သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ

သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ - Property Knowledge in Myanmar from iMyanmarHouse.com
7 Jul 2024 2:55 pm တွင် တင်ခဲ့သည်
456 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အပတ်စဉ်ဥပဒေအမေးအဖြေအစီအစဉ်ကို စောင့်မျှော်အားပေးနေကြတဲ့ အိမ်ခြံမြေလောကသားတို့အတွက် ဒီတစ်ခေါက်မှာတော့ .....သတင်းစာမှာ ကြော်ငြာသင့်တဲ့ အကြောင်းအရာအပါအဝင် အမေးအဖြေသုံးခုကို ဒီတစ်ပတ်အတွက် ဥပဒေအမေးအဖြေကဏ္ဍမှာ တင်ဆက်ပေးထားပါတယ်။

မေးခွန်း (၁) - သတင်းစာမှာ ကြော်ငြာသင့်တဲ့ ကိစ္စတွေကို သိချင်ပါတယ်။

အရောင်းအဝယ်စရန်ပေး စာချုပ်အား ကန့်ကွက်ရန်ရှိမရှိ သတင်းစာ ကြေငြာခြင်း၊ မှတ်ပုံတင်ပျောက်/ passport ပျောက် သတင်းစာကြေငြာခြင်း၊ မူရင်းစာချုပ်စာတမ်းများ အမှန်တကယ် ပျောက်ဆုံးကြောင်း သတင်းစာကြေငြာခြင်း၊ ကုန်အမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ သတင်းစာကြေငြာခြင်း၊ စွန့်လွှတ်ခြင်းများအတွက် သတင်းစာကြေငြာခြင်း၊ သက်ဆိုင်ခြင်းမရှိတော့ကြောင်း သတင်းစာကြေငြာခြင်း၊ အစုရှယ်ယာများအတွက် ကြေငြာခြင်း၊ ကုမ္ပဏီဖျက်သိမ်းခြင်းအတွက် သတင်းစာကြေငြာခြင်း အစရှိသဖြင့် အများသိစေရန် ကိစ္စ ုုအရပ်ရပ်အား သတင်းစာကြေငြာခြင်း ပြုနိုင်ပါသည်။

အကြောင်းအရာပေါ်မှုတည်၍ အထောက်အထားများ ပြည့်စုံစွာ ပြသနိုင်ပါက သတင်းစာကြေငြာခြင်း ပြုနိုင်သော်လည်း သတင်းကြေငြာသူမှာ မိမိသတင်းစာကြေငြာခြင်းပြုသည့် ကိစ္စရပ်အား အပြည့်အဝ တာဝန် ယူရမည် ဖြစ်ပါသည်။

ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ-၃ အရ အရောင်းအဝယ်အတွက် မည်သည့်သတင်းစာတွင် မဆို ထည့်သွင်း သတင်းစာကြေငြာပါက အများသိစေနိုင်သည်ဟု သတ်မှတ်နိုင်ပါသည်။

သတင်းစာကြေငြာမှုပြုသည့် ကိစ္စရပ်ပေါ်မူတည်၍ သတင်းကြေငြာလိုသည့် ပစ္စည်းအား ကြေငြာ လိုမှုသူမှာ အမှန်တကယ်၊ ပိုင်ဆိုင်သက်ဆိုင်ကြောင်း မူရင်းစာချုပ်စာတမ်း အထောက်အထားများကို သတင်း စာမကြေငြာခင် မိမိရှေ့နေအား ဦးစွာပြသရမည်ဖြစ်ကာ ရှေ့နေမှလဲ သေချာစွာ စစ်ဆေးကြည့်ရှုရန် လိုပါသည်။ ပိုင်ဆိုင်မှုမှာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းမြေ (သို့) ရွှေ့ပြောင်းနိုင်သော အရာဝတ္တူပစ္စည်းအား တစ်ဦးတစ်ယောက်ထဲ ပိုင်ဆိုင်ခြင်းမျိုး မဟုတ်ဘဲ နှစ်ဦးနှစ်ယောက်ပူးတွဲ ပိုင်ဆိုင်နေပါက တစ်ဦးထဲမှ ၎င်းမှ ပိုင်ဆိုင်၍ သတင်းစာကြေငြာလိုကြောင်း၊ အရောင်းအဝယ်အတွက် ကန့်ကွက်ကြေငြာ ထည့်လိုကြောင်း တောင်းဆိုပါက သတင်းစာ ကြေငြာမပေးသင့်ပါ။

