လုပ်ငန်းများအပြင် ပိုင်ဆိုင်သမျှ အားလုံးရောင်းချကာ ကျောင်းဘတ်စ်ကားတစ်စီးပေါ်တွင် ခင်ပွန်း၊ ခွေး ၄ ကောင်နှင့် အတူနေထိုင် လှည့်လည်သွားလာနေသည့် သြစတေးလျက အမျိုးသမီး

လုပ်ငန်းများအပြင် ပိုင်ဆိုင်သမျှ အားလုံးရောင်းချကာ ကျောင်းဘတ်စ်ကားတစ်စီးပေါ်တွင် ခင်ပွန်း၊ ခွေး ၄ ကောင်နှင့် အတူနေထိုင် လှည့်လည်သွားလာနေသည့် သြစတေးလျက အမျိုးသမီး - Property News in Myanmar from iMyanmarHouse.com
15 Jul 2024 12:09 pm တွင် တင်ခဲ့သည်
704 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မနက် ၉- ညနေ ၅ အလုပ်ကို ကျောခိုင်းကာ လမ်းပေါ်တွင်သာ သွားလာနေထိုင်ရန် တွေးတောဖူးပါသလား။

သင့်အနေဖြင့် လျှပ်တပြက် အတွေးမျှသာ တွေးမိစေမည့် ထိုဘဝမျိုးကို အမျိုးသမီးတစ်ဦးက လက်တွေ့ အကောင်အထည် ဖော်ခဲ့သည်။

ပန်နီ ဂျိုဂျဲဗစ် (Penny Djordjevic ) အမည်ရှိ အမျိုးသမီးသည် အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး အရာအားလုံးကို ရောင်းချကာ ကျောင်းဘတ်စ်ကားတစ်စင်းပေါ်တွင် ခင်ပွန်းဖြစ်သူ ပီတီ၊ ခွေး ၄ ကောင်တို့နှင့် အတ နေထိုင်လျက် ရှိသည်။

ယခုအခါ ၎င်းတို့သည် သြစတေးလျနိုင်ငံတဝန်း ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာသည့် ဘဝဟန်ပန် ဖြင့် နေထိုင်လျက်ရှိပြီး ရာသီအလိုက်လုပ်ရသည့်အလုပ်များ လုပ်ကြသည်။

ထိုသို့သော နေထိုင်မှုပုံစံကို လွန်ခဲ့သော ၈ နှစ်ခန့်က စတင်ခဲ့ခြင်း ဖြစ်သည်။

နေ့စဉ်အလုပ်များကို ပျင်းရိငြီးငွေ့လာသောကြောင့် လုပ်ငန်းများအပြင် ပိုင်ဆိုင်သမျှ အားလုံး ရောင်းချကာ ယခုကဲ့သို့ နေထိုင်ခဲ့ခြင်းဖြစ်သည်။

ကနဦးတွင် ဘတ်စ်ကားငယ်တစ်ခုဖြင့် နေထိုင်ခဲ့ကြပြီး ထိုကားကို ဘီလီဟု အမည်ပေးခဲ့သည်။

ပန်နီသည် ကွင်းစလန်ပြည်နယ်တွင် နေထိုင်ခဲ့သူဖြစ်ပြီး “ကျွန်မတို့က အပြောင်းအလဲတစ်ခု လိုချင်ခဲ့တယ်။ ဒါကြောင့် ကျွန်မတို့ရဲ့အိမ်၊ လုပ်ငန်းနဲ့ ပရိဘောဂတွေ အပါအဝင် အားလုံးရောင်းချခဲ့ပါတယ်”ဟု သူမက ပြောသည်။

(အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ- Penny Djordjevic/Cover Images)

(၎င်းတို့စုံတွဲက ကျောင်းဘတ်စ်ကားဟောင်းတစ်စင်းကို ကန်ဒေါ်လာ ၁၀၅၀၀ ဖြင့် ဝယ်ယူခဲ့သည်။ ဓာတ်ပုံ- Penny Djordjevic/Cover Images)

