အိုက်ဆင်ဟောင်ဝါနှင့် ဗိုလ်ချုပ်ကြီး ဂျော့ချ် ပက်တန်တို့ D-Day ကမ်းတက်တိုက်ပွဲကြီးအတွက် ဆွေးနွေးတိုင်ပင်ခဲ့သော အင်္ဂလန်အနောက်မြောက်ပိုင်းမှ အရက်ဆိုင်ကလေး

အိုက်ဆင်ဟောင်ဝါနှင့် ဗိုလ်ချုပ်ကြီး ဂျော့ချ် ပက်တန်တို့ D-Day ကမ်းတက်တိုက်ပွဲကြီးအတွက် ဆွေးနွေးတိုင်ပင်ခဲ့သော အင်္ဂလန်အနောက်မြောက်ပိုင်းမှ အရက်ဆိုင်ကလေး - Property News in Myanmar from iMyanmarHouse.com
24 Jun 2024 12:00 pm တွင် တင်ခဲ့သည်
784 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်အနောက်မြောက်ပိုင်းမှ အရက်ဆိုင်လေးတစ်ခု၏ ဖုန်တသောသောဖြစ်နေသည့် အပေါ်ထပ် အခန်း တစ်ခန်းထဲတွင် အိပ်ဆောင်ဒိုင်ယာရီစာအုပ်ကလေးတစ်ခု၏ တစ်ခုသော စာမျက်နှာပေါ်၌ ရေးသားထားသည့် စာသားအချို့ ရှိနေသည်။

အင်္ဂလိပ်စာ အကြီးစာလုံးများချည်း သုံးကာ လက်ရေးဆက် မဟုတ်ဘဲ တစ်လုံးချင်း ရေးထားခြင်း ဖြစ်သည်။

ထိုစာကို ရေးသားခဲ့သည့် ရက်စွဲကား ၁၉၄၄ ခုနှစ်၊ ဇွန်လ ၅ ရက်။

ရေးသားထားသည်မှာ…… “မနက်ဖြန် D-Day နေ့။ လူတိုင်း စိတ်လှုပ်ရှားနေကြတယ်။ ငါတို့ Arromanches မှာ ဆင်းကြတယ်။ ရွာ ၃ ရွာနဲ့ Bayeux မြို့ကို ရှင်းလင်းခဲ့ကြတယ်”

(မှတ်ချက်။ Arromanches အရပ်မှာ ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်း၊ နော်မန်ဒီတွင် တည်ရှိသည်)

အင်္ဂလန်မြောက်ပိုင်း ချက်ရှိုင်းယားခရိုင်၊ Lower Peover ရွာငယ်လေးတွင် တည်ရှိသော Bells of Peover အမည်ရှိ အရက်ဆိုင်ပိုင်ရှင် ဖီးလ်စမစ် (Phil Smith) က ထိုစာကို မြင်တိုင်း စိတ်လှုပ်ရှားမိသည်။

“ဒီစာကို ကြည့်မိတိုင်း ကျွန်တော် တကိုယ်လုံး ကြက်သီးတွေ ထပါတယ်” ဟု အသက် ၄၄ နှစ်အရွယ်ရှိ အရက်ဆိုင်ရှင်က ပြောသည်။

အဆိုပါ စာကို ဒိုင်ယာရီစာအုပ်၏ စာမျက်နှာ ၅ နှင့် ၆ တို့တွင် ဖြန့်ကျက်ရေးသားထားပြီး စာရွက်များကို မှန်ဘောင်သွင်းကာ အရက်ဆိုင်၏ ညစာစားခန်းတွင် ဂုဏ်ယူစွာ ချိတ်ဆွဲထားသည်။

မှန်ဘောင်၏ ဘေးတွင် နော်မန်ဒီကမ်းခြေ၏ မြေပုံတစ်ခုချိတ်ဆွဲထားပြီး ဗြိတိသျှ၊ ဓနသဟာယနှင့် အမေရိကန်တပ်များ ကမ်းတက်မည့်နေရာကို မှင်ဝိုင်းကာ ပြသထားသည်။

