အိမ်ခြံမြေဥပဒေအရေး သိလိုရာမေး အမေးအဖြေကဏ္ဍလေး

အိမ်ခြံမြေဥပဒေအရေး သိလိုရာမေး အမေးအဖြေကဏ္ဍလေး - Property Knowledge in Myanmar from iMyanmarHouse.com
14 Jul 2024 12:50 pm တွင် တင်ခဲ့သည်
489 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အပတ်စဉ်တင်ဆက်ပေးနေတဲ့ အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ ခွင့်ပြုချက်ဖြင့် အခမဲ့နေထိုင် ခွင့်ပြုခြင်းဆိုတဲ့ ....... မေးခွန်းလေးအပါအဝင် အမေးအဖြေ (၃)ခုကို ဒီတစ်ပတ်အတွက် တင်ဆက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

မေးခွန်း (၁) - စက်မှုမြေငှါးဂရန် လျှောက်ထားရာတွင် လိုအပ်သည့်အချက်များကို ဖော်ပြပါ။

နှစ်တို၊ နှစ်ရှည် မြေငှားဂရန်များအား တည်ဆဲမြေယာစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ခွင့်ပြုချက်ချထားပေးပါသည်။ လူနေထိုင်ရန်အတွက် မြေငှားဂရန်ဖြစ်စေ၊ စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် စက်မှုမြေငှားဂရန်ကိုဖြစ်စေ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အမှုတွဲဖွင့်လှစ်၍ လျှောက်ထားဆောင်ရွက်ရမှာဖြစ်ပါတယ်။ ထိုသို့ လျှောက်ထားရာတွင် စက်မှုမြေငှားဂရန်အစား စက်မှု/စီးပွားမြေငှားဂရန်ဟု ခေါ်ဝေါ်ရန် ၂၀၁၆ တွင် ပြင်ဆင်ပြောင်းလဲ သတ်မှတ်ထားသည်များလဲ ရှိပါသည်။ စက်မှု/စီးပွား မြေငှားဂရန် လျှောက်ထားရာတွင်လဲ မြေဧရိယာ အကျယ်အဝန်းပေါ် မူတည်၍ မြေ(၁) ဧကထိဆို ခရိုင်အုပ်ချုပ်ရေးမှူးထံ လျှောက်ထားကာအတည်ပြု  ခွင့်ပြုချက်ယူရပါမည်။ မြေ(၁)ဧက အထက်မှ (၅)ဧကထိ လျှောက်ထားခြင်းဖြစ်လျှင် တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးထံ အတည်ပြုခွင့်ပြုချက် လျှောက်ထားရယူရပါမည်။ (၅)ဧက အထက်ဆိုလျှင်တော့ ညွှန်ကြားရေးမှူးချုပ် (ဘဏ္ဏာတော် မင်းကြီး)၏ ကြိုတင်ခွင့်ပြုချက်ဖြင့် စီစစ်ထုတ်ပေးပါသည်။

လျှောက်ထားရာတွင် ပါဝင်တင်ပြရမည့်အချက်အလက်များမှာ....

လျှောက်ထားသူအမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ အပြည့်အစုံ၊ မြေကွက်တည်ရှိရာ လိပ်စာအတည်အကျ  ( ဦးပိုင်၊ မြေကွက်အမှတ်၊ ရပ်ကွက်၊ လမ်း၊ မြို့နယ် ) နှင့် အလား (၄) ရပ်ရှိ နီးစပ်ရာမြေများအား ဖော်ပြပေးရမည်။ မြေကွက်ပေါ်တွင် ဆောက်လုပ်ထားသော နေအိမ်အား ဓာတ်ပုံမှတ်တမ်းများနှင့် ဖော်ပြပေးရမည်။ မြေပုံ/ မြေရာဇဝင် - ၁၀၅/၁၀၆ ၊ ဂရန်အသစ်လျှောက်ခြင်းဖြစ်ပါက မြေပေးမိန့်လဲ တင်ပြလျှောက်ထားရပါမည်။