သတင်းစာကြေငြာသည်ကို ပိုင်ဆိုင်သူနှစ်ဦးမှာ ခွင့်ပြုကြောင်း လက်မှတ်ရေးထိုးမှုကို ရှေ့နေမှ အထောက်အထား ရယူထားသင့်ပါတယ်။ ထို့သို့အထောက်အထား မရယူထားပါက ပိုင်ဆိုင်သူ နှစ်ဦးအနက် တစ်ဦးမှ သတင်းစာကြေငြာသည်ကို မသိရှိ၊ သဘောမတူကြောင်း အငြင်းပွှားမှု ပေါ်ပေါက်နိုင်ပါသည်။ သတင်းစာကြေငြာမည့် ရှေ့နေမှလဲ အပေါ်စာနှင့် ကြေငြာစေမည့် အကြောင်းအရာအား ရေးသားကာ ၎င်းလိုင်စင်မိတ္တူနှင့် ပူးတွဲပြီး သတင်းစာတိုက်တွင် ကြေငြာထည့်သွင်းရန် လိုပါသည်။ အစိုးရ သတင်းစာ တိုက်မှလဲ သတင်းစာကြေငြာမှုပြုသည့်အခါတိုင်း ၎င်းနှင့်သက်ဆိုင်သည့် ပိုင်ဆိုင်မှု စာချုပ်စာတမ်းများအား စစ်ဆေးမည်ဖြစ်ကာ ပိုင်ဆိုင်မှု ခိုင်မာမှသာ သတင်းစာကြေငြာခြင်းကို ခွင့်ပြုမည်ဖြစ်ကြောင်း ရေးသားဖြေဆို ပေးလိုက်ပါသည်။

 

မေးခွန်း (၂) - ခွဲစိတ်ပြီးမြေကို သီးခြားဂရန်လျှောက်ထားရင် ဘာတွေလိုအပ်ပါသလဲ။

မြေကွက်အား တရားဝင်ခွဲစိတ်မှုပြုပြီးပါက စည်ပင်သာယာရေး ကော်မတီမှ မြို့ပြနှင့် မြေယာ စီမံခန့် ခွဲမှုဌာနမှ သက်တမ်းမကုန်သေးသော မြေငှားဂရန်ဖြစ်ပါက မြေငှားဂရန်ခွဲ စာအုပ်များအား ထုတ်ပေးခြင်း ပြုနိုင်ပါသည်။

မြေကွက်အား ခွဲစိတ်မှုပြုပြီးကြောင်း အထောက်အထား စာရွက်စာတမ်းများအနေဖြင့် မြေကွက်ခွဲစိတ် အတည်ပြုပုံစံ ခွင့်ပြုချက်(၁)စုံ၊ မြေကွက် ခွဲစိတ်တိုင်းတာခြင်း မြေပုံကို ဌာနသို့ တင်ပြပေးရန် လိုပါသည်။ ထို့ပြင် မြေကွက်အတွက် ခွဲစိတ်ဂရန်ခွဲများ လျှောက်ထားသည့်အခါတိုင်း

- မူလ မြေငှားစာချုပ်ဂရန် - မှတ်ပုံတင်စာချုပ်စာတမ်းများ - တရားရုံးအမိန့်တစ်ရပ်ရပ်ဖြင့် ပိုင်ဆိုင်ခြင်းဖြစ်ပါက အဆိုပါ စီရင်ချက်၊ အမိန့်နှင့် ဒီကရီ

- လျှောက်ထားသူ၏ မှတ်ပုံတင်ကတ်ပြား - မြေငှားခ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံ ချက်(သို့) နောက်ဆုံးပေးဆောင်ထားသော မြေငှားခပြေစာတို့ဖြင့် ပူးတွဲတင်ပြပေးရန် လိုပါသည်။

ဌာနမှ လျှောက်လွှာလက်ခံရရှိပါက မူရင်းနှင့်မိတ္တူ တိုက်ဆိုင်စစ်ဆေးမှုပြုပြီး ဂရန်ခွဲ ဝန်ဆောင်ခနှင့် မြေငှားဂရန် စာအုပ်ဖိုးများ အား ပေးသွင်းစေမည်ဖြစ်ပါသည်။ ဂရန်ခွဲ လျှောက်ထားခြင်းမှာ မူလအမည်ပေါက် ကိုယ်တိုင်မှ လျှောက်ထားခြင်းမဟုတ်ပါက လျှောက်ထားသူအား အမည်ပြောင်းဝန်ဆောင်ခပါ ထပ်မံပေးသွင်း စေမည် ဖြစ်ပါသည်။

