အင်္ဂလန်နိုင်ငံ သိမ်းမြစ်အတွင်းရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ပေါင် ၇၅၀၀၀ မျှဖြင့် ရောင်းမည်၊ ကိုယ်ပိုင်ကျွန်း တစ်ခု ပိုင်ဆိုင်လိုသော်လည်း ငွေများစွာမတတ်နိုင်သူများအတွက် အခွင့်အလမ်းကောင်း တစ်ခုဖြစ်

အင်္ဂလန်နိုင်ငံ သိမ်းမြစ်အတွင်းရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ပေါင် ၇၅၀၀၀ မျှဖြင့် ရောင်းမည်၊ ကိုယ်ပိုင်ကျွန်း တစ်ခု ပိုင်ဆိုင်လိုသော်လည်း ငွေများစွာမတတ်နိုင်သူများအတွက် အခွင့်အလမ်းကောင်း တစ်ခုဖြစ် - Property News in Myanmar from iMyanmarHouse.com
2 Jul 2024 12:37 pm တွင် တင်ခဲ့သည်
987 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံ Berkshire ခရိုင်၊ Bisham ကျေးရွာအနီး သိမ်းမြစ်ကမ်းတွင် စိမ်းလန်းသော သစ်ပင်တို့ အုပ်ဆိုင်းနေပြီး လှေများလည်း စီရရီ ရှိနေသည်။

ကျွန်း ၂ ခုမှာ ကုန်းမကြီးနှင့် ဆက်သွယ်ထားသည်။

ကျွန်းတစ်ခုတွင် နေအိမ်စုများနှင့် ကိုယ်ပိုင်လှေဆိပ်တို့ ပါဝင်ပြီး ကျန်တစ်ခုမှာ Temple Lock ရေထိန်းတံခါးနှင့် ဆက်သွယ်ထားသည်။

ထိုကျွန်း ၂ ခုအကြား သိမ်းမြစ်အလယ်တွင် လုံးချင်းအိမ်တစ်လုံးစာ ကျွန်းငယ်တစ်ခု ရှိနေသည်။

အဆိုပါ ကျွန်းငယ်ကို ပေါင် ၇၅၀၀၀ မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေသည်။

ကျွန်း၏အမည်မှာ Temple Weir ဖြစ်ပြီး အကျယ်အဝန်း စတုရန်းပေ ၂၀၀၀ ခန့်ရှိသည်။

ကျွန်း၏ တစ်ဘက်တွင် လှေဆိပ်တစ်ခု ရှိပြီး အခြားတစ်ဘက်တွင် သစ်ပင်များ အုပ်ဆိုင်းနေသော ကမ်းပါး တစ်ခုရှိသည်။

ထိုနေရာမှာ သစ်ပင်များ ချုံနွယ်များဖြင့် စိမ်းလန်းအုပ်ဆိုင်းနေကာ ပေါင်းမိုးစင်တစ်ခုနှင့် ကွန်ကရစ်ခင်း ကွက်လပ်တစ်ခုလည်း တွေ့ရသည်။

အဆိုပါ ကျွန်းသို့ လှေဖြင့်သာ သွားရောက်နိုင်သည်။

သိမ်းမြစ်အတွင်း ကျွန်းပေါင်း ၁၈၀ ဝန်းကျင်ခန့်ရှိပြီး အခါအားလျော်စွာ အရောင်းဈေးကွက်ဝင်လာကြ လေ့ရှိသည်။

ကျွန်းအများစုမှာ အိမ်တစ်လုံး (သို့မဟုတ်) ခြံဝန်းတစ်ခုနှင့် ဆက်စပ်နေကြသော်လည်း သီးခြားရပ်တည် နေသည့် ကျွန်းများမှာမူ ရှားပါးကြောင်း Savills အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Richard Maby က ပြောသည်။

“မကြာသေးမီ နှစ်တွေအတွင်း ဒီလိုကျွန်းမျိုး အရောင်းဈေးကွက် ဝင်လာတာ မတွေ့ဖူးပါဘူး” ဟု ၎င်းက ဆိုသည်။

(Temple Weir ကျွန်းသည် သိမ်းမြစ်အတွင်း တည်ရှိပြီး Temple Lock ရေတံခါးနှင့် နီးစပ်သည်။ ဓာတ်ပုံ-Savills)

