Steve Job ၏ ကျန်ရစ်သူဇနီး လော်ရင်း ပါဝဲလ် ဂျော့ဘ်စ်က ကယ်လီဖိုးနီးယားရှိ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၉၄ သန်းဖြင့် ဝယ်ယူ

Steve Job ၏ ကျန်ရစ်သူဇနီး လော်ရင်း ပါဝဲလ် ဂျော့ဘ်စ်က ကယ်လီဖိုးနီးယားရှိ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၉၄ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
19 Jul 2024 4:21 pm တွင် တင်ခဲ့သည်
571 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Apple Inc. ၏ ပူးတွဲတည်ထောင်သူ Steve Jobs ၏ ကျန်ရစ်သူဇနီး မုဆိုးမ လော်ရင်း ပါဝဲလ် ဂျော့ဘ်စ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Malibu မြို့ Paradise Cove ရှိ ကမ်းခြေစံအိမ်ကြီး တစ်လုံးကို ကန်ဒေါ်လာ ၉၄ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာက အတည်ပြု သည်။

ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် လော်ရင်းသည် ပြီးခဲ့သော ဆယ်စုနှစ်အတွင်း Malibu တွင် အိမ်ခြံမြေ များစွာ ဝယ်ယူလျက်ရှိနေခဲ့သည်။

Malibu သည် အမေရိက၏ လူကြိုက်အများဆုံး ထိပ်တန်းနေရာများအတွင် တစ်ခုအပါအဝင် ဖြစ်သည်။

(လော်ရင်းပါဝဲလ် ဂျော့ဘ်စ်က မာလီဘူးရှိ စံအိမ်ကို ဝယ်ရာတွင် ကန်ဒေါ်လာ ၉၄ သန်းခန့် ပေးခဲ့ရသည်။ ဓာတ်ပုံ-Google Earth)

အိမ်ခြံမြေမှတ်တမ်းများအရ လော်ရင်းသည် ၂၀၁၅ ခုနှစ်ကတည်းက ယခုခြံဝန်း၏ ကပ်လျက်တွင် တည်ရှိသော ခြံဝန်း ၃ ခုကိုလည်း ကန်ဒေါ်လာ သန်း ၈၀ ခန့် သုံးစွဲကာ ဝယ်ယူမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

ယခုနောက်ဆုံး ဝယ်ယူလိုက်မှုမှာ ယခုနှစ်အတွင်း ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် ဈေးအကြီးဆုံး အိမ်ခြံမြေ အရောင်းအဝယ်အဖြစ် စံချိန်တင်နေသည်။

ဘီယွန်းစေးနှင့် ဂျေးဇီတို့ စုံတွဲက ယခုလမ်းအတွင်းရှိ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် ဝယ်ယူခဲ့ဖူးသည်။

ယခုစံအိမ်အရောင်းအဝယ်ကို ဈေးကွက်ပြင်ပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

(မှတ်ချက်။ ဈေးကွက်ပြင်ပ အရောင်းအဝယ်ဟူသည်မှာ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီများက အိမ်ခြံမြေ ဝက်ဘ်ဆိုက်များတွင် တရားဝင်အရောင်းတင်ကာ ရောင်းချခြင်းမဟုတ်သည့် အရောင်းအဝယ်မျိုးကို ဆိုလို သည်)

ထိုသို့ ဈေးကွက်ပြင်ပ ရောင်းဝယ်ခဲ့သောကြောင့် စံအိမ်၏ ဓာတ်ပုံများ မရရှိနိုင်ချေ။

သို့သော် မှတ်တမ်းများအရ ခြံအကျယ်မှာ အကြမ်းဖျင်းအားဖြင့် ၄ ဧကခန့်ရှိပြီး စံအိမ်မှာ အင်္ဂလိပ်အက္ခရာ L ပုံသဏ္ဍာန်ရှိကာ ၁၉၅၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(လော်ရင်းပါဝဲလ် ဂျော့ဘ်စ်သည် Emerson Collective ကို တည်ထောင်သူ၊ ဥက္ကဌ ဖြစ်သည်။ ပုံတွင် တွေ့ရသည်မှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်က ဝါရှင်တန်ဒီစီတွင် ပြုလုပ်ခဲ့သော The David Rubenstein Show တွင် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ပုံဖြစ်သည်။ ဓာတ်ပုံ-Getty Images)