ဂရန်ခွဲ မြေငှားစာချုပ်များ မချုပ်ဆိုခင် အဆိုပါမြေမှာ ခွဲစိတ်ဂရန်ပါ အတိုင်းအတာနှင့် မြေပြင် ကိုက်ညီ မှုရှိမရှိ ဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလဲ ဆောင်ရွက်နိုင်ပါတယ်။ အမည်ပေါက်ကိုယ်တိုင် ခွဲစိတ်ဂရန် လျှောက်ထားခြင်းမဟုတ်ပါဘဲ မှတ်ပုံတင်စာချုပ်ဖြင့် အရောင်းအဝယ်ပြု ပိုင်ဆိုင်သူမှ လျှောက်ထားခြင်းဖြစ် ပါက သတ်မှတ်ရက်အတွင်း ကန့်ကွက်ခြင်းရှိမရှိ ဌာနမှ သတင်းစာကြေငြာမှု ပြုစေမည်ဖြစ်ပါသည်။

အထောက်အထားများ ခိုင်မာမှုရှိမှသာ သတ်မှတ်တံဆိပ်ခေါင်းခွန် အထူးကပ်တံဆိပ်ခေါင်းကပ်ကာ မြေငှားစာချုပ်အား လက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက်စေမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - မှတ်ပုံမတင်မနေရတဲ့ စာချုပ်အမျိုးအစားတွေကို ဖော်ပြပါ။

 

သေတမ်းစာမှတစ်ပါး အခြားစာချုပ်များကို ချုပ်ဆိုပြီး နေ့ရက်မှ ရက်ပေါင်း(၁၂၀)အတွင်း မှတ်ပုံတင် ရန် အဆိုပါစာချုပ်နှင့် သက်ဆိုင်သူမှ မှတ်ပုံတင်အရာရှိထံ တင်ပြရမည်ဖြစ်ပါသည်။ တရားရုံးအမိန့် အနိုင်ဒီက ရီအား မှတ်ပုံတင်လိုပါကလဲ သတ်မှတ်ရက်မှ ရက်ပေါင်း (၁၂၀)အတွင်း မှတ်ပုံတင်သွင်းရမည်ဖြစ်ကာ သတ် မှတ်ရက်ကျော်လွန်ပါက ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်ပါသည်။

မှတ်ပုံတင်မည့်စာချုပ်စာတမ်းသည် မြန်မာစာဖြင့် ရေးသားရမည်ဖြစ်ကာ မြန်မာစာဖြင့် ချုပ်ဆိုခြင်း မဟုတ်ပါက နိုတြီပဗ္ပလစ်မှ ဘာသာပြန်ချက်ကို မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။ အသိ သက်သေများစုံလင်စွာ လက်မှတ်ရေးထိုးရမည်ဖြစ်ကာ ပြင်ရာဖျက်ရာများရှိက စာချုပ်ချုပ်ဆိုသူများ လက်မှတ် တို ရေးထိုးရမည်။

စာချုပ်တွင် အမျိုးအစား၊ တည်နေရာ၊ ပုံသာန် အရွယ်အစားများအား သေချာရှင်းလင်းစွာ ဖော်ပြရ မည်ဖြစ်ကာ မရွှေ့မပြောင်းနိုင်သောပစ္စည်းဖြစ်ပါက စည်ပင်သာယာရေးကော်မတီ၊မြို့ပြနှင့် မြေယာစီမံခန့် ခွဲမှုဌာနမှ (၁)နှစ်အတွင်း ထုတ်ပေးထားသော မြေပုံအား ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။

စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ အခန်း(၄)၊ ပုဒ်မ- ၁၆ အရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို အပိုင်ပေးအပ်ခြင်းပြုသည့် စာချုပ်စာတမ်းများမှာ မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်ပါသည်။

မရွှေ့မပြောင်းနိုင်သော ပစ္စည်း (သို့) ၎င်းနှင့် စပ်ဆက်သော တန်ဘိုးငွေ (၁)သိန်းနှင့် အထက်ရှိသည့် ပစ္စည်းများအား ရောင်းချခြင်း အကျိုးခံစားခွင့်အတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွှတ် ခြင်း၊ ဖျက်သိမ်းခြင်း ကိစ္စရပ်များတွင် သတ်မှတ်တံဆိပ်ခေါင်းခွန်များ ထမ်းဆောင်ကာ မှတ်ပုံတင်ခြင်း ဆောင် ရွက်ရမှာဖြစ်ပါသည်။

