ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက် အေးနေသောကြောင့် အစိုးရက မြေနေရာတစ်ခု လေလံတင်ရာတွင် စိတ်ဝင်စားသော Developer မရှိခဲ့ကြောင်း၊ ထိုသို့သော ဖြစ်ရပ်မှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်ရပ်လည်းဖြစ်ကြောင်း South China Morning Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။
စင်္ကာပူအစိုးရက ပရိဘောဂအပြည့်အစုံနှင့် ဝန်ဆောင်မှုများပါသော အသင့်နေ လူနေခန်းများ ဆောက်လုပ်ရေးကို တွန်းအားပေးနေပြီး အိမ်ငှားခ မြင့်မားနေမှုကို ဖြေရှင်းပေးရန် အစိုးရက ကြိုးပမ်းမှုဖြစ်သော်လည်း လေလံဆွဲသူ မရှိခဲ့ခြင်းမှာ အစိုးရ၏ ကြိုးစားမှု အချည်းနှီးဖြစ်စေခဲ့သည်။
Upper Thomson လမ်းရှိ မြေနေရာသည် အနည်းဆုံး ၃ လနေထိုင်ရမည့် တိုက်ခန်းများအဖြစ် ဆောက်လုပ်ရန်လျာထားသော နေရာ ၂ ခုအနက်မှ တစ်ခု ဖြစ်သည်။
လက်ရှိ အနည်းဆုံး နေထိုင်မှု သတ်မှတ်ချက်မှာ ၇ ရက် ဖြစ်သည်။
စင်္ကာပူတွင် လူနေအိမ်ခန်း ငှားရမ်းခများ နှစ်ပေါင်းများစွာ မြင့်တက်နေမှုကို ဖြေရှင်းပေးရန် အာဏာပိုင်တို့က ကြိုးစားလာခြင်းလည်း ဖြစ်သည်။
မကြာသေးမီ ၃ လပတ်ကာလများတွင်မူ အိမ်ငှားခ ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။
ပြီးခဲ့သော မေလအထိ စင်္ကာပူတွင် နေအိမ်သစ် ရောင်းချရမှု ၂ လဆက်တိုက် ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ရာ အိမ်ခြံမြေ Developer တို့က များစွာသတိထားနေကြသည်။
နိုင်ငံခြားသားတို့၏ ဝယ်လိုအားမှာ မည်ကာမတ္တသာရှိသည့်အပြင် စီးပွားရေး မရေရာသည့် အခြေအနေများကြောင့် စင်္ကာပူ အိမ်ခြံမြေ developer တို့မှာ နှစ်ကြိမ်ပြန်၍ စဉ်းစားနေရကြောင်း CBRE Group Inc က ဆိုသည်။
မြေနေရာတစ်ခုကို လေလံဆွဲသူ မရှိသည့်ဖြစ်ရပ်မှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးဖြစ်ရပ်လည်း ဖြစ်ကြောင်း CBRE က ထုတ်ပြန်သည်။
အခြား အသင့်နေလူနေခန်း စီမံကိန်းနေရာမှာလည်း လေလံဆွဲသူ တစ်ဦးသာရှိခဲ့ပြီး ထိုလေလံဆွဲမှုကို ဧပြီလအတွင်းက လက်ခံအတည်ပြုခဲ့သည်။
စင်္ကာပူအခြေစိုက် အိမ်ခြံမြေ Developer တို့၏ ရှယ်ယာဈေးများမှာ အတက်အကျ မတူညီကြချေ။
စီမံကိန်းနေရာတစ်ခုကို လေလံဆွဲရာတွင် ကျောထောက်နောက်ခံပေးခဲ့သည့် Developer ဖြစ်သော City Developments Ltd ၏ ရှယ်ယာဈေးမှာ မပြောင်းလဲဘဲ ငြိမ်နေသည်။
UOL Group Ltd နှင့် Frasers Property Ltd တို့၏ ရှယ်ယာဈေးများမှာမူ ၁ ဒသမ ၃ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်။
“ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားမှု နည်းပါးနေပြီး အိမ်ခြံမြေ developer တွေ အထူးသတိထားနေရတဲ့ ကာလတွေဖြစ်ပါတယ်” ဟု စင်္ကာပူ အိမ်ခြံမြေဝဘ်ဆိုက်ဖြစ်သော Mogul.sg မှ သုတေသနဌာန အကြီးအကဲ Nicholas Mak က ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Singapore developers shun housing site for first time in 20 years as demand falters (scmp)
