ကမ္ဘာတစ်ဝန်းမှ ခြောက်ခြားဖွယ် စွန့်ပစ်ခံ မိုးမျှော်တိုက်ကြီးများ

ကမ္ဘာတစ်ဝန်းမှ ခြောက်ခြားဖွယ် စွန့်ပစ်ခံ မိုးမျှော်တိုက်ကြီးများ - Property News in Myanmar from iMyanmarHouse.com
5 Jul 2024 1:32 pm တွင် တင်ခဲ့သည်
507 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၁။ Sterick အဆောက်အအုံကြီး

- အမေရိကန်ပြည် ၊ တင်နက်ဆီပြည်နယ်၊ မန်းဖစ်မြို့

Sterick အဆောက်အအုံကြီးသည် အမြင့် ၃၆၅ ပေ ရှိပြီး တချိန်က အမေရိကန်ပြည်တောင်ပိုင်းတွင် အမြင့်မားဆုံး ဖြစ်ခဲ့သည်။

ဗိသုကာပညာရှင် Wyatt C. Hedrick က ဂေါ့သစ် ရီဗိုက်ဗယ်ဗိသုကာဟန်ဖြင့် ဒီဇိုင်းရေးဆွဲပေးခဲ့ကာ ၁၉၃၀ ပြည့်နှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

၁၉၇၀ ပြည့်နှစ်အတွင်း ပိုင်ရှင်များမှာ ငွေကြေးအကျပ်အတည်း ကြုံခဲ့ပြီးနောက် မွမ်းမံထိန်းသိမ်းမှုဆိုင်ရာ ပြဿနာများစွာ မဖြေရှင်းနိုင်ဘဲ ရှိနေခဲ့သည်။

ဓာတ်လှေကားကြိုးများ ချို့ယွင်းမှုမှသည် ရေပန့်မကောင်းခြင်းအထိ ပြဿနာမျိုးစုံကို မဖြေရှင်းနိုင်ခဲ့ရာ ငှားရမ်းထားသူများ ရွှေ့ပြောင်းသွားခဲ့ကြသည်။

ဤအဆောက်အအုံကြီးကို အကြိမ်ကြိမ်အရောင်းအဝယ် လုပ်ခဲ့သော်လည်း ပြန်လည် အသက်ဝင်လာစေရန် မည်သူကမှ အချိန်နှင့်ငွေ ရင်းနှီးမြှုပ်နှံခဲ့ခြင်း မရှိချေ။

၂။ Burj el Murr တာဝါ

- လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့

(ဓာတ်ပုံ-Eric Lafforgue)

Burj el Murr တာဝါကို ဒေသခံတို့က ခါးသီးမှုတာဝါဟု အမည်ပေးထားကြသည်။

ဆောက်လုပ်မှု တဝက်တပျက်သာ ရှိနေသော ဤမိုးမျှော်တိုက်ကြီးသည် လက်ဘနွန်ပြည်တွင်းစစ်အား အမှတ်ရဖွယ်လည်း ဖြစ်သည်။

၁၉၇၅ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သော လက်ဘနွန်ပြည်တွင်းစစ်သည် Burj el Murr တာဝါ ဆောက်လုပ်မှုအား ရပ်ဆိုင်းသွားစေခဲ့သည်။

ပြည်တွင်းစစ်အတွင်း လက်ဖြောင့် သေနတ်သမားတို့က ဤအဆောက်အအုံကြီးပေါ်တွင် နေရာယူကာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

ယနေ့ကာလတွင် Burj el Murr တာဝါကြီးမှာ ဆောက်လုပ်မှု တဝက်တပျက်ဖြင့် လူသူကင်းမဲ့လျက် ရှိသည်။

၃။ Goldin Finance 117

- တရုတ်ပြည်၊ ထျန်ကျင်းမြို့

(ဓာတ်ပုံ-Stringer)

Goldin Finance 117 ဟုအမည်ပေးထားသော မိုးမျှော်တိုက်ကြီးသည် ၂၀၁၅ ခုနှစ်တွင် ၁၉၅၉ ပေ အမြင့်အထိ ဆောက်လုပ်ခဲ့ပြီးနောက် ဆောက်လုပ်မှု ရပ်ဆိုင်းသွားခဲ့သည်။

