စင်္ကာပူရှိ နာမည်ကြီး စူပါမာ့ကက်အုပ်စု ပိုင်ရှင်၏ သားဖြစ်သူက သူ၏နေအိမ်ကို စင်္ကာပူဒေါ်လာ ၈၃ သန်းဖြင့် ရောင်းချရန် စီစဉ်လာ

စင်္ကာပူရှိ နာမည်ကြီး စူပါမာ့ကက်အုပ်စု ပိုင်ရှင်၏ သားဖြစ်သူက သူ၏နေအိမ်ကို စင်္ကာပူဒေါ်လာ ၈၃ သန်းဖြင့် ရောင်းချရန် စီစဉ်လာ - Property News in Myanmar from iMyanmarHouse.com
21 Jun 2024 11:24 am တွင် တင်ခဲ့သည်
3725 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူရှိ နာမည်ကြီး စူပါမာ့ကက်အုပ်စုများအနက်မှ တစ်ခု၏ ပိုင်ရှင်ဖြစ်သော တန်မိသားစု၏ မျိုးဆက်က သူ၏ နေအိမ်ကို စင်္ကာပူဒေါ်လာ ၈၃ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

စင်္ကာပူတွင် တန်ဖိုးကြီးလူနေအိမ်များ အရောင်းအဝယ်ကောင်းနေချိန်အတွင်း ယခုဈေးကွက်တင်မှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

စင်္ကာပူတွင် GCB ဟု လူသိများသော ဘန်ဂလိုအိမ်မှာ မြေအကျယ်အဝန်း ဒသမ ၇ ဧကပေါ်တွင် တည်ရှိပြီး Knight Frank အိမ်ခြံမြေကုမ္ပဏီက ဇွန်လ ၇ ရက်တွင် အရောင်းဈေးကွက်တင်ပေးခြင်း ဖြစ်သည်။

လူကုံထံရပ်ကွက်ဖြစ်သော Victoria Park တွင် တည်ရှိပြီး နာမည်ကျော် ရုက္ခဗေဒဥယျာဉ်အနီးတွင် တည်ရှိကာ အိပ်ခန်း ၈ ခန်း၊ ကားရပ်နားရန်နေရာနှင့် ရေကူးကန်တစ်ခုတို့ ပါဝင်သည်။

Bloomberg သတင်းဌာနမှ ကြည့်ရှုခွင့်ရခဲ့သော အိမ်ခြံမြေမှတ်တမ်းတစ်ခုအရ အဆိုပါအိမ်ကို ပိုင်ဆိုင်သူမှာ တန်ဝီကစ် (Tang Wee Kit) ဖြစ်သည်ဟု သိရသည်။

တန်ဝီကစ်သည် စီကေ တန်ဟု လူသိများသော Tang Choon Keng ၏ သားဖြစ်သည်။

တရုတ်ပြည်ဖွား သူဌေးကြီး စီကေတန်သည် စင်္ကာပူ၏ ဈေးဝယ်ရပ်ကွက်ဟု လူသိများသော Orchard လမ်းပေါ်တွင် အထင်ကရ ဈေးဝယ်စင်တာကြီးကို တည်ထောင်ဖွင့်လှစ်ခဲ့သူဖြစ်ပြီး ယနေ့တိုင် ဖွင့်လှစ်လျက် ရှိသည်။

ဘဏ်တိုးနှုန်းမြင့်တက်ခြင်းနှင့် ငွေကြေးခဝါချမှု စုံစမ်းစစ်ဆေးခြင်းများကြောင့် စင်္ကာပူ အိမ်ခြံမြေဈေးကွက် လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း တန်ဖိုးကြီးစံအိမ်များ ပြန်လည်ရောင်းအား မြင့်တက်လာခဲ့သည်။

စင်္ကာပူတွင် တန်ဖိုးကြီး နေအိမ်များ မကြာသေးမီက ဝယ်ယူခဲ့ကြသူများထဲတွင် ဘီလျံနာ သူဌေးကြီး Forrest Li ၏ ဇနီး၊ တရုတ် သတ္တုလုပ်ငန်းရှင် သူဌေးကြီး Xiang Guangda ၏ အမွေခံနှင့် စင်္ကာပူ၏ အချမ်းသာဆုံး ဘဏ်လုပ်ငန်းရှင်ကြီး၏ ရင်သွေးတို့ အပါအဝင် ဖြစ်သည်။

