အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဆယ်ကျော်သက်အရွယ် မိဘများအိမ်တွင် နေခဲ့စဉ်က မိဘတို့၏ အခန်းနံရံမှာ အလွန်ပါးကြောင်း ထုတ်ဖော်ပြောကြားခဲ့
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဆယ်ကျော်သက်အရွယ် မိဘများအိမ်တွင် နေခဲ့စဉ်က မိဘတို့၏ အခန်းနံရံမှာ အလွန်ပါးကြောင်း ထုတ်ဖော်ပြောကြားခဲ့ - Property News in Myanmar from iMyanmarHouse.com
1 Jul 2024 2:22 pm တွင် တင်ခဲ့သည်
520 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဝက်ချက်စ်တာ ခရိုင် တွင် မိန့်ခွန်းပြောကြားစဉ်အတွင်း ငယ်စဉ်က မိဘများအိမ်တွင် နေခဲ့စဉ် အခန်းနံရံ အလွန်ပါးသည့် အကြောင်း ရပ်ကို အရွှန်းဖောက်ကာ ထည့်သွင်း ပြောကြားခဲ့ဖူးသည်။
ဝက်ချက်စ်တာခရိုင်မှ Vahalla အမည်ရှိ ရွာငယ်တစ်ခုတွင် မိန့်ခွန်းပြောစဉ် ထိုသို့ ထူးထူးခြားခြား ထည့်သွင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
“အိမ်ရာစီမံကိန်းတစ်ခုထဲမှာရှိတဲ့ အိပ်ခန်း ၃ ခန်းပါ အိမ်တစ်လုံးမှာ ကျွန်တော်တို့ နေထိုင်ခဲ့ကြပါတယ်။ ဝန်းကျင်နေရာကောင်းတစ်ခုပါ” ဟု ဂျိုးဘိုင်ဒန်က ပြန်ပြောင်းပြောပြသည်။
“ကျွန်တော်တို့နဲ့အတူ ကလေး ၄ ယောက်၊ အဘိုးတို့လည်း နေကြပါတယ်။ ဒါတွေကို ပြန်တွေးကြည့်တဲ့အခါ ကျွန်တော့်အဖေနဲ့ အမေအတွက် နံရံတွေက ပါးလွန်းနေတာကို အံ့သြမိတယ်။ ဘယ်လိုစံနှုန်းနဲ့ ဖြစ်ဖြစ်ပေါ့..” ဟု သမ္မတ ဘိုင်ဒန်က အရွှန်းဖောက်ပြောကြားခဲ့ရာ ပွဲတက်ပရိသတ်များ တအုန်းအုန်း ပွဲကျသွားခဲ့သည်။
သမ္မတ ဂျိုးဘိုင်ဒန်သည် ပန်ဆယ်ဗေးနီးယားပြည်နယ်၊ Scranton မြို့တွင် ကြီးပြင်းခဲ့ပြီး ဒီလာဝယ်ပြည်နယ်၊ နယူးကာဆယ်ခရိုင်၊ Claymont အရပ်သို့ ပြောင်းရွှေ့အခြေချခဲ့သည်။
(သမ္မတ ဂျိုးဘိုင်ဒန် နယူးယောက်ပြည်နယ်၊ ဝက်ချက်စ်တာ ခရိုင်သို့ ရောက်ရှိစဉ် ငယ်စဉ်က နံရံပါးလွှာသော အိမ်တွင် နေထိုင်ကြီးပြင်းခဲ့ရပုံအကြောင်း ပြောပြခဲ့သည်)
“ကျွန်တော် မှတ်မိပါသေးတယ်။ ကျွန်တော်တို့ အိပ်ခန်း ၃ ခန်းပါ အိမ်တစ်လုံးမှာ နေခဲ့ကြတယ်။”
“ကျွန်တော့်အိပ်ခန်းက မိဘတွေအိပ်ခန်းနံရံနဲ့ ကပ်နေပါတယ်။ အဖေ့ကုတင်ခေါင်းရင်းဘက်မှာ ရှိပါတယ်။”
“ပြီးတော့ ကျွန်တော်တစ်ခု မှတ်မိတာက ..အဲဒီတုန်းက ကျွန်တော်က ၁၄ နှစ်သား အရွယ်ပါ။ အဖေ ညဘက်တွေမှာ အိပ်မပျော်တာကို ကျွန်တော် မှတ်မိနေတယ်။”
“နောက်နေ့မနက်ကျတော့ ကျွန်တော်က အမေ့ကို မေးတယ်..အဖေဘာဖြစ်လို့လဲ..ပေါ့။ အမေပြောတာ က…သူ့ကုမ္ပဏီက သူတို့အတွက် ကျန်းမာရေး အာမခံကြေး မပေးတော့ဘူးလို့ ပြောတယ်”
(သမ္မတ ဘိုင်ဒန်သည် ပန်ဆယ်ဗေးနီးယားပြည်နယ်၊ Scranton နှင့် ဒီလာဝယ်ပြည်နယ်၊ Claymont အရပ် တို့တွင် ကြီးပြင်းခဲ့ရပုံနှင့် မိသားစု၏ ရုန်းကန်ခဲ့ရပုံများကို မကြာခဏ ပြောပြလေ့ရှိသည်)
(ရီပတ်ဘလီကန်ပါတီမှ National Committee ၏ သုတေသနအဖွဲ့က သမ္မတ ဂျိုးဘိုင်ဒန် ငယ်စဉ်ဘဝ အကြောင်း ပြောပြခဲ့ပုံကို X လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ပုံ)
“လူတွေဟာ ညဘက်တွေမှာ အိပ်ရာထဲ အိပ်မပျော်နိုင်ဘဲ ဘာလုပ်ရမလဲဆိုတာ တွေးနေတတ်ကြတယ်။ အိမ်ကို ရောင်းလိုက်ရမလား ? တစ်ယောက်ယောက် နေမကောင်းဘူးဆိုရင် (ကျန်းမာရေး အာမခံ မရှိရင်) သူတို့ ဘာတွေလုပ်ရမလဲ” ဟု သမ္မတ ဘိုင်ဒန်က ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Biden makes awkward joke about ‘thin’ walls at his parents’ house (nypost)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service