Photo Credit: EPA-EFE
[Zawgyi]
စကၤာပူတြင္ အိမ္ျခံေျမ ေစ်းကြက္ ေအးေနေသာေၾကာင့္ အစိုးရက ေျမေနရာတစ္ခု ေလလံတင္ေသာ္လည္း စိတ္ဝင္စားေသာ Developer မရွိခဲ့
စကၤာပူတြင္ အိမ္ျခံေျမေစ်းကြက္ ေအးေနေသာေၾကာင့္ အစိုးရက ေျမေနရာတစ္ခု ေလလံတင္ရာတြင္ စိတ္ဝင္စားေသာ Developer မရွိခဲ့ေၾကာင္း၊ ထိုသို႔ေသာ ျဖစ္ရပ္မွာ ႏွစ္ေပါင္း ၂၀ ေက်ာ္အတြင္း ပထမဆံုး အၾကိမ္ ျဖစ္ရပ္လည္းျဖစ္ေၾကာင္း South China Morning Post သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။
စကၤာပူအစိုးရက ပရိေဘာဂအျပည့္အစံုႏွင့္ ဝန္ေဆာင္မႈမ်ား ပါေသာ အသင့္ေန လူေနခန္းမ်ား ေဆာက္လုပ္ေရးကို တြန္းအားေပးေနျပီး အိမ္ငွားခ ျမင့္မားေနမႈကို ေျဖရွင္းေပးရန္ အစိုးရက ၾကိဳးပမ္းမႈ ျဖစ္ေသာ္လည္း ေလလံဆြဲသူ မရွိခဲ့ျခင္းမွာ အစိုးရ၏ ၾကိဳးစားမႈ အခ်ည္းႏွီးျဖစ္ေစခဲ့သည္။
Upper Thomson လမ္းရွိ ေျမေနရာသည္ အနည္းဆံုး ၃ လေနထိုင္ရမည့္ တိုက္ခန္းမ်ားအျဖစ္ ေဆာက္လုပ္ရန္ လ်ာထားေသာ ေနရာ ၂ ခုအနက္မွ တစ္ခု ျဖစ္သည္။
လက္ရွိ အနည္းဆံုး ေနထိုင္မႈ သတ္မွတ္ခ်က္မွာ ၇ ရက္ ျဖစ္သည္။ စကၤာပူတြင္ လူေနအိမ္ခန္း ငွားရမ္းခမ်ား ႏွစ္ေပါင္းမ်ားစြာ ျမင့္တက္ေနမႈကို ေျဖရွင္းေပးရန္ အာဏာပိုင္တို႔က ၾကိဳးစားလာျခင္းလည္း ျဖစ္သည္။
မၾကာေသးမီ ၃ လပတ္ကာလမ်ားတြင္မူ အိမ္ငွားခ က်ဆင္းမႈမ်ား ျဖစ္ေပၚခဲ့သည္။
ျပီးခဲ့ေသာ ေမလအထိ စကၤာပူတြင္ ေနအိမ္သစ္ ေရာင္းခ်ရမႈ ၂ လဆက္တိုက္ က်ဆင္းမႈမ်ား ျဖစ္ေပၚခဲ့ရာ အိမ္ျခံေျမ Developer တို႔က မ်ားစြာသတိထားေနၾကသည္။
ႏိုင္ငံျခားသားတို႔၏ ဝယ္လိုအားမွာ မည္ကာမတၱသာရွိသည့္အျပင္ စီးပြားေရး မေရရာသည့္ အေျခအေနမ်ား ေၾကာင့္ စကၤာပူ အိမ္ျခံေျမ developer တို႔မွာ ႏွစ္ၾကိမ္ျပန္၍ စဥ္းစားေနရေၾကာင္း CBRE Group Inc က ဆိုသည္။
ေျမေနရာတစ္ခုကို ေလလံဆြဲသူ မရွိသည့္ျဖစ္ရပ္မွာ ႏွစ္ေပါင္း ၂၀ ေက်ာ္အတြင္း ပထမဆံုးျဖစ္ရပ္လည္း ျဖစ္ေၾကာင္း CBRE က ထုတ္ျပန္သည္။
အျခား အသင့္ေနလူေနခန္း စီမံကိန္းေနရာမွာလည္း ေလလံဆြဲသူ တစ္ဦးသာရွိခဲ့ျပီး ထိုေလလံဆြဲမႈကို ဧျပီလအတြင္းက လက္ခံအတည္ျပဳခဲ့သည္။
စကၤာပူအေျခစိုက္ အိမ္ျခံေျမ Developer တုိ႔၏ ရွယ္ယာေစ်းမ်ားမွာ အတက္အက် မတူညီၾကေခ်။
စီမံကိန္းေနရာတစ္ခုကို ေလလံဆြဲရာတြင္ ေက်ာေထာက္ေနာက္ခံေပးခဲ့သည့္ Developer ျဖစ္ေသာ City Developments Ltd ၏ ရွယ္ယာေစ်းမွာ မေျပာင္းလဲဘဲ ျငိမ္ေနသည္။
UOL Group Ltd ႏွင့္ Frasers Property Ltd တို႔၏ ရွယ္ယာေစ်းမ်ားမွာမူ ၁ ဒသမ ၃ ရာခိုင္ႏႈန္းခန္႔ က်ဆင္းခဲ့သည္။
“ရင္းႏွီးျမွဳပ္ႏွံသူေတြ စိတ္ဝင္စားမႈ နည္းပါးေနျပီး အိမ္ျခံေျမ developer ေတြ အထူးသတိထားေနရတဲ့ ကာလေတြျဖစ္ပါတယ္” ဟု စကၤာပူ အိမ္ျခံေျမဝက္ဘ္ဆိုက္ျဖစ္ေသာ Mogul.sg မွ သုေတသနဌာန အၾကီးအကဲ Nicholas Mak က ေျပာသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Singapore developers shun housing site for first time in 20 years as demand falters (scmp)
Photo Credit: EPA-EFE