စံအိမ်တွင် အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါဝင်ပြီး စတုရန်းပေ ၃၃၉၉ ကျယ်ဝန်းသည်။

ခြံဝန်းအတွင်း မြက်ခင်းပြင်ရှိပြီး ချောက်ကမ်းပါးများနှင့် အောက်ဘက်ဆီရှိ ပင်လယ်ကမ်းခြေတို့ကို စီးမိုး တွေ့မြင်ရသည်။

လော်ရင်းက ခြံဝန်းကျယ်တစ်ခုတည်း ပေါင်းစည်းဆောက်လုပ်ရန်အတွက် ယခုဝယ်ယူလိုက်သည့်စံအိမ်ကို ဖြိုချဖွယ် ရှိသည်။

(Malibu မြို့၊ Paradise Cove ရှိ ကမ်းခြေတွင် စုံတွဲတစ်တွဲလမ်းလျှောက်နေသည်ကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်က တွေ့ရပုံ။ ဓာတ်ပုံ-Anne Cusack/Los Angeles Times via Getty Images / Getty Images)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Laurene Powell Jobs, widow of Steve Jobs, buys Malibu estate for $94 million (foxbusiness)

Photo Credit- Anne Cusack/Los Angeles Times via Getty Images / Getty Images, Google Earth

[Zawgyi]

Steve Job ၏ က်န္ရစ္သူဇနီး ေလာ္ရင္း ပါဝဲလ္ ေဂ်ာ့ဘ္စ္က ကယ္လီဖိုးနီးယားရွိ စံအိမ္ၾကီးတစ္လံုးကို ကန္ေဒၚလာ ၉၄ သန္းျဖင့္ ဝယ္ယူ

Apple Inc. ၏ ပူးတြဲတည္ေထာင္သူ Steve Jobs ၏ က်န္ရစ္သူဇနီး မုဆိုးမ ေလာ္ရင္း ပါဝဲလ္ ေဂ်ာ့ဘ္စ္သည္ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ Malibu ျမိဳ႕ Paradise Cove ရွိ ကမ္းေျခစံအိမ္ၾကီး တစ္လံုးကို ကန္ေဒၚလာ ၉၄ သန္းျဖင့္ ဝယ္ယူလိုက္ေၾကာင္း ေလာ့စ္အိန္ဂ်လိတိုင္းမ္သတင္းစာက အတည္ျပဳ သည္။

ဘီလ်ံနာ စီးပြားေရးလုပ္ငန္းရွင္ ေလာ္ရင္းသည္ ျပီးခဲ့ေသာ ဆယ္စုႏွစ္အတြင္း Malibu တြင္ အိမ္ျခံေျမ မ်ားစြာ ဝယ္ယူလ်က္ရွိေနခဲ့သည္။

Malibu သည္ အေမရိက၏ လူၾကိဳက္အမ်ားဆံုး ထိပ္တန္းေနရာမ်ားအတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။

(ေလာ္ရင္းပါဝဲလ္ ေဂ်ာ့ဘ္စ္က မာလီဘူးရွိ စံအိမ္ကို ဝယ္ရာတြင္ ကန္ေဒၚလာ ၉၄ သန္းခန္႔ ေပးခဲ့ရသည္။ ဓာတ္ပံု-Google Earth)

အိမ္ျခံေျမမွတ္တမ္းမ်ားအရ ေလာ္ရင္းသည္ ၂၀၁၅ ခုႏွစ္ကတည္းက ယခုျခံဝန္း၏ ကပ္လ်က္တြင္ တည္ရွိေသာ ျခံဝန္း ၃ ခုကိုလည္း ကန္ေဒၚလာ သန္း ၈၀ ခန္႔ သံုးစြဲကာ ဝယ္ယူမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ေဖာ္ျပသည္။

