ကာတာအစိုးရက နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်အနီးရှိ နိုင်ငံတော် စံအိမ်အဖြစ် အသုံးပြုခဲ့သော စံအိမ်ကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရောင်းဈေးကွက်တင်

ကာတာအစိုးရက နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်အနီးရှိ နိုင်ငံတော် စံအိမ်အဖြစ် အသုံးပြုခဲ့သော စံအိမ်ကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
8 Jul 2024 12:36 pm တွင် တင်ခဲ့သည်
385 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကာတာအစိုးရက နယူးယောက်မြို့ မန်ဟက်တန်အရပ်ရှိ စံအိမ်တစ်လုံးကို ၂၀၁၃ ခုနှစ်တွင် ဝယ်ယူခဲ့သော ဈေးနှုန်းအောက် နည်းပါးသောဈေးနှုန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

ကာတာအစိုးရသည် Beekman Place ဟု အမည်ပေးထားသောစံအိမ်ကို ကန်ဒေါ်လာ ၃၄ ဒသမ ၃၅ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် တရားဝင် နိုင်ငံတော်အိမ်တော်အဖြစ် အသုံးပြုခဲ့သည်။

ယခုအခါ အဆိုပါ စံအိမ်ကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရောင်းဈေးကွက်တင်လာကြောင်း ဈေးကွက်တင် ပေးသည့် Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Les Meyers က ပြောသည်။

ယခင်က ဝယ်ယူခဲ့သော ဈေးနှုန်းတွင် ပရိဘောဂများ ပါဝင်ကြောင်း၊ ယခုအရောင်းဈေးကွက်တင်ရာတွင်မူ ပရိဘောဂများ မပါကြောင်း Meyers က ပြောသည်။

(ကာတာအစိုးရက ကုလသမဂ္ဂရုံးချုပ်အနီးရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရောင်းဈေးကွက် တင်လာသည်။ ဓာတ်ပုံ-MELANIE GREENE/GREENEHOUSE NYC)

ယခုသတင်းနှင့် စပ်လျဉ်းပြီး ဝေါစထရိဂျာနယ်က ဆက်သွယ်မေးမြန်းမှုကို ကာတာသံရုံးက တစုံတရာ ဖြေကြားခြင်း မရှိချေ။

Beekman Place အိမ်တော်သည် East River လမ်းနှင့် ပဉ္စမရိပ်သာလမ်းအကြား ၄၉ လမ်းမှ ၅၁ လမ်းအထိ ဖြန့်ကျက် တည်ရှိသည်။

ထိုနေရာသည် ဆွေစဉ်မျိုးဆက် ချမ်းသာသူတို့ အခြေချရာ ဖြစ်ခဲ့ပြီး ကုလသမဂ္ဂရုံးချုပ်နှင့် နီးသောကြောင့် သံတမန်များ အခြေချရာ နေရာလည်း ဖြစ်သည်။

(ဤစံအိမ်ကို ၁၉၁၀ ပြည့်နှစ်ဝန်းကျင်တွင် ဆောက်လုပ်ခဲ့သည်။ ဓာတ်ပုံ-MELANIE GREENE/ GREENEHOUSE NYC)

ကာတာအစိုးရ၏ ဤစံအိမ်တွင် အိပ်ခန်း ၅ ခန်းပါဝင်ပြီး တချိန်က အထင်ကရ မြေယာအလှဆင် ဒီဇိုင်နာ အမျိုးသမီး Ellen Biddle Shipman နေထိုင်ခဲ့သော စံအိမ် ဖြစ်သည်။

သူမသည် ဤစံအိမ်တွင် ၁၉၂၀ ပြည့်လွန်ကာလများမှ ၁၉၄၀ ပြည့်လွန်ကာလများအထိ နေထိုင်ခဲ့သည်။

သူမသည် အမေရိက၏ ဒိတ်ဒိတ်ကြဲ မိသားစုများဖြစ်သော ဖို့ဒ်နှင့် Astors မိသားစုတို့၏ ပန်းဥယျာဉ်များကို ဒီဇိုင်းရေးဆွဲပေးခဲ့သည်။

(အိမ်တော်အတွင်း ယာတောအိမ်အသွင် မီးဖိုဆောင်တစ်ခု ပါဝင်သည်။ ဓာတ်ပုံ-MELANIE GREENE/ GREENEHOUSE NYC)

၁၉၁၀ ပြည့်နှစ်ဝန်းကျင်တွင် ဆောက်လုပ်ခဲ့ပြီး စတုရန်းပေ ၇၃၀၀ ခန့် ကျယ်ဝန်းကာ ၆ ထပ် အဆောက်အအုံ ဖြစ်သည်။ အဆောက်အအုံတွင် လသာဆောင် ၂ ခုနှင့် အမိုးပေါ် ပန်းဥယျာဉ်တို့ ပါဝင်သည်။

(ယခင်ပိုင်ရှင်က ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားသည်။ ဓာတ်ပုံ-MELANIE GREENE/GREENEHOUSE NYC)

