ဗြိတိန်၏ ပဉ္စမမြောက် အကြီးမားဆုံး ဆောက်လုပ်ရေးကုမ္ပဏီကြီး Bellway က ပြိုင်ဘက် ဆောက်လုပ်ရေး ကုမ္ပဏီအား ပေါင် သန်း ၆၅၀ ဖြင့် ဝယ်ယူရန် ကမ်းလှမ်းမှု ငြင်းပယ်ခံရပြီးနောက် ပြိုင်ဘက်ကုမ္ပဏီ၏ ရှယ်ယာဈေးများ ထိုးတက်သွား
ဗြိတိန်၏ ပဉ္စမမြောက် အကြီးမားဆုံး ဆောက်လုပ်ရေးကုမ္ပဏီကြီး Bellway က ပြိုင်ဘက် ဆောက်လုပ်ရေး ကုမ္ပဏီအား ပေါင် သန်း ၆၅၀ ဖြင့် ဝယ်ယူရန် ကမ်းလှမ်းမှု ငြင်းပယ်ခံရပြီးနောက် ပြိုင်ဘက်ကုမ္ပဏီ၏ ရှယ်ယာဈေးများ ထိုးတက်သွား - Property News in Myanmar from iMyanmarHouse.com
26 Jun 2024 11:43 am တွင် တင်ခဲ့သည်
535 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဗြိတိန်၏ ပဉ္စမမြောက် အကြီးမားဆုံး ဆောက်လုပ်ရေးကုမ္ပဏီကြီး Bellway သည် ပြိုင်ဘက် ဆောက်လုပ်ရေး ကုမ္ပဏီအား ပေါင် သန်း ၆၅၀ ဖြင့် ဝယ်ယူရန် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ကမ်းလှမ်းခဲ့သည်။
Bellway ၏ ပြိုင်ဘက်ကုမ္ပဏီမှာ Crest Nicholson ဖြစ်ပြီး ဆောက်လုပ်ရေးလောကတွင် နှစ်ပေါင်း ၆၀ ကျော် ရပ်တည်ခဲ့သည့် ကုမ္ပဏီဖြစ်ကာ ဆာရေးခရိုင်တွင် အခြေစိုက်သည်။
Bellway ၏ ကမ်းလှမ်းမှုကို Crest Nicholson က ငြင်းပယ်ခဲ့ကြောင်း၊ ကုမ္ပဏီ၏တန်ကြေး အောက်အလွန်နည်းပါးသည့် ကမ်းလှမ်းမှုဖြစ်ကြောင်း ပြောကြားသည်ဟု တယ်လီဂရပ် သတင်းဌာနက ဖော်ပြသည်။
Bellway ၏ ကမ်းလှမ်းမှုကြောင့် Crest Nicholson ၏ ရှယ်ယာဈေးများမှာ ၉ ရာခိုင်နှုန်းကျော် ထိုးတက်သွားသည်။
ဘဏ်တိုးနှုန်းမြင့်မားမှုနှင့် အထွေထွေကုန်ကျစရိတ် မြင့်တက်မှုများကြောင့် ဗြိတိန်တွင် ဆောက်လုပ်ရေးကဏ္ဍ နှေးကွေးနေချိန်အတွင်း ယခုကဲ့သို့ ဝယ်ယူရန် ကမ်းလှမ်းမှု ပေါ်ပေါက်ခဲ့ခြင်းလည်း ဖြစ်သည်။
ကုမ္ပဏီ၏ ၆ လပတ် အခြေအနေ ထုတ်ပြန်ချက်တွင် Crest Nicholson သည် မေလတွင် အဆုံးသတ်သည့် ၆ လတာ အတွင်း ပေါင် ၃၁ သန်း အရှုံးပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။
ယခုနှစ်အတွင်း အမြတ်အစွန်းမှာ မျှော်လင့်ထားသည့်အောက် နည်းပါးနိုင်ကြောင်း ထုတ်ပြန်ခဲ့မှုအတိုင်း အရှုံးပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။
(Crest Nicholson ၏ ရှယ်ယာများမှာ ကိုဗစ်ကပ်ဘေး ကတည်းက ကျဆင်းနေခဲ့သည်။ ဓာတ်ပုံ-Bloomberg)
ထိုသို့ ကုမ္ပဏီ၏ ရုန်းကန်ရမှုများရှိသော်လည်း Bellway ၏ ကမ်းလှမ်းချက်မှာ ကုမ္ပဏီတန်ကြေးအောက် အလွန်နည်းပါးစွာ ဈေးဖြတ်ကြောင်း ကောက်ချက်ဆွဲခဲ့ပြီး ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။
Bellway ၏ ကုမ္ပဏီတန်ကြေးမှာ ပေါင် ၃ ဒသမ ၂ ဘီလီယံ ဝန်းကျင်ခန့် ရှိသည်။
မိမိတို့ ဝယ်ယူလိုက်ပါက Crest Nicholson အနေဖြင့် ကြွေးမြီများ လျှော့ချနိုင်မည့်အပြင် လုပ်ငန်းပူးပေါင်းမှု ကြောင့် အကျိုးကျေးဇူးများ ရရှိလာစေမည်ဖြစ်ကြောင်း Bellway ကပြောသည်။
Crest Nicholson ကုမ္ပဏီသို့ စီအီးအိုအသစ်အဖြစ် Martyn Clark ရောက်ရှိလာသော ပထမဆုံးနေ့တွင် Bellway ၏ ကမ်းလှမ်းချက် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ထိုကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ကြောင်း Crest Nicholson က အတည်ပြုသည်။
Martyn Clark သည် ယခင်က Crest Nicholson ၏ ပြိုင်ဘက်ကုမ္ပဏီ Persimmon တွင် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယခုအခါ Crest Nicholson ၏ စီအီးအိုဟောင်း Peter Truscott ၏ နေရာသို့ အစားထိုး ဝင်ရောက်ခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Bellway confirms £650m bid for rival housebuilder amid property slump (telegraph)
Photo Credit: Bloomberg
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service