ဘီလ်ဂိတ်၏ ပထမဆုံးဝန်ထမ်းများတွင် ပါဝင်ခဲ့သူ စတိဗ် ဘောမား၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၅၇ ဒသမ ၂ ဘီလီယံ ရှိလာပြီး အလုပ်ရှင်ဟောင်း ဘီလ်ဂိတ်ထက် ပိုမိုချမ်းသာသွားပြီဖြစ်

ဘီလ်ဂိတ်၏ ပထမဆုံးဝန်ထမ်းများတွင် ပါဝင်ခဲ့သူ စတိဗ် ဘောမား၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၅၇ ဒသမ ၂ ဘီလီယံ ရှိလာပြီး အလုပ်ရှင်ဟောင်း ဘီလ်ဂိတ်ထက် ပိုမိုချမ်းသာသွားပြီဖြစ် - Property News in Myanmar from iMyanmarHouse.com
9 Jul 2024 12:38 pm တွင် တင်ခဲ့သည်
718 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မိုက္ကရိုဆော့ဖ်၏ အစောဆုံးဝန်ထမ်းများတွင် ပါဝင်ခဲ့သူ စတိဗ်ဘောမားသည် ဇူလိုင်လ ၁ ရက်က အလုပ်ရှင် ဟောင်း ဘီလ်ဂိတ်ကို ဖြတ်ကျော်ကာ ကမ္ဘာ့ဆဌမမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

မိုက္ကရိုဆော့ဖ်၏ ရှယ်ယာဈေးများ စံချိန်တင် မြင့်တက်ခဲ့ကာ ယခုနှစ်အတွင်း ၂၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး နောက်ပိုင်း စတိဗ် ဘောမား၏ ကြွယ်ဝမှုလည်း ထိုးတက်ခဲ့ခြင်း ဖြစ်သည်။ Bloomberg ဘီလျံနာညွှန်းကိန်းတွင် ဖော်ပြချက်အရ စတိဗ် ဘောမား၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၅၇ ဒသမ ၂ ဘီလီယံ ရှိသည်။

ယင်းအနက် ၉၀ ရာခိုင်နှုန်းကျော်မှာ မိုက္ကရိုဆော့ဖ်၏ ရှယ်ယာများတွင် အခြေခံသည်။

OpenAI နှင့် မိတ်ဖက်အဖြစ် လက်တွဲဆောင်ရွက်နေသော မိုက္ကရိုဆော့ဖ်သည် AI နည်းပညာနယ်ပယ် ဖွံ့ဖြိုးလာမှုကြောင့် အကျိုးအမြတ် အကြီးမားဆုံး ရရှိသော ကုမ္ပဏီများတွင် တစ်ခု အပါအဝင် ဖြစ်သည်။

ဘီလ်ဂိတ်၏ ကြွယ်ဝမှုမှာ ၁၅၆ ဒသမ ၇ ဘီလီယံ ဖြစ်သည်။

ဘီလ်ဂိတ်က သူ၏ ကြွယ်ဝမှုများကို နယ်ပယ်အမျိုးမျိုး ဖြန့်ကျက်ထားရာ ထက်ဝက်ခန့်မှာ Cascade Investment တွင် ရင်းနှီးမြှုပ်နှံထားသည်။

မိုက္ကရိုဆော့ဖ်၏ ရှယ်ယာရောင်းချမှုများနှင့် အမြတ်ငွေ ခွဲဝေရရှိမှုများမှတဆင့် Cascade တွင် ရင်းနှီးမြှုပ်နှံ ထားခြင်းလည်း ဖြစ်သည်။

ဘီလ်ဂိတ်သည် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု ကုမ္ပဏီ Republic Services Inc. တွင်လည်း ရှယ်ယာ ကန်ဒေါ်လာ ၂၁ ဘီလီယံဖိုး ပိုင်ဆိုင်ထားသည်။

အသက် ၆၈ နှစ်ရှိပြီဖြစ်သော ဘီလ်ဂိတ်က သူ၏ ပိုင်ဆိုင်မှုများကို အလှူအတန်းများ ပြုလုပ်ကာ ဖြည်းဖြည်းချင်း လျှော့ချနေသည်။

ဘီလ်ဂိတ်သည် ဇနီးဟောင်း မီလင်ဒါ၊ မိတ်ဆွေဖြစ်သူ Warren Buffett တို့နှင့် ပူးပေါင်းကာ သူ၏ငွေ ဘီလီယံ ပေါင်းများစွာဖြင့် Gates Foundation ကို တည်ထောင်ထားပြီး မတည်ငွေ ကန်ဒေါ်လာ ၇၅ ဘီလီယံ ရှိသည်။

