ဒေါ်နယ်ထရမ့်၏ ကွယ်လွန်သွားပြီဖြစ်သော ဇနီး အီဗားနား ထရမ့် နေထိုင်ခဲ့သော နယူးယောက်မှ ရွှေချထား သော စံအိမ်၊ ကွယ်လွန်ချိန် ၂၀၂၂ ကတည်းက အရောင်းဈေးကွက်တင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၇ သန်း ဈေးလျှော့ပေးလာ

ဒေါ်နယ်ထရမ့်၏ ကွယ်လွန်သွားပြီဖြစ်သော ဇနီး အီဗားနား ထရမ့် နေထိုင်ခဲ့သော နယူးယောက်မှ ရွှေချထား သော စံအိမ်၊ ကွယ်လွန်ချိန် ၂၀၂၂ ကတည်းက အရောင်းဈေးကွက်တင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၇ သန်း ဈေးလျှော့ပေးလာ - Property News in Myanmar from iMyanmarHouse.com
24 Jul 2024 11:49 am တွင် တင်ခဲ့သည်
422 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အီဗားနား ထရမ့် (မွေး ၁၉၄၉- ကွယ်လွန် ၂၀၂၂) သည် ချက်နိုင်ငံသူ၊ အမေရိကန်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်၊ မော်ဒယ်တစ်ဦးဖြစ်သည်။

အီဗားနား ထရမ့်သည် အိမ်ထောင် ၄ ဆက်ရှိခဲ့ပြီး ဒေါ်နယ်ထရမ့်မှာ သူ၏ ဒုတိယမြောက် အိမ်ထောင်ဖြစ်ကာ ၁၉၇၇ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ကွာရှင်းခဲ့သည်။

ထရမ့်မတိုင်မီက အီဗားနားသည် Alfred Winklmayr ဆိုသော နှင်းလျှောစီး နည်းပြတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး ထရမ့်နှင့် ကွာရှင်းပြီးနောက်ပိုင်း Riccardo Massucchelli (၁၉၉၅ လက်ထပ်-၁၉၉၇ ကွာရှင်း)၊ Rossano Rubicondi (၂၀၀၈ လက်ထပ်-၂၀၀၉ ကွာရှင်း) အစရှိသဖြင့် အိမ်ထောင်ဆက်များ ရှိခဲ့သည်။

အီဗားနားထရမ့် နေထိုင်ခဲ့သော နယူးယောက်မြို့၊ အရှေ့ ၆၄ လမ်းရှိ စံအိမ်မှာ သူကွယ်လွန်ပြီး ၂ နှစ်ကြာ သည့်တိုင် ရောင်းမထွက်သေးဘဲ အရောင်းဈေးကွက်တွင် ရှိနေဆဲ ဖြစ်သည်။

သို့သော် ထပ်မံဈေးလျှော့ပေးမှု ပြုလုပ်လာကြောင်း StreetEasy က ဖော်ပြသည်။

အီဗားနား ထရမ့် ကွယ်လွန်ပြီး ၄ လအကြာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၆ ဒသမ ၅ သန်း ဖြစ်သည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းသို့ ဈေးလျှော့ပေးခေါ်သော်လည်း ရောင်းမထွက် ခဲ့ချေ။

ယခုအခါ ခေါ်ဈေး ထပ်မံလျှော့ချပေးလာပြန်ပြီး ကန်ဒေါ်လာ ၁၉ ဒသမ ၅ သန်း ဈေးခေါ်ထားကြောင်း၊ ထိုဈေးနှုန်းမှာ ပထမဆုံးခေါ်ဈေးအောက် ကန်ဒေါ်လာ ၇ သန်း နည်းပါးသည့် ဈေးနှုန်းဖြစ်ကြောင်း Street Easy က ဖော်ပြသည်။

Modlin အိမ်ခြံမြေကုမ္ပဏီမှ Adam Modlin က အရောင်းဈေးကွက် တင်ပေးခြင်း ဖြစ်သည်။

(အီဗားနား ထရမ့် ကွယ်လွန်ချိန် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်တွင် စံအိမ်ရှေ့ စင်္ကြန်၌ ပန်းများနှင့် စာရွက်တစ်ခု ထားရှိထားသည်ကို တွေ့ရပုံ။ ဓာတ်ပုံ-G.N.Miller/Nypost)

(နေအိမ်အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ-Evan Joseph Photography)

(မဟာလှေကားကြီး။ ဓာတ်ပုံ-Evan Joseph Photography)

(အီဗားနားထရမ့်ကို စံအိမ်ရှိ အထက်ဖော်ပြပါ လှေကားနေရာတွင်ပင် ၂၀၁၇ ခုနှစ်အတွင်းက တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-Brian Zak/NY Post)

