အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး Blackstone က ဗြိတိန်တွင် နေအိမ်ပေါင်း ထောင်နှင့်ချီကာ ဝယ်ယူ

အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး Blackstone က ဗြိတိန်တွင် နေအိမ်ပေါင်း ထောင်နှင့်ချီကာ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
19 Jun 2024 11:13 am တွင် တင်ခဲ့သည်
516 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး Blackstone သည် ဗြိတိန်တွင် နေအိမ်ပေါင်း ထောင်နှင့်ချီပြီး ဝယ်ယူရန် သဘောတူခဲ့သည်။

ဗြိတိန်တွင် အိမ်လခများ ခေါင်ခိုက်လာနေသောကြောင့် အခွင့်အရေးကို ဖမ်းဆုပ်သည့်အနေဖြင့် Blackstone က နေအိမ်များ အလုံးအရင်း ဝယ်ယူလာခြင်းလည်း ဖြစ်သည်။

Blackstone သည် အိမ်ခြံမြေ developer ကုမ္ပဏီ Vistry နှင့် ပေါင် သန်း ၅၈၀ တန် သဘောတူစာချုပ်ဖြင့် နေအိမ်ပေါင်း ၁၇၅၀ ဝယ်ယူခဲ့သည်။

ယခုသဘောတူညီချက်သည် Blackstone အဖို့ တစ်နှစ်တာအောက်ကာလအတွင်း Vistry နှင့် ဒုတိယအကြိမ် အရောင်းအဝယ်လည်းဖြစ်ပြီး ဗြိတိန်၏ အိမ်ငှားဈေးကွက်သို့ ပိုမိုခြေချဝင်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

Blackstone က ဗြိတိန်နိုင်ငံတဝန်းရှိ နေအိမ်ပေါင်း ၄၅၀၀ ကျော်ကို ပေါင် ၁ ဒသမ ၄ ဘီလီယံ သုံးစွဲ ဝယ်ယူရန် သဘောတူထားသည်။

အဆိုပါ ဝယ်ယူမှုများကို Blackstone ၏ ရင်းနှီးမြှုပ်နှံမှု မိတ်ဖက် Regis က ပံ့ပိုးကူညီပေးထားသည်။

ဗြိတိန်၏ အိမ်ငှားအိမ်ခြံမြေဈေးကွက်သည် ရင်းနှီးမြှုပ်နှံမှုအုပ်စုများနှင့် ပင်စင်ရန်ပုံငွေအဖွဲ့များအား များစွာ ဆွဲဆောင်နိုင်မှုရှိနေကြောင်း ပြသလိုက်သည့် နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်သည်။

Aviva Investors, Legal & General နှင့် Axa တို့ကဲ့သို့ ကုမ္ပဏီအဖွဲ့အစည်းများက ဆောက်လုပ်-အငှားချ (build-to-rent) လောကသို့ ငွေအလုံးအရင်း ရင်းနှီးမြှုပ်နှံလာကြသည်။

ဝယ်ယူ-အငှားချ စနစ်အစား အငှားလူနေအိမ်ရာများ ဆောက်လုပ်ကာ ရန်ပုံငွေ အဖွဲ့များမှတဆင့် ရေရှည် စီမံကွပ်ကဲသွားရန် ဖြစ်သည်။

ဗြိတိန်သို့ လာရောက်အခြေချမှု မြင့်တက်လာနေချိန်တွင် အိမ်ခြံမြေပိုင်ရှင်တို့မှာ ရောင်းချမှုသာ ပြုလုပ်ကြရာ အငှားအိမ်ခြံမြေကဏ္ဍတွင် supply-demand မျှခြေမညီမှု ဖြစ်ပေါ်နေသည့်အပေါ် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် စီစဉ်လာကြခြင်းလည်း ဖြစ်သည်။

(Source-NRLA, English Housing Survey)

ဗြိတိန်တဝန်းတွင် ယခုနှစ် မတ်လအတွင်း အိမ်ငှားရမ်းမှု ပမာဏ ၉ ဒသမ ၂ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ဧပြီလတွင် ၈ ဒသမ ၉ ရာခိုင်နှုန်းသို့ အနည်းငယ် ပြန်လည်ကျဆင်းသွားကြောင်း ဗြိတိန်အမျိုးသား စာရင်းအင်းရုံး (ONS) က ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြသည်။

တစ်နိုင်ငံလုံး အနေအထားတွင် လန်ဒန်သည် ယခုနှစ်ဧပြီလအတွင်း အိမ်ငှားခ ဈေးတက်မှု အမြင့်မားဆုံးဖြစ်ပြီး နှစ်အလိုက်နှိုင်းယှဉ်လျှင် ၁၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ယခင်က ဆောက်လုပ်-အငှားချ ကဏ္ဍမှာ မြို့ကြီးများရှိ လူနေတိုက်ခန်းများတွင်သာ အဓိက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ပြီး ဘွဲ့ရများ (သို့မဟုတ်) ကော်လာဖြူ လုပ်သားများကိုသာ အငှားချခဲ့သည်။