ကမ္ဘာပေါ်ရှိ အကြီးမားဆုံး ပရဟိတအဖွဲ့များတွင် တစ်ခုအပါအဝင်လည်း ဖြစ်သည်။

ဂိတ်ဖောင်ဒေးရှင်းကို လွန်ခဲ့သောနှစ်ပေါင်း ၂၀ ကျော်က စတင်တည်ထောင်ပြီး နောက်ပိုင်းကတည်းက ဘီလ်ဂိတ်နှင့် သူ၏ ဇနီးဟောင်းတို့သည် ၎င်းတို့ ပိုင်ဆိုင်သောငွေမှ ကန်ဒေါ်လာ ၆၀ ဘီလီယံနီးပါး လှူဒါန်းခဲ့ပြီး ဖြစ်သည်။

ဘီလ်ဂိတ်၏ ဇနီးဟောင်းသည် အဆိုပါ ဖောင်ဒေးရှင်း၏ ပူးတွဲဥက္ကဌနေရာမှ မကြာသေးမီက နှုတ်ထွက်ခဲ့ပြီး ကိုယ်တိုင် ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရန် ကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံ ရရှိခဲ့သည်။

ဘီလ်ဂိတ်၊ ဇနီးဟောင်း မီလင်ဒါနှင့် Warren Buffett တို့ ၃ ဦးပေါင်းကာ Giving Pledge အမည်ရှိ အဖွဲ့တစ်ခု ကိုလည်း တည်ထောင်ထားသည်။

ကမ္ဘာတဝန်းရှိ သူဌေးကြီးများအား မိမိတို့ မကွယ်လွန်မီ (သို့မဟုတ်) သေတမ်းစာများတွင် ပိုင်ဆိုင်မှု အများစုကို လှူဒါန်းခဲ့ရန် တိုက်တွန်းသော အဖွဲ့ဖြစ်သည်။

စတိဗ် ဘောမားက ထိုအဖွဲ့တွင် လက်မှတ်ရေးထိုးထားခြင်းမရှိ။

စတိဗ် ဘောမားကိုယ်တိုင်လည်း အလှူအတန်းများ ပြုလုပ်သည်။ သို့သော် ဘီလ်ဂိတ်လှူဒါန်းခဲ့သော ပမာဏနှင့် မယှဉ်သာအောင် နည်းပါးလှသည်။

ဘီလ်ဂိတ်သည် မိုက္ကရိုဆော့ဖ်ကို သူငယ်ချင်းဖြစ်သူ Paul Allen နှင့်အတူ ၁၉၇၅ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်အထိ ဦးဆောင်ပေးခဲ့သည်။

စတိဗ် ဘောမားသည် မိုက္ကရိုဆော့ဖ်၏ အစောဆုံးဝန်ထမ်းများတွင် ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် စီအီးအို ဖြစ်လာ သည်။ ၂၀၁၄ ခုနှစ်တွင် စတိ ဘောမားသည် မိုက္ကရိုဆော့ဖ်မှ နှုတ်ထွက်ခဲ့ပြီး ကုမ္ပဏီ၏ အကြီးမားဆုံး ရှယ်ယာရှင် ဖြစ်လာခဲ့သည်။

(ဆက်စပ်သတင်း)

ဘီလ်ဂိတ်၏ လက်ထောက်ဝန်ထမ်းဟောင်းမှာ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပြီး အလုပ်ရှင်ဟောင်း ဘီလ်ဂိတ်၏ ကြွယ်ဝမှုကို ဖြတ်ကျော်ရန် နီးကပ်လာလျက်ရှိ

https://www.imyanmarhouse.com/news/read/1089014

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Steve Ballmer Is Now Richer Than Bill Gates, A First For Microsoft Employees (NDTV)

[Zawgyi]

ဘီလ္ဂိတ္၏ ပထမဆံုးဝန္ထမ္းမ်ားတြင္ ပါဝင္ခဲ့သူ စတိဗ္ ေဘာမား၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၅၇ ဒသမ ၂ ဘီလီယံ ရွိလာျပီး အလုပ္ရွင္ေဟာင္း ဘီလ္ဂိတ္ထက္ ပိုမိုခ်မ္းသာသြားျပီျဖစ္

