ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
ချစ်ခင်လေးစားအပ်ပါသော ကွမ်တင်- - -
ကျွန်မ အိမ်ထောင်ပြုခဲ့တာ ၁၄ နှစ်ရှိပါပြီ။
အခုချိန်မှာ အမျိုးသားနဲ့ ကွာရှင်းခွင့်တင်ဖို့ စီစဉ်ထားပါတယ်။
အိမ်ထောင်မပြုခင်ကတည်းက ကိုယ့်ဟာကိုယ်ဝယ်ထားတဲ့အိမ်ကို ကျွန်မ ဆက်ပြီး ထိန်းသိမ်းပိုင်ဆိုင်ချင်ပါတယ်။
လက်ထပ်ပြီးနောက်ပိုင်း ကျွန်မတို့ ဒီအိမ်မှာ အတူနေခဲ့ကြတာပါ။
ကာလပေါက်ဈေး ဒေါ်လာ ၁ သန်းဝန်းကျင်လောက်ရှိပါတယ်။
ကျွန်မတို့ အတူပေါင်းသင်းနေထိုင်ခဲ့တဲ့ကာလအတွင်း အိမ်မှာ ကျွန်မတစ်ယောက်တည်း အလုပ်လုပ်သူ ရှိခဲ့ပါတယ်။
အိမ်အတွက် အိမ်ခြံမြေချေးငွေ အရစ်ကျ ပြန်လည်ပေးသွင်းတာကိုလည်း ကျွန်မ ငွေနဲ့ပဲ သွင်းခဲ့တာပါ။
ကျွန်မနဲ့ အမျိုးသားရဲ့ ကျန်းမာရေး ကုန်ကျစရိတ်ကိုလည်း ကျွန်မပဲ ကျခံခဲ့ရပါတယ်။
သူက လူမှုဖူလုံရေးအထောက်အပံ့၊ Medicare ကျန်းမာရေးစောင့်ရှောက်မှုတွေရှိပြီး ပင်စင်လစာ နည်းနည်း ရပါတယ်။
သူက လုံးဝ အလုပ်မလုပ်ခဲ့ပေမဲ့ ကွာရှင်းပြီးရင် နေအိမ်ကို ရောင်းပြီး ဒေါ်လာ ၅၀၀၀၀၀ ယူထွက်သွားဖို့ သူက စီစဉ်နေပါတယ်။
ဇနီးမောင်နှံ တဝက်စီ ခွဲယူရတဲ့ စည်းမျဉ်းက ကျွန်မနဲ့ကော သက်ဆိုင်ပါသလားရှင်။
ကျွန်မတို့ အိမ်ထောင်ရေး အဆုံးသတ်တဲ့အချိန်မှာ ဖြေရှင်းစရာ ဒီကိစ္စတစ်ခုပဲ ရှိပါတယ်။
ကျွန်မတို့မှာ မှီခိုမယ့်သူတွေ မရှိပါဘူး။
ပြီးတော့ တခြားပြဿနာလည်း မရှိပါဘူး။
သူက အလုပ်မလုပ်နိုင်တာ မဟုတ်ပါဘူး။
ဒါပေမဲ့ အလုပ်မလုပ်ရဖို့အတွက် ဆင်ခြေဆင်လက် တစ်မျိုးပြီးတစ်မျိုး ပြပါတယ်။
အခွင့်ကြုံတိုင်း ဂေါက်ရိုက်က အမြဲသွားတယ်။
ကျွန်မက အိမ်ရောင်းလို့ရတဲ့ငွေကို လိုချင်ရုံသက်သက်ပါပဲ။
……….လေးစားစွာဖြင့် ..
ဝစ္စကွန်ဆင်ပြည်နယ်က အိမ်ပိုင်ရှင်တစ်ဦး။
……………….
