ဒူဘိုင်းမှ လူမှုကွန်ရက်နာမည်ကြီး ဆယ်လီမိန်းကလေး အီတလီရှိ Sardinia ကျွန်းစု၏ ကမ္ဘာကျော် ပန်းရောင် ပင်လယ်ကမ်းခြေတွင် လမ်းလျှောက်သောကြောင့် ယူရို ၁၈၀၀ ဒဏ်ရိုက်ခံရ
ဒူဘိုင်းမှ လူမှုကွန်ရက်နာမည်ကြီး ဆယ်လီမိန်းကလေး အီတလီရှိ Sardinia ကျွန်းစု၏ ကမ္ဘာကျော် ပန်းရောင် ပင်လယ်ကမ်းခြေတွင် လမ်းလျှောက်သောကြောင့် ယူရို ၁၈၀၀ ဒဏ်ရိုက်ခံရ - Property News in Myanmar from iMyanmarHouse.com
28 Jun 2024 11:30 am တွင် တင်ခဲ့သည်
633 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဒူဘိုင်းတွင် နေထိုင်သော လူမှုကွန်ရက်နာမည်ကြီး မိန်းကလေးတစ်ဦးသည် လူသူဖြတ်သန်းသွားလာမှု တားမြစ်ထားသော အီတလီမှ Sardinia ကျွန်းစုရှိ ပန်းရောင်ကမ်းခြေတွင် လမ်းလျှောက်ဖြတ်သန်းမှုဖြင့် ယူရို ၁၈၀၀ ဒဏ်ရိုက်ခံခဲ့ရကြောင်း The Guardian သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ယင်းနောက်ပိုင်း ထိုမိန်းကလေးက Sardinia ကျွန်းသို့ ရောက်ရှိခဲ့ပုံ ဗွီဒီယိုဖိုင်နှင့် ဓာတ်ပုံများစွာကို လူမှုကွန်ရက်တွင် ဆက်တိုက်တင်ခဲ့သည်။
ထိုမိန်းကလေးသည် Sardinia ကျွန်းစုမှ ကျွန်းငယ်ကလေးတစ်ခုဖြစ်သော ဘူဒဲလီ (Budelli) ကျွန်း၏ Spiaggia Rosa ဟု အမည်ရသော ကမ်းခြေနေရာသို့ ရာဘာလှေတစ်စင်းဖြင့် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
Spiaggia Rosa ကမ်းခြေသည် ပန်းရောင်သဲပြင်များကြောင့် ကျော်ကြားသောနေရာ ဖြစ်သည်။
အီတလီသတင်းမီဒီယာတို့တွင် ဖော်ပြချက်အရ ယင်းမိန်းကလေးသည် ကျွန်းပေါ်မှ သတိပေးတားမြစ်ချက် ဆိုင်းဘုတ်များကို လစ်လျူရှုခဲ့ကြောင်း ဖော်ပြထားသည်။
ကျွန်း၏ ပန်းရောင်ကမ်းခြေတွင် ကမ္ဘာလှည့်ခရီးသည်များ လမ်းလျှောက်ခြင်း တားမြစ်ထားသည်။
အဆိုပါ ပန်းရောင်သဲများမှာ တတိတိဖြင့် ခိုးယူခံရခြင်း၊ ပင်လယ်တွင် ရေကူးခြင်းများ ၁၉၉၀ ပြည့်လွန် ကာလများ ကတည်းက ဖြစ်ပွားနေသည်။
အဆိုပါကျွန်းကို လည်ပတ်လိုသူများအနေဖြင့် လှေဖြင့် နေ့ချင်းပြန်ခရီး လည်ပတ်နိုင်ပြီး ကမ်းခြေသဲသောင်ပြင် နှင့် ကပ်လျက် လမ်းပေါ်တွင်သာ လမ်းလျှောက်ခွင့်ရှိသည်။
ထိုမိန်းကလေးသည် ဘရာဇီးနိုင်ငံတွင် မွေးဖွားသူဖြစ်ကာ လက်ရှိအားဖြင့် ဒူဘိုင်းတွင် အခြေချနေထိုင်နေသူ ဖြစ်သည်။