စိုက်ပျိုးမြေအား စက်မှု/စီးပွားဂရန် လျှောက်ထားခြင်းဖြစ်ပါက အခြားနည်းအသုံးပြု ခွင့်ပြုမိန့် ရရှိပြီး မြေ ဖြစ်ရပါမည်။ အရောင်းအဝယ်ပြု၍ ပိုင်ဆိုင်ခြင်းဖြစ်ပါက မှတ်ပုံတင်အရောင်းအဝယ်စာချုပ်များ တင်ပြရန်လိုပါသည်။ စက်မှု / စီးပွားဂရန်အဖြစ် လျှောက်ထားဆောင်ရွက်ခြင်း၏ လုပ်ငန်းရည်ရွယ်ချက်အားလဲ ဖော်ပြရမည်ဖြစ်ကာ မြေငှားဂရန် သက်တမ်းတိုးခြင်း၊ အသစ်လဲလှယ်ခြင်းဖြစ်ပါက မြေငှားဂရန်စာချုပ်အား ပူးတွဲတင်ပြရန် လိုပါသည်။ စာရွက်စာတမ်းများ ပြည့်စုံစွာတင်ပြနိုင်မှ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနမှ အမှုတွဲဖွင့်လှစ်ဆောင်ရွက်ပေးပြီး မှန်ကန်မှုရှိမရှိ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစီးဌာနမှ ဆက်လက်စီစစ်မှုများ လုပ်ဆောင်ကြောင်း ရေးသားဖော်ပြလိုက်ပါသည်။

 

မေးခွန်း (၂) - ခွင့်ပြုချက်ဖြင့် အခမဲ့နေထိုင် ခွင့်ပြုခြင်းဆိုတာ ဘာလဲ။

မြို့မြေတိုးချဲ့မှု စီမံချက်အရ ပါမစ်မြေ ၊ စလစ်မြေ၊ လိုင်စင်မြေတို့ကို ချထားပေးပြီး နေထိုင်ခွင့်ပြုမိန့် ရရှိသူများသည် မြို့ပြနှင့်ဝေးကာ မိမိတို့နေထိုင်ရန် အခက်အခဲရှိနေပါက ဆွေမျိုးသားချင်းတော်စပ်သူ၊ မိတ်ရင်းဆွေရင်းများကို အဆိုပါမြေကွက်ပေါ်တွင် ခွင့်ပြုချက်ဖြင့် အခမဲ့နေထိုင်စေပါသည်။ ပဋိဉာဉ်ဖြင့် နေထိုင် ခွင့်ပြုထားလျှင်လဲ အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်စေခြင်းပင် ဖြစ်ပါသည်။

တချို့မြေပိုင်ဆိုင်သူများမှာ ကာလအပိုင်းအခြားဖြင့် နေထိုင်မှုအား ခွင့်ပြုထားပြီး တချို့မှာနေထိုင်သူများအား ကာလအပိုင်းအခြား သတ်မှတ်ချက်မရှိ မြေကွက်အရောင်းအဝယ်ပြုသည့်အခါမှ ဖယ်ရှားခိုင်းခြင်း များလဲရှိပါသည်။ မြေပိုင်ရှင်မှ ခွင့်ပြုချက်ဖြင့်ထားသူကို အချိန်မရွှေးဖယ်ရှားမှုပြုနိုင်ပြီး ခုခံပြောဆိုပါက ပစ္စည်းလွှဲပြောင်းခြင်းဥပဒေအရ သတ်မှတ်ချက်များနှင့်အညီ နို့တစ်စာပေးပို့၍ ဖယ်ရှားမှု ဆက်လက်ပြုရပါမည်။

