နာမကျန်းဖြစ်ချိန်တွင် သားသမီးများ လုံးဝမလာသောကြောင့် ကြောင်နှင့် ခွေးများအတွက်သာ ယွမ်ငွေ သန်း ၂၀ (ဒေါ်လာ ၄ ဒသမ ၃ သန်း) အမွေပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး

နာမကျန်းဖြစ်ချိန်တွင် သားသမီးများ လုံးဝမလာသောကြောင့် ကြောင်နှင့် ခွေးများအတွက်သာ ယွမ်ငွေ သန်း ၂၀ (ဒေါ်လာ ၄ ဒသမ ၃ သန်း) အမွေပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး - Property News in Myanmar from iMyanmarHouse.com
3 Jul 2024 12:08 pm တွင် တင်ခဲ့သည်
553 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်မှ အသက်ကြီးပိုင်း အမျိုးသမီးကြီးတစ်ဦးသည် အိုမင်းမစွမ်းရှိကာ နာမကျန်းဖြစ်ချိန်တွင်ပင် သားသမီးများ လုံးဝမလာသောကြောင့် ၎င်းပိုင်ဆိုင်သော ဒေါ်လာ ၄ ဒသမ ၃ သန်းရှိ ပိုင်ဆိုင်မှုများကို သူမ၏ ကြောင်များနှင့် ခွေးများအတွက်သာ အမွေပေးခဲ့ရန် ဆုံးဖြတ်ခဲ့သည်။

မိသားစုမျိုးရိုးအမည် လျူဟုသာ သိရသော ရှန်ဟိုင်းမြို့နေ အမျိုးသမီးကြီးသည် သူမ၏ သေတမ်းစာတွင် သားသမီး ၃ ဦး အမွေမပေးဘဲ ချန်လှပ်ထားခဲ့ပြီး အိမ်မွေး တိရ စ္ဆာန်ကလေးများအတွက်သာ ယွမ်ငွေ သန်း ၂၀ အမွေပေးရန် စီစဉ်ခဲ့သည်။

သူမ အိုမင်းမစွမ်းရှိချိန်တွင် ထိုအိမ်မွေးတိရ စ္ဆာန်ကလေးများသည်သာ နှစ်သိမ့်စရာဖြစ်ခဲ့ကြောင်း South China Morning Post သတင်းဌာနက ဖော်ပြသည်။

မစ္စက် လျူသည် လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ရေးသားခဲ့သော သေတမ်းစာတွင်မူ သားသမီး ၃ ဦးအား ငွေနှင့် အိမ်ခြံမြေများ ပေးမည်ဟု ရေးသားခဲ့သော်လည်း ပြုစုစောင့်ရှောက်ရန် လာရောက်ကြခြင်း မရှိသည့် အပြင် အဆက်အသွယ် မလုပ်သလောက်နီးပါးဖြစ်သောကြောင့် ဆုံးဖြတ်ချက် ပြောင်းလိုက်ခြင်း ဖြစ်သည်။

(ကြောင်ကလေးများနှင့် ခွေးများသာ သူ့အဖော်ဖြစ်ခဲ့သည်။)

သူ၏ သေတမ်းစာတွင် ဖော်ပြချက်အရ မိမိပိုင်သောငွေအားလုံးကို အိမ်မွေးတိရ စ္ဆာန်ကလေးများနှင့် ၎င်းတို့မှ ပေါက်ဖွားလာသော သားဆက်များကို ပြုစုစောင့်ရှောက်ရန်အတွက်သာ အသုံးပြုရမည်ဖြစ်ကြောင်း ဖော်ပြထား သည်။

ဒေသတွင်း တိရ စ္ဆာန်ကု ဆေးခန်းတစ်ခုကို သူ၏ အမွေထိန်းအဖြစ် ထားရစ်ခဲ့ပြီး အမွေထိန်းသိမ်းရေးနှင့် သူ၏ တိရ စ္ဆာန်လေးများအား စောင့်ရှောက်ရေး တာဝန်များ လွှဲအပ်ခဲ့သည်။

