ကျမ်းကျိန်လွှာ နှင့် ပတ်သတ်၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ကျမ်းကျိန်လွှာ နှင့် ပတ်သတ်၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
29 Jun 2024 12:04 pm တွင် တင်ခဲ့သည်
869 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

သက်သေခံဥပဒေပုဒ်မ- ၃ အရ ကျမ်းကျိန်ဆို ကတိသစ္စာပြုခြင်းမှာ သက်သေအထောက်အထား ဟူ၍ အကျုံးမဝင်ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။

ကျမ်းသစ္စာပြုလွှာ (သို့) ကတိသစ္စာပြုလွှာများကို ဥပဒေအရအတည်အလင်း ခွင့်ပြုထားသည်မှအပ အခြားသောကိစ္စရပ်များတွင် အထောက်အထားပြုနိုင်သည့် သက်သေ အဖြစ် လက်ခံ၍မရနိုင်ပါ။

သက်သေခံဥပဒေပုဒ်မ - ၁ တွင် ကတိသစ္စာပြုလွှာကို တရားရုံးတွင် တင်သွင်းခြင်းသည် သက်သေခံ ဥပဒေနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ဖော်ပြထားပါသည်။ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေအရ သမ္မာန်စာ အတည်ပြုသည့် ကိစ္စရပ်များ၊ ရုံးပြောင်းလျှောက်ထားမှုများ၊ ပြည်သူ့ဝန်ထမ်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ အား ကတိသစ္စာပြုလွှာ တင်ပြ၍ အထောက်အထားပြုနိုင်ပါသည်။

တရားမကျင့်ထုံး ဥပဒေအရ တရားရုံးမှ အမိန့်ချမှတ်ပါက အချို့ကိစ္စများကို ကတိသစ္စာပြုလွှာ အထောက်အထားအဖြစ် တင်ပြနိုင်ကြောင်း ဖော်ပြထားပါသည်။

တရားမကျင့်ထုံး ဥပဒေအမိန့် - ၁၉ အရ တရားရုံးသည် သီးခြားအကြောင်းအရာကို ထင်ရှားအောင် ပြသစေလိုသူအား လျှော်ကန်သင့်မြတ်သော စည်းကမ်းချက်များ သတ်မှတ်ပြီး ကတိသစ္စာဖြင့် တင်ပြရန် ညွှန်ကြားနိုင်ကြောင်း အတိအလင်း ဖော်ပြထားပါသည်။ ပြစ်မှု၊ တရားမမှုများတွင် ကျမ်းကျိန်လွှာကို အထောက်အထားပြု၍ တရားရုံးမှ အမိန့်ချမှတ်ခွင့်၊ သက်သေထူခွင့်တော့ မရှိပါ။

အိမ်ခြံမြေများတွင် ကျမ်းကျိန်လွှာမှာ ပိုင်ဆိုင်မှု စာရွက်စာတမ်းတစ်ခုမဟုတ်ပါ။ အမွေဆက်ခံခြင်း၊ မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊ စွန့်လွှတ်စာချုပ်ချုပ်ဆိုခြင်းများတွင်လဲ ကျမ်းကျိန် လွှာဖြင့် အထောက်အထားများပြုကာ ဆောင်ရွက်ခွင့်မရှိပါ။ ထို့ကြောင့် ပိုင်ဆိုင်ခွင့် လွှဲပြောင်းလိုပါက စာချုပ် စာတမ်း မှတ်ပုံတင်ဥပဒေ၊ တံဆိပ်ခေါင်းခွန်ဥပဒေ၊ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ကတိသစ္စာပြု၊ ကျမ်းကျိန်မှုအား လိမ်လည်ထွက်ဆို၍ ပြုလုပ်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၁၉၃ အရ အရေးယူခြင်း ခံရနိုင်သည်။

တရားရုံးမှ ကျမ်းကျိန်လွှာဖြင့် အထောက်အထားပြုရန် အမိန့်ချမှတ်မှသာ သက်သေထူခွင့်ရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

က်မ္းက်ိန္လႊာ ႏွင့္ ပတ္သတ္၍ သိ႐ွိထားသင့္သည့္ အခ်က္အလက္မ်ား ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပေပးလိုက္ပါတယ္။

သက္ေသခံဥပေဒပုဒ္မ- ၃ အရ က်မ္းက်ိန္ဆို ကတိသစၥာျပဳျခင္းမွာ သက္ေသအေထာက္အထား ဟူ၍ အက်ံဳးမဝင္ေၾကာင္း ေဖာ္ျပထားၿပီးျဖစ္ပါသည္။

