တရုတ်ပြည်တွင် သခင်တို့ အလုပ်သွားနေချိန်အတွင်း အိမ်မွေးတိရ စ္ဆာန်ကလေးများအား Pet မူကြိုသို့ ပို့ဆောင်ထားမှု ခေတ်စားနေ၊ Pet မူကြိုတွင် အိမ်မွေးတိရ စ္ဆာန်လေးများအား ခေါင်းညိတ်၊ ခေါင်းခါ၊ လက်ဝါးရိုက် နှုတ်ဆက်နည်း၊ သေချင်ဟန်ဆောင်နည်းများ သင်ကြားပေး

တရုတ်ပြည်တွင် သခင်တို့ အလုပ်သွားနေချိန်အတွင်း အိမ်မွေးတိရ စ္ဆာန်ကလေးများအား Pet မူကြိုသို့ ပို့ဆောင်ထားမှု ခေတ်စားနေ၊ Pet မူကြိုတွင် အိမ်မွေးတိရ စ္ဆာန်လေးများအား ခေါင်းညိတ်၊ ခေါင်းခါ၊ လက်ဝါးရိုက် နှုတ်ဆက်နည်း၊ သေချင်ဟန်ဆောင်နည်းများ သင်ကြားပေး - Property Knowledge in Myanmar from iMyanmarHouse.com
25 Jul 2024 1:13 am တွင် တင်ခဲ့သည်
577 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

တရုတ်ပြည်တွင် အိမ်မွေးတိရ စ္ဆာန်ကလေးများ မွေးမြူထားသူတို့သည် ၎င်းတို့အလုပ်သွားနေချိန်တွင် ချစ်ရသော အိမ်မွေးတိရ စ္ဆာန်လေးများကို ငွေကြေးများစွာသုံးစွဲကာ Pet မူကြိုကျောင်းများသို့ ပို့ဆောင်ထား ကြလျက်ရှိသည်။

Pet မူကြိုတို့သည် အိမ်မွေးတိရ စ္ဆာန်လေးများကို တနေကုန်စောင့်ရှောက်ပေးထားသည့်အပြင် လောကဝတ်ပြုနည်း လေ့ကျင့်ပေးမှုများသာမက အခြားလေ့ကျင့်သင်ကြားမှုများလည်း ပြုလုပ်ပေးသည်။

ပေကျင်းမြို့ရှိ တစ်ခုသော pet မူကြိုတွင်ဆိုလျှင် အခြေခံညွှန်ကြားခိုင်းစေမှုသာမက ပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်မှုများကိုလည်း သင်ကြားပေးရာ လက်ဝါးရိုက် နှုတ်ဆက်ခြင်းအပြင် ပက်လက်လဲကာ သေချင်ဟန်ဆောင်နည်းလည်း သင်ပေးသည်ဟု ဆိုသည်။

ပြည်မကြီးမှ Economic View သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါမူကြိုတွင် ခေါင်းညိတ်ခြင်း၊ ခေါင်းခါခြင်း၊ ဦးညွှတ်ခြင်း၊ ခေါင်းလောင်းကြိုးဆွဲခြင်း၊ တံခါးပိတ်ခြင်း၊ ဖိနပ်သယ်ပေးခြင်း၊ ကစားစရာများ ချီပေးခြင်း၊ တွားသွားခြင်းနှင့် ပန်းကန်ပြားကောက်ခြင်း အစရှိသည့် ကျွမ်းကျင်မှုများ သင်ကြားပေးသည့် အတန်းများ ရှိသည်ဟု ဆိုသည်။

ထိုသို့ သင်တန်းများမှာ သင်တန်းကြေး ယွမ်ငွေ ၁၁,၀၀၀ (ကန်ဒေါ်လာ ၁,၅၀၀) ခန့် ပေးရပြီး သင်တန်းကာလ မှာ ရက်ပေါင်း ၃၀ ဖြစ်သည်။

(Pet မူကြိုတစ်ခုတွင် စုတ်ဖွားခွေးကလေးတစ်ကောင်ကို လက်ဝါးချင်းရိုက်ကာ နှုတ်ဆက်နည်း သင်ကြားပေး နေပုံ။ ဓာတ်ပုံ-Weibo)

အချိန်ပြည့်အလုပ်လုပ်နေရပြီး မိမိတို့၏ အိမ်မွေးတိရ စ္ဆာန်လေးများကို အချိန်မပေးနိုင်သူများအတွက် အဆိုပါ pet မူကြိုတို့မှာ အားကိုးအားထားရာ ဖြစ်လာနေသည်။

