ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
မြင်တွေ့နေရတဲ့ ပြာလဲ့ရောင်ရေပြင်ဟာ အလွန်လှပပြီးအပန်းဖြေစရာ အလှဓာတ်ပုံရိုက်စရာမြင်ကွင်းကောင်းဖြစ်ပေမယ့် ရေကတော့ပူနွေးပါတယ်။ BLUE LAGOON လို့အမည်ရတဲ့ အပန်းဖြေကန်လေးဟာ ရိုးရိုးရေအိုင်လေးမဟုတ်ပဲ မီးတောင်ဝပေါ်ကချော်ရည်ပြင်တွေကြားထဲက ရေကန်လေးဖြစ်ပါတယ်။
ဒါကြောင့်ရေကန်ဟာ ပူနွေးနေပြီး အဖြူရောင်ဆီလီကာရွှံပမာဏမြောက်မြားစွာပါဝင်တာမို့ ရေအရောင်ဟာ အပြာနုရောင်လေးဖြစ်လို့နေပါတယ်။ သဘာဝ Spa စစ်စစ်ဖြစ်ပြီး ရေကန်အတွင်းမှာ ရေအပြင် သတ္တုဓာတ်များ၊ အဖြူရောင်ဆီလီကာရွှံ့များ၊ ရေညှိစိမ်းများအပြင် ချော်ရည်အနည်းငယ်ဖုံးလွှမ်းနေပါသေးတယ်။
မြေပြင်မှ ရေတက်လာပုံ၊ လူအများရေချိုးအပန်းဖြေနိုင်ရန် ရေကန်၊ ရေကန်အောက်ခြေပုံသဏ္ဍာန်ကိုတော့ လူဖန်တီးထားပြီး ကိုယ့်ဘေးနား မီးတောင်ပတ်ပတ်လည်ဝန်းရံလျက် ရေစိမ်အနားယူရမယ့် Feeling မျိုးကိုပေးစွမ်းပါတယ်။ အသားအရေ၊ စိတ်၊ ခန္ဓာကိုယ်ကို စိတ်ဖိစီးမှုကင်းဝေး ကျန်းမာစေပြီး BLUE LAGOON ရဲ့ အဖြူရောင်ဆီလီကာရွှံ့ရည်များထဲမျက်နှာနဲ့ခန္ဓာကိုယ်ကို စိမ်နှစ်ထားနိုင်ပါသေးတယ်။
BLUE LAGOON ရေကန်ထဲမှ သတ္တုပေါင်းရည်ဖြင့် နာရီပိုင်းကြာစိမ်ပေးပါက အသားအရေနူးညံ့ပျော့ပျောင်းမှုကိုရရှိစေနိုင်သောကြောင့် ဆေးဘက်ဆိုင်ရာမှ ရံဖန်ရံခါညွှန်းတတ်သော သဘာဝ Spa ဖြစ်ပါတယ်။ လူများအပန်းဖြေနေတဲ့ အပြာနုရောင်ရေကန်ရဲ့တမူထူးတဲ့အလှကတော့ ဓာတ်ပုံကတဆင့်ကြည့်ရင်တောင် ခုနေချက်ချင်းထသွားချင်လောက်အောင် ဆွဲဆောင်မှုပေးနေပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
သဘာဝနှင့်လူဖန်တီးမှု ပေါင်းစပ်ထားသည့် ရေခဲနိုင်ငံ Iceland မှ ကျော်ကြားတဲ့အပန်းဖြေနေရာ BLUE LAGOON