ထိုအရာနှစ်ခုလုံး အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့်နည်းတူ ထိုအခန်းကလေးမှာလည်း D-Day ကမ်းတက်တိုက်ပွဲကြီးကို အမေရိကန်က အဆုံးသတ်စီစဉ်မှုများ ပြုလုပ်ခဲ့သည့်နေရာလည်း ဖြစ်သည်။

(အရက်ဆိုင်ကလေး၏ အပြင်ဘက်တွင် အမေရိကန်နှင့် ဗြိတိန်အလံ နှစ်ခုလုံး လွှင့်ထူထားသည်။ ဓာတ်ပုံ-Google)

၁၉၄၄ ခုနှစ် နွေရာသီတွင် ဒွိုက်-ဒီ- အိုက်ဆင်ဟောင်ဝါ (နောင်အခါ အမေရိကန်သမ္မတဖြစ်လာ) နှင့် ဗိုလ်ချုပ်ကြီး ဂျော့ချ် ပက်တန်တို့သည် ဤအရက်ဆိုင်လေးတွင် ၂ ရက်တိုင် အတူတကွ ရှိခဲ့ကြသည်။

အိုက်ဆင်ဟောင်ဝါသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း မဟာမိတ်တို့၏ စစ်သေနာပတိလည်း ဖြစ်သည်။

ထိုသို့ ၂ ရက်တာ အတူရှိစဉ် စားသောက်ရင်း နော်မန်ဒီ ကမ်းတက်တိုက်ပွဲကြီးအတွက် အစီအစဉ်များ ရေးဆွဲခဲ့ ကြသည်။

အမေရိကန်၏ Third Army ကို ကွပ်ကဲရသူ ဗိုလ်ချုပ်ကြီး ပက်တန်သည် မန်ချက်စတာမြို့၏ အနောက်တောင် ဘက်ရှိ Lower Peover အမည်ရှိ ရွာကလေးသို့ ၁၉၄၄ ခုနှစ်၊ ဇန်နဝါရီတွင် သူ၏တပ်များနှင့်အတူ ရောက်ရှိလာ ခဲ့ပြီး Peover Hall ကို ရုံးချုပ်အဖြစ် အခြေစိုက်အသုံးပြုခဲ့သည်။

ဇွန်လ ၆ ရက် D-Day ကမ်းတက်တိုက်ပွဲကြီးပြီးလျှင် ပြင်သစ်တွင် တပ်များဖြန့်ကျက်ရေးအတွက် ဗ်ိုလ်ချုပ်ကြီး ပက်တန်၏ တပ်များ ထိုဒေသတွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

(ဗိုလ်ချုပ်ကြီး ပက်တန် (ဝဲ) ကို ဒွိုက် ဒီ-အိုက်ဆင်ဟောင်ဝါနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ-US Army Official Photography)

Lower Peover ရှိ Peover Hall ကို ၁၉၃၀ ကာလများကတည်းက ပိုင်ဆိုင်ခဲ့သော မိသားစုမှ ဆင်းသက်လာသူ ဟင်နရီ ဘရွတ်စ် (၄၃ နှစ်) က ပြောသည်မှာ ဗိုလ်ချုပ်ကြီးပက်တန်၏ နေထိုင်လှုပ်ရှားခဲ့သည့် အမှတ်ရဖွယ်များ ယနေ့တိုင် ကျန်ရှိနေဆဲဖြစ်ကြောင်း ပြောသည်။