ထိုကာလက ကမ္ဘာပေါ်တွင် ပဉ္စမမြောက်အမြင့်မားဆုံး အဆောက်အအုံဖြစ်ခဲ့သည်။

သို့သော် ဆောက်လုပ်သော Developer မှာ ဘဏ္ဍာရေးအကျပ်ဆိုက်ခဲ့ပြီးနောက် ဆောက်လုပ်မှု အပြီးမသတ်ခဲ့ဘဲ လူသူကင်းမဲ့သော အဆောက်အအုံကြီးအဖြစ်သာ ရှိနေတော့သည်။

၄။ Sathorn Unique တာဝါ

- ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့

(ဓာတ်ပုံ-Stephen J.Boitano)

Sathorn Unique တာဝါကြီးသည် ဘန်ကောက်မြို့ရှိ စွန့်ပစ်ခံ မိုးမျှော်တိုက်ကြီးများအနက် အကျော်ကြားဆုံး ဖြစ်ပြီး စူးစမ်းလေ့လာသူတို့ သွားရောက်လေ့ရှိသော နေရာတစ်ခု ဖြစ်လာသည်။

၁၉၉၀ ပြည့်နှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၉၇ ခုနှစ်၌ ပေါ်ပေါက်ခဲ့သော အာရှဘဏ္ဍာရေးအကျပ်အတည်း ကာလတွင် ဆောက်လုပ်မှု ရပ်ဆိုင်းသွားခဲ့သည်။

အဆောက်အအုံကြီး၏ ဗိသုကာပညာရှင် Rangsan Torsuwan မှာ လုပ်ကြံသတ်ဖြတ်မှု တစ်ခုတွင် ပါဝင် ပတ်သက်ခဲ့ကြောင်း စွပ်စွဲခံရကာ ၁၉၉၃ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး ၂၀၁၀ ပြည့်နှစ်တွင် ပြန်လည် လွတ်မြောက် လာသည်။

ဖော်ပြပါ အခြေအနေများကြောင့် စီးပွားရေး တည်ငြိမ်သွားသည့် နောက်ပိုင်းတွင်ပင် အဆောက်အအုံ အပြီးသတ် ဆောက်လုပ်ရန် ရင်းနှီးမြှုပ်နှံမည့်သူများ ရှာဖွေရာတွင် အခက်ကြုံခဲ့သည်။

၅။ Ryugyong ဟိုတယ်

-မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့

(ဓာတ်ပုံ-Christian Petersen-Clausen)

အရပ်အခေါ်အားဖြင့် ကြမ္မာဆိုး ဟိုတယ်ဟု ခေါ်ကြသော Ryugyong ဟိုတယ် အဆောက်အအုံကြီးသည် မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့တော်တွင် ထီးထီးမားမားကြီး ရပ်လျက် ရှိသည်။

CNN သတင်းဌာန၏ ဖော်ပြချက်အရ အထပ်ပေါင်း ၁၀၅ ထပ် ပါဝင်ကာ ပေပေါင်း ၁၀၈၀ မြင့်မားသော ပိရမစ်ပုံ တာဝါကြီးကို စစ်အေးခေတ်ကာလအတွင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြသည်။

ထိုကာလက တောင်ကိုရီးယားနိုင်ငံ၏ အောင်မြင်မှု များစွာကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံ၏ အင်အားကို ပြသရန် ရည်ရွယ်ကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

၁၉၉၂ ခုနှစ်တွင် ရည်မှန်းထားသော အမြင့်ပေသို့ ရောက်ရှိခဲ့သော်လည်း ထိုဟိုတယ်ကြီးကို ယနေ့တိုင် ဖွင့်လှစ် နိုင်ခြင်း မရှိသေးချေ။

အပြင်ပိုင်းမှာ ပြီးစီးပုံရသော်လည်း အတွင်းပိုင်းမှာမူ ဆောက်လုပ်မှုများ ပြုလုပ်ရန် များစွာ လိုနေသေးသည်။

၆။ Turkish Restaurant ဟိုတယ်

-အီရတ်နိုင်ငံ ၊ ဘဂ္ဂဒက်မြို့

(ဓာတ်ပုံ-Ahmad Al-Rubaye)

ဒေသခံတို့က ဤဟိုတယ်ကြီးကို တူရကီ စားသောက်ဆိုင်ဟု ခေါ်ကြသည်။

ဟိုတယ်တွင် ဖွင့်ခဲ့ဖူးသော စားသောက်ဆိုင်ကို အစွဲပြုကာ ခေါ်ခြင်း ဖြစ်သည်။

၂၀၀၃ ခုနှစ်အတွင်း အမေရိကန်က အီရတ်ကို ကျူးကျော် တိုက်ခိုက်စဉ် ဤဟိုတယ်ကြီး ဗုံးကြဲ ခံခဲ့ရသည်။

