လန်ဒန်မြို့မှ ၂ နာရီခရီးအောက်သာ ဝေးကွာသောနေရာရှိ ၁၃ ဧကကျယ်ဝန်းသည့် ရေကန်ကြီးတစ်ခု ပေါင် ၁၀၀,၀၀၀ ဖြင့် အရောင်းစျေးကွက်ဝင်လာ

လန်ဒန်မြို့မှ ၂ နာရီခရီးအောက်သာ ဝေးကွာသောနေရာရှိ ၁၃ ဧကကျယ်ဝန်းသည့် ရေကန်ကြီးတစ်ခု ပေါင် ၁၀၀,၀၀၀ ဖြင့် အရောင်းစျေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
22 Jul 2024 11:00 am တွင် တင်ခဲ့သည်
917 ကြိမ် ကြည့်ရှု့ပြီး

နွေခေါင်ခေါင်ကာလသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ရေကူးကန် (သို့မဟုတ်) သဘာဝ ရေကန်များထဲတွင် ရေကူးကာ အပူရှောင်ရန် မဖြစ်မနေလိုအပ်လာသည်။

(မှတ်ချက်။ အင်္ဂလန်တွင် မတ်လမှ မေလအထိမှာ နွေဦးကာလဖြစ်ပြီး ဇွန်လမှ သြဂုတ်လအထိမှာ နွေရာသီ ဖြစ်ကာ ဇူလိုင်မှာ အပူပြင်းဆုံးလ ဖြစ်သည်။)

အကယ်၍ သင့်အနေဖြင့် ကိုယ်ပိုင်ရေကန်ကြီးတစ်ခု ပိုင်ဆိုင်လိုသည်ဆိုပါက ရေကန်ကြီးတစ်ခု ဝယ်ယူ ပိုင်ဆိုင်နိုင်မည့် ရှားပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေသည်။ ထိုရေကန်ကြီးမှာ လန်ဒန်မြို့တော်မှ ၂ နာရီခရီးအောက်သာ ကွာဝေးသောနေရာတွင် တည်ရှိသည်။

အောက်စ်ဖို့ဒ်မြို့အနီးတွင် တည်ရှိသော Wolvercote ကျေးရွာတွင် တည်ရှိပြီး မြို့စားကြီး၏ ရေကန်တော်ဟု ခမ်းနားစွာ အမည်ပေးထားသည့်ကန်ကြီးကို ပေါင် ၁၀၀,၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

ဗြိတိန် အိမ်ခြံမြေစျေးကွက်၏ အထင်ကရ နေရာများတွင် တည်ရှိခြင်း မဟုတ်သော်လည်း ကိုယ်ပိုင်ရေကန်တွင် လှေကလေးလှော်ရမည့် အရသာမှာ ထူးကဲသည့် အရသာပင် မဟုတ်ပါလော။

သို့သော် သင်ပေးရမည့် စျေးနှုန်းတွင် ရေကန်ကိုသာ ပိုင်ဆိုင်ရမည် မဟုတ်။ ယခုရောင်းချမှုတွင် စိုက်ပျိုးမြေနေရာလည်း ပါဝင်သည်။

ရေကန်ဧရိယာအပါအဝင် စုစုပေါင်း အကျယ်အဝန်း ၃၀ ဒသမ ၈ ဧကရှိသည်။ ရေပြင်၏ အကျယ်အဝန်းမှာ ၁၂ ဒသမ ၉၅ ဧကရှိပြီး ကျန် ၁၇ ဒသမ ၈၅ ဧကမှာ စိမ်းလန်းသော မြေနေရာများ ဖြစ်သည်။

(ရေကန်ကြီးကို စမ်းချောင်း ၂ ခုက ဝန်းပတ်ထားသည်။ ဓာတ်ပုံ-Jam Press)

သင့်အနေဖြင့် မြစ်များ၊ စမ်းချောင်းများကို သဘောကျသည်ဆိုပါက ရေလမ်းကြောင်း ၂ ခုလည်း ပါဝင်ရာ Duke’s Cut တူးမြောင်းနှင့် Wolvercote Mill စမ်းချောင်းတို့ ပါဝင်ပြီး စမ်းချောင်းမှာ သိမ်းမြစ်သို့ ပေါက်သည်။

“ဒီလိုမျိုး ရေကန်မျိုးက အတော်လေး ရှားပါတယ်။ အောက်စ်ဖို့ဒ်ဝန်းကျင်မှာဆို ပိုတောင် ရှားသေးတယ်”ဟု Carter Jonas အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Charlie Bott က Evening Standard သတင်းဌာနသို့ ပြောသည်။

ဤရေကန်နေရာမှ လန်ဒန်မြို့လယ်သို့ ကားဖြင့် သွားမည်ဆိုလျှင် ၂ နာရီအောက်သာ ကြာမြင့်သည်။

အတိအကျဆိုလျှင် တစ်နာရီ ၄၈ မိနစ် ဖြစ်သည်။

ရထားဖြင့် သွားမည်ဆိုလျှင် အောက်စ်ဖို့ဒ်မှ လန်ဒန်ရှိ Paddington သို့မဟုတ် Marylebone ဘူတာများသို့ တိုက်ရိုက်ရထားလိုင်း ရှိသည်။

ရထားဖြင့်သွားလျှင် ၅၃ မိနစ်မှ ၁ နာရီ ၂၂ မိနစ်ကြား ကြာမြင့်သည်။

(ရေကန်မှာ အောက်စ်ဖို့ဒ်မြို့၏ မြောက်ဘက်တွင် တည်ရှိသည်။ ဓာတ်ပုံ-Jam Press)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Want a private dip? A ‘rare’ lake less than 2 hours from London is up for sale for £100,000

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်

မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ

Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ

(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ

ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service