“ကျွန်မတို့က Toyota Coaster တစ်စင်းကို ဝယ်ယူခဲ့ပြီး ဘီလီလို့ နာမည်ပေးခဲ့ပါတယ်။ အတွင်းပိုင်းကို ကျွန်မတို့ရဲ့ အနုပညာလက်ရာတွေနဲ့ ကိုယ်တိုင် မွမ်းမံခဲ့ပါတယ်။” ၅ နှစ်တာ လှည့်လည်သွားလာခဲ့ပြီးနောက်ပိုင်း ကွင်းစလန်ပြည်နယ်တွင် မြေနေရာတစ်ခု ဝယ်ယူကာ ထိုနေရာတွင် ကားရပ်နားထားပြီး ခေတ္တ အခြေချခဲ့သည်။

ယင်းနောက်ပိုင်း ၁၂ မီတာရှည်သော ကျောင်းဘတ်စ်ကားတစ်စီးကို ဖေ့စ်ဘုတ်မှတဆင့် ကန်ဒေါ်လာ ၁၀၅၀၀ ဖြင့် ဝယ်ယူခဲ့သည်။

ထို့နောက် ပစ္စည်းဟောင်းများကို အသုံးပြုကာ မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ရာတွင် ဒေါ်လာ ၇၀၀ ခန့် ကုန်ကျခဲ့သည်။

နံရံများကို သင်္ဘောကွန်တိန်နာများမှ အထပ်သားများဖြင့် အသုံးပြုမွမ်းမံခဲ့ပြီး တပတ်ရစ် ခြံစည်းတန်းပြားများ ဖြင့် ပရိဘောဂများ ပြုလုပ်ခဲ့ကြသည်။

ကျောင်းကားဖြင့် နေထိုင်ခြင်းတွင် အားနည်းချက်အချို့ရှိကြောင်း၊ ပစ္စည်းသိုလှောင်ရာနေရာ မရှိခြင်းနှင့် သြစတေးလျ၏ ပူပြင်းသော နွေကာလမျိုးတွင် နေအိမ်များကဲ့သို့ လေအေးပေးစက်မရှိခြင်းမျိုး အပါအဝင် ဖြစ်သည်။

(ပန်နီက ဤကားအိမ်ကို နှစ်သက်မြတ်နိုးသည်။ ဓာတ်ပုံ- Penny Djordjevic/Cover Images)

(ပစ္စည်းဟောင်းများဖြင့် ပြန်လည်မွမ်းမံခဲ့သည်။ ဓာတ်ပုံ- Penny Djordjevic/Cover Images)

“ကျွန်မက ပုံမှန်အရွယ်အစား ရေခဲသေတ္တာကြီးကိုတော့ လွမ်းပါတယ်။ အခုကတော့ ပျော်ပွဲစားထွက် ရာမှာသုံးတဲ့ ရေခဲသေတ္တာမျိုး သုံးပါတယ်။”

“ကျွန်မက Freezer နဲ့ TV ကြီးကိုလည်း လွမ်းတယ်။ အခုက ဖုန်း (ဒါမှမဟုတ်) Laptop တွေနဲ့ ရုပ်ရှင်တွေ ကြည့်ပါတယ်။ အရသာချင်းတော့ မတူပါဘူး။”

အဆိုးဆုံး ကိစ္စမှာ အိမ်သာတက်ရသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ပြောသည်။

(ကားအတွင်းပိုင်းကို လှပစွာ မွမ်းမံထားသော်လည်း ရေခဲသေတ္တာကြီးကို လွမ်းကြောင်း ပန်နီက ပြောသည်။ ဓာတ်ပုံ- Penny Djordjevic/Cover Images)

(ကုန်ကျစရိတ် သက်သာပြီး သန့်ရှင်းရေးလုပ်ရန် အလွန်လွယ်ကူသည်။ ဓာတ်ပုံ- Penny Djordjevic/Cover Images)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I sold everything to live on a school bus with my husband and four dogsn (metro)

Photo Credit- Penny Djordjevic/Cover Images

[Zawgyi]

လုပ္ငန္းမ်ားအျပင္ ပိုင္ဆိုင္သမွ် အားလံုးေရာင္းခ်ကာ ေက်ာင္းဘတ္စ္ကားတစ္စီးေပၚတြင္ ခင္ပြန္း၊ ေခြး ၄ ေကာင္ႏွင့္ အတူေနထိုင္ လွည့္လည္သြားလာေနသည့္ ၾသစေတးလ်က အမ်ဳိးသမီး

မနက္ ၉- ညေန ၅ အလုပ္ကို ေက်ာခိုင္းကာ လမ္းေပၚတြင္သာ သြားလာေနထိုင္ရန္ ေတြးေတာဖူးပါသလား။