ထို့ပြင် ငွေကျပ် (၁)သိန်းနှင့် အထက်ရှိသော ပေါင်နှံခြင်း၊ ငွေချေးခြင်းများ၊ ပိုင်ဆိုင်မှု စာချုပ်စာတမ်း များအား အပ်နှံခြင်းများတွင် မဖြစ်မနေ မှတ်ပုံတင်ခြင်း ဆောင်ရွက်မှ စာချုပ်ပါအတိုင်း ပိုင်ဆိုင်မှုအတွက် ဖြေ ရှင်းဆောင်ရွက်၍ ရမည်ဖြစ်ပါသည်။

ငှားခြင်းစာချုပ်များတွင် နှစ်အလိုက်ငှားရမ်းခြင်း၊ တစ်နှစ်ထက်ပို၍ ငှားရမ်းခြင်း၊ တစ်နှစ်ပြီးတစ်နှစ် ငှားရမ်းခြင်းများတွင် ငှားရမ်းခြင်းစာချုပ်အား မှတ်ပုံတင်ရန်လိုပါသည်။

ကုမ္ပဏီအသင်းအဖွဲ့များနှင့် သက်ဆိုင်သော မရွှေ့မပြောင်းနိုင်သောပစ္စည်းများအားလဲ အငြင်းပွှားမှုများ မပေါ်ပေါက်စေရန် မှတ်ပုံတင်စာချုပ်စာတမ်းများ ပြုလုပ်ချုပ်ဆိုရန် လိုအပ်ပါသည်။

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်း စာချုပ်များအား မှတ်ပုံတင်စာချုပ်များချုပ်ဆိုခြင်း ကဲ့သို့ပင် ကိတ္တိမ သားသမီးမွေးစားခြင်းများတွင် တရားဝင်အမွေဆက်ခံအခွင့်အရေး ရရှိစေရန် မှတ်ပုံတင်ရန် လိုအပ်ပါသည်။

စာချုပ်စာတမ်းဥပဒေ ပုဒ်မ-၁၇ အရ ငွေကျပ် (၁)သိန်းအောက် မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ရောင်းချခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွှတ်ခြင်း၊ ဖျက်သိမ်းခြင်း စာချုပ်စာတမ်းများ၊ ငွေ(၁)သိန်း အောက် ပေါင်နှံခြင်း စာချုပ်စာတမ်းများ၊ တစ်နှစ်ထက်မပိုသော ငှားရမ်းခြင်းစာချုပ်များ၊သေတမ်းစာ၊ မိသားစု စီမံစာချုပ်များ၊တရား ရုံးအမိန့်၊ဒီကရီများ၊ အနုညာတ ခုံလူကြီး ဆုံးဖြတ်ချက်များ၊ မှတ်ပုံတင်လိုက တင်နိုင် သော စာချုပ်စာတမ်းများ အဖြစ် သတ်မှတ်ထားကြောင်း ရေးသား ဖြေဆိုပေးလိုက်ရပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

သိမွတ္ဖြယ္ရာ ဥပေဒအေမးအေျဖက႑

အပတ္စဥ္ဥပေဒအေမးအေျဖအစီအစဥ္ကို ေစာင့္ေမွ်ာ္အားေပးေနၾကတဲ့ အိမ္ျခံေျမေလာကသားတို႔အတြက္ ဒီတစ္ေခါက္မွာေတာ့ .....သတင္းစာမွာ ေၾကာ္ျငာသင့္တဲ့ အေၾကာင္းအရာအပါအဝင္ အေမးအေျဖသုံးခုကို ဒီတစ္ပတ္အတြက္ ဥပေဒအေမးအေျဖက႑မွာ တင္ဆက္ေပးထားပါတယ္။

