ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
Warren Buffett သည် ဇွန်လကုန်ပိုင်းက သူ၏ Berkshire Hatheway မှ ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ တန်ကြေးရှိ ရှယ်ယာများကို ပရိဟတအဖွဲ့ ၅ ခုသို့ လှူဒါန်းခဲ့သည်။
နှစ်စဉ် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည့်အနက် ယခုလှူဒါန်းမှုမှာ အများပြားဆုံး လှူဒါန်းမှုတစ်ခုလည်း ဖြစ်သည်။
Warren Buffett သည် လာမည့် သြဂုတ်လတွင် အသက် ၉၄ နှစ် ပြည့်ပြီ ဖြစ်သည်။
Warren Buffett က သူ၏ Class A ရှယ်ယာ ၈၆၇၄ စုကို Class B ရှယ်ယာ ၁၃ သန်းကျော်အဖြစ် ပြောင်းလဲကာ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ယင်းအနက် ရှယ်ယာပေါင်း ၉ ဒသမ ၉၃ သန်းကို Bill & Melinda Gates ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့သည်။
ကျန်သော ရှယ်ယာများကို ကွယ်လွန်သွားသော ပထမဇနီး၏ နာမည်ဖြင့် တည်ထောင်ခဲ့သည့် Susan Thompson Buffett ဖောင်ဒေးရှင်းနှင့် သူ၏ သားသမီး ၃ ဦးဖြစ်သော ဟောင်းဝါ့ဒ်၊ ဆူဇန်၊ ပီတာတို့ ဦးစီးသော ပရဟိတအဖွဲ့ ၃ ခုထံ ခွဲဝေ လှူဒါန်းခဲ့သည်။
Warren Buffett သည် Berkshire ကုမ္ပဏီမှ ပိုင်ဆိုင်မှုများကို စွန့်လွှတ်လှူဒါန်းသွားမည်ဟု ကတိပြုထားသည်။
Warren Buffett သည် နီဘရာစကာပြည်နယ် ၊ အိုမာဟာမြို့အခြေစိုက် Berkshire ကုမ္ပဏီကို ၁၉၆၅ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
Warren Buffett က အထက်ဖော်ပြပါ ပရိဟိတအဖွဲ့ ၅ ခုသို့ ၂၀၀၆ ခုနှစ်ကတည်းက လှူဒါန်းမှုများ နှစ်စဉ် ပြုလုပ်ခဲ့သည်။
ယခုလှူဒါန်းမှုများ ပြုလုပ်ပြီးချိန်တွင် Warren Buffett သည် A ရှယ်ယာ ၂၀၇၉၆၃ စုနှင့် B ရှယ်ယာ ၂၅၈၆ ခန့် ပိုင်ဆိုင်ထားဆဲဖြစ်ပြီး တန်ကြေးအားဖြင့် ကန်ဒေါ်လာ ၁၃၀ ဘီလီယံခန့် ရှိသည်။
ဝေါစထရိဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် Warren Buffett က ပြောခဲ့သည်မှာ မိမိသေဆုံးပြီးနောက်ပိုင်း ကုမ္ပဏီ၏ ကြီးမားသော ပိုင်ဆိုင်မှုများကို သားသမီး ၃ ဦး ကြီးကြပ်ကွပ်ကဲမည့် ပရဟိတအဖွဲ့သစ်တစ်ခုထံ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သားသမီး ၃ ဦးသည် မိမိ၏ သေတမ်းစာကို စီမံခန့်ခွဲမည့် သူများဖြစ်ကြောင်း မိမိချမ်းသာကြွယ်ဝမှု၏ ၉၉ ရာခိုင်နှုန်းကျော်ကို သားသမီးများ ကြီးကြပ်မည့် ပရဟိတ အဖွဲ့ထံ လှူဒါန်းသွားမည်ဖြစ်ကြောင်း Warren Buffett ပြောခဲ့ဖူးသည်။
မိမိ ကွယ်လွန်ပြီးနောက်ပိုင်း Bill & Melinda Gates ဖောင်ဒေးရှင်းမှာ အလှူငွေများ ရရှိတော့မည် မဟုတ် ကြောင်းလည်း Warren Buffett က ဝေါစထရိဂျာနယ်သို့ ပြောကြားခဲ့သည်။
Warren Buffett သည် Bill & Melinda Gates ဖောင်ဒေးရှင်းတွင် အုပ်ထိန်းမှု အဖွဲ့ဝင်လူကြီးအဖြစ် ပါဝင်ခဲ့သော်လည်း ဘီလ်ဂိတ်နှင့် မီလင်ဒါတို့ ဇနီးမောင်နှံ ကွာရှင်းပြတ်စဲမှု ပေါ်ပေါက်ချိန် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ဖောင်ဒေးရှင်းမှ နှုတ်ထွက်ခဲ့သည်။
မိမိကွယ်လွန်ပြီးနောက်ပိုင်း သေတမ်းစာကို အများပြည်သူ သိရှိစေရန် ထုတ်ပြန်သွားလိမ့်မည်ဖြစ်ကြောင်း Warren Buffett ပြောခဲ့ဖူးသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Warren Buffett gives away another $5.3 billion, says his children will manage his estate (cnbc)
[Zawgyi]
Warren Buffett က ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ထပ်မံလှူဒါန်း၊ မိမိကွယ်လွန်ချိန်တွင် ပိုင်ဆိုင်မှု၏ ၉၉ ရာခိုင်နှုန်းကျော်ကို ပရဟိတအဖွဲ့များထံ လှူဒါန်းခဲ့မည်ဟု ပြောကြား