ခွင့်ပြုချက်ဖြင့်နေထိုင်သူမှာ မည်သည့်အခါမှ ပိုင်ရှင်အဖြစ်သို့ ရောက်ရှိမည်မဟုတ်ပါ။ ခွင့်ပြုချက် အမိန့်နှင့် နေထိုင်သူများမှာ မြေပိုင်ရှင်ဆန္ဒဖြင့် နေရခြင်းဖြစ်သောကြောင့် နေထိုင်ခွင့်ပြန်လည် ရုတ်သိမ်းသည်နှင့်တပြိုင်နက် ဖယ်ရှားမှုပြုပေးရပါမည်။ အခမဲ့ ခွင့်ပြုချက်ဖြင့် နေထိုင်သူများမှာ အချိန်ကာလကြာမြှင့်သည် အပေါ် မူတည်၍ ပိုင်ဆိုင်ခွင့် အခွင့်အရေးလဲ ရှိလာမည် မဟုတ်ပါ။ အိမ်ထောင်စုလူဦးရေစာရင်း၊ မီတာခနှင့် မြေခွန်ဆောင်ပေးခြင်းမှာလဲ ပိုင်ဆိုင်ခွင့်နှင့် မသက်ဆိုင်ပါ။

ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ -၁၂၀အရ ခွင့်ပြုချက် ပြန်လည်ရုတ်သိမ်းပြီး ဖယ်ရှားရန် သတ်မှတ် သည့်ရက်မှ (၆)နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်ပါသည်။ နို့တစ်စာပေးပို့၍ ခွင့်ပြုချက် ရုတ်သိမ်းပြီး နောက်ပိုင်းတွင် ဆက်လက်နေထိုင်ခြင်းသည် ပိုင်ရှင်အား ဆန့်ကျင် လက်ရှိထားရာရောက်ကြောင်းနှင့် ကာလစည်းကမ်းသတ် မကျော်လွန်ခင် တရားစွဲဆိုရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - ဂရန်မြေကို အရပ်စာချုပ်ဖြင့်ဝယ်ယူလျှင် ပိုင်ဆိုင်မှုခိုင်မာပါသလား။

စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေ-၁၆ (ခ)အရ တန်ဖိုးငွေကျပ်တစ်သိန်းနှင့် အထက်ရှိသော မရွှေ့မ ပြောင်းနိုင်သောပစ္စည်းများကို ရောင်းချခြင်း ၊ အကျိုးတစ်စုံတစ်ရာပြုလုပ်သည့်အခါတိုင်း မှတ်ပုံတင်စာချုပ်ချုပ် ဆိုရမည်ဖြစ်ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။ မရွှေ့မပြောင်းနိုင်သောပစ္စည်းအား အရောင်းအဝယ်ပြုလုပ်လျှင် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရမည် ဖြစ်ပါသည်။

အရပ်ကတိစာချုပ်များဖြင့် အရောင်းအဝယ်ပြုခြင်းများမှာ တရားဝင်ပိုင်ဆိုင်မှု ခိုင်မာမှုမရှိဘဲ ရောင်းမှားဝယ်မှား ဖြစ်တတ်ပါသည်။ မရွှေ့မပြောင်းနိုင်သောပစ္စည်းအား အရပ်ကတိစာချုပ်ဖြင့် ဝယ်ယူခြင်း ဖြစ်ပါက တရားရုံးတွင်လဲ သက်သေခံတင်သွင်းနိုင်ခြင်း မရှိပါ။

ထို့ပြင် ဂရန်မြေကွက်အား အရောင်းအဝယ်ပြုမည်ဆိုပါက ဂရန်အမည်ပေါက်ထံတွင်သာ ဝယ်ယူပြီး ရာဖြတ်တင်၊ အခွန်ဆောင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး ဂရန်အမည်ပြောင်း ဆက်လက်ဆောင်ရွက်မှသာ ပိုင်ဆိုင်မှု ခိုင်မာမည်ဖြစ်ပါသည်။