Whipping Stocks အရက်ဆိုင်နှင့် ထိုဒေသ၏ အထင်ကရ ကျေးလက်စံအိမ်ကြီးတစ်လုံးတို့အကြား တင့်ကား သွားထားသည့် လမ်းကြောင်းများ ယနေ့တိုင် တွေ့နိုင်သေးကြောင်း၊ ထိုကာလက စီရရီရှိခဲ့သော ဥမင်သဏ္ဍာန် Nissen တဲများမှာမူ မရှိတော့ကြောင်း ဟင်နရီက ပြောသည်။

အမေရိကန်တို့သည် ထိုဒေသရှိ လမ်းများကို ပြန်လည်ပြင်ဆင်ခဲ့ကြောင်း၊ မိမိတို့ မလုပ်နိုင်ခဲ့သည့်အလုပ် ဖြစ်ကြောင်း ဖခင်ဖြစ်သူ Randle က ပြောပြသည်ဟု ဟင်နရီက ဆိုသည်။

ထိုကာလအတွက် အမှတ်ရဖွယ်များမှာ စစ်ဘက်ချည်းသာ မဟုတ်။

ဘာသာရေးကိုင်းရှိုင်းသူတစ်ဦးဖြစ်သော ဗိုလ်ချုပ်ကြီးပက်တန်သည် Peover Hall ခြံဝန်းအတွင်းရှိ စိန့်လောရင့် ဘုရားကျောင်းသို့ ပုံမှန်သွားခဲ့ပြီး ထိုကျောင်းမှ ဘုန်းတော်ကြီးအား လက်ဆောင်ပေးခဲ့သော အမေရိကန်အလံ မှာ ယနေ့တိုင်ချိတ်ဆွဲထားဆဲ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The pub where Eisenhower and Patton made D-Day plans (bbc)

Photo Credit: google, US Army Official Photography

[Zawgyi]

အိုက္ဆင္ေဟာင္ဝါႏွင့္ ဗိုလ္ခ်ဳပ္ၾကီး ေဂ်ာ့ခ်္ ပက္တန္တို႔ D-Day ကမ္းတက္တိုက္ပြဲၾကီးအတြက္ ေဆြးေႏြးတိုင္ပင္ခဲ့ေသာ အဂၤလန္အေနာက္ေျမာက္ပိုင္းမွ အရက္ဆိုင္ကေလး

အဂၤလန္အေနာက္ေျမာက္ပိုင္းမွ အရက္ဆိုင္ေလးတစ္ခု၏ ဖုန္တေသာေသာျဖစ္ေနသည့္ အေပၚထပ္ အခန္း တစ္ခန္းထဲတြင္ အိပ္ေဆာင္ဒိုင္ယာရီစာအုပ္ကေလးတစ္ခု၏ တစ္ခုေသာ စာမ်က္ႏွာေပၚ၌ ေရးသားထားသည့္ စာသားအခ်ဳိ႕ ရွိေနသည္။

အဂၤလိပ္စာ အၾကီးစာလံုးမ်ားခ်ည္း သံုးကာ လက္ေရးဆက္ မဟုတ္ဘဲ တစ္လံုးခ်င္း ေရးထားျခင္း ျဖစ္သည္။

ထိုစာကို ေရးသားခဲ့သည့္ ရက္စြဲကား ၁၉၄၄ ခုႏွစ္၊ ဇြန္လ ၅ ရက္။ ေရးသားထားသည္မွာ…… “မနက္ျဖန္ D-Day ေန႔။ လူတိုင္း စိတ္လႈပ္ရွားေနၾကတယ္။ ငါတို႔ Arromanches မွာ ဆင္းၾကတယ္။ ရြာ ၃ ရြာနဲ႔ Bayeux ျမိဳ႕ကို ရွင္းလင္းခ့ဲၾကတယ္”

(မွတ္ခ်က္။ Arromanches အရပ္မွာ ျပင္သစ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္း၊ ေနာ္မန္ဒီတြင္ တည္ရွိသည္)