ချစ်ခင်အပ်ပါတဲ့ အိမ်ပိုင်ရှင်ရေ
“ဂေါက်သီး လာနေတယ်” လို့ အော်ရမယ့် အချိန်ကျပါပြီနော်။
ညီမက ကိုယ့်အမျိုးသားကို ဂေါက်သီးတစ်လုံး လေထဲမှာ လွင့်လာနေတယ်လို့ သတိပေးချင်ပုံရတယ်။
ဒီပြဿနာမှာဆိုရင် သူ့ဆီကို မျှော်လင့်မထားတဲ့ အံ့အားသင့်စရာတွေ လာနေပြီလို့ သတိပေးချင်တဲ့ ဆန္ဒရှိတာ ဖြစ်နိုင်ပါတယ်။
ညီမရဲ့ အမျိုးသားဟာ အိမ်ထောင်ဦးစီးဖြစ်ပေမယ့် ငွေရှာမပေးဘဲ လက်မထပ်မီက ညီမ ဝယ်ခဲ့တဲ့ အိမ်မှာ နေတယ်၊ ပြီးတော့ အိမ်ကို ရောင်းပြီး ရတဲ့ငွေ တဝက်ကို ယူပြီးထွက်သွားချင်တယ်ဆိုရင် သူတော့ တကယ့်ကို လွဲနေပြီ။
ဝစ္စကွန်ဆင်ပြည်နယ်မှာ လက်ထပ်စဉ်ကာလအတွင်း ဝယ်ယူခဲ့တဲ့အရာမှန်သမျှ “လက်ထပ်ပွား” အဖြစ် သတ်မှတ်ထားတယ်ဆိုတာ ညီမ သိမှာ သေချာပါတယ်။
လက်မထပ်မီ ဝယ်ခဲ့တဲ့ ပိုင်ဆိုင်မှုအားလုံးဟာ တစ်ဦးစီရဲ့ သီးခြား ပိုင်ဆိုင်မှု ဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူက ညီမရဲ့အိမ်ကို ပြုပြင်မွမ်းမံတာ ကြီးကြီးမားမားလုပ်တာမျိုး မလုပ်ခဲ့ဘူးဆိုရင် နှစ်ယောက်ခွဲစရာ ဘာအကြောင်းမှ မရှိပါဘူး။
ပြုပြင်မွမ်းမံမှု ကြီးကြီးမားမားလုပ်တာမျိုးရှိတယ်ဆိုရင်တော့ ပိုင်ဆိုင်မှုတွေ ရောစပ်သွားပါတယ်။
ကွာရှင်းပြတ်စဲပေးတဲ့ရှေ့နေက ညီမရဲ့ အခွင့်အရေးနဲ့ ပြည်နယ်ရဲ့ ဥပဒေကို ရှင်းပြပေးပါလိမ့်မယ်။
ဝစ္စကွန်ဆင်ပြည်နယ်ရဲ့ လက်ထပ်ပွားပစ္စည်း အက်ဥပဒေမှာ အိမ်ထောင်ဘက်နှစ်ဦးလုံးက အိမ်ထောင်အတွက် ထောက်ပံ့ကူညီပေးတဲ့အရာလို့ ပြဌာန်းထားပါတယ်။
ဒီဥပဒေက ရှုပ်ထွေးပြီး မသိသာတဲ့ ကွဲပြားချက်တွေရှိပါတယ်။ ဒါပေမယ့် ရှင်းရှင်းမှတ်ထားရမှာက လက်ထပ်ပွားဟာ အညီအမျှ ခွဲရပါတယ်။
ဒါပေမယ့် ညီမပြောတဲ့စကားအရဆိုရင် ညီမရဲ့ အိမ်ဟာ လက်ထပ်ပွားထဲမှာ မပါပါဘူး။
ပြည်နယ် ဘားကောင်စီရဲ့ ထုတ်ပြန်ချက်အရ ပစ္စည်းဥစ္စာတစ်ခုဟာ သီးခြားပိုင်ဆိုင်တဲ့ပစ္စည်းဖြစ်ဖို့အတွက် ဒါကို တစ်ယောက်ထဲပိုင်တယ်ဆိုတဲ့ မှတ်တမ်းအထောက်အထားတွေ ရှိရမှာ ဖြစ်ပါတယ်။
ပြီးတော့ ဒီပစ္စည်းကို သီးခြားသိမ်းဆည်းထားတာ ဖြစ်ရပါမယ်။