သင့္အေနျဖင့္ လွ်ပ္တျပက္ အေတြးမွ်သာ ေတြးမိေစမည့္ ထိုဘဝမ်ဳိးကို အမ်ဳိးသမီးတစ္ဦးက လက္ေတြ႔ အေကာင္အထည္ ေဖာ္ခဲ့သည္။

ပန္နီ ဂ်ဳိဂ်ဲဗစ္ (Penny Djordjevic ) အမည္ရွိ အမ်ဳိးသမီးသည္ အသက္ ၄၉ ႏွစ္အရြယ္ရွိျပီျဖစ္ျပီး အရာအားလံုးကို ေရာင္းခ်ကာ ေက်ာင္းဘတ္စ္ကားတစ္စင္းေပၚတြင္ ခင္ပြန္းျဖစ္သူ ပီတီ၊ ေခြး ၄ ေကာင္တို႔ႏွင့္ အတ ေနထိုင္လ်က္ ရွိသည္။

ယခုအခါ ၎တို႔သည္ ၾသစေတးလ်ႏိုင္ငံတဝန္း ေရၾကည္ရာျမက္ႏုရာ လွည့္လည္သြားလာသည့္ ဘဝဟန္ပန္ ျဖင့္ ေနထုိင္လ်က္ရွိျပီး ရာသီအလိုက္လုပ္ရသည့္အလုပ္မ်ား လုပ္ၾကသည္။

ထိုသို႔ေသာ ေနထိုင္မႈပံုစံကို လြန္ခဲ့ေသာ ၈ ႏွစ္ခန္႔က စတင္ခဲ့ျခင္း ျဖစ္သည္။

ေန႔စဥ္အလုပ္မ်ားကို ပ်င္းရိျငီးေငြ႔လာေသာေၾကာင့္ လုပ္ငန္းမ်ားအျပင္ ပိုင္ဆိုင္သမွ် အားလံုး ေရာင္းခ်ကာ ယခုကဲ့သို႔ ေနထုိင္ခဲ့ျခင္းျဖစ္သည္။

ကနဦးတြင္ ဘတ္စ္ကားငယ္တစ္ခုျဖင့္ ေနထုိင္ခဲ့ၾကျပီး ထိုကားကို ဘီလီဟု အမည္ေပးခဲ့သည္။

ပန္နီသည္ ကြင္းစလန္ျပည္နယ္တြင္ ေနထုိင္ခဲ့သူျဖစ္ျပီး “ကၽြန္မတို႔က အေျပာင္းအလဲတစ္ခု လိုခ်င္ခဲ့တယ္။ ဒါေၾကာင့္ ကၽြန္မတို႔ရဲ႕အိမ္၊ လုပ္ငန္းနဲ႔ ပရိေဘာဂေတြ အပါအဝင္ အားလံုးေရာင္းခ်ခဲ့ပါတယ္”ဟု သူမက ေျပာသည္။

(အတြင္းပိုင္းျမင္ကြင္း။ ဓာတ္ပံု- Penny Djordjevic/Cover Images)

(၎တို႔စံုတြဲက ေက်ာင္းဘတ္စ္ကားေဟာင္းတစ္စင္းကို ကန္ေဒၚလာ ၁၀၅၀၀ ျဖင့္ ဝယ္ယူခဲ့သည္။ ဓာတ္ပံု- Penny Djordjevic/Cover Images)

“ကၽြန္မတို႔က Toyota Coaster တစ္စင္းကို ဝယ္ယူခဲ့ျပီး ဘီလီလို႔ နာမည္ေပးခဲ့ပါတယ္။ အတြင္းပိုင္းကို ကၽြန္မတို႔ရဲ႕ အႏုပညာလက္ရာေတြနဲ႔ ကိုယ္တိုင္ မြမ္းမံခဲ့ပါတယ္။” ၅ ႏွစ္တာ လွည့္လည္သြားလာခဲ့ျပီးေနာက္ပိုင္း ကြင္းစလန္ျပည္နယ္တြင္ ေျမေနရာတစ္ခု ဝယ္ယူကာ ထိုေနရာတြင္ ကားရပ္နားထားျပီး ေခတၱ အေျခခ်ခဲ့သည္။