မိုကၠရိုေဆာ့ဖ္၏ အေစာဆံုးဝန္ထမ္းမ်ားတြင္ ပါဝင္ခဲ့သူ စတိဗ္ေဘာမားသည္ ဇူလိုင္လ ၁ ရက္က အလုပ္ရွင္ ေဟာင္း ဘီလ္ဂိတ္ကို ျဖတ္ေက်ာ္ကာ ကမၻာ့ဆဌမေျမာက္ အခ်မ္းသာဆံုး ပုဂၢိဳလ္ ျဖစ္လာခဲ့သည္။

မိုကၠရိုေဆာ့ဖ္၏ ရွယ္ယာေစ်းမ်ား စံခ်ိန္တင္ ျမင့္တက္ခဲ့ကာ ယခုႏွစ္အတြင္း ၂၁ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့ျပီး ေနာက္ပိုင္း စတိဗ္ ေဘာမား၏ ၾကြယ္ဝမႈလည္း ထိုးတက္ခဲ့ျခင္း ျဖစ္သည္။ Bloomberg ဘီလ်ံနာညႊန္းကိန္းတြင္ ေဖာ္ျပခ်က္အရ စတိဗ္ ေဘာမား၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၅၇ ဒသမ ၂ ဘီလီယံ ရွိသည္။

ယင္းအနက္ ၉၀ ရာခိုင္ႏႈန္းေက်ာ္မွာ မိုကၠရိုေဆာ့ဖ္၏ ရွယ္ယာမ်ားတြင္ အေျခခံသည္။

OpenAI ႏွင့္ မိတ္ဖက္အျဖစ္ လက္တြဲေဆာင္ရြက္ေနေသာ မိုကၠရိုေဆာ့ဖ္သည္ AI နည္းပညာနယ္ပယ္ ဖြံ႔ျဖိဳးလာမႈေၾကာင့္ အက်ဳိးအျမတ္ အၾကီးမားဆံုး ရရွိေသာ ကုမၸဏီမ်ားတြင္ တစ္ခု အပါအဝင္ ျဖစ္သည္။

ဘီလ္ဂိတ္၏ ၾကြယ္ဝမႈမွာ ၁၅၆ ဒသမ ၇ ဘီလီယံ ျဖစ္သည္။ ဘီလ္ဂိတ္က သူ၏ ၾကြယ္ဝမႈမ်ားကို နယ္ပယ္အမ်ဳိးမ်ဳိး ျဖန္႔က်က္ထားရာ ထက္ဝက္ခန္႔မွာ Cascade Investment တြင္ ရင္းႏွီးျမွဳပ္ႏွံထားသည္။

မိုကၠရိုေဆာ့ဖ္၏ ရွယ္ယာေရာင္းခ်မႈမ်ားႏွင့္ အျမတ္ေငြ ခြဲေဝရရွိမႈမ်ားမွတဆင့္ Cascade တြင္ ရင္းႏွီးျမွဳပ္ႏွံ ထားျခင္းလည္း ျဖစ္သည္။

ဘီလ္ဂိတ္သည္ စြန္႔ပစ္ပစၥည္း စီမံခန္႔ခြဲမႈ ကုမၸဏီ Republic Services Inc. တြင္လည္း ရွယ္ယာ ကန္ေဒၚလာ ၂၁ ဘီလီယံဖိုး ပိုင္ဆိုင္ထားသည္။

အသက္ ၆၈ ႏွစ္ရွိျပီျဖစ္ေသာ ဘီလ္ဂိတ္က သူ၏ ပိုင္ဆုိင္မႈမ်ားကို အလွဴအတန္းမ်ား ျပဳလုပ္ကာ ျဖည္းျဖည္းခ်င္း ေလွ်ာ့ခ်ေနသည္။

ဘီလ္ဂိတ္သည္ ဇနီးေဟာင္း မီလင္ဒါ၊ မိတ္ေဆြျဖစ္သူ Warren Buffett တို႔ႏွင့္ ပူးေပါင္းကာ သူ၏ေငြ ဘီလီယံ ေပါင္းမ်ားစြာျဖင့္ Gates Foundation ကို တည္ေထာင္ထားျပီး မတည္ေငြ ကန္ေဒၚလာ ၇၅ ဘီလီယံ ရွိသည္။