စံအိမ်၏ ခမ်းနားမှု၊ အထူးသဖြင့် အီဗားနားထရမ့်၏ ပင်ကိုယ်ဟန်ကို စံအိမ်သို့ ဝင်လိုက်သည်နှင့် ချက်ချင်း တွေ့ရမည် ဖြစ်သည်။

ပြခန်းဆောင်ကို သလင်းမီးဆိုင်းကြီးဖြင့် အလင်းပေးထားပြီး ရွှေချထားသော မှန်ပုံကွက်များဖြင့် စိတ်ကြိုက် မွမ်းမံထားသည်။

အီဗားနားထရမ့်သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ် ရှိပြီ ဖြစ်သည်။

စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၈၇၂၅ ရှိသည်။

“မေမေက ဒီအိမ်ကို လုံးဝသဘောကျခဲ့တာ” ဟု သားဖြစ်သူ အဲရစ် ထရမ့်က Wall Street ဂျာနယ်သို့ ပြောခဲ့ဖူးသည်။

(စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၉၀၀၀ နီးပါးရှိသည်။ ဓာတ်ပုံ-Evan Joseph Photography)

(ညစာစားခန်း။ ဓာတ်ပုံ-Evan Joseph Photography)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ivana Trump’s gilded NYC townhouse has now seen $7M slashed off its asking price after 2 years for sale

Photo Credit: Evan Joseph Photography, Brian Zak/NY Post, G.N.Miller/NYPost

[Zawgyi]

ေဒၚနယ္ထရမ့္၏ ကြယ္လြန္သြားျပီျဖစ္ေသာ ဇနီး အီဗားနား ထရမ့္ ေနထိုင္ခဲ့ေသာ နယူးေယာက္မွ ေရႊခ်ထား ေသာ စံအိမ္၊ ကြယ္လြန္ခ်ိန္ ၂၀၂၂ ကတည္းက အေရာင္းေစ်းကြက္တင္ထားေသာ္လည္း ယေန႔တိုင္ ေရာင္းမထြက္ေသာေၾကာင့္ ေဒၚလာ ၇ သန္း ေစ်းေလွ်ာ့ေပးလာ

အီဗားနား ထရမ့္ (ေမြး ၁၉၄၉- ကြယ္လြန္ ၂၀၂၂) သည္ ခ်က္ႏိုင္ငံသူ၊ အေမရိကန္ႏိုင္ငံသား စီးပြားေရး လုပ္ငန္းရွင္၊ ေမာ္ဒယ္တစ္ဦးျဖစ္သည္။

အီဗားနား ထရမ့္သည္ အိမ္ေထာင္ ၄ ဆက္ရွိခဲ့ျပီး ေဒၚနယ္ထရမ့္မွာ သူ၏ ဒုတိယေျမာက္ အိမ္ေထာင္ျဖစ္ကာ ၁၉၇၇ ခုႏွစ္တြင္ လက္ထပ္ခဲ့ျပီး ၁၉၉၀ ျပည့္ႏွစ္တြင္ ကြာရွင္းခဲ့သည္။

ထရမ့္မတိုင္မီက အီဗားနားသည္ Alfred Winklmayr ဆိုေသာ ႏွင္းေလွ်ာစီး နည္းျပတစ္ဦးႏွင့္ လက္ထပ္ခဲ့ျပီး ထရမ့္ႏွင့္ ကြာရွင္းျပီးေနာက္ပိုင္း Riccardo Massucchelli (၁၉၉၅ လက္ထပ္-၁၉၉၇ ကြာရွင္း)၊ Rossano Rubicondi (၂၀၀၈ လက္ထပ္-၂၀၀၉ ကြာရွင္း) အစရွိသျဖင့္ အိမ္ေထာင္ဆက္မ်ား ရွိခဲ့သည္။

အီဗားနားထရမ့္ ေနထုိင္ခဲ့ေသာ နယူးေယာက္ျမိဳ႕၊ အေရွ႕ ၆၄ လမ္းရွိ စံအိမ္မွာ သူကြယ္လြန္ျပီး ၂ ႏွစ္ၾကာ သည့္တိုင္ ေရာင္းမထြက္ေသးဘဲ အေရာင္းေစ်းကြက္တြင္ ရွိေနဆဲ ျဖစ္သည္။

သို႔ေသာ္ ထပ္မံေစ်းေလွ်ာ့ေပးမႈ ျပဳလုပ္လာေၾကာင္း StreetEasy က ေဖာ္ျပသည္။

အီဗားနား ထရမ့္ ကြယ္လြန္ျပီး ၄ လအၾကာ ၂၀၂၂ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ အေရာင္းေစ်းကြက္တင္ခဲ့ျခင္းျဖစ္ျပီး ထိုစဥ္က ေခၚေစ်းမွာ ကန္ေဒၚလာ ၂၆ ဒသမ ၅ သန္း ျဖစ္သည္။

ျပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္တြင္ ကန္ေဒၚလာ ၂၂ ဒသမ ၅ သန္းသို႔ ေစ်းေလွ်ာ့ေပးေခၚေသာ္လည္း ေရာင္းမထြက္ ခဲ့ေခ်။

ယခုအခါ ေခၚေစ်း ထပ္မံေလွ်ာ့ခ်ေပးလာျပန္ျပီး ကန္ေဒၚလာ ၁၉ ဒသမ ၅ သန္း ေစ်းေခၚထားေၾကာင္း၊ ထိုေစ်းႏႈန္းမွာ ပထမဆံုးေခၚေစ်းေအာက္ ကန္ေဒၚလာ ၇ သန္း နည္းပါးသည့္ ေစ်းႏႈန္းျဖစ္ေၾကာင္း Street Easy က ေဖာ္ျပသည္။

Modlin အိမ္ျခံေျမကုမၸဏီမွ Adam Modlin က အေရာင္းေစ်းကြက္ တင္ေပးျခင္း ျဖစ္သည္။

(အီဗားနား ထရမ့္ ကြယ္လြန္ခ်ိန္ ၂၀၂၂ ခုႏွစ္၊ ဇူလိုင္လ ၁၇ ရက္တြင္ စံအိမ္ေရွ႕ စၾကၤန္၌ ပန္းမ်ားႏွင့္ စာရြက္တစ္ခု ထားရွိထားသည္ကို ေတြ႔ရပံု။ ဓာတ္ပံု-G.N.Miller/Nypost)

(ေနအိမ္အတြင္းပိုင္းျမင္ကြင္း။ ဓာတ္ပံု-Evan Joseph Photography)

(မဟာေလွကားၾကီး။ ဓာတ္ပံု-Evan Joseph Photography)

(အီဗားနားထရမ့္ကို စံအိမ္ရွိ အထက္ေဖာ္ျပပါ ေလွကားေနရာတြင္ပင္ ၂၀၁၇ ခုႏွစ္အတြင္းက ေတြ႔ခဲ့ရပံု။ ဓာတ္ပံု-Brian Zak/NY Post)

စံအိမ္၏ ခမ္းနားမႈ၊ အထူးသျဖင့္ အီဗားနားထရမ့္၏ ပင္ကိုယ္ဟန္ကို စံအိမ္သို႔ ဝင္လိုက္သည္ႏွင့္ ခ်က္ခ်င္း ေတြ႔ရမည္ ျဖစ္သည္။

ျပခန္းေဆာင္ကို သလင္းမီးဆိုင္းၾကီးျဖင့္ အလင္းေပးထားျပီး ေရႊခ်ထားေသာ မွန္ပံုကြက္မ်ားျဖင့္ စိတ္ၾကိဳက္ မြမ္းမံထားသည္။

အီဗားနားထရမ့္သည္ ၂၀၂၂ ခုႏွစ္၊ ဇူလိုင္လ ၁၄ ရက္တြင္ ကြယ္လြန္ခဲ့ျခင္းျဖစ္ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၇၃ ႏွစ္ ရွိျပီ ျဖစ္သည္။

စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၈၇၂၅ ရွိသည္။

“ေမေမက ဒီအိမ္ကို လံုးဝသေဘာက်ခဲ့တာ” ဟု သားျဖစ္သူ အဲရစ္ ထရမ့္က Wall Street ဂ်ာနယ္သို႔ ေျပာခဲ့ဖူးသည္။

(စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၉၀၀၀ နီးပါးရွိသည္။ ဓာတ္ပံု-Evan Joseph Photography)

(ညစာစားခန္း။ ဓာတ္ပံု-Evan Joseph Photography)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ivana Trump’s gilded NYC townhouse has now seen $7M slashed off its asking price after 2 years for sale

Photo Credit: Evan Joseph Photography, Brian Zak/NY Post, G.N.Miller/NYPost

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌေးကြီးသား၏ အရှိန်အဝါယူခဲ့မှုအပေါ် ဝေဖန်ခံနေရသော Blackpink မှ လီဆာက သူ၏နေအိမ်တွင်း မြင်ကွင်းများ ပရိသတ်ကိ...

ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...

လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
နှစ်ဘဝမင်းသားဟု လူသိများသူ အိန္ဒိယ တောင်ပိုင်းရုပ်ရှင်မင်းသား ရမ်ချာရန်နှင့် ဇနီးဖြစ်သူ ဥပသနာ (Apollo ဆေးရုံ၏ ဒုဥက္က) တိ
နှစ်ဘဝမင်းသားဟု လူသိများသူ အိန္ဒိယ တောင်ပိုင်းရုပ်ရှင်မင်းသား ရမ်ချာရန်နှင့် ဇနီးဖြစ်သူ ဥပသနာ (Apollo ဆေးရုံ၏ ဒုဥက္က) တိ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service