ေမးခြန္း (၁) - သတင္းစာမွာ ေၾကာ္ျငာသင့္တဲ့ ကိစၥေတြကို သိခ်င္ပါတယ္။

အေရာင္းအဝယ္စရန္ေပး စာခ်ဳပ္အား ကန္႔ကြက္ရန္႐ွိမ႐ွိ သတင္းစာ ေၾကျငာျခင္း၊ မွတ္ပုံတင္ေပ်ာက္/ passport ေပ်ာက္ သတင္းစာေၾကျငာျခင္း၊ မူရင္းစာခ်ဳပ္စာတမ္းမ်ား အမွန္တကယ္ ေပ်ာက္ဆုံးေၾကာင္း သတင္းစာေၾကျငာျခင္း၊ ကုန္အမွတ္တံဆိပ္ႏွင့္ စပ္လ်ဥ္း၍ သတင္းစာေၾကျငာျခင္း၊ စြန္႔လႊတ္ျခင္းမ်ားအတြက္ သတင္းစာေၾကျငာျခင္း၊ သက္ဆိုင္ျခင္းမ႐ွိေတာ့ေၾကာင္း သတင္းစာေၾကျငာျခင္း၊ အစု႐ွယ္ယာမ်ားအတြက္ ေၾကျငာျခင္း၊ ကုမၸဏီဖ်က္သိမ္းျခင္းအတြက္ သတင္းစာေၾကျငာျခင္း အစ႐ွိသျဖင့္ အမ်ားသိေစရန္ ကိစၥ ုုအရပ္ရပ္အား သတင္းစာေၾကျငာျခင္း ျပဳႏိုင္ပါသည္။

အေၾကာင္းအရာေပၚမႈတည္၍ အေထာက္အထားမ်ား ျပည့္စုံစြာ ျပသႏိုင္ပါက သတင္းစာေၾကျငာျခင္း ျပဳႏိုင္ေသာ္လည္း သတင္းေၾကျငာသူမွာ မိမိသတင္းစာေၾကျငာျခင္းျပဳသည့္ ကိစၥရပ္အား အျပည့္အဝ တာဝန္ ယူရမည္ ျဖစ္ပါသည္။

ပစၥည္းလႊဲေျပာင္းျခင္း ဥပေဒပုဒ္မ-၃ အရ အေရာင္းအဝယ္အတြက္ မည္သည့္သတင္းစာတြင္ မဆို ထည့္သြင္း သတင္းစာေၾကျငာပါက အမ်ားသိေစႏိုင္သည္ဟု သတ္မွတ္ႏိုင္ပါသည္။

သတင္းစာေၾကျငာမႈျပဳသည့္ ကိစၥရပ္ေပၚမူတည္၍ သတင္းေၾကျငာလိုသည့္ ပစၥည္းအား ေၾကျငာ လိုမႈသူမွာ အမွန္တကယ္၊ ပိုင္ဆိုင္သက္ဆိုင္ေၾကာင္း မူရင္းစာခ်ဳပ္စာတမ္း အေထာက္အထားမ်ားကို သတင္း စာမေၾကျငာခင္ မိမိေ႐ွ႕ေနအား ဦးစြာျပသရမည္ျဖစ္ကာ ေ႐ွ႕ေနမွလဲ ေသခ်ာစြာ စစ္ေဆးၾကည့္႐ႈရန္ လိုပါသည္။ ပိုင္ဆိုင္မႈမွာ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းေျမ (သို႔) ေ႐ႊ႕ေျပာင္းႏိုင္ေသာ အရာဝတၱဴပစၥည္းအား တစ္ဦးတစ္ေယာက္ထဲ ပိုင္ဆိုင္ျခင္းမ်ိဳး မဟုတ္ဘဲ ႏွစ္ဦးႏွစ္ေယာက္ပူးတြဲ ပိုင္ဆိုင္ေနပါက တစ္ဦးထဲမွ ၎မွ ပိုင္ဆိုင္၍ သတင္းစာေၾကျငာလိုေၾကာင္း၊ အေရာင္းအဝယ္အတြက္ ကန္႔ကြက္ေၾကျငာ ထည့္လိုေၾကာင္း ေတာင္းဆိုပါက သတင္းစာ ေၾကျငာမေပးသင့္ပါ။

သတင္းစာေၾကျငာသည္ကို ပိုင္ဆိုင္သူႏွစ္ဦးမွာ ခြင့္ျပဳေၾကာင္း လက္မွတ္ေရးထိုးမႈကို ေ႐ွ႕ေနမွ အေထာက္အထား ရယူထားသင့္ပါတယ္။ ထို႔သို႔အေထာက္အထား မရယူထားပါက ပိုင္ဆိုင္သူ ႏွစ္ဦးအနက္ တစ္ဦးမွ သတင္းစာေၾကျငာသည္ကို မသိ႐ွိ၊ သေဘာမတူေၾကာင္း အျငင္းပႊားမႈ ေပၚေပါက္ႏိုင္ပါသည္။ သတင္းစာေၾကျငာမည့္ ေ႐ွ႕ေနမွလဲ အေပၚစာႏွင့္ ေၾကျငာေစမည့္ အေၾကာင္းအရာအား ေရးသားကာ ၎လိုင္စင္မိတၱဴႏွင့္ ပူးတြဲၿပီး သတင္းစာတိုက္တြင္ ေၾကျငာထည့္သြင္းရန္ လိုပါသည္။ အစိုးရ သတင္းစာ တိုက္မွလဲ သတင္းစာေၾကျငာမႈျပဳသည့္အခါတိုင္း ၎ႏွင့္သက္ဆိုင္သည့္ ပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္းမ်ားအား စစ္ေဆးမည္ျဖစ္ကာ ပိုင္ဆိုင္မႈ ခိုင္မာမွသာ သတင္းစာေၾကျငာျခင္းကို ခြင့္ျပဳမည္ျဖစ္ေၾကာင္း ေရးသားေျဖဆို ေပးလိုက္ပါသည္။

