ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
လူ့သမိုင်းတွင် အောင်မြင်မှုအရဆုံး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များတွင် တစ်ဦးအပါအဝင်ဖြစ်သော Berkshire Hathaway Inc. ၏ ဥက္ကဌ Warren Buffett သည် Economic Club ၏ ဥက္ကဌ ဒေးဗစ် အမ်-ရူဘင်စတိုင်းနှင့် ၂၀၁၂ ခုနှစ်အတွင်းက တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ၎င်းကြုံတွေ့ခဲ့ရသော မမျှော်လင့်သည့် အရောင်းအဝယ် တစ်ခုနှင့် စပ်လျဉ်းသော အံ့ဖွယ်ဖြစ်ရပ်တစ်ခုအကြောင်း ပြောပြခဲ့ဖူးသည်။
Warren Buffett က ပြန်ပြောင်းပြောပြသည်မှာ အစ္စရေးလုပ်ငန်းရှင်တစ်ဦးထံမှ စာတစ်စောင် လက်ခံရရှိခဲ့ပြီး နောက်ပိုင်း နောက်ဆုံးတွင် ဒေါ်လာ ၄ ဘီလီယံ အရောင်းအဝယ်တစ်ခု ဖြစ်သွားခဲ့ကြောင်း ပြောပြသည်။
“သူ့မှာ သိပ်ကောင်းတဲ့ စက်ရုံတစ်ခုရှိတယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ သူက ကျွန်တော့်ကို လာကြည့် စေချင်တယ်။” ဟု Warren Buffett က ပြောသည်။
ကနဦးတွင် အကြောင်းမပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် Warren Buffett က “ကျွန်တော် လာကြည့်ဖြစ်မှာ မဟုတ်ပါဘူး။ ခင်ဗျားသိတဲ့အတိုင်းပဲ ကျွန်တော်က အိုင်အိုဝါပြည်နယ်ကိုတောင် သွားတာ မဟုတ်ဘူး” ဟု အကြောင်းပြန်ခဲ့သည်။
ထိုသို့ စက်ရုံကို သွားမကြည့်ဖြစ်သော်လည်း Warren Buffett က ထိုကုမ္ပဏီ၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ကန်ဒေါ်လာ ၄ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။
နောက်ပိုင်းတွင် စက်ရုံကို လာရောက်ကြည့်ရှုမည်ဟူသော သတ်မှတ်ချက်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဝယ်ယူပြီးနောက်ပိုင်းတွင်မူ Warren Buffett က အစ္စရေးရှိ စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့သည်။
“သူအရမ်းဝမ်းသာတယ်လို့ ပြောပါတယ်”
“ဒီစက်ရုံကိုသာ ကျွန်တော်အရင်က ကြည့်ခဲ့မိမယ်ဆိုရင် ခင်ဗျားကို ဒီထက်ပိုပေးဖြစ်မှာ။ ဒါကြောင့် ကျွန်တော်က စီးပွားရေးလုပ်ငန်းတွေကို သွားမကြည့်တာ” ဟု Warren Buffett က ဝန်ခံသည်။
Warren Buffett က Iscar Metalworking အမည်ရှိ အဆိုပါ ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံခဲ့မှုမှာ ကြီးမားသော အောင်မြင်မှုများ ရရှိစေခဲ့သည်။
၂၀၁၃ ခုနှစ်တွင် Berkshire Hathaway သည် Iscar ၏ ကျန်ရှိသော ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ဝယ်ယူလိုက် ရာ အပြည့်အဝ ပိုင်ဆိုင်သော ကုမ္ပဏီခွဲတစ်ခု ဖြစ်လာခဲ့သည်။