က်မ္းသစၥာျပဳလႊာ (သို႔) ကတိသစၥာျပဳလႊာမ်ားကို ဥပေဒအရ အတည္အလင္း ခြင့္ျပဳထားသည္မွအပ အျခားေသာကိစၥရပ္မ်ားတြင္ အေထာက္အထားျပဳႏိုင္သည့္ သက္ေသ အျဖစ္ လက္ခံ၍မရႏိုင္ပါ။

သက္ေသခံဥပေဒပုဒ္မ - ၁ တြင္ ကတိသစၥာျပဳလႊာကို တရား႐ုံးတြင္ တင္သြင္းျခင္းသည္ သက္ေသခံ ဥပေဒႏွင့္ သက္ဆိုင္ျခင္း မ႐ွိေၾကာင္း ေဖာ္ျပထားပါသည္။ ျပစ္မႈဆိုင္ရာက်င့္ထုံး ဥပေဒအရ သမၼာန္စာ အတည္ျပဳသည့္ ကိစၥရပ္မ်ား၊ ႐ုံးေျပာင္းေလွ်ာက္ထားမႈမ်ား၊ ျပည္သူ႕ဝန္ထမ္းႏွင့္ သက္ဆိုင္သည့္ ကိစၥရပ္မ်ား အား ကတိသစၥာျပဳလႊာ တင္ျပ၍ အေထာက္အထားျပဳႏိုင္ပါသည္။

တရားမက်င့္ထုံး ဥပေဒအရ တရား႐ုံးမွ အမိန္႔ခ်မွတ္ပါက အခ်ိဳ႕ကိစၥမ်ားကို ကတိသစၥာျပဳလႊာ အေထာက္အထားအျဖစ္ တင္ျပႏိုင္ေၾကာင္း ေဖာ္ျပထားပါသည္။

တရားမက်င့္ထုံး ဥပေဒအမိန္႔ - ၁၉ အရ တရား႐ုံးသည္ သီးျခားအေၾကာင္းအရာကို ထင္႐ွားေအာင္ ျပသေစလိုသူအား ေလွ်ာ္ကန္သင့္ျမတ္ေသာ စည္းကမ္းခ်က္မ်ား သတ္မွတ္ၿပီး ကတိသစၥာျဖင့္ တင္ျပရန္ ၫႊန္ၾကားႏိုင္ေၾကာင္း အတိအလင္း ေဖာ္ျပထားပါသည္။ ျပစ္မႈ၊ တရားမမႈမ်ားတြင္ က်မ္းက်ိန္လႊာကို အေထာက္အထားျပဳ၍ တရား႐ုံးမွ အမိန္႔ခ်မွတ္ခြင့္၊ သက္ေသထူခြင့္ေတာ့ မ႐ွိပါ။

အိမ္ျခံေျမမ်ားတြင္ က်မ္းက်ိန္လႊာမွာ ပိုင္ဆိုင္မႈ စာ႐ြက္စာတမ္းတစ္ခုမဟုတ္ပါ။ အေမြဆက္ခံျခင္း၊ ေမတၱာျဖင့္ အပိုင္ေပးကမ္းျခင္း၊ အေရာင္းအဝယ္ျပဳလုပ္ျခင္း၊ စြန္႔လႊတ္စာခ်ဳပ္ခ်ဳပ္ဆိုျခင္းမ်ားတြင္လဲ က်မ္းက်ိန္ လႊာျဖင့္ အေထာက္အထားမ်ားျပဳကာ ေဆာင္႐ြက္ခြင့္မ႐ွိပါ။ ထို႔ေၾကာင့္ ပိုင္ဆိုင္ခြင့္ လႊဲေျပာင္းလိုပါက စာခ်ဳပ္ စာတမ္း မွတ္ပုံတင္ဥပေဒ၊ တံဆိပ္ေခါင္းခြန္ဥပေဒ၊ ပစၥည္းလႊဲေျပာင္းျခင္း ဥပေဒႏွင့္အညီသာ ေဆာင္႐ြက္ရမည္ျဖစ္ပါသည္။ ကတိသစၥာျပဳ၊ က်မ္းက်ိန္မႈအား လိမ္လည္ထြက္ဆို၍ ျပဳလုပ္လွ်င္ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ-၁၉၃ အရ အေရးယူျခင္း ခံရႏိုင္သည္။

တရား႐ုံးမွ က်မ္းက်ိန္လႊာျဖင့္ အေထာက္အထားျပဳရန္ အမိန္႔ခ်မွတ္မွသာ သက္ေသထူခြင့္႐ွိေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service