 

ေမးခြန္း (၂) - ခြဲစိတ္ၿပီးေျမကို သီးျခားဂရန္ေလွ်ာက္ထားရင္ ဘာေတြလိုအပ္ပါသလဲ။

ေျမကြက္အား တရားဝင္ခြဲစိတ္မႈျပဳၿပီးပါက စည္ပင္သာယာေရး ေကာ္မတီမွ ၿမိဳ႕ျပႏွင့္ ေျမယာ စီမံခန္႔ ခြဲမႈဌာနမွ သက္တမ္းမကုန္ေသးေသာ ေျမငွားဂရန္ျဖစ္ပါက ေျမငွားဂရန္ခြဲ စာအုပ္မ်ားအား ထုတ္ေပးျခင္း ျပဳႏိုင္ပါသည္။

ေျမကြက္အား ခြဲစိတ္မႈျပဳၿပီးေၾကာင္း အေထာက္အထား စာ႐ြက္စာတမ္းမ်ားအေနျဖင့္ ေျမကြက္ခြဲစိတ္ အတည္ျပဳပုံစံ ခြင့္ျပဳခ်က္(၁)စုံ၊ ေျမကြက္ ခြဲစိတ္တိုင္းတာျခင္း ေျမပုံကို ဌာနသို႔ တင္ျပေပးရန္ လိုပါသည္။ ထို႔ျပင္ ေျမကြက္အတြက္ ခြဲစိတ္ဂရန္ခြဲမ်ား ေလွ်ာက္ထားသည့္အခါတိုင္း

- မူလ ေျမငွားစာခ်ဳပ္ဂရန္ - မွတ္ပုံတင္စာခ်ဳပ္စာတမ္းမ်ား - တရား႐ုံးအမိန္႔တစ္ရပ္ရပ္ျဖင့္ ပိုင္ဆိုင္ျခင္းျဖစ္ပါက အဆိုပါ စီရင္ခ်က္၊ အမိန္႔ႏွင့္ ဒီကရီ

- ေလွ်ာက္ထားသူ၏ မွတ္ပုံတင္ကတ္ျပား - ေျမငွားခ ေႂကြးက်န္ကင္း႐ွင္းေၾကာင္း ေထာက္ခံ ခ်က္(သို႔) ေနာက္ဆုံးေပးေဆာင္ထားေသာ ေျမငွားခေျပစာတို႔ျဖင့္ ပူးတြဲတင္ျပေပးရန္ လိုပါသည္။

ဌာနမွ ေလွ်ာက္လႊာလက္ခံရ႐ွိပါက မူရင္းႏွင့္မိတၱဴ တိုက္ဆိုင္စစ္ေဆးမႈျပဳၿပီး ဂရန္ခြဲ ဝန္ေဆာင္ခႏွင့္ ေျမငွားဂရန္ စာအုပ္ဖိုးမ်ား အား ေပးသြင္းေစမည္ျဖစ္ပါသည္။ ဂရန္ခြဲ ေလွ်ာက္ထားျခင္းမွာ မူလအမည္ေပါက္ ကိုယ္တိုင္မွ ေလွ်ာက္ထားျခင္းမဟုတ္ပါက ေလွ်ာက္ထားသူအား အမည္ေျပာင္းဝန္ေဆာင္ခပါ ထပ္မံေပးသြင္း ေစမည္ ျဖစ္ပါသည္။