ယင်းနောက်ပိုင်းကတည်းက လူသူကင်းမဲ့သွားခဲ့သည်။

၇။ Oceanwide ပလာဇာ

-အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့

(ဓာတ်ပုံ-Tayfun Coskun)

လော့စ်အိန်ဂျလိမြို့လယ်တွင် စွန့်ပစ်ခံ မိုးမျှော်တိုက်ကြီး ၃ ခုရှိပြီး ကမ္ဘာလှည့် ခရီးသည်တို့က စိတ်ဝင်စားကြ ကြောင်း NBC သတင်းဌာနက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဖော်ပြခဲ့သည်။

၂၀၁၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ဆောက်လုပ်သော Developer မှာ ဘဏ္ဍာရေး အကျပ်အတည်း ကြောင့် ၂၀၁၉ ခုနှစ်တွင် ဆောက်လုပ်မှု ရပ်ဆိုင်းသွားခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 7 Eerie Abandoned Skyscrapers Around the World (Yahoo)

Photo Credit- Eric Lafforgue, Stringer, Stephen J.Boitano,Tayfun Coskun, Ahmad Al-Rubaye, Christian Petersen-Clausen

[Zawgyi]

ကမၻာတစ္ဝန္းမွ ေျခာက္ျခားဖြယ္ စြန္႔ပစ္ခံ မိုးေမွ်ာ္တုိက္ၾကီးမ်ား

၁။ Sterick အေဆာက္အအံုၾကီး

- အေမရိကန္ျပည္ ၊ တင္နက္ဆီျပည္နယ္၊ မန္းဖစ္ျမိဳ႕ Sterick အေဆာက္အအံုၾကီးသည္ အျမင့္ ၃၆၅ ေပ ရွိျပီး တခ်ိန္က အေမရိကန္ျပည္ေတာင္ပိုင္းတြင္ အျမင့္မားဆံုး ျဖစ္ခဲ့သည္။

ဗိသုကာပညာရွင္ Wyatt C. Hedrick က ေဂါ့သစ္ ရီဗိုက္ဗယ္ဗိသုကာဟန္ျဖင့္ ဒီဇိုင္းေရးဆြဲေပးခဲ့ကာ ၁၉၃၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ျပီးစီးခဲ့သည္။

၁၉၇၀ ျပည့္ႏွစ္အတြင္း ပိုင္ရွင္မ်ားမွာ ေငြေၾကးအက်ပ္အတည္း ၾကံဳခဲ့ျပီးေနာက္ မြမ္းမံထိန္းသိမ္းမႈဆိုင္ရာ ျပႆနာမ်ားစြာ မေျဖရွင္းႏိုင္ဘဲ ရွိေနခဲ့သည္။

ဓာတ္ေလွကားၾကိဳးမ်ား ခ်ဳိ႕ယြင္းမႈမွသည္ ေရပန္႔မေကာင္းျခင္းအထိ ျပႆနာမ်ဳိးစံုကို မေျဖရွင္းႏိုင္ခဲ့ရာ ငွားရမ္းထားသူမ်ား ေရႊ႕ေျပာင္းသြားခဲ့ၾကသည္။

ဤအေဆာက္အအံုၾကီးကို အၾကိမ္ၾကိမ္အေရာင္းအဝယ္ လုပ္ခဲ့ေသာ္လည္း ျပန္လည္ အသက္ဝင္လာေစရန္ မည္သူကမွ အခ်ိန္ႏွင့္ေငြ ရင္းႏီွးျမွဳပ္ႏွံခဲ့ျခင္း မရွိေခ်။

၂။ Burj el Murr တာဝါ

-လက္ဘႏြန္ႏိုင္ငံ၊ ေဘရြတ္ျမဳိ႕ (ဓာတ္ပံု-Eric Lafforgue) Burj el Murr တာဝါကို ေဒသခံတို႔က ခါးသီးမႈတာဝါဟု အမည္ေပးထားၾကသည္။

ေဆာက္လုပ္မႈ တဝက္တပ်က္သာ ရွိေနေသာ ဤမိုးေမွ်ာ္တိုက္ၾကီးသည္ လက္ဘႏြန္ျပည္တြင္းစစ္အား အမွတ္ရဖြယ္လည္း ျဖစ္သည္။