CNBC ၏ ဖော်ပြချက်အရ Iscar ၏ တန်ကြေးမှာ ထိုကာလက ကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ အင်တာဗျူးတွင် Warren Buffett က တရုတ်ပြည်၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ပုံအကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။
၂၀၀၂ (သို့မဟုတ်) ၂၀၀၃ ခုနှစ်အတွင်း PetroChina ကုမ္ပဏီနှင့် ပတ်သက်သည့် အစီရင်ခံစာတစ်ခု ဖတ်ရှုခဲ့ရကြောင်း Warren Buffett က ပြောသည်။
“ကျွန်တော် PetroChina မှာ ဒေါ်လာ သန်း ၅၀၀ လောက် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ တရုတ်အစိုးရက အဲဒီကုမ္ပဏီ ရဲ့ ၉၀ ရာခိုင်နှုန်းလောက် ပိုင်ဆိုင်ပြီး ကျွန်တော်တို့က ၁ ဒသမ ၃ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။
PetroChina သည် ကမ္ဘာပေါ်ရှိ ပင်မရေနံကုမ္ပဏီကြီးများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ထိုကာလက ဈေးကွက် တန်ကြေး ၃၅ ဘီလီယံခန့် ရှိခဲ့သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Warren Buffett Bought A $4 Billion Business Without Seeing It Because He Didn't Want To Travel Out Of The Country — 'I Don't Even Go To Iowa' (benzinga)
[Zawgyi]
Warren Buffett က အစၥေရးႏိုင္ငံရွိ စီးပြားေရးလုပ္ငန္းတစ္ခုကို သြားေရာက္ၾကည့္ရႈျခင္းပင္ မျပဳဘဲ ေဒၚလာ ၄ ဘီလီယံျဖင့္ ဝယ္ယူခဲ့၊ ႏိုင္ငံျပင္ပသို႔ ခရီးမသြားလိုေသာေၾကာင့္ဟုဆို
လူ႔သမိုင္းတြင္ ေအာင္ျမင္မႈအရဆံုး ရင္းႏွီးျမွဳပ္ႏွံမႈ လုပ္ငန္းရွင္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ေသာ Berkshire Hathaway Inc. ၏ ဥကၠဌ Warren Buffett သည္ Economic Club ၏ ဥကၠဌ ေဒးဗစ္ အမ္-ရူဘင္စတိုင္းႏွင့္ ၂၀၁၂ ခုႏွစ္အတြင္းက ေတြ႔ဆံုေမးျမန္းခန္းတစ္ခုတြင္ ၎ၾကံဳေတြ႔ခဲ့ရေသာ မေမွ်ာ္လင့္သည့္ အေရာင္းအဝယ္ တစ္ခုႏွင့္ စပ္လ်ဥ္းေသာ အံ့ဖြယ္ျဖစ္ရပ္တစ္ခုအေၾကာင္း ေျပာျပခဲ့ဖူးသည္။
Warren Buffett က ျပန္ေျပာင္းေျပာျပသည္မွာ အစၥေရးလုပ္ငန္းရွင္တစ္ဦးထံမွ စာတစ္ေစာင္ လက္ခံရရွိခဲ့ျပီး ေနာက္ပိုင္း ေနာက္ဆံုးတြင္ ေဒၚလာ ၄ ဘီလီယံ အေရာင္းအဝယ္တစ္ခု ျဖစ္သြားခဲ့ေၾကာင္း ေျပာျပသည္။
“သူ႔မွာ သိပ္ေကာင္းတဲ့ စက္ရံုတစ္ခုရွိတယ္လို႔ ကၽြန္ေတာ့္ကို ေျပာပါတယ္။ သူက ကၽြန္ေတာ့္ကို လာၾကည့္ ေစခ်င္တယ္။” ဟု Warren Buffett က ေျပာသည္။