ဂရန္ခြဲ ေျမငွားစာခ်ဳပ္မ်ား မခ်ဳပ္ဆိုခင္ အဆိုပါေျမမွာ ခြဲစိတ္ဂရန္ပါ အတိုင္းအတာႏွင့္ ေျမျပင္ ကိုက္ညီ မႈ႐ွိမ႐ွိ ဌာနမွ ေျမျပင္ကြင္းဆင္းစစ္ေဆးျခင္းလဲ ေဆာင္႐ြက္ႏိုင္ပါတယ္။ အမည္ေပါက္ကိုယ္တိုင္ ခြဲစိတ္ဂရန္ ေလွ်ာက္ထားျခင္းမဟုတ္ပါဘဲ မွတ္ပုံတင္စာခ်ဳပ္ျဖင့္ အေရာင္းအဝယ္ျပဳ ပိုင္ဆိုင္သူမွ ေလွ်ာက္ထားျခင္းျဖစ္ ပါက သတ္မွတ္ရက္အတြင္း ကန္႔ကြက္ျခင္း႐ွိမ႐ွိ ဌာနမွ သတင္းစာေၾကျငာမႈ ျပဳေစမည္ျဖစ္ပါသည္။

အေထာက္အထားမ်ား ခိုင္မာမႈ႐ွိမွသာ သတ္မွတ္တံဆိပ္ေခါင္းခြန္ အထူးကပ္တံဆိပ္ေခါင္းကပ္ကာ ေျမငွားစာခ်ဳပ္အား လက္မွတ္ေရးထိုးျခင္းတို႔ ေဆာင္႐ြက္ေစမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - မွတ္ပုံမတင္မေနရတဲ့ စာခ်ဳပ္အမ်ိဳးအစားေတြကို ေဖာ္ျပပါ။

ေသတမ္းစာမွတစ္ပါး အျခားစာခ်ဳပ္မ်ားကို ခ်ဳပ္ဆိုၿပီး ေန႔ရက္မွ ရက္ေပါင္း(၁၂၀)အတြင္း မွတ္ပုံတင္ ရန္ အဆိုပါစာခ်ဳပ္ႏွင့္ သက္ဆိုင္သူမွ မွတ္ပုံတင္အရာ႐ွိထံ တင္ျပရမည္ျဖစ္ပါသည္။ တရား႐ုံးအမိန္႔ အႏိုင္ဒီက ရီအား မွတ္ပုံတင္လိုပါကလဲ သတ္မွတ္ရက္မွ ရက္ေပါင္း (၁၂၀)အတြင္း မွတ္ပုံတင္သြင္းရမည္ျဖစ္ကာ သတ္ မွတ္ရက္ေက်ာ္လြန္ပါက ဒဏ္ေၾကးေပးေဆာင္ရမည္ ျဖစ္ပါသည္။

မွတ္ပုံတင္မည့္စာခ်ဳပ္စာတမ္းသည္ ျမန္မာစာျဖင့္ ေရးသားရမည္ျဖစ္ကာ ျမန္မာစာျဖင့္ ခ်ဳပ္ဆိုျခင္း မဟုတ္ပါက ႏိုႀတီပဗၸလစ္မွ ဘာသာျပန္ခ်က္ကို မွန္ကန္ေၾကာင္း လက္မွတ္ေရးထိုးရမည္ျဖစ္ပါသည္။ အသိ သက္ေသမ်ားစုံလင္စြာ လက္မွတ္ေရးထိုးရမည္ျဖစ္ကာ ျပင္ရာဖ်က္ရာမ်ား႐ွိက စာခ်ဳပ္ခ်ဳပ္ဆိုသူမ်ား လက္မွတ္ တို ေရးထိုးရမည္။

စာခ်ဳပ္တြင္ အမ်ိဳးအစား၊ တည္ေနရာ၊ ပုံသာန္ အ႐ြယ္အစားမ်ားအား ေသခ်ာ႐ွင္းလင္းစြာ ေဖာ္ျပရ မည္ျဖစ္ကာ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းျဖစ္ပါက စည္ပင္သာယာေရးေကာ္မတီ၊ၿမိဳ႕ျပႏွင့္ ေျမယာစီမံခန္႔ ခြဲမႈဌာနမွ (၁)ႏွစ္အတြင္း ထုတ္ေပးထားေသာ ေျမပုံအား ပူးတြဲတင္ျပရမည္ျဖစ္ပါသည္။

စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္ဥပေဒ အခန္း(၄)၊ ပုဒ္မ- ၁၆ အရ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းကို အပိုင္ေပးအပ္ျခင္းျပဳသည့္ စာခ်ဳပ္စာတမ္းမ်ားမွာ မျဖစ္မေနမွတ္ပုံတင္ရမည္ျဖစ္ပါသည္။

မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္း (သို႔) ၎ႏွင့္ စပ္ဆက္ေသာ တန္ဘိုးေငြ (၁)သိန္းႏွင့္ အထက္႐ွိသည့္ ပစၥည္းမ်ားအား ေရာင္းခ်ျခင္း အက်ိဳးခံစားခြင့္အတြက္ ေၾကညာျခင္း၊ လႊဲအပ္ျခင္း၊ ကန္႔သတ္ျခင္း၊ စြန္႔လႊတ္ ျခင္း၊ ဖ်က္သိမ္းျခင္း ကိစၥရပ္မ်ားတြင္ သတ္မွတ္တံဆိပ္ေခါင္းခြန္မ်ား ထမ္းေဆာင္ကာ မွတ္ပုံတင္ျခင္း ေဆာင္ ႐ြက္ရမွာျဖစ္ပါသည္။

ထို႔ျပင္ ေငြက်ပ္ (၁)သိန္းႏွင့္ အထက္႐ွိေသာ ေပါင္ႏွံျခင္း၊ ေငြေခ်းျခင္းမ်ား၊ ပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္း မ်ားအား အပ္ႏွံျခင္းမ်ားတြင္ မျဖစ္မေန မွတ္ပုံတင္ျခင္း ေဆာင္႐ြက္မွ စာခ်ဳပ္ပါအတိုင္း ပိုင္ဆိုင္မႈအတြက္ ေျဖ ႐ွင္းေဆာင္႐ြက္၍ ရမည္ျဖစ္ပါသည္။

ငွားျခင္းစာခ်ဳပ္မ်ားတြင္ ႏွစ္အလိုက္ငွားရမ္းျခင္း၊ တစ္ႏွစ္ထက္ပို၍ ငွားရမ္းျခင္း၊ တစ္ႏွစ္ၿပီးတစ္ႏွစ္ ငွားရမ္းျခင္းမ်ားတြင္ ငွားရမ္းျခင္းစာခ်ဳပ္အား မွတ္ပုံတင္ရန္လိုပါသည္။

ကုမၸဏီအသင္းအဖြဲ႕မ်ားႏွင့္ သက္ဆိုင္ေသာ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားအားလဲ အျငင္းပႊားမႈမ်ား မေပၚေပါက္ေစရန္ မွတ္ပုံတင္စာခ်ဳပ္စာတမ္းမ်ား ျပဳလုပ္ခ်ဳပ္ဆိုရန္ လိုအပ္ပါသည္။

ေမတၱာျဖင့္ အပိုင္ေပးကမ္းျခင္း စာခ်ဳပ္မ်ားအား မွတ္ပုံတင္စာခ်ဳပ္မ်ားခ်ဳပ္ဆိုျခင္း ကဲ့သို႔ပင္ ကိတၱိမ သားသမီးေမြးစားျခင္းမ်ားတြင္ တရားဝင္အေမြဆက္ခံအခြင့္အေရး ရ႐ွိေစရန္ မွတ္ပုံတင္ရန္ လိုအပ္ပါသည္။

စာခ်ဳပ္စာတမ္းဥပေဒ ပုဒ္မ-၁၇ အရ ေငြက်ပ္ (၁)သိန္းေအာက္ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ား ေရာင္းခ်ျခင္း၊ လႊဲအပ္ျခင္း၊ ကန္႔သတ္ျခင္း၊ စြန္႔လႊတ္ျခင္း၊ ဖ်က္သိမ္းျခင္း စာခ်ဳပ္စာတမ္းမ်ား၊ ေငြ(၁)သိန္း ေအာက္ ေပါင္ႏွံျခင္း စာခ်ဳပ္စာတမ္းမ်ား၊ တစ္ႏွစ္ထက္မပိုေသာ ငွားရမ္းျခင္းစာခ်ဳပ္မ်ား၊ေသတမ္းစာ၊ မိသားစု စီမံစာခ်ဳပ္မ်ား၊တရား ႐ုံးအမိန္႔၊ဒီကရီမ်ား၊ အႏုညာတ ခုံလူႀကီး ဆုံးျဖတ္ခ်က္မ်ား၊ မွတ္ပုံတင္လိုက တင္ႏိုင္ ေသာ စာခ်ဳပ္စာတမ္းမ်ား အျဖစ္ သတ္မွတ္ထားေၾကာင္း ေရးသား ေျဖဆိုေပးလိုက္ရပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

sales-gallery
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service