ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
စင်္ကာပူ၏ လမ်းများပေါ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လမှ စတင်ပြီး ဆိုက်ကားများ မတွေ့ရတော့။
စင်္ကာပူတွင် နောက်ဆုံးဆိုက်ကားနင်းသူ၏ ခွင့်ပြုချက် ကုန်ဆုံးသွားခဲ့ပြီး အသစ်ပြန်လည် ခွင့်ပြုပေးခြင်း မရှိတော့ရာ ဆိုက်ကားများ နိဂုံးချုပ်သွားခဲ့သည်။
လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း ဆိုက်ကားများသည် စင်္ကာပူ၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် အရေးအပါဆုံး အရာများ၌ ပါဝင်ခဲ့သည်။
ယနေ့ကာလတွင်ကား စင်္ကာပူ၏ လမ်းများပေါ်၌ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ယခုနှစ် ဧပြီလ ၉ ရက်နေ့တွင် စင်္ကာပူ ကမ္ဘာလှည့်ခရီးသွား ဘုတ်အဖွဲ့ (STB) က နောက်ဆုံး ဆိုက်ကားနင်းသူ ၏ ခွင့်ပြုချက် ကုန်ဆုံးသွားပြီး အသစ်ပြန်လည် ထုတ်ပေးခြင်း မရှိတော့သည့်နောက်ပိုင်း စင်္ကာပူတွင် ဆိုက်ကားများ မရှိတော့ကြောင်း CNA သတင်းဌာနသို့ အတည်ပြုပြောကြားသည်။
၁၉၄၀ ပြည့်လွန်ကာလများအတွင်း စင်္ကာပူ၏ လူသူရှုပ်ထွေးသော မြို့တွင်းလမ်းများပေါ်တွင် ခရီးသည်တို့အား တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ပေးသော ဆိုက်ကားများ ဥဒဟိုသွားလာနေသည်ကို တွေ့ခဲ့ကြဖူးသည်။ နောက်ပိုင်းတွင် ဆိုက်ကားတို့သည် ကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်သည့် အရာမျိုးဖြစ်လာပြီး နောက်ဆုံး တွင် စင်္ကာပူ၏ လမ်းများပေါ်မှ ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။
((၁၉၁၄-၁၉၄၃ ။ လန်ချားမှ ဆိုက်ကားသို့))
ဆိုက်ကားသည် လန်ချားမှ အခြေတည်ကာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လန်ချားမှာ ဘီး ၂ ဘီးတပ် လှည်းဖြစ်ပြီး လူဖြင့် ဆွဲသည်။
လန်ချားများသည် ဂျပန်နိုင်ငံတွင် အခြေတည်ပေါ်ပေါက်ခဲ့ပြီး စင်္ကာပူတွင် ၁၈၈၀ ပြည့်လွန်ကာလများတွင် လန်ချားများကို ပထမဆုံး စတွေ့လာခဲ့သည်။