Temple Weir ကျွန်းတွင် လျှပ်စစ်မီးမရှိ၊ ရေမရှိ၊ ဆောက်လုပ်ရေး လုပ်ဆောင်ရန်မှာလည်း ကန့်သတ်ချက်များ ရှိရာ ကျွန်းပေါ်တွင် အဆောက်အအုံ ဆောက်လုပ်ရန် မဖြစ်နိုင်ကြောင်း Richard Maby က ပြောသည်။

လက်ရှိပိုင်ရှင်များက ဤကျွန်းကို ၂၀၁၀ ပြည့်နှစ်က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကိုယ်ပိုင်လှေဆိပ်အဖြစ် အသုံးပြုသည်။

ဝယ်ယူမည့်သူအနေဖြင့်လည်း ကိုယ်ပိုင်လှေဆိပ်အဖြစ်သာ ဆက်လက်အသုံးပြုဖွယ်ရှိသည်ဟု Maby က မျှော်မှန်းထားသည်။

“ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုဖို့ မရှိတာကြောင့် လှေဆိပ်အဖြစ် သုံးဖို့ကလွဲပြီး တခြားအလားအလာ မမြင်မိပါဘူး။ ဝယ်လက်ရဲ့ ကိုယ်ပိုင် ပန်းခြံတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ မြစ်ကမ်းတစ်နေရာမှာ နေတဲ့သူ ဆိုရင် လှေတစ်စင်းဝယ်ပြီး တနေ့တာ အချိန်ကုန်လွန်ဖြတ်သန်းလို့ ရပါတယ်” ဟု Maby က ပြောသည်။

“ဝယ်လက်အနေနဲ့ အပန်းဖြေဖို့၊ ကျွန်းပေါ်မှာ ပျော်ပွဲစားထွက်ဖို့၊ အကင်တွေလုပ်စားဖို့နဲ့ လှေဆိပ်အဖြစ် အသုံးပြုလို့ရပါတယ်”

သိမ်းမြစ်အတွင်း လှေဆိုက်ကပ်ခမှာ ဈေးမသက်သာချေ။

Harleyford လှေဆိပ်တွင် ၁၂ ဒသမ ၅ မီတာအလျားရှိသော လှေတစ်စင်း တစ်နှစ်တာ ဆိုက်ကပ်ခမှာ ၆၈၇၅ ပေါင်အထိ ပေးရသည်။

 (ဤကျွန်းကို ဆက်လက်ပိုင်ဆိုင်မည့်သူက လှေဆိပ်အဖြစ်သာ အသုံးပြုဖွယ်ရှိသည်ဟု အကျိုးဆောင် Richard Maby က ခန့်မှန်းထားသည်။ ဓာတ်ပုံ-Savills)

Temple Weir ကျွန်းကို ချိတ်ပိတ်လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး စိတ်ဝင်စားသော ဝယ်လက်များ အနေဖြင့် Savills အိမ်ခြံမြေကုမ္ပဏီသို့ ဇူလိုင်လ ၅ ရက်၊ မွန်းတည့် ၁၂ နာရီမတိုင်မီ လေလံဆွဲ ရမည် ဖြစ်သည်။

ရည်ညွှန်းဈေးမှာ ပေါင် ၇၅၀၀၀ ဖြစ်သော်လည်း ထို့ထက်ပိုမိုရရှိဖွယ်ရှိသည်။

လက်ရှိပိုင်ရှင်များမှာ လန်ဒန်မြို့တွင် နေထိုင်ပြီး ကျွန်းကို များစွာအသုံးမပြုဖြစ်သောကြောင့် ပြန်လည် ရောင်းချခြင်း ဖြစ်သည်။

ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပိုင်ဆိုင်လိုပြီး ငွေကြေးလည်း များစွာ မတတ်နိုင်သူများအတွက် အခွင့်အလမ်းကောင်း တစ်ခု ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 'THEY'RE VERY, VERY RARE': PRIVATE ISLAND ON THE THAMES FOR SALE WITH A GUIDE PRICE OF £75,000 (standard)

Photo Credit: Savills

[Zawgyi]

အဂၤလန္ႏိုင္ငံ သိမ္းျမစ္အတြင္းရွိ ပုဂၢလိကပိုင္ ကၽြန္းတစ္ကၽြန္း ေပါင္ ၇၅၀၀၀ မွ်ျဖင့္ ေရာင္းမည္၊ ကိုယ္ပိုင္ကၽြန္း တစ္ခု ပိုင္ဆိုင္လိုေသာ္လည္း ေငြမ်ားစြာမတတ္ႏိုင္သူမ်ားအတြက္ အခြင့္အလမ္းေကာင္း တစ္ခုျဖစ္

