ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအားလုံး ပေးခဲ့သည့်ဖြစ်ရပ်

ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအားလုံး ပေးခဲ့သည့်ဖြစ်ရပ် - Property News in Myanmar from iMyanmarHouse.com
24 Jul 2024 12:54 pm တွင် တင်ခဲ့သည်
719 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(မှတ်ချက် ။ Vnexpress သတင်းဌာနသို့ စာဖတ်သူတစ်ဦးက ပေးပို့ခဲ့သည့် Opinion ကို ဆီလျော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

ကျွန်တော့်ဖခင်ကြီးဘက်က ဘိုးဘွားတွေမှာ သားသမီး ၉ ဦးရှိပါတယ်။ ကျွန်တော့်ဖခင်ကြီးက အကြီးဆုံးသားပါ။

ကျွန်တော့်အဖေဟာ ၁၇ နှစ်သားအရွယ်အထိ အိမ်ထောင့်တာဝန်တွေ အကုန်နီးပါး ဝင်လုပ်ခဲ့ရပါတယ်။

အဖေမွေးပြီးနောက်ပိုင်း အဘွားက သမီး ၄ ယောက်ထပ်မွေးခဲ့တာကြောင့် အိမ်မှုကိစ္စတွေ မနိုင်နင်းတော့ဘူး။

အဖေက သူ့ညီမလေးတွေကို ထိန်းကျောင်းပေးခဲ့ရတဲ့အပြင် အဲဒီအချိန်က အုတ်ဖုတ်နေတဲ့ အလုပ်မှာလည်း ဝင်ကူရပါတယ်။ အဲဒီ အချိန်က အခန်း ၅ ခန်းပါ အိမ်တစ်လုံးဆောက်ဖို့ အုတ်ဖုတ်ခဲ့ကြတာပါ။

ကျွန်တော့်အဘိုးက ရပ်ကွက် စာရေးအဖြစ် လုပ်ကိုင်ပြီး အိမ်မှုဗာဟီရတွေ ဝင်မကူပါဘူး။

အဖေက ၁၇ နှစ်သားအရွယ်ရောက်တဲ့အခါ တပ်ထဲကို ဝင်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဇာတိမြို့ကနေ ထွက်ခွာသွားပြီး မြို့ကြီးတစ်ခုမှာ အခြေစိုက်ခဲ့ပါတယ်။

အဘွားဖြစ်သူ ကွယ်လွန်သွားပြီးတဲ့နောက် အဘိုးက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ မြေတွေကို သားအငယ်ဆုံးကို အကုန်လွှဲပေးလိုက်ပါတယ်။

အဲဒီသားအငယ်ဆုံး (ကျွန်တော့်ဦးလေး) မှာက သမီး ၂ ယောက်ပဲရှိပြီး အမွေခံ သားယောက်ျားလေး မရှိပါဘူး။

(ဗီယက်နမ် ဓလေ့ထုံးတမ်းအရ သားယောက်ျားလေးရှိသူသာ အမွေဆက်ခံခွင့်ရသည်)

လွှဲပြောင်းတဲ့ စာရွက်စာတမ်းကိစ္စတွေ အကုန်လုပ်ပြီးမှ အဘိုးက သားသမီးတွေအကုန် ခေါ်ပြီးပြောပါတယ်။

အဖေက အကြီးဆုံးသားဖြစ်ပေမယ့် သူ့မိဘတွေဆီက ဘာတစ်ခုမှ အမွေမရခဲ့ပါဘူး။

အဖေက အမေနဲ့ စကားပြောရတိုင်း သူ့အသိုင်းအဝိုင်းဘက်ကို အမြဲဘက်လိုက် ကာကွယ်တတ်ခဲ့သူပါ။

သူက သူ့မိဘတွေနဲ့ မွေးချင်းတွေအတွက် အမြဲဦးစားပေးခဲ့ပါတယ်။

ဒါပေမယ့် ဘိုးဘွားတွေကတော့ သူတို့ရဲ့ အငယ်ဆုံးသားကိုပဲ မျက်နှာသာပေးခဲ့ပြီး မျိုးရိုးစဉ်ဆက် ထိန်းသိမ်းခဲ့တဲ့ မြေနေရာကို အငယ်ဆုံးသားကိုပဲ အမွေပေးခဲ့ပါတယ်။