Shipman နေထိုင်ခဲ့သောခေတ်မှ မူလ လက်ရာများ အနည်းငယ်သာရှိတော့သည်။

V ပုံသဏ္ဍာန်ခင်းကျင်းထားသော ဝက်သစ်ချသားကြမ်းခင်းများ၊ ခရုပတ်လှေကားကြီးနှင့် ထင်းသုံးမီးလင်းဖို ၅ ခု တို့မှာ ရှေးခေတ်လက်ရာများအတိုင်း ထိန်းသိမ်းထားဆဲဖြစ်ကြောင်း Meyers က ပြောသည်။

(ခရုပတ်ပုံ လှေကားကြီး။ ဓာတ်ပုံ-MELANIE GREENE/GREENEHOUSE NYC)

ကာတာအစိုးရက အိမ်တော်ကြီးကို သန့်ပြန့်စွာ ထိန်းသိမ်းထားရှိပြီး လမ်းထောင့်တွင် တည်ရှိသောကြောင့် သဘာဝအလင်းကောင်းစွာရကြောင်း Meyers က ပြောသည်။

(ဓာတ်ပုံ-MELANIE GREENE/GREENEHOUSE NYC)

ကာတာအစိုးရသည် တသီးတသန့်ရှိသော နေရာတစ်ခု ရှာဖွေနေသောကြောင့် ယခုအိမ်တော်ကို ပြန်လည် ရောင်းချခြင်းဖြစ်ကြောင်း Meyers က ပြောသည်။

(ဓာတ်ပုံ-MELANIE GREENE/GREENEHOUSE NYC)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Qatar Wants $32 Million for Its Townhouse Near the United Nations (mansionglobal)

Photo Credit- MELANIE GREENE/GREENEHOUSE NYC

[Zawgyi]

ကာတာအစိုးရက နယူးေယာက္ျမဳိ႕ ကုလသမဂၢရံုးခ်ဳပ္အနီးရွိ ႏိုင္ငံေတာ္ စံအိမ္အျဖစ္ အသံုးျပဳခဲ့ေသာ စံအိမ္ကို ကန္ေဒၚလာ ၃၂ သန္းျဖင့္ အေရာင္းေစ်းကြက္တ င္

ကာတာအစိုးရက နယူးေယာက္ျမိဳ႕ မန္ဟက္တန္အရပ္ရွိ စံအိမ္တစ္လံုးကို ၂၀၁၃ ခုႏွစ္တြင္ ဝယ္ယူခဲ့ေသာ ေစ်းႏႈန္းေအာက္ နည္းပါးေသာေစ်းႏႈန္းျဖင့္ အေရာင္းေစ်းကြက္တင္လာသည္။

ကာတာအစိုးရသည္ Beekman Place ဟု အမည္ေပးထားေသာစံအိမ္ကို ကန္ေဒၚလာ ၃၄ ဒသမ ၃၅ သန္းျဖင့္ ဝယ္ယူခဲ့ျပီးေနာက္ တရားဝင္ ႏိုင္ငံေတာ္အိမ္ေတာ္အျဖစ္ အသံုးျပဳခဲ့သည္။

ယခုအခါ အဆိုပါ စံအိမ္ကို ကန္ေဒၚလာ ၃၂ သန္းျဖင့္ အေရာင္းေစ်းကြက္တင္လာေၾကာင္း ေစ်းကြက္တင္ ေပးသည့္ Compass အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Les Meyers က ေျပာသည္။

ယခင္က ဝယ္ယူခဲ့ေသာ ေစ်းႏႈန္းတြင္ ပရိေဘာဂမ်ား ပါဝင္ေၾကာင္း၊ ယခုအေရာင္းေစ်းကြက္တင္ရာတြင္မူ ပရိေဘာဂမ်ား မပါေၾကာင္း Meyers က ေျပာသည္။

(ကာတာအစိုးရက ကုလသမဂၢရံုးခ်ဳပ္အနီးရွိ စံအိမ္တစ္လံုးကို ကန္ေဒၚလာ ၃၂ သန္းျဖင့္ အေရာင္းေစ်းကြက္ တင္လာသည္။ ဓာတ္ပံု-MELANIE GREENE/GREENEHOUSE NYC)

ယခုသတင္းႏွင့္ စပ္လ်ဥ္းျပီး ေဝါစထရိဂ်ာနယ္က ဆက္သြယ္ေမးျမန္းမႈကို ကာတာသံရံုးက တစံုတရာ ေျဖၾကားျခင္း မရွိေခ်။

Beekman Place အိမ္ေတာ္သည္ East River လမ္းႏွင့္ ပဥၥမရိပ္သာလမ္းအၾကား ၄၉ လမ္းမွ ၅၁ လမ္းအထိ ျဖန္႔က်က္ တည္ရွိသည္။

ထိုေနရာသည္ ေဆြစဥ္မ်ဳိးဆက္ ခ်မ္းသာသူတို႔ အေျခခ်ရာ ျဖစ္ခဲ့ျပီး ကုလသမဂၢရံုးခ်ဳပ္ႏွင့္ နီးေသာေၾကာင့္ သံတမန္မ်ား အေျခခ်ရာ ေနရာလည္း ျဖစ္သည္။

