ကိုယ်စားလှယ်လွှဲစာ ခန့်အပ်ခြင်းအကြောင်း

ကိုယ်စားလှယ်လွှဲစာ ခန့်အပ်ခြင်းအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
21 Jul 2024 10:43 am တွင် တင်ခဲ့သည်
1152 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အခွင့်ရကိုယ်စားလှယ်ဆိုသည်မှာ တရားမကျင့်ထုံးဥပဒေ အမိန့်-၃၊ နည်း(၁)အရ တရားမမှုများတွင် နစ်နာသူကိုယ်စား တရားရုံးသို့ လာရောက်ခြင်း၊ ဆောင်ရွက်ခြင်းပြုရန် နိုထရီပဗ္ဗလစ်ရှေ့နေမှလဲ သက်သေခံဥပဒေပုဒ်မ-၈၅အရ မှန်ကန်ကြောင်း အသိအမှတ်ပြု လက်မှတ်ရေးထိုးထားသူကို ဆိုလိုပါသည်။ ကိုယ်စားလှယ်ကို စာဖြင့် ခန့်အပ်နို်သလို မှတ်ပုံတင်စာဖြင့် ခန့်အပ်သော ကိုယ်စားလှယ်များလဲရှိပါသည်။ အမှုတွဲတွင်လဲ တရားလို ၎င်း၏ ကိုယ်စားလှယ်စာရသူ မည်သူဆိုပြီး ဖော်ပြရေးသားရန် လိုပါသည်။ ကိုယ်စားလှယ်မှလဲ အဆိုလွှာတွင် မှန်ကန်ကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးရပါမည်။

ကိုယ်စားလှယ်ဖြင့် တင်ပြသည်ကို တရားရုံးမှ လက်ခံပြီးဖြစ်ပါက အမူသည်ကိုယ်တိုင်လာရောက်ရန် မလိုတော့ဘဲ ကိုယ်စားလှယ်မှပဲ အစစ်ခံခြင်း၊ သက်သေခံခြင်းများ ပြုနိုင်ပါသည်။ ကိုယ်စားလှယ်၏ သဘောတူညီချက်များမှ အကြီးအကဲ၏ သဘောတူညီချက်အဖြစ် အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပါသည်။ ပဋိဉာဉ်ဥပဒေပုဒ်မ-၂၁၁ တွင် ကိုယ်စား တစ်ဦးသည် အကြီးအကဲမှ ခွင့်ပြုသည့်ညွှန်ကြားချက်အတိုင်းသာ ကိုယ်စားပြု ဆောင်ရွက်ခွင့်ရှိပါသည်။ အခွင့်ရကိုယ်စားလှယ်သည် အမှုသည်ကိုယ်စား ဆောင်ရွက်နိုင်သော်လည်း အမှုတွင် ရှေ့နေများသကဲ့သို့ သက်သေများအာ စစ်မေးခြင်း၊ လျှောက်လဲပြောဆိုခြင်းများ ပြုမရပါ။

ပဋိဉာဉ်ဥပဒေပုဒ်မ-၁၈၂ အရလဲ ကိုယ်စားလှယ်ခန့်အပ်သည်ဆိုသည်မှာ တပါးသူကိစ္စရပ်များ ဆောင်ရွက်ရန်ခန့်အပ်ခြင်းပင်ဖြစ်ပြီး ကိုယ်စားလှယ်၊ အထူးအာမခံကိုယ်စားလှယ်၊ ပူးတွဲကိုယ်စားလှယ်ဟူ၍ ကိုယ်စားလှယ်(၃)မျိုး ရှိကြောင်း ဖော်ပြထားပါသည်။ ပဋိဉာဉ်ချုပ်ဆိုရန်ဖြစ်စေ၊ တရားစွဲဆိုရန်၊ အခြားကိစ္စရပ်များ ဆောင်ရွက်ရန် အကြီးအကဲမှ ကိုယ်စားလှယ်အား တရားဝင်ခန့်အပ်ခြင်းပြုနိုင်ပါသည်။

အထူးအာမခံကိုယ်စားလှယ်မှာ အထူးတာဝန်ယူရသဖြင့် ၎င်းအားခန့်အပ်ခြင်းမှာ အခကြေးငွေဖြင့် အထူးခန့်အပ် ထားခြင်းပင်ဖြစ်ပါသည်။ ပူးတွဲကိုယ်စားလှယ်ဆိုသည်မှာလဲ အကြီးအကဲကိုယ်စား တာဝန်များအား ပူးတွဲဆောင်ရွက်ရသဖြင့် တာဝန်ကိုယ်စီရှိကြပါသည်။