ယခုအခါတွင်မူ ရန်ပုံငွေ အဖွဲ့တို့က ဆင်ခြေဖုံးနေရာများရှိ အငှားလူနေအိမ်များအတွက် အဓိက ရည်ရွယ်ကာ ရင်းနှီးမြှုပ်နှံလာပြီး နေအိမ်မဝယ်နိုင်သည့် မိသားစုများကို ပစ်မှတ်ထားလာသည်။

Blackstone နှင့် Vistry တို့အကြား အရောင်းအဝယ်လုပ်ခဲ့မှုမှာ အဓိကအားဖြင့် အင်္ဂလန် အရှေ့တောင်ပိုင်းရှိ အိမ်ခြံမြေများ ဖြစ်သည်။

အဆိုပါ အိမ်ခြံမြေများကို Leaf Living က ကြီးကြပ်ကွပ်ကဲမည် ဖြစ်သည်။ Leaf Living ကို Blackstone က ၂၀၂၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး လုံးချင်းအိမ်များ အငှားချထားရေးအတွက် ရည်ရွယ်ခဲ့သည်။

(လူဦးရေ တိုးတက်မှုနှုန်းမှာ နေအိမ်သစ်များ ဆောက်လုပ်မှုနှုန်းထက် ကြီးမားနေပုံ။ Source-ONS)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: US giant buys up thousands of British homes as private equity cashes in on renting families (telegraph)

Photo Credit: NRLA, ENGLISH HOUSING SURVEY, ONS

[Zawgyi]

အေမရိကန္ ရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီၾကီး Blackstone က ျဗိတိန္တြင္ ေနအိမ္ေပါင္း ေထာင္ႏွင့္ခ်ီကာ ဝယ္ယူ

အေမရိကန္ ရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီၾကီး Blackstone သည္ ျဗိတိန္တြင္ ေနအိမ္ေပါင္း ေထာင္ႏွင့္ခ်ီျပီး ဝယ္ယူရန္ သေဘာတူခဲ့သည္။

ျဗိတိန္တြင္ အိမ္လခမ်ား ေခါင္ခိုက္လာေနေသာေၾကာင့္ အခြင့္အေရးကို ဖမ္းဆုပ္သည့္အေနျဖင့္ Blackstone က ေနအိမ္မ်ား အလံုးအရင္း ဝယ္ယူလာျခင္းလည္း ျဖစ္သည္။

Blackstone သည္ အိမ္ျခံေျမ developer ကုမၸဏီ Vistry ႏွင့္ ေပါင္ သန္း ၅၈၀ တန္ သေဘာတူစာခ်ဳပ္ျဖင့္ ေနအိမ္ေပါင္း ၁၇၅၀ ဝယ္ယူခဲ့သည္။

ယခုသေဘာတူညီခ်က္သည္ Blackstone အဖို႔ တစ္ႏွစ္တာေအာက္ကာလအတြင္း Vistry ႏွင့္ ဒုတိယအၾကိမ္ အေရာင္းအဝယ္လည္းျဖစ္ျပီး ျဗိတိန္၏ အိမ္ငွားေစ်းကြက္သို႔ ပိုမိုေျခခ်ဝင္ေရာက္ခဲ့ျခင္းလည္း ျဖစ္သည္။

Blackstone က ျဗိတိန္ႏိုင္ငံတဝန္းရွိ ေနအိမ္ေပါင္း ၄၅၀၀ ေက်ာ္ကို ေပါင္ ၁ ဒသမ ၄ ဘီလီယံ သံုးစြဲ ဝယ္ယူရန္ သေဘာတူထားသည္။

အဆိုပါ ဝယ္ယူမႈမ်ားကို Blackstone ၏ ရင္းႏွီးျမွဳပ္ႏွံမႈ မိတ္ဖက္ Regis က ပံ့ပိုးကူညီေပးထားသည္။

ျဗိတိန္၏ အိမ္ငွားအိမ္ျခံေျမေစ်းကြက္သည္ ရင္းႏွီးျမွဳပ္ႏွံမႈအုပ္စုမ်ားႏွင့္ ပင္စင္ရန္ပံုေငြအဖြဲ႔မ်ားအား မ်ားစြာ ဆြဲေဆာင္ႏိုင္မႈရွိေနေၾကာင္း ျပသလိုက္သည့္ ေနာက္ဆံုးျဖစ္ရပ္လည္း ျဖစ္သည္။

