“ကျွန်မ အိမ်ရာမဲ့ မဖြစ်ချင်ဘူး” အမေရိကန်ပြည်၊ ချီကာဂိုတွင် အငြိမ်းစား ကျောင်းဆရာမကြီးက အိမ်ရာမဲ့ မဖြစ်စေရေးအတွက် အသက် ၇၄ နှစ်အရွယ်အထိ အလုပ်လုပ်နေရ
“ကျွန်မ အိမ်ရာမဲ့ မဖြစ်ချင်ဘူး” အမေရိကန်ပြည်၊ ချီကာဂိုတွင် အငြိမ်းစား ကျောင်းဆရာမကြီးက အိမ်ရာမဲ့ မဖြစ်စေရေးအတွက် အသက် ၇၄ နှစ်အရွယ်အထိ အလုပ်လုပ်နေရ - Property News in Myanmar from iMyanmarHouse.com
24 Jun 2024 10:15 am တွင် တင်ခဲ့သည်
699 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဂျနက် ကမ့်ဘဲလ် (Janette Campbell) အသက် ၆၂ နှစ်အရွယ်တွင် ကျောင်းစာသင်ခန်းမှ ကျောခိုင်းပြီး အငြိမ်းစားယူခဲ့ချိန်တွင် သူမ၏ အငြိမ်းစားဘဝ နေထိုင်ဖြတ်သန်းမည့် အစီအစဉ်များ၌ အလုပ်ခွင်သို့ ပြန်ဝင်ရေးဆိုသည်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိချေ။
ရွှေအိုရောင် နေ့ရက်များဆီ ဦးတည်ချီတက်နေသည့် အခြားသော အငြိမ်းစားယူစ ပုဂ္ဂိုလ်များနည်းတူ ကမ့်ဘဲလ် သည်လည်း မြေးလေးများ ထိန်းရန်နှင့် ကမ္ဘာတပတ် ခရီးထွက်ရန်သာ စိတ်ကူးမျှော်လင့်ထားခဲ့သည်။
သို့သော် ဘဝသည် ချီကာဂိုမြို့သူ ကမ့်ဘဲလ် မျှော်လင့်သလို ဖြစ်မလာ။ အငြိမ်းစား လစာသာရှိသော ကမ့်ဘဲလ်အတွက် မကြာမီတွင် ကြီးမြင့်သော အသုံးစရိတ်များကို အငြိမ်းစား လစာက မကာမိကြောင်း တွေ့လာသည်။
အထူးသဖြင့် ကမ့်ဘဲလ် လစဉ်ပေးဆောင်နေရသော အိမ်ခြံမြေချေးငွေ အရစ်ကျ ပေးသွင်းရမှုက ရှိနေသည်။
သူ့အတွက် ရွေးချယ်စရာလမ်း တစ်ခုသာ ရှိတော့သည်။
စားဝတ်နေရေး ဘဝရပ်တည်နိုင်ရေးအတွက် အချိန်ပိုင်း အလုပ်ပြန်လုပ်ရန်သာ ရှိတော့သည်။
အသက် ၇၄ နှစ်ရှိပြီဖြစ်သော ကမ့်ဘဲလ်သည် လက်ရှိအားဖြင့် United HomeCare တွင် အချိန်ပိုင်း ဝင်ရောက်လုပ်ကိုင်နေသည်။
United HomeCare သည် မိသားစုကျန်းမာရေးနှင့် အသိုက်အဝန်းစောင့်ရှောက်ရေးအဖွဲ့အစည်းဖြစ်ပြီး အကျိုးအမြတ်အတွက်မဟုတ်သောအဖွဲ့ ဖြစ်သည်။
ကမ့်ဘဲလ်သည် လမ်းလျှောက်ဒေါက်ခုံကို အသုံးပြုကာ ရုံးဝန်းကျင်တွင် လမ်းလျှောက်ရင်း အီးမေးလ်မှ စာများဖတ်ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ အရောင်းမြှင့်တင်ရေးအလုပ်များ လုပ်ဆောင်ခြင်းတို့ ပြုလုပ်သည်။
ထိုအလုပ်များမှာ တချိန်က မျှော်လင့်အိပ်မက်ခဲ့သည့် အငြိမ်းစားယူချိန်ပြုလုပ်မည့်အရာများတွင် မပါဝင်ခဲ့။
“အိမ်အရစ်ကျပေးသွင်းငွေ မသွင်းနိုင်တော့ဘဲ လမ်းဘေးမှာ အိမ်ရာမဲ့ မဖြစ်ချင်ပါဘူး” ဟု ကမ့်ဘဲလ်က CBS Chicago သတင်းဌာနသို့ ပြောသည်။
ကျန်ရှိသည့် ဘဝသက်တမ်းတွင် အပြည့်အဝ အငြိမ်းစားယူနိုင်တော့မည် မထင်ကြောင်းလည်း ကမ့်ဘဲလ်က ပြောသည်။
အမေရိကန်နိုင်ငံသား များစွာမှာ အငြိမ်းစားယူသင့်သည့်အရွယ်တိုင် အဘယ်ကြောင့် အနားမယူရ ဖြစ်နေသနည်း။
သင်ကော ထိုသို့သော အခြေအနေမျိုးရင်ဆိုင်ရပါက မည်သို့ ရင်ဆိုင်မည်နည်း။
အမေရိကန် သက်ကြီးရွယ်အို အများစုမှာ ငွေကြေးလုံခြုံမှုနှင့် စပ်လျဉ်းပြီး ယုံကြည်မှု ပျောက်ဆုံးသည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း အမေရိကန် အငြိမ်းစားများအသင်း (AARP) မှ အင်ဒီရာ ဗန်ကက်က ပြောသည်။
မကြာသေးမီနှစ်များအတွင်း ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခဲ့ရာ မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သည့် ကုန်မျိုးစုံ၊ နေအိမ်နှင့် ကားအာမခံ၊ အထွေထွေ စရိတ်များနှင့် ကျန်းမာရေးအတွက် ကုန်ကျစရိတ်များ ကြီးမြင့် လာခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: ‘I didn’t want to be… homeless’: Retired Chicago teacher, 74, forced to return to work to keep a roof over her head — how inflation is draining senior Americans’ nest eggs (moneywise)
Photo Credit:  CBS Chicago
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service