လန်ချားတို့သည် စင်္ကာပူသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အစောဆုံး အသုံးပြုခဲ့သော အရာများတွင် ပါဝင်ပြီး ရေနွေးငွေ့ မီးရထားများနှင့် နွားလှည်းများလည်း အပါအဝင် ဖြစ်သည်။
ဆိုက်ကားများကို စင်္ကာပူတွင် တရားဝင် မှတ်ပုံတင်သည်မှာ ၁၉၁၄ ခုနှစ်တွင်ဖြစ်ပြီး အစောပိုင်း ဆိုက်ကားများ မှာ စက်ဘီးများ၏ ဘေးတွင် တွဲပြုလုပ်ကာ မွမ်းမံထားသော ပုံစံမျိုးဖြစ်ကြောင်း စင်္ကာပူအမျိုးသား အမွေအနှစ် ဘုတ်အဖွဲ့၏ ဝက်ဘ်ဆိုက်ဖြစ်သော Roots တွင် ဖော်ပြသည်။
အကြမ်းစား ထုတ်လုပ်ထားသော အစောဆုံး ဆိုက်ကား ၁၅ စီးရှိခဲ့ပြီး ထိုဆိုက်ကားများမှာ စင်္ကာပူ၏ လမ်းများ ပေါ်တွင် ကာလကြာရှည် မတွေ့ခဲ့ရ။
(စင်္ကာပူရှိ Dunlop လမ်းပေါ်တွင် ဆိုက်ကားနင်းနေသော အမျိုးသားတစ်ဦးကို ၂၀၀၂ ခုနှစ်အတွင်းက တွေ့ရပုံ။ ဓာတ်ပုံ-National Library Singapore)
၁၉၄၂ မှ ၁၉၄၅ ခုနှစ်အကြား စင်္ကာပူကို ဂျပန်တို့ အုပ်ချုပ်နေစဉ် ကာလအတွင်း ဆိုက်ကားများ ပြန်လည် ပေါ်ပေါက်လာသည်။
၁၉၄၃ ခုနှစ် ၊ သြဂုတ်လ ၇ ရက်တွင် စင်္ကာပူ၏ လမ်းများပေါ်သို့ ပထမအသုတ် ဆိုက်ကား ၁၀ စီး ရောက်ရှိလာ သည်။
တရားဝင် ဆိုက်ကားခမှာ ၁ မိုင်လျှင် ၁၅ ပြားရှိသည်။
ဆိုက်ကားတင်သွင်းသူက ဆိုက်ကားတစ်စီးကို ၁ ရက်လျှင် အုံနာခ ပြား ၈၀ ဖြင့် အငှားချခဲ့ကြောင်း စင်္ကာပူကို ထိုကာလက အုပ်ချုပ်ခဲ့သည့် ဂျပန်စစ်ဘက်၏ ဝါဒဖြန့် သတင်းစာ ဖြစ်သော Syonan Times သတင်းစာတွင် ဖော်ပြသည်။
((စစ်ပြီးခေတ်))
၁၉၄၀ ပြည့်လွန်ကာလများအတွင်း စင်္ကာပူတွင် ဆိုက်ကားများ အလွန်များပြားလာသည်။
ဂျပန်တို့ ဝင်ရောက်လာပြီးနောက်ပိုင်း စက်တပ်ယာဉ်များအတွက် ဓာတ်ဆီအလွန်ရှားပါးခဲ့သောကြောင့် ဖြစ်သည်။
ကိုလိုနီအုပ်ချုပ်ရေးအဖွဲ့က ၁၉၄၇ ခုနှစ်တွင် လန်ချားများကို ဖျက်သိမ်းခဲ့ရာ လန်ချားဆွဲသူများမှာ ဆိုက်ကားဆရာများ ဖြစ်လာကြသည်။
(စင်္ကာပူရှိ Geylang Serai ဈေးတွင် ၁၉၉၂ ခုနှစ်အတွင်း ဆိုက်ကားများ တွေ့ခဲ့ရပုံ။ ဓာတ်ပုံ- National Library Singapore)
(စင်္ကာပူရှိ Serangoon လမ်းပေါ်တွင် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်က ဆိုက်ကားစီးနေသော ကမ္ဘာလှည့် ခရီးသည်များကို တွေ့ရပုံ။ ဓာတ်ပုံ-iStock/mura)