၁၉၇၅ ခုႏွစ္တြင္ စတင္ျဖစ္ပြားခဲ့ေသာ လက္ဘႏြန္ျပည္တြင္းစစ္သည္ Burj el Murr တာဝါ ေဆာက္လုပ္မႈအား ရပ္ဆိုင္းသြားေစခဲ့သည္။

ျပည္တြင္းစစ္အတြင္း လက္ေျဖာင့္ ေသနတ္သမားတို႔က ဤအေဆာက္အအုံၾကီးေပၚတြင္ ေနရာယူကာ ပစ္ခတ္မႈမ်ား ျပဳလုပ္ခဲ့သည္။

ယေန႔ကာလတြင္ Burj el Murr တာဝါၾကီးမွာ ေဆာက္လုပ္မႈ တဝက္တပ်က္ျဖင့္ လူသူကင္းမဲ့လ်က္ ရွိသည္။

၃။ Goldin Finance 117

- တရုတ္ျပည္၊ ထ်န္က်င္းျမိဳ႕

(ဓာတ္ပံု-Stringer)

Goldin Finance 117 ဟုအမည္ေပးထားေသာ မိုးေမွ်ာ္တိုက္ၾကီးသည္ ၂၀၁၅ ခုႏွစ္တြင္ ၁၉၅၉ ေပ အျမင့္အထိ ေဆာက္လုပ္ခဲ့ျပီးေနာက္ ေဆာက္လုပ္မႈ ရပ္ဆိုင္းသြားခဲ့သည္။

ထုိကာလက ကမၻာေပၚတြင္ ပဥၥမေျမာက္အျမင့္မားဆံုး အေဆာက္အအံုျဖစ္ခဲ့သည္။

သို႔ေသာ္ ေဆာက္လုပ္ေသာ Developer မွာ ဘ႑ာေရးအက်ပ္ဆိုက္ခဲ့ျပီးေနာက္ ေဆာက္လုပ္မႈ အျပီးမသတ္ခဲ့ဘဲ လူသူကင္းမဲ့ေသာ အေဆာက္အအံုၾကီးအျဖစ္သာ ရွိေနေတာ့သည္။

၄။ Sathorn Unique တာဝါ

- ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ျမိဳ႕

(ဓာတ္ပံု-Stephen J.Boitano)

Sathorn Unique တာဝါၾကီးသည္ ဘန္ေကာက္ျမိဳ႕ရွိ စြန္႔ပစ္ခံ မိုးေမွ်ာ္တိုက္ၾကီးမ်ားအနက္ အေက်ာ္ၾကားဆံုး ျဖစ္ျပီး စူးစမ္းေလ့လာသူတုိ႔ သြားေရာက္ေလ့ရွိေသာ ေနရာတစ္ခု ျဖစ္လာသည္။

၁၉၉၀ ျပည့္ႏွစ္တြင္ စတင္ေဆာက္လုပ္ခဲ့ျပီး ၁၉၉၇ ခုႏွစ္၌ ေပၚေပါက္ခဲ့ေသာ အာရွဘ႑ာေရးအက်ပ္အတည္း ကာလတြင္ ေဆာက္လုပ္မႈ ရပ္ဆိုင္းသြားခဲ့သည္။

အေဆာက္အအံုၾကီး၏ ဗိသုကာပညာရွင္ Rangsan Torsuwan မွာ လုပ္ၾကံသတ္ျဖတ္မႈ တစ္ခုတြင္ ပါဝင္ ပတ္သက္ခဲ့ေၾကာင္း စြပ္စြဲခံရကာ ၁၉၉၃ ခုႏွစ္တြင္ ဖမ္းဆီးခံခဲ့ရျပီး ၂၀၁၀ ျပည့္ႏွစ္တြင္ ျပန္လည္ လြတ္ေျမာက္ လာသည္။

ေဖာ္ျပပါ အေျခအေနမ်ားေၾကာင့္ စီးပြားေရး တည္ျငိမ္သြားသည့္ ေနာက္ပိုင္းတြင္ပင္ အေဆာက္အအံု အျပီးသတ္ ေဆာက္လုပ္ရန္ ရင္းႏွီးျမွဳပ္ႏွံမည့္သူမ်ား ရွာေဖြရာတြင္ အခက္ၾကံဳခဲ့သည္။

