ဗြိတိန်၏ အချမ်းသာဆုံးမိသားစုက ၎င်းတို့၏ ဝန်ထမ်းလစာထက် အိမ်မွေးခွေးအသုံးစရိတ် ပိုမိုများပြားစွာ သုံးစွဲနေကြောင်း ဆွစ်ဇာလန်ရှိ တရားရုံးစစ်ဆေးကြားနာချက်တွင် ဖော်ပြ

ဗြိတိန်၏ အချမ်းသာဆုံးမိသားစုက ၎င်းတို့၏ ဝန်ထမ်းလစာထက် အိမ်မွေးခွေးအသုံးစရိတ် ပိုမိုများပြားစွာ သုံးစွဲနေကြောင်း ဆွစ်ဇာလန်ရှိ တရားရုံးစစ်ဆေးကြားနာချက်တွင် ဖော်ပြ - Property News in Myanmar from iMyanmarHouse.com
25 Jun 2024 10:53 am တွင် တင်ခဲ့သည်
669 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်၏ အချမ်းသာဆုံးမိသားစုသည် ၎င်းတို့၏ ဝန်ထမ်းများအနက် တစ်ဦး၏ လစာထက် အိမ်မွေးခွေး အသုံးစရိတ်ကို ပိုမိုများပြားစွာ သုံးစွဲနေကြောင်း ဆွစ်ဇာလန်ရှိ တရားရုံးစစ်ဆေးကြားနာချက်တွင် ပေါ်ပေါက် လာသည်။

ဘီလျံနာ ဟင်ဒူဂျာ မိသားစုကို တရားမဝင် လူကုန်ကူးမှု၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ရေကန်ဘေးစံအိမ်ကြီးတွင် အလုပ်သမားများအား ခေါင်းပုံဖြတ်မှုတို့ဖြင့် တရားစွဲထားပြီး အစိုးရရှေ့နေတို့က ထိုမိသားစုအား ထောင်ဒဏ်ချမှတ်ရန် တောင်းဆိုထားကြသည်။

ဂျီနီဗာမြို့ ၊ ရာဇဝတ်တရားရုံးတွင် တနင်္လာနေ့က ကြားနားစစ်ဆေးခဲ့ရာ၌ အစိုးရရှေ့နေ Yves Bertossa က “သူတို့ ဝန်ထမ်းတွေထဲက တစ်ဦးထက် ခွေးတစ်ကောင်အတွက် ပိုမိုသုံးစွဲခဲ့ကြပါတယ်” ဟု ပြောသည်။

အမျိုးသမီး ဝန်ထမ်းတစ်ဦးဆိုလျှင် လုပ်ခ အနည်းငယ်မျှသာ ရရှိပြီး ဆွစ်ဇာလန်ငွေ ၇ ဖရန့် (၈ ဒေါ်လာနီးပါး ) သာ ရကြောင်း မစ္စတာ ဘာတိုဆာက ပြောသည်။

ထိုအမျိုးသမီးမှာ တစ်ပတ်လျှင် ၇ ရက်လုံး အလုပ်လုပ်ရပြီး တစ်ရက်လျှင် ၁၈ နာရီကျော် အလုပ်လုပ်ရကြောင်း Bloomberg သတင်းဌာနက ဖော်ပြသည်။

ဘာတိုဆာက ပြောသည်မှာ ထိုမိသားစုသည် ၎င်းတို့ မွေးမြူထားသော ခွေးအတွက် တစ်နှစ်လျှင် ဆွစ်ဇာလန်ငွေ ၈၅၈၄ ဖရန့် (ကန်ဒေါ်လာ ၉၆၂၇) သုံးစွဲကြောင်း ပြောကြားသည်။

အလုပ်စာချုပ်တွင် အလုပ်လုပ်ရမည့်အချိန်၊ ရက်သတ်မှတ်ချက် အတိအကျ ဖော်ပြမထားဘဲ ချန်လှပ်ထား သည်။