မစ္စက်လျူက ပိုင်ဆိုင်မှု အားလုံးကို တိရ စ္ဆာန်လေးများအား တိုက်ရိုက်အမွေပေးခဲ့လိုသော်လည်း ထိုသို့ လုပ်ဆောင်ခြင်းမှာ တရုတ်ပြည်တွင် တရားမဝင်ကြောင်း ပေကျင်းမြို့အခြေစိုက် သေတမ်းစာမှတ်ပုံတင်ဌာန ရုံးချုပ်မှ အရာရှိတစ်ဦးက ပြောသည်ဟု South China Morning Post သတင်းဌာနက ဖော်ပြသည်။

“ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှိပါတယ်” ဟု သေတမ်းစာ မှတ်ပုံတင်ဌာနရုံးအရာရှိ Chen Kai က ပြောသည်။

“တိရ စ္ဆာန်ဆေးခန်းဟာ အိမ်မွေးတိရ စ္ဆာန်လေးတွေကို တကယ်ဂရုစိုက်ပေးရဲ့လားဆိုတာ မစ္စက်လျူအနေနဲ့ သူယုံကြည်ရသူတစ်ဦးကို စောင့်ကြည့်ကွပ်ကဲပေးရေး ခန့်အပ်ထားဖို့ ကျွန်တော်တို့ အကြံပေးခဲ့ပါတယ်” ဟု Chen Kai က ဆက်လက်ပြောကြားသည်။

(မစ္စက်လျူ၏ ဖြစ်ရပ်မှာ အွန်လိုင်းတွင် အပြန်အလှန် ဝေဖန်ဆွေးနွေးမှုများ ပေါ်ပေါက်စေခဲ့သည်။ )

သေတမ်းစာမှတ်ပုံတင်ဌာနမှ အခြားအရာရှိတစ်ဦးကလည်း တိရ စ္ဆာန်ကု ဆေးခန်း၏ လက်ထဲသို့ ငွေအကုန်ပေးခဲ့ခြင်းမှာ အန္တရာယ်များကြောင်း မစ္စက်လျူအား သတိပေးခဲ့သည်။

“သူ့သားသမီးတွေက မိခင်အပေါ် ဆက်ဆံပုံ ပြောင်းလဲလာတဲ့အခါ သေတမ်းစာကို ပြန်ပြီး ရေးချင်ရင် ရေးလို့ ရပါတယ်လို့ အန်တီလျူကို ကျွန်တော်တို့ ပြောခဲ့ပါတယ်” ဟုလည်း အဆိုပါအရာရှိက ပြောသည်။

၂၀၂၀ ပြည့်နှစ်အတွင်းကလည်း အမေရိကန်ပြည်၊ တင်နက်ဆီပြည်နယ်မှ လူကုံထံတစ်ဦးက ဗြိတိန် Border Collie ခွေးမျိုးစိတ်ဝင် ခွေးလေး Lulu အတွက် ကန်ဒေါ်လာ ၅ သန်း အမွေချန်ရစ်ခဲ့သည်။

ထို့အပြင် ကမ္ဘာကျော် ဗြိတိန်ဖက်ရှင်ဒီဇိုင်နာ အလက်ဇန္ဒြား မက်ကွင်းကလည်း သူချစ်ရသော ခွေးကလေးများ ဖြစ်သည့် Minter, Juice နှင့် Callum တို့အတွက် ကန်ဒေါ်လာ ၉၇၀၀၀ အမွေပေးခဲ့သည်။

အလက်ဇန္ဒြားမက်ကွင်းသည် ၂၀၁၀ ပြည့်နှစ်တွင် ကွယ်လွန်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese woman leaves $4.3 million to cats and dogs because children never visited when she was sick (news)

Photo Credit- iStock

[Zawgyi]

နာမက်န္းျဖစ္ခ်ိန္တြင္ သားသမီးမ်ား လံုးဝမလာေသာေၾကာင့္ ေၾကာင္ႏွင့္ ေခြးမ်ားအတြက္သာ ယြမ္ေငြ သန္း ၂၀ (ေဒၚလာ ၄ ဒသမ ၃ သန္း) အေမြေပးခဲ့ေသာ တရုတ္ျပည္က အမ်ဳိးသမီးၾကီး

တရုတ္ျပည္မွ အသက္ၾကီးပိုင္း အမ်ဳိးသမီးၾကီးတစ္ဦးသည္ အိုမင္းမစြမ္းရွိကာ နာမက်န္းျဖစ္ခ်ိန္တြင္ပင္ သားသမီးမ်ား လံုးဝမလာေသာေၾကာင့္ ၎ပိုင္ဆိုင္ေသာ ေဒၚလာ ၄ ဒသမ ၃ သန္းရွိ ပိုင္ဆိုင္မႈမ်ားကို သူမ၏ ေၾကာင္မ်ားႏွင့္ ေခြးမ်ားအတြက္သာ အေမြေပးခဲ့ရန္ ဆံုးျဖတ္ခဲ့သည္။