ကိုယ်စားလှယ်စာလွှဲအပ်ထားပြီး ကိုယ်စားလှယ်စာဖြင့် မှတ်ပုံတင်စာချုပ်ချုပ်ဆို၍လဲ မရတော့သည့် အတွက် အမည်ပေါက်ကိုယ်တိုင် ရောင်းချသည့်ဂရန်မြေအား ဝယ်ယူမှသာ အရောင်းမြေပုံ ထုတ်ယူခြင်း ၊ ရာဖြတ်တင်၊ အခွန်ဆောင်ကာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းတို့ ဆက်လက်လုပ်ဆောင်သွားနိုင်မည်ဖြစ်ပါသည်။

ရောင်းချသူ အမည်ပေါက်မှ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် ငြင်းဆိုခြင်းနှင့် ရှာမတွေ့တော့ခြင်း ဖြစ်နေလျှင်လဲ သက်ဆိုင်ရာ ခရိုင်တရားရုံးတွင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုပေးစေလိုမှုဖြင့် တရားစွဲဆိုမှုပြုရတော့မည်ဖြစ်ကာ ပိုင်ဆိုင်မှုစာချုပ်စာတမ်းများနှင့် သက်သေခိုင်မာမှသာ တရားရုံးအနိုင်၊ ဒီဂရီ၊ အမိန့်တစ်ရပ် ရရှိမည်ဖြစ်ပါသည်။

အဆိုပါအမိန့်အရ ဇာရီမှုဆက်လက်ဖွင့်ရမည်ဖြစ်ကာ တရားရုံးမှ တာဝန်ရှိသူဘီလစ်မှ ရောင်းချသူကိုယ်စား မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းများ ဆက်လက်လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။ ထို့နောက် အမည်ပြောင်းဆောင်ရွက်ခြင်းများအား စည်ပင်သာယာရေးကော်မတီ မြို့ပြနှင့် မြေယာစီမံခန့်ခွဲမှုဌာနတွင် ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပါသည်။

ထို့ကြောင့် စည်ပင်သာယာရေးကော်မတီတွင် မြေယာ စစ်ဆေးခြင်းမပြုဘဲ ဂရန်မြေကွက်အား ဝယ်ယူခြင်း မပြုသင့်ကြောင်းနှင့် ဂရန်အမည်ပေါက်ကိုယ်တိုင်မှ ရောင်းချသော မြေကွက်အား အရောင်းမြေပုံထုတ် ပေးနိုင်မှသာ စရန်ပေးစာချုပ်ချုပ်ဆိုသင့်ကြောင်း၊ စရံပေးစာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းတွင်လဲ ကန့်ကွက်ရန် ရှိမရှိ သတင်းစာကြေငြာခြင်း မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကြောင်း ရေးသားဖြေဆို ပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အိမ္ျခံေျမဥပေဒအေရး သိလိုရာေမး  အေမးအေျဖက႑ေလး

အပတ္စဥ္တင္ဆက္ေပးေနတဲ့ အိမ္ျခံေျမဥပေဒအေမးအေျဖက႑ေလးတစ္ဖန္ျပန္လည္ေရာက္႐ွိလို႔လာပါၿပီ။ ခြင့္ျပဳခ်က္ျဖင့္ အခမဲ့ေနထိုင္ ခြင့္ျပဳျခင္းဆိုတဲ့...... ေမးခြန္းေလးအပါအဝင္ အေမးအေျဖ (၃)ခုကို ဒီတစ္ပတ္အတြက္ တင္ဆက္ေဖာ္ျပေပးသြားမွာပဲျဖစ္ပါတယ္။

ေမးခြန္း (၁) - စက္မႈေျမငွါးဂရန္ ေလွ်ာက္ထားရာတြင္ လိုအပ္သည့္အခ်က္မ်ားကို ေဖာ္ျပပါ။