အဂၤလန္ေျမာက္ပိုင္း ခ်က္ရႈိင္းယားခရိုင္၊ Lower Peover ရြာငယ္ေလးတြင္ တည္ရွိေသာ Bells of Peover အမည္ရွိ အရက္ဆိုင္ပိုင္ရွင္ ဖီးလ္စမစ္ (Phil Smith) က ထိုစာကို ျမင္တိုင္း စိတ္လႈပ္ရွားမိသည္။

“ဒီစာကို ၾကည့္မိတိုင္း ကၽြန္ေတာ္ တကိုယ္လံုး ၾကက္သီးေတြ ထပါတယ္” ဟု အသက္ ၄၄ ႏွစ္အရြယ္ရွိ အရက္ဆိုင္ရွင္က ေျပာသည္။

အဆိုပါ စာကို ဒိုင္ယာရီစာအုပ္၏ စာမ်က္ႏွာ ၅ ႏွင့္ ၆ တို႔တြင္ ျဖန္႔က်က္ေရးသားထားျပီး စာရြက္မ်ားကို မွန္ေဘာင္သြင္းကာ အရက္ဆိုင္၏ ညစာစားခန္းတြင္ ဂုဏ္ယူစြာ ခ်ိတ္ဆြဲထားသည္။

မွန္ေဘာင္၏ ေဘးတြင္ ေနာ္မန္ဒီကမ္းေျခ၏ ေျမပံုတစ္ခုခ်ိတ္ဆြဲထားျပီး ျဗိတိသွ်၊ ဓနသဟာယႏွင့္ အေမရိကန္တပ္မ်ား ကမ္းတက္မည့္ေနရာကို မွင္ဝိုင္းကာ ျပသထားသည္။

ထိုအရာႏွစ္ခုလံုး အလြန္စိတ္ဝင္စားဖြယ္ေကာင္းသည့္နည္းတူ ထိုအခန္းကေလးမွာလည္း D-Day ကမ္းတက္တိုက္ပြဲၾကီးကို အေမရိကန္က အဆံုးသတ္စီစဥ္မႈမ်ား ျပဳလုပ္ခဲ့သည့္ေနရာလည္း ျဖစ္သည္။

(အရက္ဆိုင္ကေလး၏ အျပင္ဘက္တြင္ အေမရိကန္ႏွင့္ ျဗိတိန္အလံ ႏွစ္ခုလံုး လႊင့္ထူထားသည္။ ဓာတ္ပံု-Google)

၁၉၄၄ ခုႏွစ္ ေႏြရာသီတြင္ ဒြိဳက္-ဒီ- အိုက္ဆင္ေဟာင္ဝါ (ေနာင္အခါ အေမရိကန္သမၼတျဖစ္လာ) ႏွင့္ ဗိုလ္ခ်ဳပ္ၾကီး ေဂ်ာ့ခ်္ ပက္တန္တို႔သည္ ဤအရက္ဆိုင္ေလးတြင္ ၂ ရက္တိုင္ အတူတကြ ရွိခဲ့ၾကသည္။

အိုက္ဆင္ေဟာင္ဝါသည္ ဒုတိယကမၻာစစ္ၾကီးအတြင္း မဟာမိတ္တို႔၏ စစ္ေသနာပတိလည္း ျဖစ္သည္။

ထိုသို႔ ၂ ရက္တာ အတူရွိစဥ္ စားေသာက္ရင္း ေနာ္မန္ဒီ ကမ္းတက္တိုက္ပြဲၾကီးအတြက္ အစီအစဥ္မ်ား ေရးဆြဲခဲ့ ၾကသည္။

အေမရိကန္၏ Third Army ကို ကြပ္ကဲရသူ ဗိုလ္ခ်ဳပ္ၾကီး ပက္တန္သည္ မန္ခ်က္စတာျမိဳ႕၏ အေနာက္ေတာင္ ဘက္ရွိ Lower Peover အမည္ရွိ ရြာကေလးသို႔ ၁၉၄၄ ခုႏွစ္၊ ဇန္နဝါရီတြင္ သူ၏တပ္မ်ားႏွင့္အတူ ေရာက္ရွိလာ ခဲ့ျပီး Peover Hall ကို ရံုးခ်ဳပ္အျဖစ္ အေျခစိုက္အသံုးျပဳခဲ့သည္။