ယင္းေနာက္ပိုင္း ၁၂ မီတာရွည္ေသာ ေက်ာင္းဘတ္စ္ကားတစ္စီးကို ေဖ့စ္ဘုတ္မွတဆင့္ ကန္ေဒၚလာ ၁၀၅၀၀ ျဖင့္ ဝယ္ယူခဲ့သည္။

ထို႔ေနာက္ ပစၥည္းေဟာင္းမ်ားကို အသံုးျပဳကာ မြမ္းမံျပင္ဆင္မႈမ်ား ျပဳလုပ္ရာတြင္ ေဒၚလာ ၇၀၀ ခန္႔ ကုန္က်ခဲ့သည္။

နံရံမ်ားကို သေဘၤာကြန္တိန္နာမ်ားမွ အထပ္သားမ်ားျဖင့္ အသံုးျပဳမြမ္းမံခဲ့ျပီး တပတ္ရစ္ ျခံစည္းတန္းျပားမ်ား ျဖင့္ ပရိေဘာဂမ်ား ျပဳလုပ္ခဲ့ၾကသည္။

ေက်ာင္းကားျဖင့္ ေနထုိင္ျခင္းတြင္ အားနည္းခ်က္အခ်ဳိ႕ရွိေၾကာင္း၊ ပစၥည္းသိုေလွာင္ရာေနရာ မရွိျခင္းႏွင့္ ၾသစေတးလ်၏ ပူျပင္းေသာ ေႏြကာလမ်ဳိးတြင္ ေနအိမ္မ်ားကဲ့သို႔ ေလေအးေပးစက္မရွိျခင္းမ်ဳိး အပါအဝင္ ျဖစ္သည္။

(ပန္နီက ဤကားအိမ္ကို ႏွစ္သက္ျမတ္ႏိုးသည္။ ဓာတ္ပံု- Penny Djordjevic/Cover Images)

(ပစၥည္းေဟာင္းမ်ားျဖင့္ ျပန္လည္မြမ္းမံခဲ့သည္။ ဓာတ္ပံု- Penny Djordjevic/Cover Images)

“ကၽြန္မက ပံုမွန္အရြယ္အစား ေရခဲေသတၱာၾကီးကိုေတာ့ လြမ္းပါတယ္။ အခုကေတာ့ ေပ်ာ္ပြဲစားထြက္ ရာမွာသံုးတဲ့ ေရခဲေသတၱာမ်ဳိး သံုးပါတယ္။”

“ကၽြန္မက Freezer နဲ႔ TV ၾကီးကိုလည္း လြမ္းတယ္။ အခုက ဖုန္း (ဒါမွမဟုတ္) Laptop ေတြနဲ႔ ရုပ္ရွင္ေတြ ၾကည့္ပါတယ္။ အရသာခ်င္းေတာ့ မတူပါဘူး။”

အဆိုးဆံုး ကိစၥမွာ အိမ္သာတက္ရသည့္ အေျခအေနျဖစ္ေၾကာင္း ၎က ေျပာသည္။

(ကားအတြင္းပိုင္းကို လွပစြာ မြမ္းမံထားေသာ္လည္း ေရခဲေသတၱာၾကီးကို လြမ္းေၾကာင္း ပန္နီက ေျပာသည္။ ဓာတ္ပံု- Penny Djordjevic/Cover Images)

(ကုန္က်စရိတ္ သက္သာျပီး သန္႔ရွင္းေရးလုပ္ရန္ အလြန္လြယ္ကူသည္။ ဓာတ္ပံု- Penny Djordjevic/Cover Images)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I sold everything to live on a school bus with my husband and four dogsn (metro)

Photo Credit- Penny Djordjevic/Cover Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌေးကြီးသား၏ အရှိန်အဝါယူခဲ့မှုအပေါ် ဝေဖန်ခံနေရသော Blackpink မှ လီဆာက သူ၏နေအိမ်တွင်း မြင်ကွင်းများ ပရိသတ်ကိ...

ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...

လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
အမေရိကန် ဘီလျံနာကြီး Jay Chaudhry ဝန်ထမ်းခေါ်ယူရာတွင် အဓိကကြည့်သည့် အချက် ၃ ချက်
အမေရိကန် ဘီလျံနာကြီး Jay Chaudhry ဝန်ထမ်းခေါ်ယူရာတွင် အဓိကကြည့်သည့် အချက် ၃ ချက်
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
Grand Aung Thar Yar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service