ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
နော်ဝေနိုင်ငံရဲ့ အထင်ကြီးလောက်စရာ အနုသုခုမလက်ရာဒီဇိုင်းများနဲ့အတူ ဩချရလောက်အောင်ခမ်းနားတဲ့ လက်ရာဒီဇိုင်းတစ်မျိုးကတော့ ဝေလငါးရေငုပ်နေသယောင်ဆောက်လုပ်ထားတဲ့ ဝေလငါးခန်းမဖြစ်ပါတယ်။ ဝေလငါးပြတိုက်လုပ်ရတဲ့ အကြောင်းအရင်းကတော့ ဝေလငါးတွေနဲ့ သူတို့ရဲ့ပတ်ဝန်းကျင် ဝိသေသလက္ခဏာများကို လူအများသတိထား သိရှိနိုင်ရန်အတွက်ဖြစ်ပါတယ်။ ခန်းမနာမည်ကတော့ The Whale လို့ အမည်တွင်ပါတယ်။
Norwegian ပင်လယ်နဲ့ အနီးစပ်ဆုံးတည်ဆောက်ထားပြီး တကယ့် ဝေလငါးစုရပ်တစ်ခုသဖွယ်ခံစားရနိုင်ပြီး ရေလှိုင်းရိုက်ပုတ်မှုများကြားထဲက အသက်ဝင်နေတဲ့ ပြခန်းဖြစ်ပါတယ်။
ပင်လယ်ကျောက်ဆောင်တွေ ဝန်းရံထားပြီး တိပခမ်းနားတဲ့ မှန်ချပ်ကြီးတွေနဲ့ ကာရံထားပြီး လိပ်ခုံးသဏ္ဌာန်အသွင်ကြောင့် ပုံမှန်နဲ့မတူတဲ့ ပြခန်းပုံစံကို တွေ့မြင်ရမှာဖြစ်ပါတယ်။
လိပ်ခုံးအမိုးကွေးကို ကွန်ကရစ်ပုံစံနဲ့ တည်ဆောက်ထားပြီး ပြခန်းထဲမှာတော့ ဝေလငါးရုပ်ထုများစွာကို ပြသထားပြီး ဝေလငါးခန္ဓာကိုယ်တွင်းက အရိုးစုတွေကိုလည်း လေ့လာနိုင်ရန်ပြသထားပြီး မီးခိုးရောင်နဲ့ အဖြူရောင်နှစ်မျိုးကိုသာသုံးပြီး ခန်းမတွင်း Structure များကို တည်ဆောက်ထားတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ဝေလငါးတစ်ကောင် ရေငုပ်နေသယောင် ဒီဇိုင်းဖြင့်တည်ဆောက်ထားသော နော်ဝေနိုင်ငံမှ ဝေလငါးခန်းမ