ဇနီးမောင်နှံနှစ်ဦးလုံးပိုင်ဆိုင်ထားတဲ့ပစ္စည်းကို လက်ထပ်ပွားအဖြစ် ပြည်နယ်ဘားကောင်စီက ဖွင့်ဆိုထားပြီး နှစ်ဦး အညီအမျှ ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။
အမွေရတဲ့ ပစ္စည်းက သီးခြားပိုင်ဆိုင်မှု ဖြစ်ပါတယ်။
“ဒါပေမယ့် သတိပြုရမှာက သီးခြားပိုင်ဆိုင်တဲ့အရာတစ်ခုဟာ လက်ထပ်ပွားလည်း ဖြစ်သွားနိုင်ပါတယ်။
ပစ္စည်းဥစ္စာတစ်ခုကို တရားသူကြီးက လက်ထပ်ပွားဖြစ်တယ်လို့ ဆုံးဖြတ်မယ်ဆိုရင် အညီအမျှခွဲရမှာ ဖြစ်ပါတယ်”ဟု ဝစ္စကွန်ဆင်ပြည်နယ်အခြေစိုက် Cross Jenks Mercer & Maffei LLP ဥပဒေအဖွဲ့က ပြောသည်။
“ သာဓကအနေနဲ့ဆိုရင် အမွေရတဲ့ငွေကို နှစ်ဦးအတူပိုင်ဆိုင်တဲ့ ဘဏ်စာရင်းတစ်ခုထဲကို ထည့်ခဲ့မယ်ဆိုရင် ဒါက လက်ထပ်ပွားဖြစ်လာမှာပါ ”
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: ‘He always managed to play golf’: My husband of 14 years never worked and now we’re divorcing. He wants half of my $1 million home. What can I do? (morningstar)
[Zawgyi]
အေမရိကန္ျပည္တြင္ အိမ္ေထာင္သက္ ၁၄ ႏွစ္တာ ကာလအတြင္း ခင္ပြန္းျဖစ္သူမွာ လံုးဝ အလုပ္မလုပ္ခဲ့ဘဲ အျမဲေဂါက္ရိုက္ ေနေလ့ရွိကာ ကြာရွင္းျပတ္စဲရန္ စီစဥ္ခ်ိန္တြင္ ဇနီးျဖစ္သူ၏ ေနအိမ္တန္ဖိုးတဝက္ကို ေတာင္းခံ
ခ်စ္ခင္ေလးစားအပ္ပါေသာ ကြမ္တင္- - -
ကၽြန္မ အိမ္ေထာင္ျပဳခဲ့တာ ၁၄ ႏွစ္ရွိပါျပီ။
အခုခ်ိန္မွာ အမ်ဳိးသားနဲ႔ ကြာရွင္းခြင့္တင္ဖုိ႔ စီစဥ္ထားပါတယ္။
အိမ္ေထာင္မျပဳခင္ကတည္းက ကိုယ့္ဟာကိုယ္ဝယ္ထားတဲ့အိမ္ကို ကၽြန္မ ဆက္ျပီး ထိန္းသိမ္းပိုင္ဆိုင္ခ်င္ပါတယ္။
လက္ထပ္ျပီးေနာက္ပိုင္း ကၽြန္မတို႔ ဒီအိမ္မွာ အတူေနခဲ့ၾကတာပါ။
ကာလေပါက္ေစ်း ေဒၚလာ ၁ သန္းဝန္းက်င္ေလာက္ရွိပါတယ္။
ကၽြန္မတို႔ အတူေပါင္းသင္းေနထိုင္ခဲ့တဲ့ကာလအတြင္း အိမ္မွာ ကၽြန္မတစ္ေယာက္တည္း အလုပ္လုပ္သူ ရွိခဲ့ပါတယ္။
အိမ္အတြက္ အိမ္ျခံေျမေခ်းေငြ အရစ္က် ျပန္လည္ေပးသြင္းတာကိုလည္း ကၽြန္မ ေငြနဲ႔ပဲ သြင္းခဲ့တာပါ။