အဂၤလန္ႏိုင္ငံ Berkshire ခရိုင္၊ Bisham ေက်းရြာအနီး သိမ္းျမစ္ကမ္းတြင္ စိမ္းလန္းေသာ သစ္ပင္တို႔ အုပ္ဆိုင္းေနျပီး ေလွမ်ားလည္း စီရရီ ရွိေနသည္။

ကၽြန္း ၂ ခုမွာ ကုန္းမၾကီးႏွင့္ ဆက္သြယ္ထားသည္။

ကၽြန္းတစ္ခုတြင္ ေနအိမ္စုမ်ားႏွင့္ ကိုယ္ပိုင္ေလွဆိပ္တို႔ ပါဝင္ျပီး က်န္တစ္ခုမွာ Temple Lock ေရထိန္းတံခါးႏွင့္ ဆက္သြယ္ထားသည္။

ထိုကၽြန္း ၂ ခုအၾကား သိမ္းျမစ္အလယ္တြင္ လံုးခ်င္းအိမ္တစ္လံုးစာ ကၽြန္းငယ္တစ္ခု ရွိေနသည္။

အဆိုပါ ကၽြန္းငယ္ကို ေပါင္ ၇၅၀၀၀ မွ်ျဖင့္ ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အလမ္း ေပၚေပါက္ေနသည္။

ကၽြန္း၏အမည္မွာ Temple Weir ျဖစ္ျပီး အက်ယ္အဝန္း စတုရန္းေပ ၂၀၀၀ ခန္႔ရွိသည္။

ကၽြန္း၏ တစ္ဘက္တြင္ ေလွဆိပ္တစ္ခု ရွိျပီး အျခားတစ္ဘက္တြင္ သစ္ပင္မ်ား အုပ္ဆုိင္းေနေသာ ကမ္းပါး တစ္ခုရွိသည္။

ထိုေနရာမွာ သစ္ပင္မ်ား ခ်ံဳႏြယ္မ်ားျဖင့္ စိမ္းလန္းအုပ္ဆိုင္းေနကာ ေပါင္းမိုးစင္တစ္ခုႏွင့္ ကြန္ကရစ္ခင္း ကြက္လပ္တစ္ခုလည္း ေတြ႔ရသည္။

အဆိုပါ ကၽြန္းသုိ႔ ေလွျဖင့္သာ သြားေရာက္ႏိုင္သည္။

သိမ္းျမစ္အတြင္း ကၽြန္းေပါင္း ၁၈၀ ဝန္းက်င္ခန္႔ရွိျပီး အခါအားေလ်ာ္စြာ အေရာင္းေစ်းကြက္ဝင္လာၾက ေလ့ရွိသည္။

ကၽြန္းအမ်ားစုမွာ အိမ္တစ္လံုး (သို႔မဟုတ္) ျခံဝန္းတစ္ခုႏွင့္ ဆက္စပ္ေနၾကေသာ္လည္း သီးျခားရပ္တည္ ေနသည့္ ကၽြန္းမ်ားမွာမူ ရွားပါးေၾကာင္း Savills အိမ္ျခံေျမကုမၸဏီမွ အက်ိဳးေဆာင္ Richard Maby က ေျပာသည္။

“မၾကာေသးမီ ႏွစ္ေတြအတြင္း ဒီလိုကၽြန္းမ်ဳိး အေရာင္းေစ်းကြက္ ဝင္လာတာ မေတြ႔ဖူးပါဘူး” ဟု ၎က ဆိုသည္။

(Temple Weir ကၽြန္းသည္ သိမ္းျမစ္အတြင္း တည္ရွိျပီး Temple Lock ေရတံခါးႏွင့္ နီးစပ္သည္။ ဓာတ္ပံု-Savills)

Temple Weir ကၽြန္းတြင္ လွ်ပ္စစ္မီးမရွိ၊ ေရမရွိ၊ ေဆာက္လုပ္ေရး လုပ္ေဆာင္ရန္မွာလည္း ကန္႔သတ္ခ်က္မ်ား ရွိရာ ကၽြန္းေပၚတြင္ အေဆာက္အအံု ေဆာက္လုပ္ရန္ မျဖစ္ႏိုင္ေၾကာင္း Richard Maby က ေျပာသည္။