“မူကြိုက ခွေးလေးတွေကို ရေတောင်ချိုးပေးပါတယ်။ အိမ်ကို သန့်သန့်ရှင်းရှင်းနဲ့ ပြန်ရောက်လာတာကြောင့် အလုပ်က ပြန်လာတဲ့အချိန်မှာ ကျွန်မအတွက် ဘဝဖြတ်သန်းမှု ပိုမိုလွယ်ကူစေပါတယ်” ဟု Labrador ပိုင်ရှင်တစ်ဦးက Economic View သတင်းဌာနသို့ ပြောသည်။

အခြားခွေးလေးများနှင့် ဆော့ကစားရသောကြောင့် မိမိ၏ ခွေးလေးမှာ ပိုမိုပျော်ရွှင်မှုရလာပုံပေါ်ကြောင်းလည်း သူမက ပြောသည်။

ဘင်္ဂလားကြောင်တစ်ကောင်၏ ပိုင်ရှင်တစ်ဦးက ပြောသည်မှာ “ကြောင်တစ်ကောင်ဟာ ပြတင်းပေါက် အပြင်ဘက်ကို ငေးစိုက်ပြီး မကြာခဏ ကြည့်နေတတ်တယ်ဆိုရင် သူအထီးကျန်ဝေဒနာ ခံစားနေရတာကို ပြတယ်လို့ ကျွန်မ အွန်လိုင်းမှာ ဖတ်ရပါတယ်” ဟု ဆိုသည်။

“ကျွန်မ ကြောင်လေးက အဲ့လိုဖြစ်နေတာပါ။ ကျွန်မကလည်း အလုပ်အရမ်းများတော့ နေ့ဘက်မှာ သူနဲ့ အဖော်လုပ်မပေးနိုင်ဘူးလေ”

ခက်ခဲသော အိမ်မွေးတိရ စ္ဆာန်လေးများကို လေ့ကျင့်သင်ကြားပေးနိုင်သော မူကြိုဆရာများ၏ ကျွမ်းကျင်မှုကို လေးစားတန်ဖိုးထားကြောင်း အိမ်မွေးတိရ စ္ဆာန်ကလေးများ၏ ပိုင်ရှင်တို့က ပြောသည်။

တစ်ခုသော pet မူကြိုတွင်ဆိုလျှင် အိမ်မွေးတိရ စ္ဆာန်လေးများကို တစ်ကောင်ချင်း သီးသန့် သင်ကြားပေးပြီး သင်တန်းကြေးမှာ ယွမ်ငွေ ၁၂,၀၀၀ (ကန်ဒေါ်လာ ၁,၆၅၀) ခန့် ပေးရသည်။သင်တန်းကာလမှာ ၄၅ ရက် ဖြစ်သည်။

အချို့ pet မူကြိုများမှာမူ နေ့ထိန်း ဝန်ဆောင်မှုသာ ပေးသည်။

ဈေးအကြီးဆုံး pet မူကြိုကျောင်းဆိုလျှင် တစ်ရက်ကို ယွမ် ၇၀၀ (ကန်ဒေါ်လာ ၉၅) အထိ ပေးရပြီး အကြိုအပို့ ကျောင်းကြိုကား ရှိသည်။

ထိုကျောင်းများတွင် ကျောင်းအိပ်ကျောင်းစား စနစ်လည်း ရှိသည်။

ရှန်ဟိုင်းမြို့တွင် pet မူကြို ဖွင့်လှစ်ထားသော လုပ်ငန်းရှင်တစ်ဦးက Economic View သတင်းဌာနသို့ ပြောသည်မှာ ၎င်းတို့၏ မူကြိုမှာ ခွေး အကောင် ၃၀ ခန့်နှင့် ကြောင် ၇ ကောင် လက်ခံနိုင်စွမ်းရှိကြောင်း ပြောသည်။

အွန်လိုင်းသုံးစွဲသူတို့အကြား ယခု trend နှင့် စပ်လျဉ်းပြီး သဘောထားအမြင်အမျိုးမျိုးကွဲပြားသည်။

