တချိန်က အကျဉ်းထောင်အဖြစ် သုံးခဲ့ဖူးပြီး နောက်ပိုင်းတွင် ညကလပ်ဖြစ်လာခဲ့သော အီတလီ ခံတပ်စခန်းကြီး အရောင်းဈေးကွက်ဝင်လာ

တချိန်က အကျဉ်းထောင်အဖြစ် သုံးခဲ့ဖူးပြီး နောက်ပိုင်းတွင် ညကလပ်ဖြစ်လာခဲ့သော အီတလီ ခံတပ်စခန်းကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
18 Jul 2024 11:31 am တွင် တင်ခဲ့သည်
727 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သာယာလှပသော ဝန်းကျင်ရှုမျှော်ခင်းများပိုင်ဆိုင်ထားပြီး တသီးတသန့်ရှိမှုအပြင် လုံခြုံသော နေအိမ်တစ်လုံး ရှာဖွေနေသည့် ဝယ်လက်များအတွက် ယခုအခါ အရောင်းဈေးကွက်ဝင်နေသော အီတလီနိုင်ငံရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးက အကောင်းဆုံးရွေးချယ်စရာ ဖြစ်နိုင်သည်။

အဟန့်ကောင်းလှသော ကျောက်တုံးအဆောက်အအုံကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၀၀ မြင့်မားသော ချောက်ကမ်းပါးထိပ်တွင် ဆောက်လုပ်ထားပြီး ဝန်းကျင်တခွင်ကို စီးမိုးထားသည်။

Tuscany ၏ အနောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသော Tuscan ကျွန်းစုမှ Capraia ကျွန်းပေါ်တွင် တည်ရှိသည်။

(အရောင်းဈေးကွက်ဝင်လာသော အီတလီမှ ရဲတိုက်ကြီး။ ဓာတ်ပုံ-Lionard)

ကျွန်းမြေဧရိယာ၏ ၃ ရာခိုင်နှုန်းတွင်သာ လူသူနေထိုင်ပြီး ကျန် ၉၇ ရာခိုင်နှုန်းမှာ အမျိုးသားဥယျာဉ်ဖြစ်ကြောင်း အရောင်းဈေးကွက်တင်ပေးသော Lionard Luxury Real Estate အိမ်ခြံမြေကုမ္ပဏီ၏ ဈေးကွက်တင်မှတ်တမ်း တွင် ဖော်ပြသည်။

ဝယ်ယူရန် စုံစမ်းမေးမြန်းသူများသာလျှင် ဈေးနှုန်းသိရှိနိုင်မည် ဖြစ်သည်။

(လင်းလင်းချင်းချင်းရှိသော ဧည့်ခန်းတစ်ခု။ ဓာတ်ပုံ-Lionard)

San Giorgio ခံတပ်ဟု လူသိများပြီး ၁၅၄၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

လိုအပ်သည့်အခါ ပြည်သူများအားလုံး နေထိုင်နိုင်ရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဈေးကွက်တင် ကုမ္ပဏီ၏ အရောင်းမှတ်တမ်းတွင် ဖော်ပြသည်။

ယင်းနောက်ပိုင်း ရာစုနှစ်များအတွင်း ခံတပ်ကြီးကို ကင်းမျှော်စင်၊ စစ်ဘက်ခံတပ်၊ အကျဉ်းထောင်၊ ပုဂ္ဂလိက နေအိမ်၊ လူငယ်စခန်းတို့အဖြစ် အမျိုးမျိုး အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် နှစ်ပေါင်း ၄၀ ခန့် စွန့်ပစ်ထားခဲ့သည်။

(ညစာစားခန်းများတွင် ထုတ်တန်းဖော် မျက်နှာကြက်များရှိသည်။ ဓာတ်ပုံ-Lionard)

၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ပြီး ကာလကြာရှည် ပြုပြင်မွမ်းမံထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။

အဆောက်အအုံ ၅ ခုပါဝင်ပြီး ကြမ်းခင်းဧရိယာ စတုရန်းပေ ၁၆၈၀၀ နီးပါးရှိကြောင်း ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။

(မီးဖိုဆောင်ကို စားဖိုမှူးတစ်ဦးနှင့် ပူးပေါင်းကာ ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Lionard)