(ဤစံအိမ္ကို ၁၉၁၀ ျပည့္ႏွစ္ဝန္းက်င္တြင္ ေဆာက္လုပ္ခဲ့သည္။ ဓာတ္ပံု-MELANIE GREENE/ GREENEHOUSE NYC)

ကာတာအစုိးရ၏ ဤစံအိမ္တြင္ အိပ္ခန္း ၅ ခန္းပါဝင္ျပီး တခ်ိန္က အထင္ကရ ေျမယာအလွဆင္ ဒီဇိုင္နာ အမ်ိဳးသမီး Ellen Biddle Shipman ေနထုိင္ခဲ့ေသာ စံအိမ္ ျဖစ္သည္။

သူမသည္ ဤစံအိမ္တြင္ ၁၉၂၀ ျပည့္လြန္ကာလမ်ားမွ ၁၉၄၀ ျပည့္လြန္ကာလမ်ားအထိ ေနထိုင္ခဲ့သည္။

သူမသည္ အေမရိက၏ ဒိတ္ဒိတ္ၾကဲ မိသားစုမ်ားျဖစ္ေသာ ဖုိ႔ဒ္ႏွင့္ Astors မိသားစုတုိ႔၏ ပန္းဥယ်ာဥ္မ်ားကို ဒီဇိုင္းေရးဆြဲေပးခဲ့သည္။

(အိမ္ေတာ္အတြင္း ယာေတာအိမ္အသြင္ မီးဖုိေဆာင္တစ္ခု ပါဝင္သည္။ ဓာတ္ပံု-MELANIE GREENE/ GREENEHOUSE NYC)

၁၉၁၀ ျပည့္ႏွစ္ဝန္းက်င္တြင္ ေဆာက္လုပ္ခဲ့ျပီး စတုရန္းေပ ၇၃၀၀ ခန္႔ က်ယ္ဝန္းကာ ၆ ထပ္ အေဆာက္အအံု ျဖစ္သည္။ အေဆာက္အအံုတြင္ လသာေဆာင္ ၂ ခုႏွင့္ အမိုးေပၚ ပန္းဥယ်ာဥ္တို႔ ပါဝင္သည္။

(ယခင္ပိုင္ရွင္က ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ထားသည္။ ဓာတ္ပံု-MELANIE GREENE/GREENEHOUSE NYC)

Shipman ေနထိုင္ခဲ့ေသာေခတ္မွ မူလ လက္ရာမ်ား အနည္းငယ္သာရွိေတာ့သည္။

V ပံုသ႑ာန္ခင္းက်င္းထားေသာ ဝက္သစ္ခ်သားၾကမ္းခင္းမ်ား၊ ခရုပတ္ေလွကားၾကီးႏွင့္ ထင္းသံုးမီးလင္းဖို ၅ ခု တို႔မွာ ေရွးေခတ္လက္ရာမ်ားအတိုင္း ထိန္းသိမ္းထားဆဲျဖစ္ေၾကာင္း Meyers က ေျပာသည္။

(ခရုပတ္ပံု ေလွကားၾကီး။ ဓာတ္ပံု-MELANIE GREENE/GREENEHOUSE NYC)

ကာတာအစိုးရက အိမ္ေတာ္ၾကီးကို သန္႔ျပန္႔စြာ ထိန္းသိမ္းထားရွိျပီး လမ္းေထာင့္တြင္ တည္ရွိေသာေၾကာင့္ သဘာဝအလင္းေကာင္းစြာရေၾကာင္း Meyers က ေျပာသည္။

(ဓာတ္ပံု-MELANIE GREENE/GREENEHOUSE NYC)

ကာတာအစိုးရသည္ တသီးတသန္႔ရွိေသာ ေနရာတစ္ခု ရွာေဖြေနေသာေၾကာင့္ ယခုအိမ္ေတာ္ကို ျပန္လည္ ေရာင္းခ်ျခင္းျဖစ္ေၾကာင္း Meyers က ေျပာသည္။

(ဓာတ္ပံု-MELANIE GREENE/GREENEHOUSE NYC)

Ref: Qatar Wants $32 Million for Its Townhouse Near the United Nations (mansionglobal)

Photo Credit- MELANIE GREENE/GREENEHOUSE NYC

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌေးကြီးသား၏ အရှိန်အဝါယူခဲ့မှုအပေါ် ဝေဖန်ခံနေရသော Blackpink မှ လီဆာက သူ၏နေအိမ်တွင်း မြင်ကွင်းများ ပရိသတ်ကိ...

ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...

လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန် ဘီလျံနာကြီး Jay Chaudhry ဝန်ထမ်းခေါ်ယူရာတွင် အဓိကကြည့်သည့် အချက် ၃ ချက်
အမေရိကန် ဘီလျံနာကြီး Jay Chaudhry ဝန်ထမ်းခေါ်ယူရာတွင် အဓိကကြည့်သည့် အချက် ၃ ချက်
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service