အစိုးရရှေ့နေတို့က ပြောသည်မှာ အလုပ်သမားများအနေဖြင့် မည်သည့်အချိန်တွင်မဆို အလုပ်လုပ်ပေးရမည့် တာဝန်ရှိနေကြောင်း ပြောသည်။

ထိုမိသားစုအတွက် အလုပ်လုပ်ပေးရသော အလုပ်သမားများတွင် လွတ်လပ်မှု အနည်းငယ်မျှသာ ရရှိမှုမှသည် လုံးဝ မလွတ်လပ်သည့် အခြေအနေမျိုးအထိ ရှိကြောင်း၊ အလုပ်ဝင်သည်နှင့် နိုင်ငံကူးလက်မှတ်များ သိမ်းယူခံ လိုက်ရပြီး အလုပ်ရှင်၏ ခွင့်ပြုချက်မရဘဲ အိမ်ပြင်ထွက်ခွင့်မရှိကြောင်း မစ္စတာ ဘာတိုဆာက ပြောသည်။

ဟင်ဒူဂျာ မိသားစု၏ ရှေ့နေတို့ကမူ အဆိုပါ စွပ်စွဲချက်များကို ငြင်းပယ်ထားသည်။

၎င်းတို့၏ ငြင်းပယ်မှုတွင် ထိုအိမ်မှ ဝန်ထမ်းများ၏ ထွက်ဆိုချက်ကို ကိုးကားထားသည်။

၎င်းတို့ ကိုးကားသော ဝန်ထမ်းများက ထွက်ဆိုရာတွင် အလုပ်ရှင်တို့က မိမိတို့အပေါ် လူ့ဂုဏ်သိက္ခာနှင့်အညီ လေးစားစွာ ဆက်ဆံကြကြောင်း ထွက်ဆိုကြသည်။

ထိုမိသားစုဝင်တစ်ဦးဖြစ်သူ Ajay Hinduja ၏ ရှေ့နေ အမျိုးသမီး Yael Hayat က ပြောသည်မှာ လစာ တစ်ခုတည်းကို ကြည့်လျှင် ဝန်ထမ်းများအတွက် ကုန်ကျရမှုကို တွက်ချက်ရာတွင် တိကျမှုမရှိကြောင်း၊ ၎င်းတို့ကို နေစရာနှင့် စားသောက်စရိတ်ပါ ကုန်ကျရကြောင်း ပြောသည်။

တစ်ရက်လျှင် ၁၈ နာရီအလုပ်လုပ်ရသည်ဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်းဖြစ်ကြောင်းလည်း သူမက ပြောသည်။

မစ္စ Hayat က “သူတို့ဟာ ကလေးတွေနဲ့အတူ ရုပ်ရှင်အတူထိုင်ကြည့်နေကြတာကို အလုပ်လုပ်နေရတယ်လို့ ပြောလို့ရပါသလား။ ကျွန်မကတော့ အလုပ်လုပ်ရတာလို့ မတွက်ဆပါဘူး” ဟု ပြောသည်။

ဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာတွင် ရသော လုပ်ခမှာ အိန္ဒိယတွင် ရသော လုပ်ခထက် များပြားကြောင်း၊ ယခုအလုပ်ထံ ပြန်လာသည်မှာ မိမိသဘောဆန္ဒအရသာဖြစ်ကြောင်း ပြောသည် ဟု ရှေ့နေ Hayat က ပြောသည်။

ဟင်ဒူဂျာ မိသားစုသည် ဗြိတိန်တွင် အချမ်းသာဆုံးဖြစ်ပြီး ပေါင် ၃၇ ဘီလီယံကျော် ကြွယ်ဝကြောင်း The Sunday Times သတင်းဌာနက ဖော်ပြသည်။

(အစ်ကိုဖြစ်သူ SP Hinduja ပြီးခဲ့သောနှစ်တွင် ကွယ်လွန်သွားခဲ့ပြီးနောက်ပိုင်း မိသားစုစီးပွားရေး အင်ပါယာကို ညီဖြစ်သူ Gopi Hinduja က လွှဲပြောင်းဆက်ခံသည်။ ဓာတ်ပုံ-Clara Molden for the Telegraph)