အရွယ်မရောက်သေးသူ၊ စိတ်ပေါ့သူများမှာမှု အထက်ဖော်ပြပါ ကိုယ်စားလှယ်(၃)မျိုးစလုံး ခန့်အပ်ခွင့်မရှိဘဲ ၎င်းကိုယ်စား ပဋိဉာဉ်ချုပ်ဆိုခွင့်ရှိသူမှာ အုပ်ထိန်းသူသာဖြစ်ပြီး သက်ဆိုင်ရာခရိုင်တရားရုံးမှ တရားဝင်ခန့်အပ်ထားသော အုပ်ထိန်းသူ ဖြစ်ရပါမည်။

ပဋိဉာဉ်ဥပဒေပုဒ်မ- ၂၀၁ အရလဲ အကြီးအကဲမှ အခွင့်အာဏာကို ရုတ်သိမ်းခြင်း၊ စိတ်ပေါ့သွပ်ခြင်း၊ တစ်ဦးဦး သေဆုံးခြင်း ၊ အကြီးအကဲသည့် ကြွေးမဆပ်နိုင်သော အင်ဆော်လဝင်အဖြစ် ကြေညာခံရခြင်း၊ ကိုယ်စားလှယ်ဖြစ်သူမှ ကိုယ်စားလှယ်အဖြစ် ဆက်လက်ဆောင်ရွက်ရန် ငြင်းဆိုခြင်း၊ ကိုယ်စားလှယ်လုပ်ငန်း ပြီးဆုံးခြင်းတို့တွင် ကိုယ်စားလှယ် ခန့်အပ်ခြင်းမှာ ဆုံးခန်းတိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ကိုယ္စားလွယ္လႊဲစာ ခန္႔အပ္ျခင္းအေၾကာင္း

အခြင့္ရကိုယ္စားလွယ္ဆိုသည္မွာ တရားမက်င့္ထုံးဥပေဒ အမိန္႔-၃၊ နည္း(၁)အရ တရားမမႈမ်ားတြင္ နစ္နာသူ ကိုယ္စား တရား႐ုံးသို႔ လာေရာက္ျခင္း၊ ေဆာင္႐ြက္ျခင္းျပဳရန္ ႏိုထရီပဗၺလစ္ေ႐ွ႕ေနမွလဲ သက္ေသခံဥပေဒပုဒ္မ-၈၅အရ မွန္ကန္ေၾကာင္း အသိအမွတ္ျပဳ လက္မွတ္ေရးထိုးထားသူကို ဆိုလိုပါသည္။ ကိုယ္စားလွယ္ကို စာျဖင့္ ခန္႔အပ္ႏို္ငသလို မွတ္ပုံတင္စာျဖင့္ ခန္႔အပ္ေသာ ကိုယ္စားလွယ္မ်ားလဲ႐ွိပါသည္။ အမႈတြဲတြင္လဲ တရားလို ၎၏ ကိုယ္စားလွယ္စာရသူ မည္သူဆိုၿပီး ေဖာ္ျပေရးသားရန္ လိုပါသည္။ ကိုယ္စားလွယ္မွလဲ အဆိုလႊာတြင္ မွန္ကန္ေၾကာင္း ဝန္ခံကတိျပဳ လက္မွတ္ ေရးထိုးရပါမည္။

ကိုယ္စားလွယ္ျဖင့္ တင္ျပသည္ကို တရား႐ုံးမွ လက္ခံၿပီးျဖစ္ပါက အမူသည္ကိုယ္တိုင္လာေရာက္ရန္ မလိုေတာ့ဘဲ ကိုယ္စားလွယ္မွပဲ အစစ္ခံျခင္း၊ သက္ေသခံျခင္းမ်ား ျပဳႏိုင္ပါသည္။ ကိုယ္စားလွယ္၏ သေဘာတူညီခ်က္မ်ားမွ အႀကီးအကဲ၏ သေဘာတူညီခ်က္အျဖစ္ အက်ိဳးသက္ေရာက္မႈ႐ွိမည္ျဖစ္ပါသည္။ ပဋိဉာဥ္ဥပေဒပုဒ္မ-၂၁၁ တြင္ ကိုယ္စား တစ္ဦးသည္ အႀကီးအကဲမွ ခြင့္ျပဳသည့္ၫႊန္ၾကားခ်က္အတိုင္းသာ ကိုယ္စားျပဳ ေဆာင္႐ြက္ခြင့္႐ွိပါသည္။ အခြင့္ရကိုယ္စား လွယ္သည္ အမႈသည္ကိုယ္စား ေဆာင္႐ြက္ႏိုင္ေသာ္လည္း အမႈတြင္ ေ႐ွ႕ေနမ်ားသကဲ့သို႔ သက္ေသမ်ားအာ စစ္ေမးျခင္း၊ ေလွ်ာက္လဲေျပာဆိုျခင္းမ်ား ျပဳမရပါ။