ဇြန္လ ၆ ရက္ D-Day ကမ္းတက္တိုက္ပြဲၾကီးျပီးလွ်င္ ျပင္သစ္တြင္ တပ္မ်ားျဖန္႔က်က္ေရးအတြက္ ဗို္လ္ခ်ဳပ္ၾကီး ပက္တန္၏ တပ္မ်ား ထိုေဒသတြင္ ေလ့က်င့္မႈမ်ား ျပဳလုပ္ခဲ့သည္။

(ဗိုလ္ခ်ဳပ္ၾကီး ပက္တန္ (ဝဲ) ကို ဒိြဳက္ ဒီ-အိုက္ဆင္ေဟာင္ဝါႏွင့္အတူ ေတြ႔ရပံု။ ဓာတ္ပံု-US Army Official Photography)

Lower Peover ရွိ Peover Hall ကို ၁၉၃၀ ကာလမ်ားကတည္းက ပိုင္ဆိုင္ခဲ့ေသာ မိသားစုမွ ဆင္းသက္လာသူ ဟင္နရီ ဘရြတ္စ္ (၄၃ ႏွစ္) က ေျပာသည္မွာ ဗိုလ္ခ်ဳပ္ၾကီးပက္တန္၏ ေနထိုင္လႈပ္ရွားခဲ့သည့္ အမွတ္ရဖြယ္မ်ား ယေန႔တိုင္ က်န္ရွိေနဆဲျဖစ္ေၾကာင္း ေျပာသည္။

Whipping Stocks အရက္ဆိုင္ႏွင့္ ထိုေဒသ၏ အထင္ကရ ေက်းလက္စံအိမ္ၾကီးတစ္လံုးတို႔အၾကား တင့္ကား သြားထားသည့္ လမ္းေၾကာင္းမ်ား ယေန႔တိုင္ ေတြ႔ႏိုင္ေသးေၾကာင္း၊ ထိုကာလက စီရရီရွိခဲ့ေသာ ဥမင္သ႑ာန္ Nissen တဲမ်ားမွာမူ မရွိေတာ့ေၾကာင္း ဟင္နရီက ေျပာသည္။

အေမရိကန္တို႔သည္ ထိုေဒသရွိ လမ္းမ်ားကို ျပန္လည္ျပင္ဆင္ခဲ့ေၾကာင္း၊ မိမိတို႔ မလုပ္ႏိုင္ခဲ့သည့္အလုပ္ ျဖစ္ေၾကာင္း ဖခင္ျဖစ္သူ Randle က ေျပာျပသည္ဟု ဟင္နရီက ဆိုသည္။

ထိုကာလအတြက္ အမွတ္ရဖြယ္မ်ားမွာ စစ္ဘက္ခ်ည္းသာ မဟုတ္။

ဘာသာေရးကိုင္းရႈိင္းသူတစ္ဦးျဖစ္ေသာ ဗိုလ္ခ်ဳပ္ၾကီးပက္တန္သည္ Peover Hall ျခံဝန္းအတြင္းရွိ စိန္႔ေလာရင့္ ဘုရားေက်ာင္းသို႔ ပံုမွန္သြားခဲ့ျပီး ထိုေက်ာင္းမွ ဘုန္းေတာ္ၾကီးအား လက္ေဆာင္ေပးခဲ့ေသာ အေမရိကန္အလံ မွာ ယေန႔တိုင္ခ်ိတ္ဆြဲထားဆဲ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The pub where Eisenhower and Patton made D-Day plans (bbc)

Photo Credit: google, US Army Official Photography

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service