ဆွစ်ဇာလန် တရားရုံးတွင် တရားစွဲဆိုထားသည်မှာ ဟင်ဒူဂျာ မိသားစုမှ မိသားစုဝင် ၄ ဦးကို တရားစွဲထားခြင်း ဖြစ်ပြီး အသက် ၇၈ နှစ်အရွယ် ပရာကက်ရှ် ဟင်ဒူဂျာ၊ ၎င်း၏ဇနီး Kamal ၊ ၎င်းတို့၏ သားဖြစ်သူ Ajay နှင့် ၎င်း၏ ဇနီး Namrata တို့ ၄ ဦး ဖြစ်သည်။

(မှတ်ချက်။ နောက်ဆုံးရ သတင်းများအရ တရားစွဲခံထားရသော မိသားစုဝင် ၄ ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့သည်ဟု ဆိုသည်။ ဟင်ဒူဂျာမိသားစုမှာ တရားရုံးသို့ တက်ရောက်ခဲ့ခြင်းမရှိချေ။ လူကုန်ကူးသည့် စွဲချက်မှာ အပြစ်မရှိကြောင်းတွေ့ရသော်လည်း အခြားအမှုများတွင် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့သည်။ Prakash Hinduja နှင့် ဇနီးကို ထောင်ဒဏ် ၄ နှစ် ၆ လစီ၊ သားဖြစ်သူ Ajay နှင့် ၎င်း၏ ဇနီးကို ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခဲ့သည်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Britain’s richest family spent more on pet dog than on servants, Swiss court hears (telegraph)

Photo Credit- Clara Molden for the Telegraph

[Zawgyi]

ျဗိတိန္၏ အခ်မ္းသာဆံုးမိသားစုက ၎တို႔၏ ဝန္ထမ္းလစာထက္ အိမ္ေမြးေခြးအသံုးစရိတ္ ပိုမိုမ်ားျပားစြာ သံုးစြဲေနေၾကာင္း ဆြစ္ဇာလန္ရွိ တရားရံုးစစ္ေဆးၾကားနာခ်က္တြင္ ေဖာ္ျပ

ျဗိတိန္၏ အခ်မ္းသာဆံုးမိသားစုသည္ ၎တို႔၏ ဝန္ထမ္းမ်ားအနက္ တစ္ဦး၏ လစာထက္ အိမ္ေမြးေခြး အသံုးစရိတ္ကို ပိုမိုမ်ားျပားစြာ သံုးစြဲေနေၾကာင္း ဆြစ္ဇာလန္ရွိ တရားရံုးစစ္ေဆးၾကားနာခ်က္တြင္ ေပၚေပါက္ လာသည္။

ဘီလ်ံနာ ဟင္ဒူဂ်ာ မိသားစုကို တရားမဝင္ လူကုန္ကူးမႈ၊ ဆြစ္ဇာလန္ႏုိင္ငံ၊ ဂ်ီနီဗာျမဳိ႕ရွိ ေရကန္ေဘးစံအိမ္ၾကီးတြင္ အလုပ္သမားမ်ားအား ေခါင္းပံုျဖတ္မႈတို႔ျဖင့္ တရားစြဲထားျပီး အစိုးရေရွ႕ေနတို႔က ထိုမိသားစုအား ေထာင္ဒဏ္ခ်မွတ္ရန္ ေတာင္းဆိုထားၾကသည္။

ဂ်ီနီဗာျမိဳ႕ ၊ ရာဇဝတ္တရားရံုးတြင္ တနလၤာေန႔က ၾကားနားစစ္ေဆးခဲ့ရာ၌ အစိုးရေရွ႕ေန Yves Bertossa က “သူတို႔ ဝန္ထမ္းေတြထဲက တစ္ဦးထက္ ေခြးတစ္ေကာင္အတြက္ ပိုမိုသံုးစြဲခဲ့ၾကပါတယ္” ဟု ေျပာသည္။

