ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
အင်တာနက်ပေါ်က တက်လာတဲ့ ပန်ဒါဝက်ဝံဗီဒီယိုလေးများကိုတွေ့တဲ့အခါ ပန်ဒါလေးတွေဟာ ဘယ်လောက်ထိ နူးညံ့ပြီး ချစ်ဖို့ကောင်းတဲ့သတ္တဝါလေးတွေလည်းဆိုတာကို မှန်းဆနိုင်ပါလိမ့်မယ်။
ပန်ဒါဝက်ဝံတွေကို အပြင်မှာသေချာကြည့်ရှုချင်ရင်တော့ တရုတ်ပြည် Sichuan ပြည်နယ် Chengdu မြို့က ပန်ဒါပန်းခြံ သို့မဟုတ် ပန်ဒါလေးတွေကိုသုတေသနပြုလုပ်ရာ ပန်းခြံလေးထဲလာရောက်ကြည့်ရှုဖို့ အကြံပေးချင်ပါတယ်။
Chengdu ပန်ဒါပန်းခြံလေးမှာ ပန်ဒါလေးများကို စိတ်ပျော်ရွင်အောင်ထားရှိပေးတာကိုတွေ့မြင်ရမှာပါ ရှားပါးသတ္တဝါစာရင်းဝင်လာပြီဖြစ်တဲ့ ပန်ဒါဝက်ဝံအကြီးမျိုးစိတ်တွေကို ၂၄ နာရီပတ်လုံး အစားစားခြင်း၊အိပ်ခြင်း၊ကစားစရာအရုပ်များနဲ့အချိန်ကုန်ခြင်းများပြုလုပ်ထားစေပါတယ်။
၉၉ ရာခိုင်နှုန်းသော ပန်ဒါကြီးမျိုးစိတ်များဟာ ဝါးနုများကိုသာ အဓိကားထားစားသုံးကြပြီး နေ့တစ်ဝက်တာအချိန်ကိုအစားစားခြင်းနဲ့ပဲ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ပန်ဒါကြီးမျိုး၊မွေးကင်းစပန်ဒါပေါက်စလေးများ၊red pandas တွေကို လေ့လာကြည့်ရှုနိုင်ပြီး ပန်ဒါချစ်သူများလက်မလွှတ်ပဲလည်ပတ်သင့်သော နေရာလေးသဖွယ်ဖြစ်ပါတယ်။
အမျိုးသားရတနာအဖြစ် တန်ဖိုးထားကြတဲ့ ပန်ဒါကောင်လေးတွေကို 237 ကောင်အထိမွေးမြူထားပြီး အသည်းယားဖွယ်ကလေးပေါက်စလေးများလို သစ်ပင်ပေါ်တက် နွယ်များကို ဒန်းသဖွယ်လွှဲခိုစီးလျက်တွေ့မြင်ရမှာဖြစ်ပါတယ်။ သူတို့ရဲ့ချစ်စရာအပြုအမူလေးတွေနဲ့လည်ပတ်ရတန်စေအောင် စိတ်ပျော်ရွှင်မှုကိုရရှိစေမှာဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
တရုတ်ပြည်ရဲ့ ရတနာ ချစ်စရာပန်ဒါဝက်ဝံလေးများရဲ့ အိမ် Chengdu ပန်ဒါ ပန်းခြံ