တရုတ်ပြည်မှ လူငယ်များအကြား လုပ်ငန်းခွင်ဖိအားမှ ရုန်းထွက်နိုင်ရန်အတွက် မိမိတို့၏ အလုပ်နေရာများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် မန်နေဂျာများကို အွန်လိုင်းမှတဆင့် နောက်ပြောင်သည့်သဘော ရောင်းချနေမှု ခေတ်စားနေ

တရုတ်ပြည်မှ လူငယ်များအကြား လုပ်ငန်းခွင်ဖိအားမှ ရုန်းထွက်နိုင်ရန်အတွက် မိမိတို့၏ အလုပ်နေရာများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် မန်နေဂျာများကို အွန်လိုင်းမှတဆင့် နောက်ပြောင်သည့်သဘော ရောင်းချနေမှု ခေတ်စားနေ - Property News in Myanmar from iMyanmarHouse.com
10 Jul 2024 1:10 pm တွင် တင်ခဲ့သည်
485 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်မှ လူငယ်များအကြား နောက်ပြောင်သည့် ပုံစံတစ်မျိုး ခေတ်စားနေသည်။

အွန်လိုင်းတပတ်ရစ် ပစ္စည်း ရောင်းဝယ်သည့်နေရာများတွင် ၎င်းတို့၏ အလုပ်အကိုင်နေရာ၊ ၎င်းတို့၏ အကြီးအကဲများနှင့် လုပ်ဖော်ကိုင်ဖက်များကို နောက်ပြောင်ရောင်းချကြခြင်း ဖြစ်ပြီး လုပ်ငန်းခွင် ဖိအား သက်သာစေရန် ဖြစ်သည်။

လုပ်ငန်းခွင်တွင် တနေ့တာလုံး စိတ်ပိုင်းရုပ်ပိုင်း ဖိစီးမှုများကို ထိုသို့သော နည်းလမ်းဖြင့် ကုစားကြခြင်း ဖြစ်သည်။

Alibaba ၏ တပတ်ရစ်ပစ္စည်းများ ရောင်းချရာ နေရာဖြစ်သော Xianyu တွင် တရုတ်လူငယ်များစွာသည် ၎င်းတို့၏ အလုပ်အကိုင်နေရာများနှင့် လုပ်ဖော်ကိုင်ဖက်များကို ရောင်းချလျက်ရှိကြကြောင်း South China Morning Post (SCMP) သတင်းတစ်ရပ်တွင် ဖော်ပြသည်။

SCMP ကို Alibaba Group က ပိုင်ဆိုင်သည်။

SCMP ၏ လေ့လာချက်အရ Xianyu တပတ်ရစ် အရောင်းအဝယ် ကဏ္ဍတွင် ထိုသို့သော နောက်ပြောင် ရောင်းချသည့် ပို့စ်ပေါင်း ၅၀၀ ကျော် တွေ့ရှိခဲ့သည်။

စိတ်ပျက်ဖွယ် အလုပ်အကိုင်နေရာများ၊ ထိတ်လန့်ဖွယ် အကြီးအကဲများနှင့် မုန်းတီးဖွယ်ရာ လုပ်ဖော်ကိုင်ဖက် များကို ရောင်းချနေခြင်းဖြစ်သည်။

ဈေးနှုန်းများမှာ ၂ ယွမ် (အမေရိကန်ငွေ ဆင့် ၃၀) မှသည် ယွမ် ၈၀၀၀၀ (ကန်ဒေါ်လာ ၁၁၀၀၀ )အထိ အမျိုးမျိုး ရေးသားထားသည်။

တရုတ်ပြည် အလယ်ပိုင်းမှ မိန်းကလေးတစ်ဦးက သူ၏ အလုပ်အကိုင်နေရာကို ယွမ် ၈၀၀၀ (ကန်ဒေါ်လာ ၁၁၀၀) ဖြင့် ရောင်းချထားသည်ကို တွေ့ရသည်။

“ကျွန်မ မနက်အစောကြီး မထချင်တော့လို့ပါ။ ကျွန်မရဲ့ အလုပ်က တစ်လကို ယွမ် ၃၀၀၀ (ကန်ဒေါ်လာ ၄၀၀) ရပါတယ်။ ဒါကြောင့် ၃ လအတွင်း ရင်းနှီးထားတဲ့ငွေ ပြန်ရနိုင်ပါတယ်”ဟု ၎င်းက ရေးသား ဖော်ပြထားသည်။