အမ်ဳိးသမီး ဝန္ထမ္းတစ္ဦးဆိုလွ်င္ လုပ္ခ အနည္းငယ္မွ်သာ ရရွိျပီး ဆြစ္ဇာလန္ေငြ ၇ ဖရန္႔ (၈ ေဒၚလာနီးပါး ) သာ ရေၾကာင္း မစၥတာ ဘာတုိဆာက ေျပာသည္။

ထိုအမ်ဳိးသမီးမွာ တစ္ပတ္လွ်င္ ၇ ရက္လံုး အလုပ္လုပ္ရျပီး တစ္ရက္လွ်င္ ၁၈ နာရီေက်ာ္ အလုပ္လုပ္ရေၾကာင္း Bloomberg သတင္းဌာနက ေဖာ္ျပသည္။

ဘာတိုဆာက ေျပာသည္မွာ ထိုမိသားစုသည္ ၎တို႔ ေမြးျမဴထားေသာ ေခြးအတြက္ တစ္ႏွစ္လွ်င္ ဆြစ္ဇာလန္ေငြ ၈၅၈၄ ဖရန္႔ (ကန္ေဒၚလာ ၉၆၂၇) သံုးစြဲေၾကာင္း ေျပာၾကားသည္။

အလုပ္စာခ်ဳပ္တြင္ အလုပ္လုပ္ရမည့္အခ်ိန္၊ ရက္သတ္မွတ္ခ်က္ အတိအက် ေဖာ္ျပမထားဘဲ ခ်န္လွပ္ထား သည္။

အစိုးရေရွ႕ေနတို႔က ေျပာသည္မွာ အလုပ္သမားမ်ားအေနျဖင့္ မည္သည့္အခ်ိန္တြင္မဆို အလုပ္လုပ္ေပးရမည့္ တာဝန္ရွိေနေၾကာင္း ေျပာသည္။

ထိုမိသားစုအတြက္ အလုပ္လုပ္ေပးရေသာ အလုပ္သမားမ်ားတြင္ လြတ္လပ္မႈ အနည္းငယ္မွ်သာ ရရွိမႈမွသည္ လံုးဝ မလြတ္လပ္သည့္ အေျခအေနမ်ဳိးအထိ ရွိေၾကာင္း၊ အလုပ္ဝင္သည္ႏွင့္ ႏိုင္ငံကူးလက္မွတ္မ်ား သိမ္းယူခံ လိုက္ရျပီး အလုပ္ရွင္၏ ခြင့္ျပဳခ်က္မရဘဲ အိမ္ျပင္ထြက္ခြင့္မရွိေၾကာင္း မစၥတာ ဘာတိုဆာက ေျပာသည္။

ဟင္ဒူဂ်ာ မိသားစု၏ ေရွ႕ေနတို႔ကမူ အဆိုပါ စြပ္စြဲခ်က္မ်ားကို ျငင္းပယ္ထားသည္။

၎တုိ႔၏ ျငင္းပယ္မႈတြင္ ထိုအိမ္မွ ဝန္ထမ္းမ်ား၏ ထြက္ဆိုခ်က္ကို ကိုးကားထားသည္။

၎တို႔ ကိုးကားေသာ ဝန္ထမ္းမ်ားက ထြက္ဆိုရာတြင္ အလုပ္ရွင္တုိ႔က မိမိတို႔အေပၚ လူ႔ဂုဏ္သိကၡာႏွင့္အညီ ေလးစားစြာ ဆက္ဆံၾကေၾကာင္း ထြက္ဆိုၾကသည္။

ထိုမိသားစုဝင္တစ္ဦးျဖစ္သူ Ajay Hinduja ၏ ေရွ႕ေန အမ်ဳိးသမီး Yael Hayat က ေျပာသည္မွာ လစာ တစ္ခုတည္းကို ၾကည့္လွ်င္ ဝန္ထမ္းမ်ားအတြက္ ကုန္က်ရမႈကို တြက္ခ်က္ရာတြင္ တိက်မႈမရွိေၾကာင္း၊ ၎တို႔ကို ေနစရာႏွင့္ စားေသာက္စရိတ္ပါ ကုန္က်ရေၾကာင္း ေျပာသည္။