မိသားစုမ်ဳိးရိုးအမည္ လ်ဴဟုသာ သိရေသာ ရွန္ဟိုင္းျမိဳ႕ေန အမ်ဳိးသမီးၾကီးသည္ သူမ၏ ေသတမ္းစာတြင္ သားသမီး ၃ ဦး အေမြမေပးဘဲ ခ်န္လွပ္ထားခဲ့ျပီး အိမ္ေမြး တိရ စၦာန္ကေလးမ်ားအတြက္သာ ယြမ္ေငြ သန္း ၂၀ အေမြေပးရန္ စီစဥ္ခဲ့သည္။ သူမ အိုမင္းမစြမ္းရွိခ်ိန္တြင္ ထိုအိမ္ေမြးတိရ စၦာန္ကေလးမ်ားသည္သာ ႏွစ္သိမ့္စရာျဖစ္ခဲ့ေၾကာင္း South China Morning Post သတင္းဌာနက ေဖာ္ျပသည္။

မစၥက္ လ်ဴသည္ လြန္ခဲ့ေသာႏွစ္အနည္းငယ္ခန္႔က ေရးသားခဲ့ေသာ ေသတမ္းစာတြင္မူ သားသမီး ၃ ဦးအား ေငြႏွင့္ အိမ္ျခံေျမမ်ား ေပးမည္ဟု ေရးသားခဲ့ေသာ္လည္း ျပဳစုေစာင့္ေရွာက္ရန္ လာေရာက္ၾကျခင္း မရွိသည့္ အျပင္ အဆက္အသြယ္ မလုပ္သေလာက္နီးပါးျဖစ္ေသာေၾကာင့္ ဆံုးျဖတ္ခ်က္ ေျပာင္းလိုက္ျခင္း ျဖစ္သည္။

(ေၾကာင္ကေလးမ်ားႏွင့္ ေခြးမ်ားသာ သူ႔အေဖာ္ျဖစ္ခဲ့သည္။ ဓာတ္ပံု-iStock)

သူ၏ ေသတမ္းစာတြင္ ေဖာ္ျပခ်က္အရ မိမိပိုင္ေသာေငြအားလံုးကို အိမ္ေမြးတိရ စၦာန္ကေလးမ်ားႏွင့္ ၎တို႔မွ ေပါက္ဖြားလာေသာ သားဆက္မ်ားကို ျပဳစုေစာင့္ေရွာက္ရန္အတြက္သာ အသံုးျပဳရမည္ျဖစ္ေၾကာင္း ေဖာ္ျပထား သည္။

ေဒသတြင္း တိရ စၦာန္ကု ေဆးခန္းတစ္ခုကို သူ၏ အေမြထိန္းအျဖစ္ ထားရစ္ခဲ့ျပီး အေမြထိန္းသိမ္းေရးႏွင့္ သူ၏ တိရ စၦာန္ေလးမ်ားအား ေစာင့္ေရွာက္ေရး တာဝန္မ်ား လႊဲအပ္ခဲ့သည္။

မစၥက္လ်ဴက ပိုင္ဆိုင္မႈ အားလံုးကို တိရ စၦာန္ေလးမ်ားအား တိုက္ရိုက္အေမြေပးခဲ့လိုေသာ္လည္း ထိုသို႔ လုပ္ေဆာင္ျခင္းမွာ တရုတ္ျပည္တြင္ တရားမဝင္ေၾကာင္း ေပက်င္းျမိဳ႕အေျခစိုက္ ေသတမ္းစာမွတ္ပံုတင္ဌာန ရံုးခ်ဳပ္မွ အရာရွိတစ္ဦးက ေျပာသည္ဟု South China Morning Post သတင္းဌာနက ေဖာ္ျပသည္။

“ဒါေပမယ့္ ဒီျပႆနာကို ေျဖရွင္းဖို႔ နည္းလမ္းရွိပါတယ္” ဟု ေသတမ္းစာ မွတ္ပံုတင္ဌာနရံုးအရာရွိ Chen Kai က ေျပာသည္။

