားလာေနတာဟာ ဆိုးရြားျပင္းထန္ပါတယ္။ ကမၻာေပၚမွာ အဆိုးရြားဆံုးလို႔ ကၽြန္ေတာ္ထင္ပါတယ္” ဟု ဆဂမိက တိုင္းမ္မဂၢဇင္းသို႔ ေျပာသည္။

သက္ၾကီးရြယ္အို လုပ္ငန္းရွင္မ်ားအေနျဖင့္ ၎တို႔လုပ္ငန္းအား ဆက္ခံမည့္သူ ရွာေဖြေတြ႔ရွိေစရန္ ဆဂမိ၏ ကုမၸဏီက AI နည္းပညာသံုး တြဲဖက္သူ ရွာေဖြသည့္ စနစ္ျဖင့္ ရွာသည္။

ဆက္ခံသူရွာေဖြေတြ႔ရွိသြားသည့္အခါမွသာ ဆဂမိက Client မ်ားကို ဝန္ေဆာင္ခ ေတာင္းခံသည္။

ဆဂမိက သူ၏ ကုမၸဏီကို တိုက်ဳိစေတာ့အိတ္ခ်ိန္း၌ ၂၀၂၂ ခုႏွစ္တြင္ ေစ်းကြက္တင္ခဲ့ျပီး ဝန္ထမ္းေပါင္း ၃၀၀ ခန္႔ရွိသည္အထိ ၾကီးထြားလာခဲ့ကာ ထေျမာက္ေအာင္ျမင္သြားသည့္ လုပ္ငန္းလႊဲေျပာင္းမႈေပါင္း ၄၀၀ ရွိခဲ့သည္။

ဆဂမိက သူ၏လုပ္ငန္းကို ႏိုင္ငံတကာအထိ ခ်ဲ႕ထြင္ႏိုင္ရန္ စီစဥ္ေနသည္။

“ကၽြန္ေတာ့္အေနနဲ႔ အခြင့္အေရးရမယ္ဆိုရင္ တျခားႏိုင္ငံေတြမွာလည္း M&A ရဲ႕ ဝန္ေဆာင္မႈေတြနဲ႔ အလားတူ အကူအညီေပးလိုပါတယ္”

လက္ရွိအားျဖင့္ M & A Research Institute Holdings Inc. ၏ ရွယ္ယာေစ်းမ်ားမွာ ဆက္လက္ျမင့္တက္ လ်က္ ရွိေနသည္။

ဆဂမိသည္ ဂ်ပန္၏ အသက္အငယ္ဆံုး ဘီလ်ံနာ သူေဌးၾကီးျဖစ္ေသာ္လည္း ေထာင္လႊားမႈမရွိဘဲ ႏွိမ့္ခ်စြာပင္ ေနထုိင္သည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

  Ref: The Rise Of Shunsaku Sagami, Japan's Youngest Billionaire With A $1.9 Billion Net Worth (finance)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service