ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
လူတစ်ဦးချင်းဝင်ငွေအရ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရသော နိုင်ငံတစ်ခုတွင် လူနေအိမ်ရာ အကျပ်အတည်းကို ဖြေရှင်းရေးမှာ မလွယ်ကူလှ။
တစ်ဦးချင်းဝင်ငွေအရ ကမ္ဘာ့အချမ်းသာဆုံးဖြစ်သော မိုနာကိုတွင် လူနေခန်းများ၏ ဈေးနှုန်းမှာ ၁ စတုရန်းပေလျှင် ယူရို ၅၀,၀၀၀ ခန့်ရှိသည်။
ထို့ကြောင့် စတူဒီယို အခန်းကျဉ်းတစ်ခန်း၏ တန်ဖိုးသည်ပင်လျှင် ယူရို ၂ သန်းခန့် ရှိသည်။
ကမ္ဘာ့အိမ်ခြံမြေ ဈေးအကြီးဆုံးနိုင်ငံဖြစ်သည့်အပြင် ပြောင်းရွှေ့လာသော လူသစ်များကလည်း အိမ်ခြံမြေများ ဝယ်ယူလျက် ရှိရာ ဆယ်စုနှစ် တစ်ခုတာအတွင်း အိမ်ခြံမြေဈေးနှုန်း ၄၀ ရာခိုင်နှုန်း ထပ်မံမြင့်တက်ခဲ့ပြန်သည်။
ထို့အပြင် မိုနာကိုသည် ကမ္ဘာပေါ်တွင် လူနေအသိပ်သည်းဆုံး နိုင်ငံဖြစ်နေသည်။
ထို့ကြောင့် လူနေအိမ်ရာ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် မြေထဲပင်လယ်ထဲတွင် ယူရို ၂ ဘီလီယံ သုံးစွဲ ကာ လူလုပ်ကျွန်းတုတစ်ခု ဆောက်လုပ်ရန် နည်းလမ်းဖြင့် ဖြေရှင်းလာသည်။
ထိုကျွန်းသည် လန်ဒန်မြို့ရှိ ဟိုက်ပါ့ခ်ပန်းခြံ အရွယ်အစားရှိပြီး ကမ္ဘာပေါ်တွင် ဒုတိယအသေးငယ်ဆုံးဖြစ်သော မိုနာကို၏ အကျယ်အဝန်းကို ၃ ရာခိုင်နှုန်း မြင့်တက်လာစေမည် ဖြစ်သည်။
Mareterra ဟု အမည်ပေးထားသော ကျွန်းတွင် ရွက်လှေဆိပ်၊ ပင်လယ်ရေ ရေကူးကန်၊ ပန်းခြံများနှင့် လူနေတာဝါများ ပါဝင်မည် ဖြစ်သည်။
လူနေတာဝါများကို Renzo Piano အပါအဝင် နာမည်ကြီး ဗိသုကာပညာရှင်များက ဒီဇိုင်းရေးဆွဲပေးထားသည်။
ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်ဖွယ်ရှိသည်။
(Mareterra ဟု အမည်ပေးထားသော ကျွန်းတွင် ရွက်လှေဆိပ်၊ ပင်လယ်ရေ ရေကူးကန်၊ ပန်းခြံများနှင့် လူနေတာဝါများ ပါဝင်မည် ဖြစ်သည်။ ဓာတ်ပုံ-Mareterra)
ကျွန်းတု ဆောက်လုပ်ရေးလုပ်ငန်းကို ၂၀၁၈ ခုနှစ်က စတင်ခဲ့ခြင်း ဖြစ်သည်။
ကွန်ကရစ် Caisson ၁၈ ခုကို မာဆေးမြို့မှ သင်္ဘောဖြင့် သယ်ယူခဲ့ခြင်း ဖြစ်သည်။
ထိုနှစ်အတွင်း Caisson များအကြား ကြီးမားသော သတ္တုပြားများဖြင့် ဖြန့်ကျက် ကာရံခဲ့ပြီး ပင်လယ်ကြမ်းပြင် ၁၅ ဧကကို ဖြန့်ကျက်ထားခဲ့သည်။ ပင်လယ်ဆားရေများကို စုပ်ထုတ်ခဲ့သည်။
ယင်းနောက် ထုံးကျောက်များဖြင့် ဖြည့်လိုက်သည်။
ထိုကျွန်းမှာ သာယာလှပသော Chateauneuf-les-Martigues မြို့နှင့် နီးသည်။
နောက်ဆုံးတွင် မြေထဲပင်လယ်ရှိ ကမ္ဘာ့ဈေးအကြီးဆုံး အိမ်ခြံမြေဖြစ်လာမည့်ကျွန်း၏ အပေါ်ယံမျက်နှာပြင်ကို အီတလီမှ သဲများဖြင့် ဖြန့်ကျက်ခင်းကျင်းထားလိုက်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: How the world’s richest nation is solving its housing crisis (telegraph)
Photo Credit- Mareterra
[Zawgyi]
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံမှာ လူနေအိမ်ရာ အကျပ်အတည်း ဘယ်လိုဖြေရှင်းနေလဲ