“တိရ စၦာန္ေဆးခန္းဟာ အိမ္ေမြးတိရ စၦာန္ေလးေတြကို တကယ္ဂရုစိုက္ေပးရဲ႕လားဆိုတာ မစၥက္လ်ဴအေနနဲ႔ သူယံုၾကည္ရသူတစ္ဦးကို ေစာင့္ၾကည့္ကြပ္ကဲေပးေရး ခန္႔အပ္ထားဖို႔ ကၽြန္ေတာ္တို႔ အၾကံေပးခဲ့ပါတယ္” ဟု Chen Kai က ဆက္လက္ေျပာၾကားသည္။

(မစၥက္လ်ဴ၏ ျဖစ္ရပ္မွာ အြန္လိုင္းတြင္ အျပန္အလွန္ ေဝဖန္ေဆြးေႏြးမႈမ်ား ေပၚေပါက္ေစခဲ့သည္။ ဓာတ္ပံု-iStock)

ေသတမ္းစာမွတ္ပံုတင္ဌာနမွ အျခားအရာရွိတစ္ဦးကလည္း တိရ စၦာန္ကု ေဆးခန္း၏ လက္ထဲသို႔ ေငြအကုန္ေပးခဲ့ျခင္းမွာ အႏၱရာယ္မ်ားေၾကာင္း မစၥက္လ်ဴအား သတိေပးခဲ့သည္။

“သူ႔သားသမီးေတြက မိခင္အေပၚ ဆက္ဆံပံု ေျပာင္းလဲလာတဲ့အခါ ေသတမ္းစာကို ျပန္ျပီး ေရးခ်င္ရင္ ေရးလို႔ ရပါတယ္လို႔ အန္တီလ်ဴကို ကၽြန္ေတာ္တို႔ ေျပာခဲ့ပါတယ္” ဟုလည္း အဆိုပါအရာရွိက ေျပာသည္။

၂၀၂၀ ျပည့္ႏွစ္အတြင္းကလည္း အေမရိကန္ျပည္၊ တင္နက္ဆီျပည္နယ္မွ လူကံုထံတစ္ဦးက ျဗိတိန္ Border Collie ေခြးမ်ဳိးစိတ္ဝင္ ေခြးေလး Lulu အတြက္ ကန္ေဒၚလာ ၅ သန္း အေမြခ်န္ရစ္ခဲ့သည္။

ထို႔အျပင္ ကမၻာေက်ာ္ ျဗိတိန္ဖက္ရွင္ဒီဇိုင္နာ အလက္ဇျႏၵား မက္ကြင္းကလည္း သူခ်စ္ရေသာ ေခြးကေလးမ်ား ျဖစ္သည့္ Minter, Juice ႏွင့္ Callum တို႔အတြက္ ကန္ေဒၚလာ ၉၇၀၀၀ အေမြေပးခဲ့သည္။

အလက္ဇျႏၵားမက္ကြင္းသည္ ၂၀၁၀ ျပည့္ႏွစ္တြင္ ကြယ္လြန္ခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chinese woman leaves $4.3 million to cats and dogs because children never visited when she was sick (news)

Photo Credit- iStock

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌေးကြီးသား၏ အရှိန်အဝါယူခဲ့မှုအပေါ် ဝေဖန်ခံနေရသော Blackpink မှ လီဆာက သူ၏နေအိမ်တွင်း မြင်ကွင်းများ ပရိသတ်ကိ...

ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...

လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ
ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ
One Direction မှ အဆိုတော် လီယမ်ပိန်း အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေးရိစ်မြို့ ဟိုတယ် ဝရန်တာမှ ပြုတ်ကျကာ သေဆုံးခဲ့၊ လီယမ်ပ
One Direction မှ အဆိုတော် လီယမ်ပိန်း အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေးရိစ်မြို့ ဟိုတယ် ဝရန်တာမှ ပြုတ်ကျကာ သေဆုံးခဲ့၊ လီယမ်ပ
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အမေရိကန် ဘီလျံနာကြီး Jay Chaudhry ဝန်ထမ်းခေါ်ယူရာတွင် အဓိကကြည့်သည့် အချက် ၃ ချက်
အမေရိကန် ဘီလျံနာကြီး Jay Chaudhry ဝန်ထမ်းခေါ်ယူရာတွင် အဓိကကြည့်သည့် အချက် ၃ ချက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World
Grand Aung Thar Yar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service