ခံတပ်ကြီးအတွင်း ရှေးခေတ်လက်ရာနှင့် ခေတ်မီမွမ်းမံမှုတို့ ပေါင်းစပ်ထားသည်။

လင်းလင်းချင်းချင်းရှိသော ဧည့်ခန်းနေရာများ၊ ထုတ်တန်းဖော်မျက်နှာကြက်များရှိပြီး မီးဖိုဆောင်ကို Michelin-star စားဖိုမှူး Riccardo De Pra နှင့် ပူးပေါင်းကာ ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

(အိပ်ခန်း တစ်ခန်း။ ဓာတ်ပုံ-Lionard)

ထိုင်ခုံနေရာ ၃၀ ဆန့် ညစာစားခန်း၊ ယောဂနှင့် Fitness ခန်းမ၊ ဂိမ်းကစားခန်း၊ အိမ်တွင်း ရုပ်ရှင်ရုံ၊ စာဖတ်ခန်း၊ အိပ်ခန်း ၁၆ ခန်းနှင့် အံ့မခန်း ပင်လယ်ရှုမျှော်ခင်းတို့ ရှိသည်။

(ရေကူးကန်နေရာ၏ အံ့မခန်းလှပမှု။ ဓာတ်ပုံ-Lionard)

လက်ရှိပိုင်ရှင် မည်သူဖြစ်သည်ဆိုခြင်းနှင့် ပိုင်ရှင်မည်မျှ လက်လွှဲလက်ပြောင်း ဖြစ်ခဲ့သည်ကိုမူ မသိရချေ။

(ပြင်ပ နားနေ နေရာများစွာရှိသည်။ ဓာတ်ပုံ-Lionard)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A 500-Year-Old Italian Fortress Overlooking the Sea Hits the Market in Tuscany (mansionglobal)

Photo Credit: Lionard

[Zawgyi]

တခ်ိန္က အက်ဥ္းေထာင္အျဖစ္ သံုးခဲ့ဖူးျပီး ေနာက္ပိုင္းတြင္ ညကလပ္ျဖစ္လာခဲ့ေသာ အီတလီ ခံတပ္စခန္းၾကီး အေရာင္းေစ်းကြက္ဝင္လာ

သာယာလွပေသာ ဝန္းက်င္ရႈေမွ်ာ္ခင္းမ်ားပိုင္ဆိုင္ထားျပီး တသီးတသန္႔ရွိမႈအျပင္ လံုျခံဳေသာ ေနအိမ္တစ္လံုး ရွာေဖြေနသည့္ ဝယ္လက္မ်ားအတြက္ ယခုအခါ အေရာင္းေစ်းကြက္ဝင္ေနေသာ အီတလီႏိုင္ငံရွိ ၁၆ ရာစုႏွစ္ ရဲတိုက္ၾကီးက အေကာင္းဆံုးေရြးခ်ယ္စရာ ျဖစ္ႏိုင္သည္။

အဟန္႔ေကာင္းလွေသာ ေက်ာက္တံုးအေဆာက္အအံုၾကီးသည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ မီတာ ၁၀၀ ျမင့္မားေသာ ေခ်ာက္ကမ္းပါးထိပ္တြင္ ေဆာက္လုပ္ထားျပီး ဝန္းက်င္တခြင္ကို စီးမိုးထားသည္။

Tuscany ၏ အေနာက္ဘက္ကမ္းရိုးတန္းတြင္ တည္ရွိေသာ Tuscan ကၽြန္းစုမွ Capraia ကၽြန္းေပၚတြင္ တည္ရွိသည္။

(အေရာင္းေစ်းကြက္ဝင္လာေသာ အီတလီမွ ရဲတိုက္ၾကီး။ ဓာတ္ပံု-Lionard)

ကၽြန္းေျမဧရိယာ၏ ၃ ရာခိုင္ႏႈန္းတြင္သာ လူသူေနထိုင္ျပီး က်န္ ၉၇ ရာခိုင္ႏႈန္းမွာ အမ်ဳိးသားဥယ်ာဥ္ျဖစ္ေၾကာင္း အေရာင္းေစ်းကြက္တင္ေပးေသာ Lionard Luxury Real Estate အိမ္ျခံေျမကုမၸဏီ၏ ေစ်းကြက္တင္မွတ္တမ္း တြင္ ေဖာ္ျပသည္။ ဝယ္ယူရန္ စုံစမ္းေမးျမန္းသူမ်ားသာလွ်င္ ေစ်းႏႈန္းသိရွိႏိုင္မည္ ျဖစ္သည္။

