အီတလီနိုင်ငံ၊ စစ္စလီကျွန်းရှိ နေအိမ် ၁၀ လုံးကို တစ်လုံးလျှင် ၃ ယူရိုမျှဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဒေသခံ အုပ်ချုပ်ရေးအဖွဲ့က ကြေညာ
အီတလီနိုင်ငံ၊ စစ္စလီကျွန်းရှိ နေအိမ် ၁၀ လုံးကို တစ်လုံးလျှင် ၃ ယူရိုမျှဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဒေသခံ အုပ်ချုပ်ရေးအဖွဲ့က ကြေညာ - Property News in Myanmar from iMyanmarHouse.com
27 Jun 2024 2:10 pm တွင် တင်ခဲ့သည်
687 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အီတလီသည် နေအိမ်တစ်လုံးလျှင် ၁ ယူရိုဖြင့် ရောင်းချပေးမှုဖြင့် နာမည်ကြီးခဲ့သည်။
ယခုအခါ အိမ်တစ်လုံးလျှင် ၃ ယူရိုသို့ ဈေးတက်သွားသည်။
၂၀၁၉ ခုနှစ်အတွင်း အီတလီနိုင်ငံတောင်ပိုင်း ဆန်ဘူကာ ဒီ စီစီလီယာ (Sambuca di Sicilia) ကျေးရွာသည် နေအိမ်များကို ၁ ယူရိုမျှဖြင့် ရောင်းချပေးခဲ့သောကြောင့် ကမ္ဘာကျော်ခဲ့သည်။
(ဆက်စပ်သတင်း)
အီတလီနိုင်ငံတွင် လူမနေသော အိမ် ၁၀၀ ကို တစ်အိမ်လျှင် ၁ ဒေါ်လာဖြင့် ရောင်းမည်
https://www.imyanmarhouse.com/news/read/1036228
လူဦးရေကျဆင်းနေသော ကျေးလက်မြို့ရွာများတွင် လူသူပြန်လည်စည်ကားလာစေရန်နှင့် လူမရှိသောအိမ်များ ပြိုကျပျက်ဆီးမည့်အရေးမှ ကာကွယ်ရန်အတွက် နေအိမ်များကို ယခုကဲ့သို့ အစီအစဉ်ဖြင့် ရောင်းချပေးခြင်းမှာ နည်းလမ်းကောင်းတစ်ခုအဖြစ် နာမည်ကျော်လာသည်။
အချို့သောနေရာများတွင် ယခုကဲ့သို့သောစီမံကိန်းမှာ အထမမြောက်ခဲ့သော်လည်း ဆန်ဘူကာမှ နေအိမ်များကိုမူ ဝယ်ယူလိုသူများ များပြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် အရှေ့အလယ်ပိုင်းဒေသကဲ့သို့ အလွန်ဝေးကွာလှသော ဒေသများမှပင် ဝယ်လက်များ လာကြသည်။
ထိုသို့သော အစီအစဉ်များဖြင့် နေအိမ်များရောင်းချမှုကြောင့် ဒေသတွင်း စီးပွားရေးကို ယူရို သန်း ၂၀ ခန့် ဝင်ငွေရလာစေခဲ့သည်။
ယခုအခါ စစ္စလီကျွန်းရှိ ကျေးရွာတစ်ခုမှ နေအိမ်များကို ထပ်မံအရောင်းဈေးကွက်တင်လာသည်။
ဆန်ဘူကာ ဒီ စီစီလီယာ ကျေးရွာသည် ၂၀၁၉ နှင့် ၂၀၂၁ ခုနှစ်များအတွင်း နေအိမ်များကို ၁ ယူရိုဖြင့် အောင်မြင်စွာ ရောင်းချနိုင်ခဲ့ပြီးနောက် ယခုအခါ နေအိမ်များကို ဈေးသက်သာစွာဖြင့် ထပ်မံရောင်းချလာခြင်း ဖြစ်သည်။
ယခုအခါ ရောင်းချပေးမည်မှာ နေအိမ် ၁၀ လုံးဖြစ်ပြီး ဈေးနှုန်းမှာ ၃ ယူရိုမှ စသည်။