ႏွစ္တို၊ ႏွစ္႐ွည္ ေျမငွားဂရန္မ်ားအား တည္ဆဲေျမယာစီမံခန္႔ခြဲေရးဥပေဒ၊ နည္းဥပေဒမ်ား၊ လုပ္ထုံး လုပ္နည္းမ်ားႏွင့္အညီ ခြင့္ျပဳခ်က္ခ်ထားေပးပါသည္။ လူေနထိုင္ရန္အတြက္ ေျမငွားဂရန္ျဖစ္ေစ၊ စီးပြားေရးႏွင့္ စက္မႈလက္မႈလုပ္ငန္းမ်ား လုပ္ကိုင္ရန္အတြက္ စက္မႈေျမငွားဂရန္ကိုျဖစ္ေစ သက္ဆိုင္ရာအေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန တြင္ အမႈတြဲဖြင့္လွစ္၍ ေလွ်ာက္ထားေဆာင္႐ြက္ရမွာျဖစ္ပါတယ္။ ထိုသို႔ ေလွ်ာက္ထားရာတြင္ စက္မႈေျမငွားဂရန္အစား စက္မႈ/စီးပြားေျမငွားဂရန္ဟု ေခၚေဝၚရန္ ၂၀၁၆ တြင္ ျပင္ဆင္ေျပာင္းလဲ သတ္မွတ္ထားသည္မ်ားလဲ ႐ွိပါသည္။ စက္မႈ/စီးပြား ေျမငွားဂရန္ ေလွ်ာက္ထားရာတြင္လဲ ေျမဧရိယာ အက်ယ္အဝန္းေပၚ မူတည္၍ ေျမ(၁) ဧကထိဆို ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးထံ ေလွ်ာက္ထားကာ အတည္ျပဳ ခြင့္ျပဳခ်က္ ယူရပါမည္။ ေျမ(၁)ဧက အထက္မွ (၅)ဧကထိ ေလွ်ာက္ထားျခင္းျဖစ္လွ်င္ တိုင္းေဒသႀကီး/ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးထံ အတည္ျပဳခြင့္ျပဳခ်က္ ေလွ်ာက္ထားရယူရပါမည္။ (၅)ဧက အထက္ဆိုလွ်င္ေတာ့ ၫႊန္ၾကားေရးမႉးခ်ဳပ္ (ဘဏၰာေတာ္ မင္းႀကီး)၏ ႀကိဳတင္ခြင့္ျပဳခ်က္ျဖင့္ စီစစ္ထုတ္ေပးပါသည္။

ေလွ်ာက္ထားရာတြင္ ပါဝင္တင္ျပရမည့္အခ်က္အလက္မ်ားမွာ....

ေလွ်ာက္ထားသူအမည္၊ မွတ္ပုံတင္၊ ေနရပ္လိပ္စာ အျပည့္အစုံ၊ ေျမကြက္တည္႐ွိရာ လိပ္စာအတည္အ က် ( ဦးပိုင္၊ ေျမကြက္အမွတ္၊ ရပ္ကြက္၊ လမ္း၊ ၿမိဳ႕နယ္ ) ႏွင့္ အလား (၄) ရပ္႐ွိ နီးစပ္ရာေျမမ်ားအား ေဖာ္ျပေပးရမည္။ ေျမကြက္ေပၚတြင္ ေဆာက္လုပ္ထားေသာ ေနအိမ္အား ဓာတ္ပုံမွတ္တမ္းမ်ားႏွင့္ ေဖာ္ျပေပးရမည္။ ေျမပုံ/ ေျမရာဇဝင္ - ၁၀၅/၁၀၆ ၊ ဂရန္အသစ္ေလွ်ာက္ျခင္းျဖစ္ပါက ေျမေပးမိန္႔လဲ တင္ျပေလွ်ာက္ထားရပါမည္။