(စင်္ကာပူရှိ Elgin တံတားပေါ်တွင် ဆိုက်ကားတစ်စီးကို ခရီးသည်နှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ-iStock/KHellon)
စင်္ကာပူတွင် ဆိုက်ကားဖြင့် ကမ္ဘာလှည့်ခရီးသည်များ လိုက်လံပို့ဆောင်မှု နောက်ဆုံးလုပ်ကိုင်ခဲ့သည့် လိုင်စင်ရ ကုမ္ပဏီမှာ Trishaw Uncle ဖြစ်သည်။ Trishaw Uncle က စင်္ကာပူ ကမ္ဘာလှည့်ခရီးသွားဘုတ်အဖွဲ့ထံတွင် လိုင်စင်ရယူထားမှုမှာ ၂၀၂၃ ခုနှစ်၊ မေလ တွင် အဆုံးသတ်ခဲ့သည်။
(စင်္ကာပူရှိ Albert လမ်းတွင် တည်ရှိခဲ့သော Trishaw Uncle ဆိုက်ကားဂိတ်။ ဓာတ်ပုံ-iStock/Charlie Tong)
Trishaw Uncle သည် ဆိုက်ကား အစင်း ၁၀၀ ခန့် ပိုင်ဆိုင်ခဲ့ပြီး လိုင်စင်စာချုပ်သက်တမ်း ကုန်ဆုံးပြီး နောက်ပိုင်း ဆိုက်ကားများထားရန် သင့်တော်သည့်နေရာမရှိသောကြောင့် အရည်ကြိုအဖြစ် ဖျက်ဆီးခဲ့ရ ကြောင်း ကုမ္ပဏီအမှုဆောင် မစ္စ Tieu Xin Yue က CNA သတင်းဌာနသို့ ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: From their heyday in the 1940s to their demise: The end of trishaws in Singapore (CNA)
Photo Credit- National Library Singapore, iStock/Charlie Tong, mura, KHellon
[Zawgyi]
စကၤာပူတြင္ ဆိုက္ကားတို႔၏ အရုဏ္ဦးႏွင့္ ေနဝင္ခ်ိန္ကာလမ်ား
စကၤာပူ၏ လမ္းမ်ားေပၚတြင္ ၂၀၂၃ ခုႏွစ္၊ ဇြန္လမွ စတင္ျပီး ဆိုက္ကားမ်ား မေတြ႔ရေတာ့။
စကၤာပူတြင္ ေနာက္ဆံုးဆိုက္ကားနင္းသူ၏ ခြင့္ျပဳခ်က္ ကုန္ဆံုးသြားခဲ့ျပီး အသစ္ျပန္လည္ ခြင့္ျပဳေပးျခင္း မရွိေတာ့ရာ ဆိုက္ကားမ်ား နိဂံုးခ်ဳပ္သြားခဲ့သည္။
လြန္ခဲ့ေသာ ဆယ္စုႏွစ္မ်ားစြာအတြင္း ဆုိက္ကားမ်ားသည္ စကၤာပူ၏ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးတြင္ အေရးအပါဆံုး အရာမ်ား၌ ပါဝင္ခဲ့သည္။
ယေန႔ကာလတြင္ကား စကၤာပူ၏ လမ္းမ်ားေပၚ၌ ေပ်ာက္ကြယ္သြားခဲ့ျပီ ျဖစ္သည္။
ယခုႏွစ္ ဧျပီလ ၉ ရက္ေန႔တြင္ စကၤာပူ ကမၻာလွည့္ခရီးသြား ဘုတ္အဖြဲ႔ (STB) က ေနာက္ဆံုး ဆိုက္ကားနင္းသူ ၏ ခြင့္ျပဳခ်က္ ကုန္ဆံုးသြားျပီး အသစ္ျပန္လည္ ထုတ္ေပးျခင္း မရွိေတာ့သည့္ေနာက္ပိုင္း စကၤာပူတြင္ ဆိုက္ကားမ်ား မရွိေတာ့ေၾကာင္း CNA သတင္းဌာနသို႔ အတည္ျပဳေျပာၾကားသည္။
