အိုင်ယာလန်တွင် လူနေအိမ်ရာအကျပ်အတည်း ဆိုးရွားနေမှုကြောင့် အလုပ်ရှင်တို့မှာ ဝန်ထမ်းများ နေထိုင်ရေး အတွက် နေအိမ်ဝယ်ယူမှု၊ ငှားရမ်းမှုများ ပြုလုပ်လာရလျက်ရှိ

အိုင်ယာလန်တွင် လူနေအိမ်ရာအကျပ်အတည်း ဆိုးရွားနေမှုကြောင့် အလုပ်ရှင်တို့မှာ ဝန်ထမ်းများ နေထိုင်ရေး အတွက် နေအိမ်ဝယ်ယူမှု၊ ငှားရမ်းမှုများ ပြုလုပ်လာရလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
10 Jul 2024 12:15 pm တွင် တင်ခဲ့သည်
490 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိုင်ယာလန်တွင် အိမ်ရာအကျပ်အတည်း ရင်ဆိုင်နေရမှု ပြေလျော့မည့် အရိပ်လက္ခဏာ အနည်းငယ်သာ ရှိသည်။

စီးပွားရေးလုပ်ငန်းများမှာ ဝန်ထမ်းများ နေထိုင်ရေးအတွက် အိမ်ခြံမြေများ ဝယ်ယူခြင်း (သို့မဟုတ်) ငှားရမ်းခြင်း များ ပြုလုပ်လာရမှုများ မြင့်တက်လာနေသည်။

ထိုအခြေအနေမှာ လုပ်ငန်းနယ်ပယ် အမျိုးမျိုးအပေါ် သက်ရောက် ရိုက်ခတ်ခဲ့ပြီး အထူးသဖြင့် ဝန်ဆောင်မှု နယ်ပယ်မှ လုပ်ငန်းများ ပိုမို အခက်ကြုံခဲ့ရသည်။

အိုင်ယာလန်သည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများတွင် အိမ်ခြံမြေဈေးနှုန်း အမြင့်မားဆုံးနိုင်ငံများထဲတွင် ပါဝင်ပြီး ဝန်ဆောင်မှု နယ်ပယ်မှ လုပ်ငန်းများမှာ အခြားနယ်ပယ်များလောက် ဝင်ငွေ မကောင်းချေ။

Ryanair Holdings Plc ကုမ္ပဏီက ယခုနှစ်အစောပိုင်းတွင် ဝန်ထမ်းများအတွက် နေအိမ် ၂၅ လုံး ဝယ်ယူခဲ့ ကြောင်း အတည်ပြုထားသည်။

Luxury ဟိုတယ်အုပ်စုဖြစ်သော Killarney Hotels Collection ကလည်း အလုပ်လျှောက်ထားမည့် ဝန်ထမ်း များအတွက် နေထိုင်ရေး ကူညီပေးမည်ဖြစ်ကြောင်း အလုပ်ခေါ် ကြော်ငြာများတွင် ထည့်သွင်းဖော်ပြထားသည်။

အိုင်ယာလန်၏ လူနေအိမ်ရာလိုအပ်ချက် အလွန်ဆိုးရွားသည့် အခြေအနေဆိုက်ရခြင်းမှာ အကြောင်းရင်း တစ်ချက်အပေါ် အဓိက အခြေတည်နေသည်။

၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်မှာ အိုင်ယာလန်ကို အထိနာစေခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းများလည်း ရပ်ဆိုင်းသွားခဲ့သည်။

ယင်းနောက်ပိုင်း စီမံကိန်း အကန့်အသတ်များ၊ Supply ကဏ္ဍ ကြန့်ကြာမှုများ၊ လူဦးရေ လျင်မြန်စွာ တိုးတက် လာမှု အစရှိသော အချက်များက အိမ်ခြံမြေအကျပ်အတည်းကို ပိုမိုဆိုးရွားလာစေခဲ့သည်။

စားသောက်ကုန် လက်ကား ကုမ္ပဏီကြီး Musgrave သည် ဝန်ထမ်းပေါင်း ၄၀,၀၀၀ ကျော်ရှိပြီး အိုင်ယာလန်၏ အကြီးမားဆုံးသော ပုဂ္ဂလိက ကုမ္ပဏီဖြစ်ကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