စိုက္ပ်ိဳးေျမအား စက္မႈ/စီးပြားဂရန္ ေလွ်ာက္ထားျခင္းျဖစ္ပါက အျခားနည္းအသုံးျပဳ ခြင့္ျပဳမိန္႔ ရ႐ွိၿပီး ေျမ ျဖစ္ရပါမည္။ အေရာင္းအဝယ္ျပဳ၍ ပိုင္ဆိုင္ျခင္းျဖစ္ပါက မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္မ်ား တင္ျပရန္ လိုပါသည္။ စက္မႈ / စီးပြားဂရန္အျဖစ္ ေလွ်ာက္ထားေဆာင္႐ြက္ျခင္း၏ လုပ္ငန္းရည္႐ြယ္ခ်က္အားလဲ ေဖာ္ျပ ရမည္ျဖစ္ကာ ေျမငွားဂရန္ သက္တမ္းတိုးျခင္း၊ အသစ္လဲလွယ္ျခင္းျဖစ္ပါက ေျမငွားဂရန္စာခ်ဳပ္အား ပူးတြဲတင္ျပရန္ လိုပါသည္။ စာ႐ြက္စာတမ္းမ်ား ျပည့္စုံစြာတင္ျပႏိုင္မွ ခ႐ိုင္အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ အမႈတြဲဖြင့္လွစ္ေဆာင္႐ြက္ေပးၿပီး မွန္ကန္မႈ႐ွိမ႐ွိ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးဦးစီးဌာနမွ ဆက္လက္စီစစ္မႈမ်ား လုပ္ေဆာင္ေၾကာင္း ေရးသားေဖာ္ျပလိုက္ပါသည္။

ေမးခြန္း (၂) - ခြင့္ျပဳခ်က္ျဖင့္ အခမဲ့ေနထိုင္ ခြင့္ျပဳျခင္းဆိုတာ ဘာလဲ။

ၿမိဳ႕ေျမတိုးခ်ဲ႕မႈ စီမံခ်က္အရ ပါမစ္ေျမ ၊ စလစ္ေျမ၊ လိုင္စင္ေျမတို႔ကို ခ်ထားေပးၿပီး ေနထိုင္ခြင့္ျပဳမိန္႔ ရ႐ွိသူမ်ားသည္ ၿမိဳ႕ျပႏွင့္ေဝးကာ မိမိတို႔ေနထိုင္ရန္ အခက္အခဲ႐ွိေနပါက ေဆြမ်ိဳးသားခ်င္းေတာ္စပ္သူ၊ မိတ္ ရင္းေဆြရင္းမ်ားကို အဆိုပါေျမကြက္ေပၚတြင္ ခြင့္ျပဳခ်က္ျဖင့္ အခမဲ့ေနထိုင္ေစပါသည္။ ပဋိဉာဥ္ျဖင့္ ေနထိုင္ ခြင့္ျပဳထားလွ်င္လဲ အခမဲ့ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္ေစျခင္းပင္ ျဖစ္ပါသည္။

တခ်ိဳ႕ေျမပိုင္ဆိုင္သူမ်ားမွာ ကာလအပိုင္းအျခားျဖင့္ ေနထိုင္မႈအား ခြင့္ျပဳထားၿပီး တခ်ိဳ႕မွာေနထိုင္သူ မ်ားအား ကာလအပိုင္းအျခား သတ္မွတ္ခ်က္မ႐ွိ ေျမကြက္အေရာင္းအဝယ္ျပဳသည့္အခါမွ ဖယ္႐ွားခိုင္းျခင္း မ်ားလဲ ႐ွိပါသည္။ ေျမပိုင္႐ွင္မွ ခြင့္ျပဳခ်က္ျဖင့္ထားသူကို အခ်ိန္မေ႐ႊးဖယ္႐ွားမႈျပဳႏိုင္ၿပီး ခုခံေျပာဆိုပါက ပစၥည္းလႊဲေျပာင္းျခင္းဥပေဒအရ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ႏို႔တစ္စာေပးပို႔၍ ဖယ္႐ွားမႈ ဆက္လက္ျပဳရပါမည္။