“ဒီလို ကုန်ရတဲ့ ယွမ် ၁၁,၀၀၀ က တကယ်တန်ပါတယ်။ လာမယ့် နှစ်အနည်းငယ်အတွင်း အလုပ်တွေကနေ အနားယူတဲ့အခါ ခွေးလေးတစ်ကောင်မွေးဖို့ စိတ်ကူးထားပါတယ်။ အဲဒီကျောင်းတွေကိုပို့ပြီး တချို့ကျွမ်းကျင်မှု လေးတွေ သင်ပေးသွားမှာပါ” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

(pet မူကြိုများနှင့် စပ်လျဉ်းပြီး အွန်လိုင်းသုံးစွဲသူတို့အကြား သဘောထားအမြင် အမျိုးမျိုး ကွဲပြားနေသည်။ ဓာတ်ပုံ-Weibo)

“ကျွန်တော့်ကလေးရဲ့ နွေရာသီကျောင်းစရိတ်ထက်တောင် ဈေးကြီးနေပါလား” ဟု အခြားတစ်ဦးက မှတ်ချက်ပြုသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်ပြည်၏ အိမ်မွေးတိရ စ္ဆာန်လုပ်ငန်းကဏ္ဍမှာ အလျင်အမြန်ကြီးထွား လာနေသည်။

iiMedia Research ၏ လေ့လာချက်အရ ၂၀၂၂ ခုနှစ်အတွင်း တရုတ်ပြည် အိမ်မွေးတိရ စ္ဆာန် လုပ်ငန်း၏ တန်ကြေးမှာ ယွမ်ငွေ ၄၉၃ ဒသမ ၆ ဘီလီယံ (ကန်ဒေါ်လာ ၆၈ ဘီလီယံ) အထိ ရှိခဲ့ပြီး လာမည့် ၂၀၂၅ ခုနှစ်တွင် ၂ ဆနီးပါး မြင့်တက်လာဖွယ်ရှိနေကြောင်း သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Busy China pet owners fork out hard-earned cash on ‘kindergarten’ courses for animals (scmp)

Photo Credit-Weibo

[Zawgyi]

တရုတ္ျပည္တြင္ သခင္တို႔ အလုပ္သြားေနခ်ိန္အတြင္း အိမ္ေမြးတိရ စၦာန္ကေလးမ်ားအား Pet မူၾကိဳသို႔ ပို႔ေဆာင္ထားမႈ ေခတ္စားေန၊ Pet မူၾကိဳတြင္ အိမ္ေမြးတိရ စၦာန္ေလးမ်ားအား ေခါင္းညိတ္၊ ေခါင္းခါ၊ လက္ဝါးရိုက္ ႏႈတ္ဆက္နည္း၊ ေသခ်င္ဟန္ေဆာင္နည္းမ်ား သင္ၾကားေပး

တရုတ္ျပည္တြင္ အိမ္ေမြးတိရ စၦာန္ကေလးမ်ား ေမြးျမဴထားသူတို႔သည္ ၎တို႔အလုပ္သြားေနခ်ိန္တြင္ ခ်စ္ရေသာ အိမ္ေမြးတိရ စၦာန္ေလးမ်ားကို ေငြေၾကးမ်ားစြာသံုးစြဲကာ Pet မူၾကိဳေက်ာင္းမ်ားသို႔ ပို႔ေဆာင္ထား ၾကလ်က္ရွိသည္။

Pet မူၾကိဳတို႔သည္ အိမ္ေမြးတိရ စၦာန္ေလးမ်ားကို တေနကုန္ေစာင့္ေရွာက္ေပးထားသည့္အျပင္ ေလာကဝတ္ျပဳနည္း ေလ့က်င့္ေပးမႈမ်ားသာမက အျခားေလ့က်င့္သင္ၾကားမႈမ်ားလည္း ျပဳလုပ္ေပးသည္။

ေပက်င္းျမိဳ႕ရွိ တစ္ခုေသာ pet မူၾကိဳတြင္ဆိုလွ်င္ အေျခခံညႊန္ၾကားခိုင္းေစမႈသာမက ေပါင္းသင္းဆက္ဆံေရး ကၽြမ္းက်င္မႈမ်ားကိုလည္း သင္ၾကားေပးရာ လက္ဝါးရိုက္ ႏႈတ္ဆက္ျခင္းအျပင္ ပက္လက္လဲကာ ေသခ်င္ဟန္ေဆာင္နည္းလည္း သင္ေပးသည္ဟု ဆိုသည္။