၅။ Ryugyong ဟိုတယ္

-ေျမာက္ကိုရီးယားႏိုင္ငံ၊ ျပံဳယမ္းျမိဳ႕

(ဓာတ္ပံု-Christian Petersen-Clausen)

အရပ္အေခၚအားျဖင့္ ၾကမၼာဆိုး ဟိုတယ္ဟု ေခၚၾကေသာ Ryugyong ဟိုတယ္ အေဆာက္အအံုၾကီးသည္ ေျမာက္ကိုရီးယားႏိုင္ငံ၊ ျပံဳယမ္းျမိဳ႕ေတာ္တြင္ ထီးထီးမားမားၾကီး ရပ္လ်က္ ရွိသည္။

CNN သတင္းဌာန၏ ေဖာ္ျပခ်က္အရ အထပ္ေပါင္း ၁၀၅ ထပ္ ပါဝင္ကာ ေပေပါင္း ၁၀၈၀ ျမင့္မားေသာ ပိရမစ္ပံု တာဝါၾကီးကို စစ္ေအးေခတ္ကာလအတြင္း ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္ဟု ေဖာ္ျပသည္။

ထိုကာလက ေတာင္ကိုရီးယားႏိုင္ငံ၏ ေအာင္ျမင္မႈ မ်ားစြာကို တံု႔ျပန္သည့္အေနျဖင့္ ႏိုင္ငံ၏ အင္အားကို ျပသရန္ ရည္ရြယ္ကာ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

၁၉၉၂ ခုႏွစ္တြင္ ရည္မွန္းထားေသာ အျမင့္ေပသို႔ ေရာက္ရွိခဲ့ေသာ္လည္း ထိုဟိုတယ္ၾကီးကို ယေန႔တုိင္ ဖြင့္လွစ္ ႏိုင္ျခင္း မရွိေသးေခ်။

အျပင္ပိုင္းမွာ ျပီးစီးပံုရေသာ္လည္း အတြင္းပိုင္းမွာမူ ေဆာက္လုပ္မႈမ်ား ျပဳလုပ္ရန္ မ်ားစြာ လိုေနေသးသည္။

၆။ Turkish Restaurant ဟိုတယ္

-အီရတ္ႏိုင္ငံ ၊ ဘဂၢဒက္ျမဳိ႕

(ဓာတ္ပံု-Ahmad Al-Rubaye)

ေဒသခံတို႔က ဤဟိုတယ္ၾကီးကို တူရကီ စားေသာက္ဆိုင္ဟု ေခၚၾကသည္။

ဟိုတယ္တြင္ ဖြင့္ခဲ့ဖူးေသာ စားေသာက္ဆုိင္ကို အစြဲျပဳကာ ေခၚျခင္း ျဖစ္သည္။

၂၀၀၃ ခုႏွစ္အတြင္း အေမရိကန္က အီရတ္ကို က်ဴးေက်ာ္ တုိက္ခိုက္စဥ္ ဤဟုိတယ္ၾကီး ဗံုးၾကဲ ခံခဲ့ရသည္။

ယင္းေနာက္ပိုင္းကတည္းက လူသူကင္းမဲ့သြားခဲ့သည္။

၇။ Oceanwide ပလာဇာ

-အေမရိကန္ျပည္၊ ကယ္လီဖုိးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕

(ဓာတ္ပံု-Tayfun Coskun)

ေလာ့စ္အိန္ဂ်လိျမဳိ႕လယ္တြင္ စြန္႔ပစ္ခံ မိုးေမွ်ာ္တိုက္ၾကီး ၃ ခုရွိျပီး ကမၻာလွည့္ ခရီးသည္တုိ႔က စိတ္ဝင္စားၾက ေၾကာင္း NBC သတင္းဌာနက ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္း ေဖာ္ျပခဲ့သည္။

၂၀၁၅ ခုႏွစ္တြင္ စတင္ေဆာက္လုပ္ခဲ့ျပီး ေဆာက္လုပ္ေသာ Developer မွာ ဘ႑ာေရး အက်ပ္အတည္း ေၾကာင့္ ၂၀၁၉ ခုႏွစ္တြင္ ေဆာက္လုပ္မႈ ရပ္ဆိုင္းသြားခဲ့သည္။

Ref: 7 Eerie Abandoned Skyscrapers Around the World (Yahoo)

Photo Credit- Eric Lafforgue, Stringer, Stephen J.Boitano,Tayfun Coskun, Ahmad Al-Rubaye, Christian Petersen-Clausen

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
MIngalardon Garden City
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service