Musgrave ကုမ္ပဏီကြီးတွင် ဝန်ထမ်းများ နေထိုင်ရေးအတွက် နေအိမ်ပေါင်း ၅၀ ခန့် ရှိသည်။

ယင်းအနက် အပိုင်ဝယ်ယူထားသည်မှာ ၁၀ လုံးအောက်သာဖြစ်ကြောင်း ထဲထဲဝင်ဝင် သိထားသူများက ပြောသည်။

ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီ Windmill Healthcare သည်လည်း ဝန်ထမ်းအချို့၏ နေရေးအတွက် နေအိမ် ၂၈ လုံး ငှားရမ်းထားရသည်။

ဝန်ထမ်းများ နေထိုင်ရေးအတွက် နေအိမ်များ ငှားရမ်းရမှု ပမာဏမှာ မြင့်တက်လာနေကြောင်း ကုမ္ပဏီ၏ marketing မန်နေဂျာဖြစ်သူ Louise O’Sullivan က Bloomberg သတင်းဌာနသို့ ပြောသည်။

Fast Food ကုမ္ပဏီကြီး Supermacs က ဝန်ထမ်းများ နေထိုင်ရေးအတွက် ယူရို ၇ သန်း (ကန်ဒေါ်လာ ၇ ဒသမ ၅ သန်း) အထိ သုံးစွဲကာ နေအိမ်များ ဝယ်ယူခဲ့ရကြောင်း နိုင်ငံပိုင် RTE ရုပ်သံဌာနက ထုတ်ပြန်ခဲ့ ဖူးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ireland’s housing crisis is so grave that employers are getting into the landlord business and buying property for their staff (fortune)

[Zawgyi]

အိုင္ယာလန္တြင္ လူေနအိမ္ရာအက်ပ္အတည္း ဆိုးရြားေနမႈေၾကာင့္ အလုပ္ရွင္တို႔မွာ ဝန္ထမ္းမ်ား ေနထိုင္ေရး အတြက္ ေနအိမ္ဝယ္ယူမႈ၊ ငွားရမ္းမႈမ်ား ျပဳလုပ္လာရလ်က္ရွိ

အိုင္ယာလန္တြင္ အိမ္ရာအက်ပ္အတည္း ရင္ဆိုင္ေနရမႈ ေျပေလ်ာ့မည့္ အရိပ္လကၡဏာ အနည္းငယ္သာ ရွိသည္။

စီးပြားေရးလုပ္ငန္းမ်ားမွာ ဝန္ထမ္းမ်ား ေနထိုင္ေရးအတြက္ အိမ္ျခံေျမမ်ား ဝယ္ယူျခင္း (သို႔မဟုတ္) ငွားရမ္းျခင္း မ်ား ျပဳလုပ္လာရမႈမ်ား ျမင့္တက္လာေနသည္။

ထိုအေျခအေနမွာ လုပ္ငန္းနယ္ပယ္ အမ်ဳိးမ်ဳိးအေပၚ သက္ေရာက္ ရိုက္ခတ္ခဲ့ျပီး အထူးသျဖင့္ ဝန္ေဆာင္မႈ နယ္ပယ္မွ လုပ္ငန္းမ်ား ပုိမို အခက္ၾကံဳခဲ့ရသည္။

အိုင္ယာလန္သည္ ဥေရာပသမဂၢ အဖြဲ႔ဝင္ႏုိင္ငံမ်ားတြင္ အိမ္ျခံေျမေစ်းႏႈန္း အျမင့္မားဆံုးႏိုင္ငံမ်ားထဲတြင္ ပါဝင္ျပီး ဝန္ေဆာင္မႈ နယ္ပယ္မွ လုပ္ငန္းမ်ားမွာ အျခားနယ္ပယ္မ်ားေလာက္ ဝင္ေငြ မေကာင္းေခ်။