(လင္းလင္းခ်င္းခ်င္းရွိေသာ ဧည့္ခန္းတစ္ခု။ ဓာတ္ပံု-Lionard)

San Giorgio ခံတပ္ဟု လူသိမ်ားျပီး ၁၅၄၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

လိုအပ္သည့္အခါ ျပည္သူမ်ားအားလံုး ေနထိုင္ႏိုင္ရန္ ရည္ရြယ္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း ေစ်းကြက္တင္ ကုမၸဏီ၏ အေရာင္းမွတ္တမ္းတြင္ ေဖာ္ျပသည္။

ယင္းေနာက္ပိုင္း ရာစုႏွစ္မ်ားအတြင္း ခံတပ္ၾကီးကို ကင္းေမွ်ာ္စင္၊ စစ္ဘက္ခံတပ္၊ အက်ဥ္းေထာင္၊ ပုဂၢလိက ေနအိမ္၊ လူငယ္စခန္းတို႔အျဖစ္ အမ်ဳိးမ်ဳိး အသံုးျပဳခဲ့ျပီး ေနာက္ပိုင္းတြင္ ႏွစ္ေပါင္း ၄၀ ခန္႔ စြန္႔ပစ္ထားခဲ့သည္။

(ညစာစားခန္းမ်ားတြင္ ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ားရွိသည္။ ဓာတ္ပံု-Lionard)

၂၀၀၆ ခုႏွစ္၊ ဒီဇင္ဘာလမွစတင္ျပီး ကာလၾကာရွည္ ျပဳျပင္မြမ္းမံထိန္းသိမ္းမႈမ်ား ျပဳလုပ္ခဲ့သည္။

အေဆာက္အအံု ၅ ခုပါဝင္ျပီး ၾကမ္းခင္းဧရိယာ စတုရန္းေပ ၁၆၈၀၀ နီးပါးရွိေၾကာင္း ေစ်းကြက္တင္ မွတ္တမ္းတြင္ ေဖာ္ျပသည္။

(မီးဖိုေဆာင္ကို စားဖိုမွဴးတစ္ဦးႏွင့္ ပူးေပါင္းကာ ဒီဇိုင္းေရးဆြဲ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု-Lionard)

ခံတပ္ၾကီးအတြင္း ေရွးေခတ္လက္ရာႏွင့္ ေခတ္မီမြမ္းမံမႈတို႔ ေပါင္းစပ္ထားသည္။

လင္းလင္းခ်င္းခ်င္းရွိေသာ ဧည့္ခန္းေနရာမ်ား၊ ထုတ္တန္းေဖာ္မ်က္ႏွာၾကက္မ်ားရွိျပီး မီးဖိုေဆာင္ကို Michelin-star စားဖိုမွဴး Riccardo De Pra ႏွင့္ ပူးေပါင္းကာ ဒီဇိုင္းေရးဆြဲ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

(အိပ္ခန္း တစ္ခန္း။ ဓာတ္ပံု-Lionard)

ထိုင္ခံုေနရာ ၃၀ ဆန္႔ ညစာစားခန္း၊ ေယာဂႏွင့္ Fitness ခန္းမ၊ ဂိမ္းကစားခန္း၊ အိမ္တြင္း ရုပ္ရွင္ရံု၊ စာဖတ္ခန္း၊ အိပ္ခန္း ၁၆ ခန္းႏွင့္ အံ့မခန္း ပင္လယ္ရႈေမွ်ာ္ခင္းတို႔ ရွိသည္။

(ေရကူးကန္ေနရာ၏ အံ့မခန္းလွပမႈ။ ဓာတ္ပံု-Lionard)

လက္ရွိပုိင္ရွင္ မည္သူျဖစ္သည္ဆိုျခင္းႏွင့္ ပိုင္ရွင္မည္မွ် လက္လႊဲလက္ေျပာင္း ျဖစ္ခဲ့သည္ကိုမူ မသိရေခ်။

(ျပင္ပ နားေန ေနရာမ်ားစြာရွိသည္။ ဓာတ္ပံု-Lionard)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A 500-Year-Old Italian Fortress Overlooking the Sea Hits the Market in Tuscany (mansionglobal)

Photo Credit: Lionard

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service