ရိုးရာဓလေ့ထုံးတမ်းဥပဒေ ရှုထောင့်ကနေကြည့်ရင် ကျွန်တော့်ဦးလေးဟာ အမွေဆက်ခံသူ မဖြစ်သင့်ပါဘူး။

ဘာကြောင့်လဲဆိုရင် သူ့မှာ အမွေပေးဖို့ သားယောက်ျားလေး မရှိလို့ပါပဲ။ အဘိုးဟာ မျိုးဆက်ဟောင်းတစ်ဦးဖြစ်ပေမယ့် အဲဒီမျိုးဆက်ရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ဆန့်ကျင်ဘက် လုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကျွန်တော့်အဖေကတော့ အဘိုးရဲ့ ဆုံးဖြတ်ချက်အပေါ် ဘယ်လိုကန့်ကွက်မှုမှ မလုပ်ဘဲ အဲဒီဆုံးဖြတ်ချက်ကို အားပေးတောင်နေပါသေးတယ်။

ကျွန်တော်တို့ရဲ့ ဖခင်က သူ့တစ်ဘဝလုံးကို ကျွန်တော်တို့အဘိုးတွေအတွက် ပေးဆပ် စောင့်ရှောက်ခဲ့ပြီး ဘာမှ မရခဲ့လို့ မြေးတွေဖြစ်တဲ့ ကျွန်တော်တို့က စိတ်မကောင်းပေမယ့် ဘာမှပြောစရာ မရှိခဲ့ပါဘူး။

ယခုဖြစ်ရပ်အပေါ် သင်၏ ထင်မြင်ယူဆချက် မည်သို့ ရှိပါသနည်း။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: My father bites his tongue as all inheritance goes to his youngest brother (vnexpress)

[Zawgyi]

ဗီယက္နမ္တြင္ အိမ္အတြက္ အစစအရာရာ ဦးေဆာင္ၾကိဳးစားေပးခဲ့ေသာ သားၾကီးကို အေမြတစ္ျပားတစ္ခ်ပ္မွ မေပးခဲ့ဘဲ အငယ္ဆံုးသားကို အေမြအားလံုး ေပးခဲ့သည့္ျဖစ္ရပ္

(မွတ္ခ်က္ ။ Vnexpress သတင္းဌာနသို႔ စာဖတ္သူတစ္ဦးက ေပးပို႔ခဲ့သည့္ Opinion ကို ဆီေလ်ာ္ေအာင္ ျမန္မာျပန္ဆိုထားျခင္း ျဖစ္ပါသည္)

ကၽြန္ေတာ့္ဖခင္ၾကီးဘက္က ဘိုးဘြားေတြမွာ သားသမီး ၉ ဦးရွိပါတယ္။ ကၽြန္ေတာ့္ဖခင္ၾကီးက အၾကီးဆံုးသားပါ။

ကၽြန္ေတာ့္အေဖဟာ ၁၇ ႏွစ္သားအရြယ္အထိ အိမ္ေထာင့္တာဝန္ေတြ အကုန္နီးပါး ဝင္လုပ္ခဲ့ရပါတယ္။

အေဖေမြးျပီးေနာက္ပိုင္း အဘြားက သမီး ၄ ေယာက္ထပ္ေမြးခဲ့တာေၾကာင့္ အိမ္မႈကိစၥေတြ မႏိုင္နင္းေတာ့ဘူး။

အေဖက သူ႔ညီမေလးေတြကို ထိန္းေက်ာင္းေပးခဲ့ရတဲ့အျပင္ အဲဒီအခ်ိန္က အုတ္ဖုတ္ေနတဲ့ အလုပ္မွာလည္း ဝင္ကူရပါတယ္။ အဲဒီ အခ်ိန္က အခန္း ၅ ခန္းပါ အိမ္တစ္လံုးေဆာက္ဖို႔ အုတ္ဖုတ္ခဲ့ၾကတာပါ။

ကၽြန္ေတာ့္အဘိုးက ရပ္ကြက္ စာေရးအျဖစ္ လုပ္ကိုင္ျပီး အိမ္မႈဗာဟီရေတြ ဝင္မကူပါဘူး။

အေဖက ၁၇ ႏွစ္သားအရြယ္ေရာက္တဲ့အခါ တပ္ထဲကို ဝင္သြားခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ဇာတိျမိဳ႕ကေန ထြက္ခြာသြားျပီး ျမိဳ႕ၾကီးတစ္ခုမွာ အေျခစိုက္ခဲ့ပါတယ္။