ပဋိဉာဥ္ဥပေဒပုဒ္မ-၁၈၂ အရလဲ ကိုယ္စားလွယ္ခန္႔အပ္သည္ဆိုသည္မွာ တပါးသူကိစၥရပ္မ်ား ေဆာင္႐ြက္ရန္ ခန္႔အပ္ျခင္းပင္ျဖစ္ၿပီး ကိုယ္စားလွယ္၊ အထူးအာမခံကိုယ္စားလွယ္၊ ပူးတြဲကိုယ္စားလွယ္ဟူ၍ ကိုယ္စားလွယ္(၃)မ်ိဳး ႐ွိေၾကာင္း ေဖာ္ျပထားပါသည္။ ပဋိဉာဥ္ခ်ဳပ္ဆိုရန္ျဖစ္ေစ၊ တရားစြဲဆိုရန္၊ အျခားကိစၥရပ္မ်ား ေဆာင္႐ြက္ရန္ အႀကီးအကဲမွ ကိုယ္စားလွယ္အား တရားဝင္ခန္႔အပ္ျခင္းျပဳႏိုင္ပါသည္။

အထူးအာမခံကိုယ္စားလွယ္မွာ အထူးတာဝန္ယူရသျဖင့္ ၎အားခန္႔အပ္ျခင္းမွာ အခေၾကးေငြျဖင့္ အထူးခန္႔အပ္ ထားျခင္းပင္ျဖစ္ပါသည္။ ပူးတြဲကိုယ္စားလွယ္ဆိုသည္မွာလဲ အႀကီးအကဲကိုယ္စား တာဝန္မ်ားအား ပူးတြဲေဆာင္႐ြက္ရသျဖင့္ တာဝန္ကိုယ္စီ႐ွိၾကပါသည္။

အ႐ြယ္မေရာက္ေသးသူ၊ စိတ္ေပါ့သူမ်ားမွာမႈ အထက္ေဖာ္ျပပါ ကိုယ္စားလွယ္(၃)မ်ိဳးစလုံး ခန္႔အပ္ခြင့္မ႐ွိဘဲ ၎ကိုယ္စား ပဋိဉာဥ္ခ်ဳပ္ဆိုခြင့္႐ွိသူမွာ အုပ္ထိန္းသူသာျဖစ္ၿပီး သက္ဆိုင္ရာခ႐ိုင္တရား႐ုံးမွ တရားဝင္ခန္႔အပ္ထားေသာ အုပ္ထိန္းသူ ျဖစ္ရပါမည္။

ပဋိဉာဥ္ဥပေဒပုဒ္မ- ၂၀၁ အရလဲ အႀကီးအကဲမွ အခြင့္အာဏာကို ႐ုတ္သိမ္းျခင္း၊ စိတ္ေပါ့သြပ္ျခင္း၊ တစ္ဦးဦး ေသဆုံးျခင္း ၊ အႀကီးအကဲသည့္ ေႂကြးမဆပ္ႏိုင္ေသာ အင္ေဆာ္လဝင္အျဖစ္ ေၾကညာခံရျခင္း၊ ကိုယ္စားလွယ္ျဖစ္သူမွ ကိုယ္စားလွယ္အျဖစ္ ဆက္လက္ေဆာင္႐ြက္ရန္ ျငင္းဆိုျခင္း၊ ကိုယ္စားလွယ္လုပ္ငန္း ၿပီးဆုံးျခင္းတို႔တြင္ ကိုယ္စားလွယ္ ခန္႔အပ္ျခင္းမွာ ဆုံးခန္းတိုင္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွ
တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွ
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ
အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service