ပေကျင်းမြို့တွင် နေထိုင်သူတစ်ဦးကလည်း “ထေ့တဲ့ ငေါ့တဲ့နေရာမှာ အရမ်းတော်တဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို ယွမ် ၃၉၉၉ (ကန်ဒေါ်လာ ၅၅၀) နဲ့ ရောင်းချင်ပါတယ်။ သူနဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတဲ့ နည်းလမ်းတွေ သင်ပေးနိုင်ပါတယ်။ အလုပ်ထဲမှာ ဓားစာခံမဖြစ်အောင် နေထိုင်နည်း ၁၀ မျိုးကိုလည်း သင်ပေးပါမယ်” ဟု ရေးသားဖော်ပြထားသော အရောင်းကြော်ငြာတစ်ခုလည်း ရှိသည်။

အခြားတစ်ဦးကလည်း အလုပ်ရှင်သူဌေးက မိမိကို အမြဲဝေဖန်နေသောကြောင့် ကြီးမားသည့် စိတ်ဖိစီးမှုများ ခံစားနေရသဖြင့် ကြောက်မက်ဖွယ် အလုပ်ရှင်အား ယွမ် ၅၀၀ ဖြင့် ရောင်းချလိုကြောင်း ရေးသားကာ ရောင်းချထားသည်။

ပေကျင်းမြို့တွင် နေထိုင်သူတစ်ဦးကလည်း ညတွင်းချင်း အပြီးသတ်လုပ်ဆောင်ရမည့် စီမံကိန်း စာရွက်စာတမ်း တစ်ခုကို ၁၀ ယွမ် ( ကန်ဒေါ်လာ ၁ ဒသမ ၄) ဖြင့် ရောင်းချမည်ဟု ရေးသားဖော်ပြထားမှုရှိသည်။

(လူတစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာ ပုဂ္ဂိုလ်၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူမြင်တွေ့နိုင်သော အွန်လိုင်းပလက်ဖောင်းများတွင် ရောင်းချခြင်းမှာ privacy ချိုးဖောက်မှုအဖြစ် သုံးသပ်စဉ်းစားခံရကာ ဥပဒေကို ချိုးဖောက်မှုဖြစ်နိုင်ကြောင်း ပြည်မကြီးမှ ရှေ့နေတစ်ဦးက သတိပေးသည်။ ဓာတ်ပုံ-Douyin)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China youth playfully list jobs, colleagues for sale online to escape work pressures (scmp)

 Photo Credit:  Douyin

[Zawgyi]

တရုတ္ျပည္မွ လူငယ္မ်ားအၾကား လုပ္ငန္းခြင္ဖိအားမွ ရုန္းထြက္ႏိုင္ရန္အတြက္ မိမိတုိ႔၏ အလုပ္ေနရာမ်ား၊ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ မန္ေနဂ်ာမ်ားကို အြန္လိုင္းမွတဆင့္ ေနာက္ေျပာင္သည့္သေဘာ ေရာင္းခ်ေနမႈ ေခတ္စားေန

တရုတ္ျပည္မွ လူငယ္မ်ားအၾကား ေနာက္ေျပာင္သည့္ ပံုစံတစ္မ်ဳိး ေခတ္စားေနသည္။

အြန္လိုင္းတပတ္ရစ္ ပစၥည္း ေရာင္းဝယ္သည့္ေနရာမ်ားတြင္ ၎တို႔၏ အလုပ္အကိုင္ေနရာ၊ ၎တို႔၏ အၾကီးအကဲမ်ားႏွင့္ လုပ္ေဖာ္ကိုင္ဖက္မ်ားကို ေနာက္ေျပာင္ေရာင္းခ်ၾကျခင္း ျဖစ္ျပီး လုပ္ငန္းခြင္ ဖိအား သက္သာေစရန္ ျဖစ္သည္။

လုပ္ငန္းခြင္တြင္ တေန႔တာလံုး စိတ္ပိုင္းရုပ္ပိုင္း ဖိစီးမႈမ်ားကို ထုိသို႔ေသာ နည္းလမ္းျဖင့္ ကုစားၾကျခင္း ျဖစ္သည္။

Alibaba ၏ တပတ္ရစ္ပစၥည္းမ်ား ေရာင္းခ်ရာ ေနရာျဖစ္ေသာ Xianyu တြင္ တရုတ္လူငယ္မ်ားစြာသည္ ၎တုိ႔၏ အလုပ္အကိုင္ေနရာမ်ားႏွင့္ လုပ္ေဖာ္ကိုင္ဖက္မ်ားကို ေရာင္းခ်လ်က္ရွိၾကေၾကာင္း South China Morning Post (SCMP) သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

SCMP ကို Alibaba Group က ပိုင္ဆိုင္သည္။

SCMP ၏ ေလ့လာခ်က္အရ Xianyu တပတ္ရစ္ အေရာင္းအဝယ္ က႑တြင္ ထိုသို႔ေသာ ေနာက္ေျပာင္ ေရာင္းခ်သည့္ ပို႔စ္ေပါင္း ၅၀၀ ေက်ာ္ ေတြ႔ရွိခဲ့သည္။