ကနဦးတြင္ အေၾကာင္းမျပန္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ Warren Buffett က “ကၽြန္ေတာ္ လာၾကည့္ျဖစ္မွာ မဟုတ္ပါဘူး။ ခင္ဗ်ားသိတဲ့အတိုင္းပဲ ကၽြန္ေတာ္က အိုင္အိုဝါျပည္နယ္ကိုေတာင္ သြားတာ မဟုတ္ဘူး” ဟု အေၾကာင္းျပန္ခ့ဲသည္။ ထိုသို႔ စက္ရံုကို သြားမၾကည့္ျဖစ္ေသာ္လည္း Warren Buffett က ထိုကုမၸဏီ၏ ရွယ္ယာ ၈၀ ရာခိုင္ႏႈန္းကို ကန္ေဒၚလာ ၄ ဘီလီယံျဖင့္ ဝယ္ယူခဲ့သည္။
ေနာက္ပိုင္းတြင္ စက္ရံုကို လာေရာက္ၾကည့္ရႈမည္ဟူေသာ သတ္မွတ္ခ်က္ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။
ဝယ္ယူျပီးေနာက္ပုိင္းတြင္မူ Warren Buffett က အစၥေရးရွိ စက္ရံုသို႔ သြားေရာက္ၾကည့္ရႈခဲ့သည္။
“သူအရမ္းဝမ္းသာတယ္လို႔ ေျပာပါတယ္”
“ဒီစက္ရံုကိုသာ ကၽြန္ေတာ္အရင္က ၾကည့္ခဲ့မိမယ္ဆိုရင္ ခင္ဗ်ားကို ဒီထက္ပိုေပးျဖစ္မွာ။ ဒါေၾကာင့္ ကၽြန္ေတာ္က စီးပြားေရးလုပ္ငန္းေတြကို သြားမၾကည့္တာ” ဟု Warren Buffett က ဝန္ခံသည္။
Warren Buffett က Iscar Metalworking အမည္ရွိ အဆိုပါ ကုမၸဏီတြင္ ရင္းႏွီးျမွဳပ္ႏွံခဲ့မႈမွာ ၾကီးမားေသာ ေအာင္ျမင္မႈမ်ား ရရွိေစခဲ့သည္။
၂၀၁၃ ခုႏွစ္တြင္ Berkshire Hathaway သည္ Iscar ၏ က်န္ရွိေသာ ရွယ္ယာ ၂၀ ရာခိုင္ႏႈန္းကို ဝယ္ယူလိုက္ ရာ အျပည့္အဝ ပိုင္ဆိုင္ေသာ ကုမၸဏီခြဲတစ္ခု ျဖစ္လာခဲ့သည္။
CNBC ၏ ေဖာ္ျပခ်က္အရ Iscar ၏ တန္ေၾကးမွာ ထိုကာလက ကန္ေဒၚလာ ၁၀ ဘီလီယံခန္႔ ရွိခဲ့သည္ဟု ဆိုသည္။
အဆိုပါ အင္တာဗ်ဴးတြင္ Warren Buffett က တရုတ္ျပည္၌ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ခဲ့ပံုအေၾကာင္းလည္း ထည့္သြင္းေဖာ္ျပထားသည္။
၂၀၀၂ (သို႔မဟုတ္) ၂၀၀၃ ခုႏွစ္အတြင္း PetroChina ကုမၸဏီႏွင့္ ပတ္သက္သည့္ အစီရင္ခံစာတစ္ခု ဖတ္ရႈခဲ့ရေၾကာင္း Warren Buffett က ေျပာသည္။
“ကၽြန္ေတာ္ PetroChina မွာ ေဒၚလာ သန္း ၅၀၀ ေလာက္ ရင္းႏွီးျမွဳပ္ႏွံခဲ့ပါတယ္။ တရုတ္အစိုးရက အဲဒီကုမၸဏီ ရဲ႕ ၉၀ ရာခုိင္ႏႈန္းေလာက္ ပိုင္ဆုိင္ျပီး ကၽြန္ေတာ္တုိ႔က ၁ ဒသမ ၃ ရာခုိင္ႏႈန္း ပိုင္ဆိုင္ပါတယ္”ဟု ၎က ရွင္းျပသည္။
PetroChina သည္ ကမၻာေပၚရွိ ပင္မေရနံကုမၸဏီၾကီးမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ျပီး ထိုကာလက ေစ်းကြက္ တန္ေၾကး ၃၅ ဘီလီယံခန္႔ ရွိခဲ့သည္။
မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Warren Buffett Bought A $4 Billion Business Without Seeing It Because He Didn't Want To Travel Out Of The Country — 'I Don't Even Go To Iowa' (benzinga)