ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာ နေရာများသို့ ၆ ရက်အတွင်း လည်ပတ်ခဲ့သည့် အီဂျစ်နိုင်ငံသား ဂင်းနက်စ် စံချိန်တင်
ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာ နေရာများသို့ ၆ ရက်အတွင်း လည်ပတ်ခဲ့သည့် အီဂျစ်နိုင်ငံသား ဂင်းနက်စ် စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
24 Jul 2024 2:29 pm တွင် တင်ခဲ့သည်
818 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဂင်းနက်စ် ကမ္ဘာ့စံချိန်အဖွဲ့ (GWR) သည် ကမ္ဘာတစ်ဝန်းမှ လူပုဂ္ဂိုလ်အသီးသီး စံချိန်တင်ခဲ့သည့် ထမြောက် အောင်မြင်မှုများကို ထုတ်ပြန်ပေးလျက် ရှိသည်။
မကြာသေးမီက ကမ္ဘာ့စံချိန်တင်ခဲ့သည့်ဖြစ်ရပ်တစ်ခုမှာ အီဂျစ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် ကမ္ဘာ့အံ့ဖွယ် ၇ ပါး ရှိရာနေရာများသို့ ကမ္ဘာ့အမြန်ဆုံးသွားရောက်နိုင်ခဲ့သူအဖြစ် စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။
မက်ဂ်ဒီ အီဆာ အမည်ရှိ အဆိုပါ အမျိုးသားသည် အသက် ၄၅ နှစ်အရွယ်ရှိပြီး ကမ္ဘာ့ အံ့ဖွယ် ၇ ပါးကို ၆ ရက်၊ ၁၁ နာရီ၊ ၅၂ မိနစ်ဖြင့် အရောက်သွားကာ စံချိန်တင်ခဲ့သည်။
ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာသို့ သွားလာရာတွင် ၎င်းက အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သောနှစ်အတွင်း အင်္ဂလန်နိုင်ငံသား ဂျေးမီ မက်ဒေါ်နယ် တင်ထားသောစံချိန်ကို အီဆာက ဖြတ်ကျော်သွား ခြင်းလည်း ဖြစ်သည်။
ယခုကဲ့သို့ ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာသို့ သွားမည့်လမ်းကြောင်းရေးဆွဲမှုအတွက် တစ်နှစ်ခွဲခန့် အချိန်ကြာမြင့် ခဲ့ကြောင်း အီဆာက GWR သို့ ပြောသည်။
“ကျွန်တော့်အနေနဲ့ ရှုပ်ထွေးလှတဲ့ လေကြောင်းခရီးစဉ်တွေ၊ ရထားတွေ၊ ဘတ်စ်ကားတွေ၊ မြေအောက်ရထား တွေအပြင် ဒီရထားဘူတာ၊ ကားဂိတ်တွေနဲ့ ကမ္ဘာ့အံ့ဖွယ်တွေရှိတဲ့နေရာတွေအကြား လမ်းလျှောက်ရတဲ့ ကြာချိန်တွေကိုပါ ထည့်သွင်းတွက်ချက်ခဲ့ရပါတယ်” ဟု အီဆာက ရှင်းပြသည်။
“လွဲချော်မှုတစ်ခုဖြစ်တာနဲ့ ခရီးစဉ်တစ်ခုလုံး လမ်းချော်သွားနိုင်ပြီး အိမ်ပြန်ရနိုင်ပါတယ်” ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။
မစ္စတာ အီဆာက သူ၏ ခရီးစဉ်ကို တရုတ်ပြည်ရှိ မဟာတံတိုင်းကြီးမှ စတင်ခဲ့သည်။
ယင်းနောက် အိန္ဒိယရှိ တပ်ဂျ်မဟာ၊ ဂျော်ဒန်မှ ပီထရာ ရှေးဟောင်းမြို့တော်၊ ရောမမြို့မှ Colosseum၊ ဘရာဇီး မှ Christ the Redeemer ၊ ပီရူးမှ Machu Picchu တို့သို့ လည်ပတ်ခဲ့ပြီး နောက်ဆုံးတွင် မက္ကဆီကိုရှိ မာယာ တို့၏ ရှေးဟောင်းမြို့တော်ကြီး Chichen Itza တွင် ခရီးစဉ်အဆုံးသတ်ခဲ့သည်။
ခရီးစဉ်တစ်ပိုင်းစီတိုင်းတွင် လေယာဉ်အကူးအပြောင်း အချိန်များ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် တည်ရှိမည့်နေရာများ လေ့လာထားခြင်း၊ လူဝင်မှုကြီးကြပ်ရေးတွင် တန်းစီခြင်း၊ ခရီးတထောက်နားခြင်း၊ ဆက်လက်သွားရောက်မည့်နေရာအတွက် ချိတ်ဆက်ထားခြင်းများ အစရှိသည်တို့ကို သုတေသနလုပ်ထားရန် လိုအပ်ကြောင်း GWR က ပြောသည်။
မစ္စတာ အီဆာ၏ ခရီးစဉ်တွင် သူ၏ အစီအစဉ်များကို လွဲချော်စေမည့် ကြီးကြီးမားမား အဟန့်အတား မပေါ်ပေါက်ခဲ့။
သို့သော် ခရီးစဉ်မှ လက်မတင်လေး လွဲချော်မည့် ဖြစ်ရပ်အချို့ ကြုံတွေ့ခဲ့ရသည်။
တခါတွင် ပီထရာသို့ သွားမည့် ဘတ်စ်ကား လွဲချော်သွားခဲ့ပြီး နောက်တစ်ခါတွင်လည်း ပီရူးမှ မက္ကဆီကိုသို့ သွားမည့် လေယာဉ်ခရီးစဉ် လက်မတင်လေး လွဲချော်တော့မည့် ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရသည်။
မစ္စတာ အီဆာက ၎င်း၏ ခရီးစဉ်အတွင်း အမှတ်ရဖွယ်အချို့ကို GWR သို့ ပြောပြရာ ပီရူးနိုင်ငံတွင် အမွှေးနက် ကုလားအုတ်မျိုးကို တွေ့ခဲ့ရခြင်းအပြင် နှစ်ပေါင်းများစွာ မတွေ့ရသော မိတ်ဆွေတစ်ဦးကို တွေ့ရှိခဲ့ခြင်းတို့ ပါဝင်သည်။
ကမ္ဘာ့စံချိန်တင်ရန် တက်သုတ်ရိုက်ကြိုးစားနေစဉ်ကာလအတွင်း ရင်းနှီးပြီးသား မျက်နှာတစ်ခုကို တွေ့ရခြင်းမှာ ကောင်းချီးတစ်ခုဖြစ်ကြောင်း ၎င်းက ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Egyptian Man Visits 7 World Wonders In Less Than A Week, Sets World Record (ndtv)
[Zawgyi]
ယင်းနောက် အိန္ဒိယရှိ တပ်ဂ်ျမဟာ၊ ဂျော်ဒန်မှ ပီထရာ ရှေးဟောင်းမြို့တော်၊ ရောမမြို့မှ Colosseum၊ ဘရာဇီး မှ Christ the Redeemer ၊ ပီရူးမှ Machu Picchu တို့သို့ လည်ပတ်ခဲ့ပြီး နောက်ဆုံးတွင် မက္ကဆီကိုရှိ မာယာ တို့၏ ရှေးဟောင်းမြို့တော်ကြီး Chichen Itza တွင် ခရီးစဉ်အဆုံးသတ်ခဲ့သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service