ျပည္မၾကီးမွ Economic View သတင္းဌာန၏ ေဖာ္ျပခ်က္အရ အဆိုပါမူၾကိဳတြင္ ေခါင္းညိတ္ျခင္း၊ ေခါင္းခါျခင္း၊ ဦးညႊတ္ျခင္း၊ ေခါင္းေလာင္းၾကိဳးဆြဲျခင္း၊ တံခါးပိတ္ျခင္း၊ ဖိနပ္သယ္ေပးျခင္း၊ ကစားစရာမ်ား ခ်ီေပးျခင္း၊ တြားသြားျခင္းႏွင့္ ပန္းကန္ျပားေကာက္ျခင္း အစရွိသည့္ ကၽြမ္းက်င္မႈမ်ား သင္ၾကားေပးသည့္ အတန္းမ်ား ရွိသည္ဟု ဆိုသည္။

ထိုသို႔ သင္တန္းမ်ားမွာ သင္တန္းေၾကး ယြမ္ေငြ ၁၁,၀၀၀ (ကန္ေဒၚလာ ၁,၅၀၀) ခန္႔ ေပးရျပီး သင္တန္းကာလ မွာ ရက္ေပါင္း ၃၀ ျဖစ္သည္။

(Pet မူၾကိဳတစ္ခုတြင္ စုတ္ဖြားေခြးကေလးတစ္ေကာင္ကို လက္ဝါးခ်င္းရိုက္ကာ ႏႈတ္ဆက္နည္း သင္ၾကားေပး ေနပံု။ ဓာတ္ပံု-Weibo)

အခ်ိန္ျပည့္အလုပ္လုပ္ေနရျပီး မိမိတုိ႔၏ အိမ္ေမြးတိရ စၦာန္ေလးမ်ားကို အခ်ိန္မေပးႏိုင္သူမ်ားအတြက္ အဆိုပါ pet မူၾကိဳတို႔မွာ အားကိုးအားထားရာ ျဖစ္လာေနသည္။

“မူၾကိဳက ေခြးေလးေတြကို ေရေတာင္ခ်ဳိးေပးပါတယ္။ အိမ္ကို သန္႔သန္႔ရွင္းရွင္းနဲ႔ ျပန္ေရာက္လာတာေၾကာင့္ အလုပ္က ျပန္လာတဲ့အခ်ိန္မွာ ကၽြန္မအတြက္ ဘဝျဖတ္သန္းမႈ ပိုမိုလြယ္ကူေစပါတယ္” ဟု Labrador ပိုင္ရွင္တစ္ဦးက Economic View သတင္းဌာနသုိ႔ ေျပာသည္။

အျခားေခြးေလးမ်ားႏွင့္ ေဆာ့ကစားရေသာေၾကာင့္ မိမိ၏ ေခြးေလးမွာ ပိုမိုေပ်ာ္ရႊင္မႈရလာပံုေပၚေၾကာင္းလည္း သူမက ေျပာသည္။

ဘဂၤလားေၾကာင္တစ္ေကာင္၏ ပိုင္ရွင္တစ္ဦးက ေျပာသည္မွာ “ေၾကာင္တစ္ေကာင္ဟာ ျပတင္းေပါက္ အျပင္ဘက္ကို ေငးစိုက္ျပီး မၾကာခဏ ၾကည့္ေနတတ္တယ္ဆိုရင္ သူအထီးက်န္ေဝဒနာ ခံစားေနရတာကို ျပတယ္လို႔ ကၽြန္မ အြန္လိုင္းမွာ ဖတ္ရပါတယ္” ဟု ဆိုသည္။

“ကၽြန္မ ေၾကာင္ေလးက အဲ့လိုျဖစ္ေနတာပါ။ ကၽြန္မကလည္း အလုပ္အရမ္းမ်ားေတာ့ ေန႔ဘက္မွာ သူနဲ႔ အေဖာ္လုပ္မေပးႏိုင္ဘူးေလ”

ခက္ခဲေသာ အိမ္ေမြးတိရ စၦာန္ေလးမ်ားကို ေလ့က်င့္သင္ၾကားေပးႏိုင္ေသာ မူၾကိဳဆရာမ်ား၏ ကၽြမ္္းက်င္မႈကို ေလးစားတန္ဖုိးထားေၾကာင္း အိမ္ေမြးတိရ စၦာန္ကေလးမ်ား၏ ပိုင္ရွင္တို႔က ေျပာသည္။