ယင်းမိန်းကလေးက ဘူဒဲလီကျွန်းမှ ပန်းရောင်ကမ်းခြေသို့ သွားရောက်လည်ပတ်ခဲ့ပုံကို @Rogeriaguiadubai ဟူသော အင်စတာဂရမ်အကောင့်ဖြင့် ဓာတ်ပုံ၊ ဗွီဒီယိုများ တင်ခဲ့ခြင်း ဖြစ်သည်။
သူ၏အကောင့်တွင် follower ၃၅၀၀၀ ကျော် ရှိသည်။
တစ်ခုသော ဗွီဒီယိုဖိုင်တွင် ပန်းရောင်သဲပြင်ပေါ်မှ သူမ၏ ခြေရာများကို အဓိကရိုက်ပြထားပြီး နောက်ခံသီချင်း အဖြစ် Edith Piaf ၏ La Vie en rose ကို အသုံးပြုထားသည်။
တားမြစ်ထားသော သဲပြင်ပေါ်သို့ တရားမဝင်ကျော်နင်းမှုမှာ ပြီးခဲ့သော ရက်အနည်းငယ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး Sardinia ကျွန်းစုတွင် နေထိုင်သော ဒေသခံများ မခံမရပ်နိုင် ဖြစ်ခဲ့ကြသည်။
ထိုဖြစ်ရပ်ကြောင့် La Maddalena မှ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့အရာရှိများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာ ခဲ့ကြရသည်။ ထိုမိန်းကလေးမှာ ဒူဘိုင်းမှဖြစ်ကြောင်း မကြာမီတွင် ခြေရာခံမိခဲ့ကြသည်။
ယင်းနောက် သူမအား ဒဏ်ငွေ ယူရို ၁၈၀၀ ပေးဆောင်ရန် အကြောင်းကြားခဲ့သည်။
အဆိုပါဒဏ်ငွေပမာဏအနက် ယူရို ၃၀၀ မှာ တားမြစ်ချက်ကို ချိုးဖောက်မှုကြောင့် ချမှတ်သော ဒဏ်ငွေဖြစ်ပြီး ယူရို ၁၅၀၀ မှာ ဘူဒဲလီကျွန်းသို့ ဝင်ရောက်ရန် ခွင့်ပြုချက်မရထားသော လှေဖြင့် ရောက်ရှိလာသောကြောင့် ဖြစ်သည်ဟု ဆိုသည်။
ထိုမိန်းကလေးက ရာဘာလှေကို ငှားရမ်းကာ လာရောက်ခဲ့ခြင်းဖြစ်ပြီး လှေငှားရမ်းပေးသော ကုမ္ပဏီက ထိုမိန်းကလေး ဘူဒဲလီသို့ သွားမည်ကို မသိခဲ့ကြောင်း ပြောသည်။
ဘူဒဲလီကျွန်းတွင် ယခုအခါ အခြေချနေထိုင်သူ တစ်ဦးမျှ မရှိချေ။
ယခင်ကမူ မော်ရို မိုရန်းဒီအမည်ရှိ အမျိုးသားတစ်ဦးတည်း နှစ်ပေါင်း ၃၀ ကျော် နေထိုင်ခဲ့ဖူးသည်။
(ဆက်စပ်သတင်း)
ပန်းရောင်သဲသောင်ပြင်တို့ကြောင့် ကမ္ဘာကျော်သော အီတလီမှ ဘူဒဲလီကျွန်းလေးတွင် နှစ်ပေါင်း ၃၀ ကျော် တစ်ဦးတည်းနေထိုင်ခဲ့သော အမျိုးသား
https://www.imyanmarhouse.com/news/read/1115088
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Dubai influencer fined €1,800 for trespassing on Sardinia’s pink beach (theguardian)
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service