Aviva Investors, Legal & General ႏွင့္ Axa တို႔ကဲ့သို႔ ကုမၸဏီအဖြဲ႔အစည္းမ်ားက ေဆာက္လုပ္-အငွားခ် (build-to-rent) ေလာကသို႔ ေငြအလံုးအရင္း ရင္းႏွီးျမွဳပ္ႏွံလာၾကသည္။

ဝယ္ယူ-အငွားခ် စနစ္အစား အငွားလူေနအိမ္ရာမ်ား ေဆာက္လုပ္ကာ ရန္ပံုေငြ အဖြဲ႔မ်ားမွတဆင့္ ေရရွည္ စီမံကြပ္ကဲသြားရန္ ျဖစ္သည္။

ျဗိတိန္သို႔ လာေရာက္အေျခခ်မႈ ျမင့္တက္လာေနခ်ိန္တြင္ အိမ္ျခံေျမပိုင္ရွင္တို႔မွာ ေရာင္းခ်မႈသာ ျပဳလုပ္ၾကရာ အငွားအိမ္ျခံေျမက႑တြင္ supply-demand မွ်ေျခမညီမႈ ျဖစ္ေပၚေနသည့္အေပၚ ဝင္ေရာက္ရင္းႏွီးျမွဳပ္ႏွံရန္ စီစဥ္လာၾကျခင္းလည္း ျဖစ္သည္။

(Source-NRLA, English Housing Survey)

ျဗိတိန္တဝန္းတြင္ ယခုႏွစ္ မတ္လအတြင္း အိမ္ငွားရမ္းမႈ ပမာဏ ၉ ဒသမ ၂ ရာခိုင္ႏႈန္းအထိ စံခ်ိန္တင္ ျမင့္တက္ခဲ့ျပီး ဧျပီလတြင္ ၈ ဒသမ ၉ ရာခုိင္ႏႈန္းသို႔ အနည္းငယ္ ျပန္လည္က်ဆင္းသြားေၾကာင္း ျဗိတိန္အမ်ဳိးသား စာရင္းအင္းရံုး (ONS) က ထုတ္ျပန္ေသာ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

တစ္ႏိုင္ငံလံုး အေနအထားတြင္ လန္ဒန္သည္ ယခုႏွစ္ဧျပီလအတြင္း အိမ္ငွားခ ေစ်းတက္မႈ အျမင့္မားဆံုးျဖစ္ျပီး ႏွစ္အလုိက္ႏိႈင္းယွဥ္လွ်င္ ၁၀ ဒသမ ၈ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည္။

ယခင္က ေဆာက္လုပ္-အငွားခ် က႑မွာ ျမိဳ႕ၾကီးမ်ားရွိ လူေနတိုက္ခန္းမ်ားတြင္သာ အဓိက ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ခဲ့ျပီး ဘြဲ႔ရမ်ား (သို႔မဟုတ္) ေကာ္လာျဖဴ လုပ္သားမ်ားကိုသာ အငွားခ်ခဲ့သည္။

ယခုအခါတြင္မူ ရန္ပံုေငြ အဖြဲ႔တို႔က ဆင္ေျခဖံုးေနရာမ်ားရွိ အငွားလူေနအိမ္မ်ားအတြက္ အဓိက ရည္ရြယ္ကာ ရင္းႏွီးျမွဳပ္ႏွံလာျပီး ေနအိမ္မဝယ္ႏိုင္သည့္ မိသားစုမ်ားကို ပစ္မွတ္ထားလာသည္။

Blackstone ႏွင့္ Vistry တို႔အၾကား အေရာင္းအဝယ္လုပ္ခဲ့မႈမွာ အဓိကအားျဖင့္ အဂၤလန္ အေရွ႕ေတာင္ပိုင္းရွိ အိမ္ျခံေျမမ်ား ျဖစ္သည္။

အဆိုပါ အိမ္ျခံေျမမ်ားကို Leaf Living က ၾကီးၾကပ္ကြပ္ကဲမည္ ျဖစ္သည္။ Leaf Living ကို Blackstone က ၂၀၂၁ ခုႏွစ္တြင္ တည္ေထာင္ခဲ့ျပီး လံုးခ်င္းအိမ္မ်ား အငွားခ်ထားေရးအတြက္ ရည္ရြယ္ခဲ့သည္။

(လူဦးေရ တိုးတက္မႈႏႈန္းမွာ ေနအိမ္သစ္မ်ား ေဆာက္လုပ္မႈႏႈန္းထက္ ၾကီးမားေနပံု။ Source-ONS)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: US giant buys up thousands of British homes as private equity cashes in on renting families (telegraph)

Photo Credit: NRLA, ENGLISH HOUSING SURVEY, ONS

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service