တစ္ခုေသာ pet မူၾကိဳတြင္ဆိုလွ်င္ အိမ္ေမြးတိရ စၦာန္ေလးမ်ားကို တစ္ေကာင္ခ်င္း သီးသန္႔ သင္ၾကားေပးျပီး သင္တန္းေၾကးမွာ ယြမ္ေငြ ၁၂,၀၀၀ (ကန္ေဒၚလာ ၁,၆၅၀) ခန္႔ ေပးရသည္။ သင္တန္းကာလမွာ ၄၅ ရက္ ျဖစ္သည္။

အခ်ဳိ႕ pet မူၾကိဳမ်ားမွာမူ ေန႔ထိန္း ဝန္ေဆာင္မႈသာ ေပးသည္။ ေစ်းအၾကီးဆံုး pet မူၾကိဳေက်ာင္းဆိုလွ်င္ တစ္ရက္ကို ယြမ္ ၇၀၀ (ကန္ေဒၚလာ ၉၅) အထိ ေပးရျပီး အၾကိဳအပို႔ ေက်ာင္းၾကိဳကား ရွိသည္။

ထိုေက်ာင္းမ်ားတြင္ ေက်ာင္းအိပ္ေက်ာင္းစား စနစ္လည္း ရွိသည္။

ရွန္ဟိုင္းျမိဳ႕တြင္ pet မူၾကိဳ ဖြင့္လွစ္ထားေသာ လုပ္ငန္းရွင္တစ္ဦးက Economic View သတင္းဌာနသို႔ ေျပာသည္မွာ ၎တို႔၏ မူၾကိဳမွာ ေခြး အေကာင္ ၃၀ ခန္႔ႏွင့္ ေၾကာင္ ၇ ေကာင္ လက္ခံႏိုင္စြမ္းရွိေၾကာင္း ေျပာသည္။

အြန္လိုင္းသံုးစြဲသူတို႔အၾကား ယခု trend ႏွင့္ စပ္လ်ဥ္းျပီး သေဘာထားအျမင္အမ်ဳိးမ်ဳိးကြဲျပားသည္။

“ဒီလို ကုန္ရတဲ့ ယြမ္ ၁၁,၀၀၀ က တကယ္တန္ပါတယ္။ လာမယ့္ ႏွစ္အနည္းငယ္အတြင္း အလုပ္ေတြကေန အနားယူတဲ့အခါ ေခြးေလးတစ္ေကာင္ေမြးဖို႔ စိတ္ကူးထားပါတယ္။ အဲဒီေက်ာင္းေတြကိုပို႔ျပီး တခ်ဳိ႕ကၽြမ္းက်င္မႈ ေလးေတြ သင္ေပးသြားမွာပါ” ဟု လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက မွတ္ခ်က္ျပဳသည္။

(pet မူၾကိဳမ်ားႏွင့္ စပ္လ်ဥ္းျပီး အြန္လိုင္းသံုးစြဲသူတို႔အၾကား သေဘာထားအျမင္ အမ်ဳိးမ်ဳိး ကြဲျပားေနသည္။ ဓာတ္ပံု-Weibo)

“ကၽြန္ေတာ့္ကေလးရဲ႕ ေႏြရာသီေက်ာင္းစရိတ္ထက္ေတာင္ ေစ်းၾကီးေနပါလား” ဟု အျခားတစ္ဦးက မွတ္ခ်က္ျပဳသည္။ မၾကာေသးမီႏွစ္မ်ားအတြင္း တရုတ္ျပည္၏ အိမ္ေမြးတိရ စၦာန္လုပ္ငန္းက႑မွာ အလ်င္အျမန္ၾကီးထြား လာေနသည္။

iiMedia Research ၏ ေလ့လာခ်က္အရ ၂၀၂၂ ခုႏွစ္အတြင္း တရုတ္ျပည္ အိမ္ေမြးတိရ စၦာန္ လုပ္ငန္း၏ တန္ေၾကးမွာ ယြမ္ေငြ ၄၉၃ ဒသမ ၆ ဘီလီယံ (ကန္ေဒၚလာ ၆၈ ဘီလီယံ) အထိ ရွိခဲ့ျပီး လာမည့္ ၂၀၂၅ ခုႏွစ္တြင္ ၂ ဆနီးပါး ျမင့္တက္လာဖြယ္ရွိေနေၾကာင္း သိရသည္။

Ref: Busy China pet owners fork out hard-earned cash on ‘kindergarten’ courses for animals (scmp)

Photo Credit-Weibo

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...

တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...

ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
magical-world
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service