Ryanair Holdings Plc ကုမၸဏီက ယခုႏွစ္အေစာပိုင္းတြင္ ဝန္ထမ္းမ်ားအတြက္ ေနအိမ္ ၂၅ လံုး ဝယ္ယူခဲ့ ေၾကာင္း အတည္ျပဳထားသည္။

Luxury ဟိုတယ္အုပ္စုျဖစ္ေသာ Killarney Hotels Collection ကလည္း အလုပ္ေလွ်ာက္ထားမည့္ ဝန္ထမ္း မ်ားအတြက္ ေနထိုင္ေရး ကူညီေပးမည္ျဖစ္ေၾကာင္း အလုပ္ေခၚ ေၾကာ္ျငာမ်ားတြင္ ထည့္သြင္းေဖာ္ျပထားသည္။

အိုင္ယာလန္၏ လူေနအိမ္ရာလိုအပ္ခ်က္ အလြန္ဆိုးရြားသည့္ အေျခအေနဆိုက္ရျခင္းမွာ အေၾကာင္းရင္း တစ္ခ်က္အေပၚ အဓိက အေျခတည္ေနသည္။

၂၀၀၈ ခုႏွစ္ ကမၻာ့စီးပြားပ်က္ကပ္မွာ အိုင္ယာလန္ကို အထိနာေစခဲ့ျပီး ေဆာက္လုပ္ေရးလုပ္ငန္းမ်ားလည္း ရပ္ဆိုင္းသြားခဲ့သည္။

ယင္းေနာက္ပိုင္း စီမံကိန္း အကန္႔အသတ္မ်ား၊ Supply က႑ ၾကန္႔ၾကာမႈမ်ား၊ လူဦးေရ လ်င္ျမန္စြာ တိုးတက္ လာမႈ အစရွိေသာ အခ်က္မ်ားက အိမ္ျခံေျမအက်ပ္အတည္းကို ပိုမိုဆိုးရြားလာေစခဲ့သည္။

စားေသာက္ကုန္ လက္ကား ကုမၸဏီၾကီး Musgrave သည္ ဝန္ထမ္းေပါင္း ၄၀,၀၀၀ ေက်ာ္ရွိျပီး အိုင္ယာလန္၏ အၾကီးမားဆံုးေသာ ပုဂၢလိက ကုမၸဏီျဖစ္ေၾကာင္း ၎၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပသည္။

Musgrave ကုမၸဏီၾကီးတြင္ ဝန္ထမ္းမ်ား ေနထိုင္ေရးအတြက္ ေနအိမ္ေပါင္း ၅၀ ခန္႔ ရွိသည္။

ယင္းအနက္ အပိုင္ဝယ္ယူထားသည္မွာ ၁၀ လံုးေအာက္သာျဖစ္ေၾကာင္း ထဲထဲဝင္ဝင္ သိထားသူမ်ားက ေျပာသည္။

က်န္းမာေရးေစာင့္ေရွာက္မႈ ကုမၸဏီ Windmill Healthcare သည္လည္း ဝန္ထမ္းအခ်ဳိ႕၏ ေနေရးအတြက္ ေနအိမ္ ၂၈ လံုး ငွားရမ္းထားရသည္။

ဝန္ထမ္းမ်ား ေနထုိင္ေရးအတြက္ ေနအိမ္မ်ား ငွားရမ္းရမႈ ပမာဏမွာ ျမင့္တက္လာေနေၾကာင္း ကုမၸဏီ၏ marketing မန္ေနဂ်ာျဖစ္သူ Louise O’Sullivan က Bloomberg သတင္းဌာနသို႔ ေျပာသည္။

Fast Food ကုမၸဏီၾကီး Supermacs က ဝန္ထမ္းမ်ား ေနထိုင္ေရးအတြက္ ယူရို ၇ သန္း (ကန္ေဒၚလာ ၇ ဒသမ ၅ သန္း) အထိ သံုးစြဲကာ ေနအိမ္မ်ား ဝယ္ယူခဲ့ရေၾကာင္း ႏိုင္ငံပိုင္ RTE ရုပ္သံဌာနက ထုတ္ျပန္ခဲ့ ဖူးသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ireland’s housing crisis is so grave that employers are getting into the landlord business and buying property for their staff (fortune)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service