စိတ္ပ်က္ဖြယ္ အလုပ္အကိုင္ေနရာမ်ား၊ ထိတ္လန႔္ဖြယ္ အၾကီးအကဲမ်ားႏွင့္ မုန္းတီးဖြယ္ရာ လုပ္ေဖာ္ကိုင္ဖက္ မ်ားကို ေရာင္းခ်ေနျခင္းျဖစ္သည္။

ေစ်းႏႈန္းမ်ားမွာ ၂ ယြမ္ (အေမရိကန္ေငြ ဆင့္ ၃၀) မွသည္ ယြမ္ ၈၀၀၀၀ (ကန္ေဒၚလာ ၁၁၀၀၀ )အထိ အမ်ဳိးမ်ဳိး ေရးသားထားသည္။

တရုတ္ျပည္ အလယ္ပိုင္းမွ မိန္းကေလးတစ္ဦးက သူ၏ အလုပ္အကိုင္ေနရာကို ယြမ္ ၈၀၀၀ (ကန္ေဒၚလာ ၁၁၀၀) ျဖင့္ ေရာင္းခ်ထားသည္ကို ေတြ႔ရသည္။

“ကၽြန္မ မနက္အေစာၾကီး မထခ်င္ေတာ့လို႔ပါ။ ကၽြန္မရဲ႕ အလုပ္က တစ္လကို ယြမ္ ၃၀၀၀ (ကန္ေဒၚလာ ၄၀၀) ရပါတယ္။ ဒါေၾကာင့္ ၃ လအတြင္း ရင္းႏွီးထားတဲ့ေငြ ျပန္ရႏိုင္ပါတယ္”ဟု ၎က ေရးသား ေဖာ္ျပထားသည္။

ေပက်င္းျမိဳ႕တြင္ ေနထုိင္သူတစ္ဦးကလည္း “ေထ့တဲ့ ေငါ့တဲ့ေနရာမွာ အရမ္းေတာ္တဲ့ လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္ကို ယြမ္ ၃၉၉၉ (ကန္ေဒၚလာ ၅၅၀) နဲ႔ ေရာင္းခ်င္ပါတယ္။ သူနဲ႔ ဘယ္လို ဆက္ဆံရမလဲဆိုတဲ့ နည္းလမ္းေတြ သင္ေပးႏိုင္ပါတယ္။ အလုပ္ထဲမွာ ဓားစာခံမျဖစ္ေအာင္ ေနထိုင္နည္း ၁၀ မ်ဳိးကိုလည္း သင္ေပးပါမယ္” ဟု ေရးသားေဖာ္ျပထားေသာ အေရာင္းေၾကာ္ျငာတစ္ခုလည္း ရွိသည္။

အျခားတစ္ဦးကလည္း အလုပ္ရွင္သူေဌးက မိမိကို အျမဲေဝဖန္ေနေသာေၾကာင့္ ၾကီးမားသည့္ စိတ္ဖိစီးမႈမ်ား ခံစားေနရသျဖင့္ ေၾကာက္မက္ဖြယ္ အလုပ္ရွင္အား ယြမ္ ၅၀၀ ျဖင့္ ေရာင္းခ်လိုေၾကာင္း ေရးသားကာ ေရာင္းခ်ထားသည္။

ေပက်င္းျမိဳ႕တြင္ ေနထုိင္သူတစ္ဦးကလည္း ညတြင္းခ်င္း အျပီးသတ္လုပ္ေဆာင္ရမည့္ စီမံကိန္း စာရြက္စာတမ္း တစ္ခုကို ၁၀ ယြမ္ ( ကန္ေဒၚလာ ၁ ဒသမ ၄) ျဖင့္ ေရာင္းခ်မည္ဟု ေရးသားေဖာ္ျပထားမႈ ရွိသည္။

(လူတစ္ဦးတစ္ေယာက္၏ ကိုယ္ေရးကိုယ္တာ အေသးစိတ္အခ်က္အလက္မ်ားကို သက္ဆိုင္ရာ ပုဂၢိဳလ္၏ ခြင့္ျပဳခ်က္မရွိဘဲ အမ်ားျပည္သူျမင္ေတြ႔ႏိုင္ေသာ အြန္လိုင္းပလက္ေဖာင္းမ်ားတြင္ ေရာင္းခ်ျခင္းမွာ privacy ခ်ဳိးေဖာက္မႈအျဖစ္ သံုးသပ္စဥ္းစားခံရကာ ဥပေဒကို ခ်ဳိးေဖာက္မႈျဖစ္ႏိုင္ေၾကာင္း ျပည္မၾကီးမွ ေရွ႕ေနတစ္ဦးက သတိေပးသည္။ ဓာတ္ပံု-Douyin)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China youth playfully list jobs, colleagues for sale online to escape work pressures (scmp)

Photo Credit:  Douyin

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service