တစ္ရက္လွ်င္ ၁၈ နာရီအလုပ္လုပ္ရသည္ဆိုျခင္းမွာ ခ်ဲ႕ကားေျပာဆိုျခင္းျဖစ္ေၾကာင္းလည္း သူမက ေျပာသည္။

မစၥ Hayat က “သူတို႔ဟာ ကေလးေတြနဲ႔အတူ ရုပ္ရွင္အတူထိုင္ၾကည့္ေနၾကတာကို အလုပ္လုပ္ေနရတယ္လို႔ ေျပာလို႔ရပါသလား။ ကၽြန္မကေတာ့ အလုပ္လုပ္ရတာလို႔ မတြက္ဆပါဘူး” ဟု ေျပာသည္။

ဝန္ထမ္း အမ်ဳိးသမီးတစ္ဦးက ေျပာသည္မွာ ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်ီနီဗာတြင္ ရေသာ လုပ္ခမွာ အိႏိၵယတြင္ ရေသာ လုပ္ခထက္ မ်ားျပားေၾကာင္း၊ ယခုအလုပ္ထံ ျပန္လာသည္မွာ မိမိသေဘာဆႏၵအရသာျဖစ္ေၾကာင္း ေျပာသည္ ဟု ေရွ႕ေန Hayat က ေျပာသည္။

ဟင္ဒူဂ်ာ မိသားစုသည္ ျဗိတိန္တြင္ အခ်မ္းသာဆံုးျဖစ္ျပီး ေပါင္ ၃၇ ဘီလီယံေက်ာ္ ၾကြယ္ဝေၾကာင္း The Sunday Times သတင္းဌာနက ေဖာ္ျပသည္။

(အစ္ကိုျဖစ္သူ SP Hinduja ျပီးခဲ့ေသာႏွစ္တြင္ ကြယ္လြန္သြားခဲ့ျပီးေနာက္ပိုင္း မိသားစုစီးပြားေရး အင္ပါယာကို ညီျဖစ္သူ Gopi Hinduja က လႊဲေျပာင္းဆက္ခံသည္။ ဓာတ္ပံု-Clara Molden for the Telegraph)

ဆြစ္ဇာလန္ တရားရံုးတြင္ တရားစြဲဆိုထားသည္မွာ ဟင္ဒူဂ်ာ မိသားစုမွ မိသားစုဝင္ ၄ ဦးကို တရားစြဲထားျခင္း ျဖစ္ျပီး အသက္ ၇၈ ႏွစ္အရြယ္ ပရာကက္ရွ္ ဟင္ဒူဂ်ာ၊ ၎၏ဇနီး Kamal ၊ ၎တို႔၏ သားျဖစ္သူ Ajay ႏွင့္ ၎၏ ဇနီး Namrata တို႔ ၄ ဦး ျဖစ္သည္။

(မွတ္ခ်က္။ ေနာက္ဆံုးရ သတင္းမ်ားအရ တရားစြဲခံထားရေသာ မိသားစုဝင္ ၄ ဦးကို ေထာင္ဒဏ္မ်ား ခ်မွတ္ခဲ့သည္ဟု ဆိုသည္။ ဟင္ဒူဂ်ာမိသားစုမွာ တရားရံုးသို႔ တက္ေရာက္ခဲ့ျခင္းမရွိေခ်။ လူကုန္ကူးသည့္ စြဲခ်က္မွာ အျပစ္မရွိေၾကာင္းေတြ႔ရေသာ္လည္း အျခားအမႈမ်ားတြင္ ျပစ္မႈထင္ရွားေၾကာင္း ဆံုးျဖတ္ခဲ့သည္။ Prakash Hinduja ႏွင့္ ဇနီးကို ေထာင္ဒဏ္ ၄ ႏွစ္ ၆ လစီ၊ သားျဖစ္သူ Ajay ႏွင့္ ၎၏ ဇနီးကို ေထာင္ဒဏ္ ၄ ႏွစ္စီ ခ်မွတ္ခဲ့သည္)

Ref: Britain’s richest family spent more on pet dog than on servants, Swiss court hears (telegraph)

Photo Credit- Clara Molden for the Telegraph

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service