ယခုရောင်းချမည့် အိမ်များမှာ ယခင်ရောင်းချခဲ့ဖူးသည့်အိမ်များနည်းတူ ဖွဲ့စည်းတည်ဆောက်မှု ခိုင်မာ ကောင်းမွန်သည်ဟု ဆိုသည်။
ယခုရောင်းပေးမည့်အိမ်များသည် ၁၉၆၉ ခုနှစ်က ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် စွန့်ပစ်ခံခဲ့ရသော အိမ်များ ဖြစ်ပြီး ဒေသအုပ်ချုပ်ရေးအဖွဲ့က ပိုင်ဆိုင်သည်။
ထို့ကြောင့် အိမ်ပိုင်ရှင်နှင့် ဝယ်လက်အကြား ညှိနှိုင်းပေးရသည့် အခြားဒေသများထက်စာလျှင် ရောင်းချရမှု လုပ်ငန်းစဉ် ပိုမိုချောမွေ့လွယ်ကူသည်။
ရောင်းချပေးမည့်အိမ်များမှာ အိပ်ခန်း ၂ ခန်းမှ ၃ ခန်းအထိ ပါဝင်ပြီး စတုရန်းမီတာ ၈၀ ခန့်ရှိကာ ပျားရည်ရောင် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသည်။
အဆောက်အအုံများမှာ ၂ ထပ်မှ ၃ ထပ်အထိ အမျိုးမျိုးရှိပြီး အချို့အဆောက်အအုံများတွင် လသာဆောင်များ ပါဝင်သည်။
((သတိပြုရမည့်အချက်))
ယခုအိမ်များကို လေလံတင်ရောင်းချပေးမည်ဖြစ်ရာ အရောင်းအဝယ်ဖြစ်မည့်ဈေးမှာ ကြမ်းခင်းဈေး ၃ ယူရိုထက် များပြားဖွယ်ရာရှိသည်။
ယခင်က လေလံပွဲများတွင် ယူရို ၅၀၀၀ မှ ၁၀၀၀၀ အထိ ဈေးရခဲ့ဖူးသည်။
အချို့သောအိမ်များတွင် အိမ်တွင်းကွက်လပ်များရှိပြီး သံပုရာပင်များ ပါဝင်ကာ တောက်ပသော majolica ကြွေပြားကြမ်းခင်းများ ပါဝင်သည်။
အဆောက်အအုံ အများစုမှာ အသင့်နေနိုင်သည့် အနေအထားမရှိချေ။
ယခင်ရောင်းချပေးခဲ့သော ဈေးသက်သာသည့် နေအိမ်များနည်းတူ ပြုပြင်မွမ်းမံမှု များစွာပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။
နေအိမ်ပိုင်ရှင်သစ်များအနေဖြင့် အခြေခံမွမ်းမံမှုအတွက် အနည်းဆုံး ယူရို ၃၀,၀၀၀ ခန့် သုံးစွဲရဖွယ်ရှိပြီး အလုံးစုံ ပြန်လည်မွမ်းမံလျှင် ယူရို ၂၀၀,၀၀၀ ခန့်အထိ ကုန်ကျနိုင်သည်။
နေအိမ်ဝယ်ယူပြီး ၃ နှစ်အတွင်း ပြုပြင်မွမ်းမံမှု ပြုလုပ်ရမည်ဖြစ်ပြီး မွမ်းမံမှု မလုပ်လျှင် လေလံဆွဲစဉ်က ပေးသွင်းထားသော စပေါ်ငွေ ယူရို ၅,၀၀၀ ဆုံးရှုံးမည် ဖြစ်သည်။
စိတ်ဝင်စားသူများအနေဖြင့် ရောင်းချပေးရန်ရှိနေသော နေအိမ်တို့၏ ဓာတ်ပုံများနှင့် လျှောက်လွှာပုံစံများကို ထိုကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Italy’s cheap houses are back. You can now buy a property in Sicily for as little as €3 (euronews)
[Zawgyi]
(ဆက်စပ်သတင်း)
((သတိပြုရမည့်အချက်))
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service