ကမၻာေပၚရွိ အၾကီးမားဆံုး ပရဟိတအဖြဲ႔မ်ားတြင္ တစ္ခုအပါအဝင္လည္း ျဖစ္သည္။

ဂိတ္ေဖာင္ေဒးရွင္းကို လြန္ခဲ့ေသာႏွစ္ေပါင္း ၂၀ ေက်ာ္က စတင္တည္ေထာင္ျပီး ေနာက္ပိုင္းကတည္းက ဘီလ္ဂိတ္ႏွင့္ သူ၏ ဇနီးေဟာင္းတို႔သည္ ၎တို႔ ပိုင္ဆိုင္ေသာေငြမွ ကန္ေဒၚလာ ၆၀ ဘီလီယံနီးပါး လွဴဒါန္းခဲ့ျပီး ျဖစ္သည္။

ဘီလ္ဂိတ္၏ ဇနီးေဟာင္းသည္ အဆိုပါ ေဖာင္ေဒးရွင္း၏ ပူးတြဲဥကၠဌေနရာမွ မၾကာေသးမီက ႏႈတ္ထြက္ခဲ့ျပီး ကိုယ္တိုင္ ပရဟိတလုပ္ငန္းမ်ား လုပ္္ေဆာင္ရန္ ကန္ေဒၚလာ ၁၂ ဒသမ ၅ ဘီလီယံ ရရွိခဲ့သည္။

ဘီလ္ဂိတ္၊ ဇနီးေဟာင္း မီလင္ဒါႏွင့္ Warren Buffett တို႔ ၃ ဦးေပါင္းကာ Giving Pledge အမည္ရွိ အဖြဲ႔တစ္ခု ကိုလည္း တည္ေထာင္ထားသည္။

ကမၻာတဝန္းရွိ သူေဌးၾကီးမ်ားအား မိမိတို႔ မကြယ္လြန္မီ (သို႔မဟုတ္) ေသတမ္းစာမ်ားတြင္ ပိုင္ဆိုင္မႈ အမ်ားစုကို လွဴဒါန္းခဲ့ရန္ တုိက္တြန္းေသာ အဖြဲ႔ျဖစ္သည္။

စတိဗ္ ေဘာမားက ထိုအဖြဲ႔တြင္ လက္မွတ္ေရးထိုးထားျခင္းမရွိ။

စတိဗ္ ေဘာမားကိုယ္တုိင္လည္း အလွဴအတန္းမ်ား ျပဳလုပ္သည္။ သို႔ေသာ္ ဘီလ္ဂိတ္လွဴဒါန္းခဲ့ေသာ ပမာဏႏွင့္ မယွဥ္သာေအာင္ နည္းပါးလွသည္။

ဘီလ္ဂိတ္သည္ မိုကၠရိုေဆာ့ဖ္ကို သူငယ္ခ်င္းျဖစ္သူ Paul Allen ႏွင့္အတူ ၁၉၇၅ ခုႏွစ္တြင္ စတင္တည္ေထာင္ ခဲ့ျပီး ၂၀၀၀ ျပည့္ႏွစ္အထိ ဦးေဆာင္ေပးခဲ့သည္။

စတိဗ္ ေဘာမားသည္ မိုကၠရိုေဆာ့ဖ္၏ အေစာဆံုးဝန္ထမ္းမ်ားတြင္ ပါဝင္ခဲ့ျပီး ေနာက္ပိုင္းတြင္ စီအီးအို ျဖစ္လာ သည္။ ၂၀၁၄ ခုႏွစ္တြင္ စတိ ေဘာမားသည္ မိုကၠရိုေဆာ့ဖ္မွ ႏႈတ္ထြက္ခဲ့ျပီး ကုမၸဏီ၏ အၾကီးမားဆံုး ရွယ္ယာရွင္ ျဖစ္လာခဲ့သည္။

(ဆက္စပ္သတင္း)

ဘီလ္ဂိတ္၏ လက္ေထာက္ဝန္ထမ္းေဟာင္းမွာ ကမၻာ့ပဥၥမေျမာက္ အခ်မ္းသာဆံုး ပုဂၢိဳလ္ျဖစ္လာျပီး အလုပ္ရွင္ေဟာင္း ဘီလ္ဂိတ္၏ ၾကြယ္ဝမႈကို ျဖတ္ေက်ာ္ရန္ နီးကပ္လာလ်က္ရိွ

https://www.imyanmarhouse.com/news/read/1089014

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Steve Ballmer Is Now Richer Than Bill Gates, A First For Microsoft Employees (NDTV)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service