ယခုနေအိမ်ကို အရောင်းဈေးကွက်တင်လာသူ Tang သည် Tang Holdings ၏ မန်နေးဂျင်း ဒါရိုက်တာဖြစ်ကြောင်း စီးပွားရေးမှတ်တမ်းများတွင် ဖော်ပြသည်။

Tang Holdings သည် စင်္ကာပူတွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်နေသည့် ကုမ္ပဏီကြီးဖြစ်သည်။

ထို့အပြင် Tang Holdings သည် Orchard လမ်းရှိ ကုန်တိုက်ကြီးအပြင် စင်္ကာပူတလွှားရှိ အခြားကုန်တိုက် များစွာကို လည်ပတ်လုပ်ကိုင်နေသော CK Tang ကုမ္ပဏီ၏ ရှယ်ယာအများစုကိုလည်း ပိုင်ဆိုင်ထားသည်။

ယခုနေအိမ် အရောင်းဈေးကွက်တင်မှုနှင့် စပ်လျဉ်းပြီး Bloomberg သတင်းဌာနက Knight Frank အိမ်ခြံမြေ ကုမ္ပဏီနှင့် Ck Tang ကုမ္ပဏီတို့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်ဖြေကြားမှု မရှိခဲ့ချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Singapore Retail Tycoon’s Son Seeks $62 Million Mansion Sale (businesstimes)

[Zawgyi]

စကၤာပူ႐ွိ နာမည္ႀကီး စူပါမာ့ကက္အုပ္စု ပိုင္႐ွင္၏ သားျဖစ္သူက သူ၏ေနအိမ္ကို စကၤာပူေဒၚလာ ၈၃ သန္းျဖင့္ ေရာင္းခ်ရန္ စီစဥ္လာ

စကၤာပူ႐ွိ နာမည္ႀကီး စူပါမာ့ကက္အုပ္စုမ်ားအနက္မွ တစ္ခု၏ ပိုင္႐ွင္ျဖစ္ေသာ တန္မိသားစု၏ မ်ိဳးဆက္က သူ၏ ေနအိမ္ကို စကၤာပူေဒၚလာ ၈၃ သန္းျဖင့္ အေရာင္းေဈးကြက္တင္လာသည္။

စကၤာပူတြင္ တန္ဖိုးႀကီးလူေနအိမ္မ်ား အေရာင္းအဝယ္ေကာင္းေနခ်ိန္အတြင္း ယခုေဈးကြက္တင္မႈ ေပၚေပါက္လာျခင္းလည္း ျဖစ္သည္။

စကၤာပူတြင္ GCB ဟု လူသိမ်ားေသာ ဘန္ဂလိုအိမ္မွာ ေျမအက်ယ္အဝန္း ဒသမ ၇ ဧကေပၚတြင္ တည္႐ွိၿပီး Knight Frank အိမ္ျခံေျမကုမၸဏီက ဇြန္လ ၇ ရက္တြင္ အေရာင္းေဈးကြက္တင္ေပးျခင္း ျဖစ္သည္။

လူကုံထံရပ္ကြက္ျဖစ္ေသာ Victoria Park တြင္ တည္႐ွိၿပီး နာမည္ေက်ာ္ ႐ုကၡေဗဒဥယ်ာဥ္အနီးတြင္ တည္႐ွိကာ အိပ္ခန္း ၈ ခန္း၊ ကားရပ္နားရန္ေနရာႏွင့္ ေရကူးကန္တစ္ခုတို႔ ပါဝင္သည္။

Bloomberg သတင္းဌာနမွ ၾကည့္႐ႈခြင့္ရခဲ့ေသာ အိမ္ျခံေျမမွတ္တမ္းတစ္ခုအရ အဆိုပါအိမ္ကို ပိုင္ဆိုင္သူမွာ တန္ဝီကစ္ (Tang Wee Kit) ျဖစ္သည္ဟု သိရသည္။