ကၽြန္မနဲ႔ အမ်ဳိးသားရဲ႕ က်န္းမာေရး ကုန္က်စရိတ္ကိုလည္း ကၽြန္မပဲ က်ခံခဲ့ရပါတယ္။
သူက လူမႈဖူလံုေရးအေထာက္အပံ့၊ Medicare က်န္းမာေရးေစာင့္ေရွာက္မႈေတြရွိျပီး ပင္စင္လစာ နည္းနည္း ရပါတယ္။
သူက လံုးဝ အလုပ္မလုပ္ခဲ့ေပမဲ့ ကြာရွင္းျပီးရင္ ေနအိမ္ကို ေရာင္းျပီး ေဒၚလာ ၅၀၀၀၀၀ ယူထြက္သြားဖုိ႔ သူက စီစဥ္ေနပါတယ္။
ဇနီးေမာင္ႏွံ တဝက္စီ ခြဲယူရတ့ဲ စည္းမ်ဥ္းက ကၽြန္မနဲ႔ေကာ သက္ဆိုင္ပါသလားရွင္။
ကၽြန္မတို႔ အိမ္ေထာင္ေရး အဆံုးသတ္တဲ့အခ်ိန္မွာ ေျဖရွင္းစရာ ဒီကိစၥတစ္ခုပဲ ရွိပါတယ္။
ကၽြန္မတို႔မွာ မွီခိုမယ့္သူေတြ မရွိပါဘူး။
ျပီးေတာ့ တျခားျပႆနာလည္း မရွိပါဘူး။
သူက အလုပ္မလုပ္ႏိုင္တာ မဟုတ္ပါဘူး။
ဒါေပမဲ့ အလုပ္မလုပ္ရဖုိ႔အတြက္ ဆင္ေျခဆင္လက္ တစ္မ်ဳိးျပီးတစ္မ်ဳိး ျပပါတယ္။
အခြင့္ၾကံဳတိုင္း ေဂါက္ရိုက္က အျမဲသြားတယ္။
ကၽြန္မက အိမ္ေရာင္းလို႔ရတဲ့ေငြကို လိုခ်င္ရံုသက္သက္ပါပဲ။
……….ေလးစားစြာျဖင့္ ..
ဝစၥကြန္ဆင္ျပည္နယ္က အိမ္ပိုင္ရွင္တစ္ဦး။
……………….
ခ်စ္ခင္အပ္ပါတဲ့ အိမ္ပိုင္ရွင္ေရ
“ေဂါက္သီး လာေနတယ္” လို႔ ေအာ္ရမယ့္ အခ်ိန္က်ပါျပီေနာ္။
ညီမက ကိုယ့္အမ်ဳိးသားကို ေဂါက္သီးတစ္လံုး ေလထဲမွာ လြင့္လာေနတယ္လို႔ သတိေပးခ်င္ပံုရတယ္။
ဒီျပႆနာမွာဆိုရင္ သူ႔ဆီကို ေမွ်ာ္လင့္မထားတဲ့ အံ့အားသင့္စရာေတြ လာေနျပီလို႔ သတိေပးခ်င္တဲ့ ဆႏၵရွိတာ ျဖစ္ႏိုင္ပါတယ္။
ညီမရဲ႕ အမ်ဳိးသားဟာ အိမ္ေထာင္ဦးစီးျဖစ္ေပမယ့္ ေငြရွာမေပးဘဲ လက္မထပ္မီက ညီမ ဝယ္ခဲ့တဲ့ အိမ္မွာ ေနတယ္၊ ျပီးေတာ့ အိမ္ကို ေရာင္းျပီး ရတဲ့ေငြ တဝက္ကို ယူျပီးထြက္သြားခ်င္တယ္ဆိုရင္ သူေတာ့ တကယ့္ကို လြဲေနျပီ။
ဝစၥကြန္ဆင္ျပည္နယ္မွာ လက္ထပ္စဥ္ကာလအတြင္း ဝယ္ယူခဲ့တဲ့အရာမွန္သမွ် “လက္ထပ္ပြား” အျဖစ္ သတ္မွတ္ထားတယ္ဆိုတာ ညီမ သိမွာ ေသခ်ာပါတယ္။
လက္မထပ္မီ ဝယ္ခဲ့တဲ့ ပိုင္ဆိုင္မႈအားလံုးဟာ တစ္ဦးစီရဲ႕ သီးျခား ပိုင္ဆိုင္မႈ ျဖစ္ပါတယ္။
ခင္ပြန္းျဖစ္သူက ညီမရဲ႕အိမ္ကို ျပဳျပင္မြမ္းမံတာ ၾကီးၾကီးမားမားလုပ္တာမ်ဳိး မလုပ္ခဲ့ဘူးဆိုရင္ ႏွစ္ေယာက္ခြဲစရာ ဘာအေၾကာင္းမွ မရွိပါဘူး။