ခြင့္ျပဳခ်က္ျဖင့္ေနထိုင္သူမွာ မည္သည့္အခါမွ ပိုင္႐ွင္အျဖစ္သို႔ ေရာက္႐ွိမည္မဟုတ္ပါ။ ခြင့္ျပဳခ်က္ အမိန္႔ႏွင့္ ေနထိုင္သူမ်ားမွာ ေျမပိုင္႐ွင္ဆႏၵျဖင့္ ေနရျခင္းျဖစ္ေသာေၾကာင့္ ေနထိုင္ခြင့္ျပန္လည္ ႐ုတ္သိမ္းသည္ႏွင့္တၿပိဳင္နက္ ဖယ္႐ွားမႈျပဳေပးရပါမည္။ အခမဲ့ ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္သူမ်ားမွာ အခ်ိန္ကာလၾကာျမႇင့္သည္ အေပၚ မူတည္၍ ပိုင္ဆိုင္ခြင့္ အခြင့္အေရးလဲ ႐ွိလာမည္ မဟုတ္ပါ။ အိမ္ေထာင္စုလူဦးေရစာရင္း၊ မီတာခႏွင့္ ေျမခြန္ေဆာင္ေပးျခင္းမွာလဲ ပိုင္ဆိုင္ခြင့္ႏွင့္ မသက္ဆိုင္ပါ။

ကာလစည္းကမ္းသတ္ဥပေဒပုဒ္မ -၁၂၀အရ ခြင့္ျပဳခ်က္ ျပန္လည္႐ုတ္သိမ္းၿပီး ဖယ္႐ွားရန္ သတ္မွတ္ သည့္ရက္မွ (၆)ႏွစ္အတြင္း တရားစြဲဆိုရမည္ျဖစ္ပါသည္။ ႏို႔တစ္စာေပးပို႔၍ ခြင့္ျပဳခ်က္ ႐ုတ္သိမ္းၿပီး ေနာက္ပိုင္းတြင္ ဆက္လက္ေနထိုင္ျခင္းသည္ ပိုင္႐ွင္အား ဆန္႔က်င္ လက္႐ွိထားရာေရာက္ေၾကာင္း ႏွင့္ ကာလစည္းကမ္းသတ္ မေက်ာ္လြန္ခင္ တရားစြဲဆိုရမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - ဂရန္ေျမကို အရပ္စာခ်ဳပ္ျဖင့္ဝယ္ယူလွ်င္ ပိုင္ဆိုင္မႈခိုင္မာပါသလား။

စာခ်ဳပ္စာတမ္း မွတ္ပုံတင္ဥပေဒ-၁၆ (ခ)အရ တန္ဖိုးေငြက်ပ္တစ္သိန္းႏွင့္ အထက္႐ွိေသာ မေ႐ႊ႕မ ေျပာင္းႏိုင္ေသာပစၥည္းမ်ားကို ေရာင္းခ်ျခင္း ၊ အက်ိဳးတစ္စုံတစ္ရာျပဳလုပ္သည့္အခါတိုင္း မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ ဆိုရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားၿပီးျဖစ္ပါသည္။ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းအား အေရာင္းအဝယ္ျပဳလုပ္ လွ်င္ မွတ္ပုံတင္ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုရမည္ျဖစ္ပါသည္။

အရပ္ကတိစာခ်ဳပ္မ်ားျဖင့္ အေရာင္းအဝယ္ျပဳျခင္းမ်ားမွာ တရားဝင္ပိုင္ဆိုင္မႈ ခိုင္မာမႈမ႐ွိဘဲ ေရာင္းမွား ဝယ္မွား ျဖစ္တတ္ပါသည္။ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းအား အရပ္ကတိစာခ်ဳပ္ျဖင့္ ဝယ္ယူျခင္း ျဖစ္ပါက တရား႐ုံးတြင္လဲ သက္ေသခံတင္သြင္းႏိုင္ျခင္း မ႐ွိပါ။ ထို႔ျပင္ ဂရန္ေျမကြက္အား အေရာင္းအဝယ္ျပဳမည္ဆိုပါက ဂရန္အမည္ေပါက္ထံတြင္သာ ဝယ္ယူၿပီး ရာျဖတ္တင္၊ အခြန္ေဆာင္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ဂရန္အမည္ေျပာင္း ဆက္လက္ေဆာင္႐ြက္မွသာ ပိုင္ဆိုင္မႈ ခိုင္မာမည္ျဖစ္ပါသည္။