လက္ရွိပိုင္ရွင္မ်ားက ဤကၽြန္းကို ၂၀၁၀ ျပည့္ႏွစ္က ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ကိုယ္ပိုင္ေလွဆိပ္အျဖစ္ အသံုးျပဳသည္။

ဝယ္ယူမည့္သူအေနျဖင့္လည္း ကိုယ္ပိုင္ေလွဆိပ္အျဖစ္သာ ဆက္လက္အသံုးျပဳဖြယ္ရွိသည္ဟု Maby က ေမွ်ာ္မွန္းထားသည္။

“ေဆာက္လုပ္ေရးစီမံကိန္း ခြင့္ျပဳဖို႔ မရွိတာေၾကာင့္ ေလွဆိပ္အျဖစ္ သံုးဖို႔ကလဲြျပီး တျခားအလားအလာ မျမင္မိပါဘူး။ ဝယ္လက္ရဲ႕ ကိုယ္ပိုင္ ပန္းျခံတစ္ခုလည္း ျဖစ္လာႏိုင္ပါတယ္။ ျမစ္ကမ္းတစ္ေနရာမွာ ေနတဲ့သူ ဆိုရင္ ေလွတစ္စင္းဝယ္ျပီး တေန႔တာ အခ်ိန္ကုန္လြန္ျဖတ္သန္းလို႔ ရပါတယ္” ဟု Maby က ေျပာသည္။

“ဝယ္လက္အေနနဲ႔ အပန္းေျဖဖို႔၊ ကၽြန္းေပၚမွာ ေပ်ာ္ပြဲစားထြက္ဖုိ႔၊ အကင္ေတြလုပ္စားဖုိ႔နဲ႔ ေလွဆိပ္အျဖစ္ အသံုးျပဳလုိ႔ရပါတယ္”

သိမ္းျမစ္အတြင္း ေလွဆိုက္ကပ္ခမွာ ေစ်းမသက္သာေခ်။ Harleyford ေလွဆိပ္တြင္ ၁၂ ဒသမ ၅ မီတာအလ်ားရွိေသာ ေလွတစ္စင္း တစ္ႏွစ္တာ ဆိုက္ကပ္ခမွာ ၆၈၇၅ ေပါင္အထိ ေပးရသည္။

(ဤကၽြန္းကို ဆက္လက္ပိုင္ဆိုင္မည့္သူက ေလွဆိပ္အျဖစ္သာ အသံုးျပဳဖြယ္ရွိသည္ဟု အက်ဳိးေဆာင္ Richard Maby က ခန္႔မွန္းထားသည္။ ဓာတ္ပံု-Savills)

Temple Weir ကၽြန္းကို ခ်ိတ္ပိတ္ေလလံစနစ္ျဖင့္ ေရာင္းခ်မည္ျဖစ္ျပီး စိတ္ဝင္စားေသာ ဝယ္လက္မ်ား အေနျဖင့္ Savills အိမ္ျခံေျမကုမၸဏီသို႔ ဇူလိုင္လ ၅ ရက္၊ မြန္းတည့္ ၁၂ နာရီမတိုင္မီ ေလလံဆြဲ ရမည္ ျဖစ္သည္။

ရည္ညႊန္းေစ်းမွာ ေပါင္ ၇၅၀၀၀ ျဖစ္ေသာ္လည္း ထို႔ထက္ပိုမိုရရွိဖြယ္ရွိသည္။

လက္ရွိပုိင္ရွင္မ်ားမွာ လန္ဒန္ျမိဳ႕တြင္ ေနထုိင္ျပီး ကၽြန္းကို မ်ားစြာအသံုးမျပဳျဖစ္ေသာေၾကာင့္ ျပန္လည္ ေရာင္းခ်ျခင္း ျဖစ္သည္။

ကိုယ္ပိုင္ကၽြန္းတစ္ကၽြန္းပိုင္ဆိုင္လိုျပီး ေငြေၾကးလည္း မ်ားစြာ မတတ္ႏိုင္သူမ်ားအတြက္ အခြင့္အလမ္းေကာင္း တစ္ခု ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 'THEY'RE VERY, VERY RARE': PRIVATE ISLAND ON THE THAMES FOR SALE WITH A GUIDE PRICE OF £75,000 (standard)

Photo Credit: Savills

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service