ျပဳျပင္မြမ္းမံမႈ ၾကီးၾကီးမားမားလုပ္တာမ်ဳိးရွိတယ္ဆိုရင္ေတာ့ ပိုင္ဆိုင္မႈေတြ ေရာစပ္သြားပါတယ္။
ကြာရွင္းျပတ္စဲေပးတဲ့ေရွ႕ေနက ညီမရဲ႕ အခြင့္အေရးနဲ႔ ျပည္နယ္ရဲ႕ ဥပေဒကို ရွင္းျပေပးပါလိမ့္မယ္။
ဝစၥကြန္ဆင္ျပည္နယ္ရဲ႕ လက္ထပ္ပြားပစၥည္း အက္ဥပေဒမွာ အိမ္ေထာင္ဘက္ႏွစ္ဦးလံုးက အိမ္ေထာင္အတြက္ ေထာက္ပံ့ကူညီေပးတဲ့အရာလို႔ ျပဌာန္းထားပါတယ္။
ဒီဥပေဒက ရႈပ္ေထြးျပီး မသိသာတဲ့ ကြဲျပားခ်က္ေတြရွိပါတယ္။ ဒါေပမယ့္ ရွင္းရွင္းမွတ္ထားရမွာက လက္ထပ္ပြားဟာ အညီအမွ် ခြဲရပါတယ္။
ဒါေပမယ့္ ညီမေျပာတဲ့စကားအရဆိုရင္ ညီမရဲ႕ အိမ္ဟာ လက္ထပ္ပြားထဲမွာ မပါပါဘူး။
ျပည္နယ္ ဘားေကာင္စီရဲ႕ ထုတ္ျပန္ခ်က္အရ ပစၥည္းဥစၥာတစ္ခုဟာ သီးျခားပိုင္ဆိုင္တဲ့ပစၥည္းျဖစ္ဖုိ႔အတြက္ ဒါကို တစ္ေယာက္ထဲပိုင္တယ္ဆိုတဲ့ မွတ္တမ္းအေထာက္အထားေတြ ရွိရမွာ ျဖစ္ပါတယ္။
ျပီးေတာ့ ဒီပစၥည္းကို သီးျခားသိမ္းဆည္းထားတာ ျဖစ္ရပါမယ္။
ဇနီးေမာင္ႏွံႏွစ္ဦးလံုးပိုင္ဆိုင္ထားတဲ့ပစၥည္းကို လက္ထပ္ပြားအျဖစ္ ျပည္နယ္ဘားေကာင္စီက ဖြင့္ဆိုထားျပီး ႏွစ္ဦး အညီအမွ် ပိုင္ဆိုင္တယ္လို႔ ဆိုပါတယ္။
အေမြရတဲ့ ပစၥည္းက သီးျခားပိုင္ဆိုင္မႈ ျဖစ္ပါတယ္။
“ဒါေပမယ့္ သတိျပဳရမွာက သီးျခားပိုင္ဆိုင္တဲ့အရာတစ္ခုဟာ လက္ထပ္ပြားလည္း ျဖစ္သြားႏိုင္ပါတယ္။
ပစၥည္းဥစၥာတစ္ခုကို တရားသူၾကီးက လက္ထပ္ပြားျဖစ္တယ္လို႔ ဆံုးျဖတ္မယ္ဆိုရင္ အညီအမွ်ခြဲရမွာ ျဖစ္ပါတယ္”ဟု ဝစၥကြန္ဆင္ျပည္နယ္အေျခစိုက္ Cross Jenks Mercer & Maffei LLP ဥပေဒအဖြဲ႔က ေျပာသည္။
“ သာဓကအေနနဲ႔ဆိုရင္ အေမြရတဲ့ေငြကို ႏွစ္ဦးအတူပိုင္ဆိုင္တဲ့ ဘဏ္စာရင္းတစ္ခုထဲကို ထည့္ခဲ့မယ္ဆိုရင္ ဒါက လက္ထပ္ပြားျဖစ္လာမွာပါ ”
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: ‘He always managed to play golf’: My husband of 14 years never worked and now we’re divorcing. He wants half of my $1 million home. What can I do? (morningstar)