ကိုယ္စားလွယ္စာလႊဲအပ္ထားၿပီး ကိုယ္စားလွယ္စာျဖင့္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆို၍လဲ မရေတာ့သည့္ အတြက္ အမည္ေပါက္ကိုယ္တိုင္ ေရာင္းခ်သည့္ဂရန္ေျမအား ဝယ္ယူမွသာ အေရာင္းေျမပုံ ထုတ္ယူျခင္း ၊ ရာျဖတ္တင္၊ အခြန္ေဆာင္ကာ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုျခင္းတို႔ ဆက္လက္လုပ္ေဆာင္သြားႏိုင္မည္ျဖစ္ပါသည္။ ေရာင္းခ်သူ အမည္ေပါက္မွ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္ ျငင္းဆိုျခင္းႏွင့္ ႐ွာမေတြ႕ေတာ့ျခင္း ျဖစ္ေနလွ်င္လဲ သက္ဆိုင္ရာ ခ႐ိုင္တရား႐ုံးတြင္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုေပးေစလိုမႈျဖင့္ တရားစြဲဆိုမႈျပဳရေတာ့ မည္ျဖစ္ကာ ပိုင္ဆိုင္မႈစာခ်ဳပ္စာတမ္းမ်ားႏွင့္ သက္ေသခိုင္မာမွသာ တရား႐ုံးအႏိုင္၊ ဒီဂရီ၊ အမိန္႔တစ္ရပ္ ရ႐ွိမည္ျဖစ္ပါသည္။

အဆိုပါအမိန္႔အရ ဇာရီမႈဆက္လက္ဖြင့္ရမည္ျဖစ္ကာ တရား႐ုံးမွ တာဝန္႐ွိသူ ဘီလစ္မွ ေရာင္းခ်သူကိုယ္စား မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုျခင္းမ်ား ဆက္လက္လုပ္ေဆာင္ေပးမည္ျဖစ္ပါသည္။ ထို႔ေနာက္ အမည္ေျပာင္းေဆာင္႐ြက္ျခင္းမ်ားအား စည္ပင္သာယာေရးေကာ္မတီ ၿမိဳ႕ျပႏွင့္ ေျမယာစီမံခန္႔ခြဲမႈဌာနတြင္ ဆက္လက္လုပ္ေဆာင္သြားရမည္ျဖစ္ပါသည္။

ထို႔ေၾကာင့္ စည္ပင္သာယာေရးေကာ္မတီတြင္ ေျမယာ စစ္ေဆးျခင္းမျပဳဘဲ ဂရန္ေျမကြက္အား ဝယ္ယူျခင္း မျပဳသင့္ေၾကာင္းႏွင့္ ဂရန္အမည္ေပါက္ကိုယ္တိုင္မွ ေရာင္းခ်ေသာ ေျမကြက္အား အေရာင္းေျမပုံထုတ္ ေပးႏိုင္မွသာ စရန္ေပးစာခ်ဳပ္ခ်ဳပ္ဆိုသင့္ေၾကာင္း၊ စရံေပးစာခ်ဳပ္ခ်ဳပ္ဆိုၿပီး ေနာက္ပိုင္းတြင္လဲ ကန္႔ကြက္ရန္ ႐ွိမ႐ွိ သတင္းစာေၾကျငာျခင္း မျဖစ္မေနလုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
imyanmarmarket
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service