ယခုေနာက္ဆံုး ဝယ္ယူလိုက္မႈမွာ ယခုႏွစ္အတြင္း ကယ္လီဖိုးနီးယားေတာင္ပိုင္းတြင္ ေစ်းအၾကီးဆံုး အိမ္ျခံေျမ အေရာင္းအဝယ္အျဖစ္ စံခ်ိန္တင္ေနသည္။

ဘီယြန္းေစးႏွင့္ ေဂ်းဇီတို႔ စံုတြဲက ယခုလမ္းအတြင္းရွိ စံအိမ္ၾကီးတစ္လံုးကို ကန္ေဒၚလာ သန္း ၂၀၀ ျဖင့္ ဝယ္ယူခဲ့ဖူးသည္။

ယခုစံအိမ္အေရာင္းအဝယ္ကို ေစ်းကြက္ျပင္ပ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

(မွတ္ခ်က္။ ေစ်းကြက္ျပင္ပ အေရာင္းအဝယ္ဟူသည္မွာ အိမ္ျခံေျမအက်ဳိးေဆာင္ကုမၸဏီမ်ားက အိမ္ျခံေျမ ဝက္ဘ္ဆိုက္မ်ားတြင္ တရားဝင္အေရာင္းတင္ကာ ေရာင္းခ်ျခင္းမဟုတ္သည့္ အေရာင္းအဝယ္မ်ဳိးကို ဆိုလို သည္)

ထိုသို႔ ေစ်းကြက္ျပင္ပ ေရာင္းဝယ္ခဲ့ေသာေၾကာင့္ စံအိမ္၏ ဓာတ္ပံုမ်ား မရရွိႏိုင္ေခ်။

သို႔ေသာ္ မွတ္တမ္းမ်ားအရ ျခံအက်ယ္မွာ အၾကမ္းဖ်င္းအားျဖင့္ ၄ ဧကခန္႔ရွိျပီး စံအိမ္မွာ အဂၤလိပ္အကၡရာ L ပံုသ႑ာန္ရွိကာ ၁၉၅၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

(ေလာ္ရင္းပါဝဲလ္ ေဂ်ာ့ဘ္စ္သည္ Emerson Collective ကို တည္ေထာင္သူ၊ ဥကၠဌ ျဖစ္သည္။ ပံုတြင္ ေတြ႔ရသည္မွာ ၂၀၂၂ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၁ ရက္က ဝါရွင္တန္ဒီစီတြင္ ျပဳလုပ္ခဲ့ေသာ The David Rubenstein Show တြင္ ေတြ႔ဆံုေမးျမန္းခန္း ျပဳလုပ္ခဲ့ပံုျဖစ္သည္။ ဓာတ္ပံု-Getty Images)

စံအိမ္တြင္ အိပ္ခန္း ၄ ခန္းႏွင့္ ေရခ်ဳိးခန္း ၄ ခန္းပါဝင္ျပီး စတုရန္းေပ ၃၃၉၉ က်ယ္ဝန္းသည္။

ျခံဝန္းအတြင္း ျမက္ခင္းျပင္ရွိျပီး ေခ်ာက္ကမ္းပါးမ်ားႏွင့္ ေအာက္ဘက္ဆီရွိ ပင္လယ္ကမ္းေျခတို႔ကို စီးမိုး ေတြ႔ျမင္ရသည္။

ေလာ္ရင္းက ျခံဝန္းက်ယ္တစ္ခုတည္း ေပါင္းစည္းေဆာက္လုပ္ရန္အတြက္ ယခုဝယ္ယူလိုက္သည့္စံအိမ္ကို ျဖိဳခ်ဖြယ္ ရွိသည္။

(Malibu ျမိဳ႕၊ Paradise Cove ရွိ ကမ္းေျခတြင္ စံုတြဲတစ္တြဲလမ္းေလွ်ာက္ေနသည္ကို ၂၀၁၄ ခုႏွစ္၊ ေအာက္တိုဘာလ ၂၈ ရက္က ေတြ႔ရပံု။ ဓာတ္ပံု-Anne Cusack/Los Angeles Times via Getty Images / Getty Images)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Laurene Powell Jobs, widow of Steve Jobs, buys Malibu estate for $94 million (foxbusiness)

Photo Credit- Anne Cusack/Los Angeles Times via Getty Images / Getty Images, Google Earth

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service