၁၉၄၀ ျပည့္လြန္ကာလမ်ားအတြင္း စကၤာပူ၏ လူသူရႈပ္ေထြးေသာ ျမိဳ႕တြင္းလမ္းမ်ားေပၚတြင္ ခရီးသည္တို႔အား တစ္ေနရာမွ တစ္ေနရာသို႔ ပို႔ေဆာင္ေပးေသာ ဆိုက္ကားမ်ား ဥဒဟိုသြားလာေနသည္ကို ေတြ႔ခဲ့ၾကဖူးသည္။ ေနာက္ပိုင္းတြင္ ဆိုက္ကားတို႔သည္ ကမၻာလွည့္ခရီးသည္မ်ား ဆြဲေဆာင္သည့္ အရာမ်ဳိးျဖစ္လာျပီး ေနာက္ဆံုး တြင္ စကၤာပူ၏ လမ္းမ်ားေပၚမွ ေပ်ာက္ကြယ္သြားခဲ့ျပီးျဖစ္သည္။
((၁၉၁၄-၁၉၄၃ ။ လန္ခ်ားမွ ဆိုက္ကားသို႔))
ဆိုက္ကားသည္ လန္ခ်ားမွ အေျခတည္ကာ ေပၚေပါက္လာျခင္း ျဖစ္သည္။ လန္ခ်ားမွာ ဘီး ၂ ဘီးတပ္ လွည္းျဖစ္ျပီး လူျဖင့္ ဆြဲသည္။
လန္ခ်ားမ်ားသည္ ဂ်ပန္ႏိုင္ငံတြင္ အေျခတည္ေပၚေပါက္ခဲ့ျပီး စကၤာပူတြင္ ၁၈၈၀ ျပည့္လြန္ကာလမ်ားတြင္ လန္ခ်ားမ်ားကို ပထမဆံုး စေတြ႔လာခဲ့သည္။
လန္ခ်ားတို႔သည္ စကၤာပူသယ္ယူပို႔ေဆာင္ေရးက႑အတြက္ အေစာဆံုး အသံုးျပဳခဲ့ေသာ အရာမ်ားတြင္ ပါဝင္ျပီး ေရေႏြးေငြ႔ မီးရထားမ်ားႏွင့္ ႏြားလွည္းမ်ားလည္း အပါအဝင္ ျဖစ္သည္။
ဆိုက္ကားမ်ားကို စကၤာပူတြင္ တရားဝင္ မွတ္ပံုတင္သည္မွာ ၁၉၁၄ ခုႏွစ္တြင္ျဖစ္ျပီး အေစာပိုင္း ဆိုက္ကားမ်ား မွာ စက္ဘီးမ်ား၏ ေဘးတြင္ တြဲျပဳလုပ္ကာ မြမ္းမံထားေသာ ပံုစံမ်ဳိးျဖစ္ေၾကာင္း စကၤာပူအမ်ဳိးသား အေမြအႏွစ္ ဘုတ္အဖြဲ႔၏ ဝက္ဘ္ဆိုက္ျဖစ္ေသာ Roots တြင္ ေဖာ္ျပသည္။
အၾကမ္းစား ထုတ္လုပ္ထားေသာ အေစာဆံုး ဆိုက္ကား ၁၅ စီးရွိခဲ့ျပီး ထိုဆိုက္ကားမ်ားမွာ စကၤာပူ၏ လမ္းမ်ား ေပၚတြင္ ကာလၾကာရွည္ မေတြ႔ခဲ့ရ။
(စကၤာပူရွိ Dunlop လမ္းေပၚတြင္ ဆိုက္ကားနင္းေနေသာ အမ်ဳိးသားတစ္ဦးကို ၂၀၀၂ ခုႏွစ္အတြင္းက ေတြ႔ရပံု။ ဓာတ္ပံု-National Library Singapore)
၁၉၄၂ မွ ၁၉၄၅ ခုႏွစ္အၾကား စကၤာပူကို ဂ်ပန္တို႔ အုပ္ခ်ဳပ္ေနစဥ္ ကာလအတြင္း ဆိုက္ကားမ်ား ျပန္လည္ ေပၚေပါက္လာသည္။
၁၉၄၃ ခုႏွစ္ ၊ ၾသဂုတ္လ ၇ ရက္တြင္ စကၤာပူ၏ လမ္းမ်ားေပၚသို႔ ပထမအသုတ္ ဆိုက္ကား ၁၀ စီး ေရာက္ရွိလာ သည္။
တရားဝင္ ဆိုက္ကားခမွာ ၁ မိုင္လွ်င္ ၁၅ ျပားရွိသည္။