အဘြားျဖစ္သူ ကြယ္လြန္သြားျပီးတဲ့ေနာက္ အဘိုးက သူတို႔ရဲ႕ ပိုင္ဆိုင္မႈေတြနဲ႔ ေျမေတြကို သားအငယ္ဆံုးကို အကုန္လႊဲေပးလိုက္ပါတယ္။

အဲဒီသားအငယ္ဆံုး (ကၽြန္ေတာ့္ဦးေလး) မွာက သမီး ၂ ေယာက္ပဲရွိျပီး အေမြခံ သားေယာက္်ားေလး မရွိပါဘူး။

(ဗီယက္နမ္ ဓေလ့ထံုးတမ္းအရ သားေယာက္်ားေလးရွိသူသာ အေမြဆက္ခံခြင့္ရသည္)

လႊဲေျပာင္းတဲ့ စာရြက္စာတမ္းကိစၥေတြ အကုန္လုပ္ျပီးမွ အဘိုးက သားသမီးေတြအကုန္ ေခၚျပီးေျပာပါတယ္။

အေဖက အၾကီးဆံုးသားျဖစ္ေပမယ့္ သူ႔မိဘေတြဆီက ဘာတစ္ခုမွ အေမြမရခဲ့ပါဘူး။

အေဖက အေမနဲ႔ စကားေျပာရတိုင္း သူ႔အသိုင္းအဝိုင္းဘက္ကို အျမဲဘက္လိုက္ ကာကြယ္တတ္ခဲ့သူပါ။

သူက သူ႔မိဘေတြနဲ႔ ေမြးခ်င္းေတြအတြက္ အျမဲဦးစားေပးခဲ့ပါတယ္။

ဒါေပမယ့္ ဘိုးဘြားေတြကေတာ့ သူတို႔ရဲ႕ အငယ္ဆံုးသားကိုပဲ မ်က္ႏွာသာေပးခဲ့ျပီး မ်ဳိးရိုးစဥ္ဆက္ ထိန္းသိမ္းခဲ့တဲ့ ေျမေနရာကို အငယ္ဆံုးသားကိုပဲ အေမြေပးခဲ့ပါတယ္။

ရိုးရာဓေလ့ထံုးတမ္းဥပေဒ ရႈေထာင့္ကေနၾကည့္ရင္ ကၽြန္ေတာ့္ဦးေလးဟာ အေမြဆက္ခံသူ မျဖစ္သင့္ပါဘူး။

ဘာေၾကာင့္လဲဆိုရင္ သူ႔မွာ အေမြေပးဖုိ႔ သားေယာက်္ားေလး မရွိလို႔ပါပဲ။ အဘိုးဟာ မ်ဳိးဆက္ေဟာင္းတစ္ဦးျဖစ္ေပမယ့္ အဲဒီမ်ဳိးဆက္ရဲ႕ ဓေလ့ထံုးတမ္းေတြနဲ႔ ဆန္႔က်င္ဘက္ လုပ္ခဲ့ ပါတယ္။

ဒါေပမယ့္လည္း ကၽြန္ေတာ့္အေဖကေတာ့ အဘိုးရဲ႕ ဆံုးျဖတ္ခ်က္အေပၚ ဘယ္လိုကန္႔ကြက္မႈမွ မလုပ္ဘဲ အဲဒီဆံုးျဖတ္ခ်က္ကို အားေပးေတာင္ေနပါေသးတယ္။

ကၽြန္ေတာ္တို႔ရဲ႕ ဖခင္က သူ႔တစ္ဘဝလံုးကို ကၽြန္ေတာ္တို႔အဘိုးေတြအတြက္ ေပးဆပ္ ေစာင့္ေရွာက္ခဲ့ျပီး ဘာမွ မရခဲ့လို႔ ေျမးေတြျဖစ္တဲ့ ကၽြန္ေတာ္တို႔က စိတ္မေကာင္းေပမယ့္ ဘာမွေျပာစရာ မရွိခဲ့ပါဘူး။

ယခုျဖစ္ရပ္အေပၚ သင္၏ ထင္ျမင္ယူဆခ်က္ မည္သို႔ ရွိပါသနည္း။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: My father bites his tongue as all inheritance goes to his youngest brother (vnexpress)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service