တန္ဝီကစ္သည္ စီေက တန္ဟု လူသိမ်ားေသာ Tang Choon Keng ၏ သားျဖစ္သည္။

တ႐ုတ္ျပည္ဖြား သူေဌးႀကီး စီေကတန္သည္ စကၤာပူ၏ ေဈးဝယ္ရပ္ကြက္ဟု လူသိမ်ားေသာ Orchard လမ္းေပၚတြင္ အထင္ကရ ေဈးဝယ္စင္တာႀကီးကို တည္ေထာင္ဖြင့္လွစ္ခဲ့သူျဖစ္ၿပီး ယေန႔တိုင္ ဖြင့္လွစ္လ်က္ ႐ွိသည္။

ဘဏ္တိုးႏႈန္းျမင့္တက္ျခင္းႏွင့္ ေငြေၾကးခဝါခ်မႈ စုံစမ္းစစ္ေဆးျခင္းမ်ားေၾကာင့္ စကၤာပူ အိမ္ျခံေျမေဈးကြက္ လႈပ္ခတ္မႈမ်ား ျဖစ္ေပၚခဲ့ၿပီးေနာက္ပိုင္း တန္ဖိုးႀကီးစံအိမ္မ်ား ျပန္လည္ေရာင္းအား ျမင့္တက္လာခဲ့သည္။

စကၤာပူတြင္ တန္ဖိုးႀကီး ေနအိမ္မ်ား မၾကာေသးမီက ဝယ္ယူခဲ့ၾကသူမ်ားထဲတြင္ ဘီလ်ံနာ သူေဌးႀကီး Forrest Li ၏ ဇနီး၊ တ႐ုတ္ သတၱဳလုပ္ငန္း႐ွင္ သူေဌးႀကီး Xiang Guangda ၏ အေမြခံႏွင့္ စကၤာပူ၏ အခ်မ္းသာဆုံး ဘဏ္လုပ္ငန္း႐ွင္ႀကီး၏ ရင္ေသြးတို႔ အပါအဝင္ ျဖစ္သည္။

ယခုေနအိမ္ကို အေရာင္းေဈးကြက္တင္လာသူ Tang သည္ Tang Holdings ၏ မန္ေနးဂ်င္း ဒါ႐ိုက္တာျဖစ္ေၾကာင္း စီးပြားေရးမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

Tang Holdings သည္ စကၤာပူတြင္ အိမ္ျခံေျမရင္းႏွီးျမႇဳပ္ႏွံမႈမ်ားစြာ ျပဳလုပ္ေနသည့္ ကုမၸဏီႀကီးျဖစ္သည္။

ထို႔အျပင္ Tang Holdings သည္ Orchard လမ္း႐ွိ ကုန္တိုက္ႀကီးအျပင္ စကၤာပူတလႊား႐ွိ အျခားကုန္တိုက္ မ်ားစြာကို လည္ပတ္လုပ္ကိုင္ေနေသာ CK Tang ကုမၸဏီ၏ ႐ွယ္ယာအမ်ားစုကိုလည္း ပိုင္ဆိုင္ထားသည္။

ယခုေနအိမ္ အေရာင္းေဈးကြက္တင္မႈႏွင့္ စပ္လ်ဥ္းၿပီး Bloomberg သတင္းဌာနက Knight Frank အိမ္ျခံေျမ ကုမၸဏီႏွင့္ Ck Tang ကုမၸဏီတို႔ထံ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း တုံ႔ျပန္ေျဖၾကားမႈ မ႐ွိခဲ့ေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 Ref: Singapore Retail Tycoon’s Son Seeks $83 Million Mansion Sale (businesstimes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌေးကြီးသား၏ အရှိန်အဝါယူခဲ့မှုအပေါ် ဝေဖန်ခံနေရသော Blackpink မှ လီဆာက သူ၏နေအိမ်တွင်း မြင်ကွင်းများ ပရိသတ်ကိ...

ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...

လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
One Direction မှ အဆိုတော် လီယမ်ပိန်း အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေးရိစ်မြို့ ဟိုတယ် ဝရန်တာမှ ပြုတ်ကျကာ သေဆုံးခဲ့၊ လီယမ်ပ
One Direction မှ အဆိုတော် လီယမ်ပိန်း အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေးရိစ်မြို့ ဟိုတယ် ဝရန်တာမှ ပြုတ်ကျကာ သေဆုံးခဲ့၊ လီယမ်ပ
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ
ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
sales-gallery

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service