ဆိုက္ကားတင္သြင္းသူက ဆိုက္ကားတစ္စီးကို ၁ ရက္လွ်င္ အံုနာခ ျပား ၈၀ ျဖင့္ အငွားခ်ခဲ့ေၾကာင္း စကၤာပူကို ထုိကာလက အုပ္ခ်ဳပ္ခဲ့သည့္ ဂ်ပန္စစ္ဘက္၏ ဝါဒျဖန္႔ သတင္းစာ ျဖစ္ေသာ Syonan Times သတင္းစာတြင္ ေဖာ္ျပသည္။
((စစ္ျပီးေခတ္))
၁၉၄၀ ျပည့္လြန္ကာလမ်ားအတြင္း စကၤာပူတြင္ ဆုိက္ကားမ်ား အလြန္မ်ားျပားလာသည္။
ဂ်ပန္တို႔ ဝင္ေရာက္လာျပီးေနာက္ပိုင္း စက္တပ္ယာဥ္မ်ားအတြက္ ဓာတ္ဆီအလြန္ရွားပါးခဲ့ေသာေၾကာင့္ ျဖစ္သည္။
ကိုလိုနီအုပ္ခ်ဳပ္ေရးအဖြဲ႔က ၁၉၄၇ ခုႏွစ္တြင္ လန္ခ်ားမ်ားကို ဖ်က္သိမ္းခဲ့ရာ လန္ခ်ားဆြဲသူမ်ားမွာ ဆုိက္ကားဆရာမ်ား ျဖစ္လာၾကသည္။
(စကၤာပူရွိ Geylang Serai ေစ်းတြင္ ၁၉၉၂ ခုႏွစ္အတြင္း ဆိုက္ကားမ်ား ေတြ႔ခဲ့ရပံု။ ဓာတ္ပံု- National Library Singapore)
(စကၤာပူရွိ Serangoon လမ္းေပၚတြင္ ၂၀၁၅ ခုႏွစ္၊ ၾသဂုတ္လ ၁၁ ရက္က ဆုိက္ကားစီးေနေသာ ကမၻာလွည့္ ခရီးသည္မ်ားကို ေတြ႔ရပံု။ ဓာတ္ပံု-iStock/mura)
(စကၤာပူရွိ Elgin တံတားေပၚတြင္ ဆုိက္ကားတစ္စီးကို ခရီးသည္ႏွင့္အတူ ေတြ႔ရပံု။ ဓာတ္ပံု-iStock/KHellon)
စကၤာပူတြင္ ဆိုက္ကားျဖင့္ ကမၻာလွည့္ခရီးသည္မ်ား လိုက္လံပို႔ေဆာင္မႈ ေနာက္ဆံုးလုပ္ကိုင္ခဲ့သည့္ လိုင္စင္ရ ကုမၸဏီမွာ Trishaw Uncle ျဖစ္သည္။ Trishaw Uncle က စကၤာပူ ကမၻာလွည့္ခရီးသြားဘုတ္အဖြဲ႔ထံတြင္ လိုင္စင္ရယူထားမႈမွာ ၂၀၂၃ ခုႏွစ္၊ ေမလ တြင္ အဆံုးသတ္ခဲ့သည္။
(စကၤာပူရွိ Albert လမ္းတြင္ တည္ရွိခဲ့ေသာ Trishaw Uncle ဆိုက္ကားဂိတ္။ ဓာတ္ပံု-iStock/Charlie Tong)
Trishaw Uncle သည္ ဆိုက္ကား အစင္း ၁၀၀ ခန္႔ ပိုင္ဆိုင္ခဲ့ျပီး လိုင္စင္စာခ်ဳပ္သက္တမ္း ကုန္ဆံုးျပီး ေနာက္ပိုင္း ဆိုက္ကားမ်ားထားရန္ သင့္ေတာ္သည့္ေနရာမရွိေသာေၾကာင့္ အရည္ၾကိဳအျဖစ္ ဖ်က္ဆီးခဲ့ရ ေၾကာင္း ကုမၸဏီအမႈေဆာင္ မစၥ Tieu Xin Yue က CNA သတင္းဌာနသို႔ ေျပာသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: From their heyday in the 1940s to their demise: The end of trishaws in Singapore (CNA)
Photo Credit- National Library Singapore, iStock/Charlie Tong, mura, KHellon