ဒေါ်လာ ၉၀၀၀၀၀ အကြွေးဖြင့် ကုမ္ပဏီစတင်တည်ထောင်ခဲ့ကာ ယခုအခါ ကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံ ချမ်းသာနေပြီဖြစ်သော အမေရိက၏ အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် အမျိုးသမီး

ဒေါ်လာ ၉၀၀၀၀၀ အကြွေးဖြင့် ကုမ္ပဏီစတင်တည်ထောင်ခဲ့ကာ ယခုအခါ ကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံ ချမ်းသာနေပြီဖြစ်သော အမေရိက၏ အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် အမျိုးသမီး - Property News in Myanmar from iMyanmarHouse.com
14 Jun 2024 12:03 pm တွင် တင်ခဲ့သည်
900 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဒိုင်ယန် ဟန်းဒရစ် (Diane Hendricks) သည် စီးပွားရေးလောကတွင် အခြေချမည်ဟု ၁၀ နှစ်သမီး အရွယ်ကတည်းက ဆုံးဖြတ်ခဲ့သည်။

သူ၏ ရည်မှန်းချက် ပေါက်မြောက်ကာ ဥစ္စာဓန ပေါကြွယ်ဝလာစေရန် ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့ရသည်။

ယခုရက်သတ္တပတ်အတွင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြသော အမေရိကန်၏ အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် အမျိုးသမီးများစာရင်းတွင် ဒိုင်ယန်မှာ ထိပ်ဆုံး၌ ရပ်တည်နေသည်။

ဒိုင်ယန်သည် အဆိုပါ စာရင်းတွင် ၇ နှစ်ဆက်တိုက် ထိပ်ဆုံး၌ ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံ ရှိသည်ဟု ခန့်မှန်းရသည်။

သူ၏ ကြွယ်ဝမှုမှာ အဓိကအားဖြင့် အိမ်မိုးပစ္စည်းကုမ္ပဏီဖြစ်သော ABC Supply မှ အခြေခံသည်။

အဆိုပါ ကုမ္ပဏီကို ဒိုင်ယန်က ကွယ်လွန်သွားပြီဖြစ်သော ခင်ပွန်း ကန် ဟန်းဒရစ်နှင့်အတူ ၁၉၈၂ ခုနှစ်တွင် ပူးတွဲတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ထုတ်လုပ်သူအမျိုးမျိုးထံမှ အိမ်မိုးပစ္စည်းများ တစ်နေရာတည်းတွင် ရနိုင်သည့်ဆိုင် အလွန်နည်းပါးသည်ကို သတိပြုမိပြီးနောက်ပိုင်း ဒိုင်ယန်တို့ ဇနီးမောင်နှံက အဆိုပါ ကုမ္ပဏီကို တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ဒိုင်ယန်က Forbes မဂ္ဂဇင်းကြီးသို့ ၂၀၂၂ ခုနှစ်အတွင်း ပြောခဲ့ဖူးသည်။

ဒိုင်ယန်မှာ ယခုအခါ အသက် ၇၇ နှစ် ရှိပြီဖြစ်သည်။

ဒိုင်ယန်တို့ ဇနီးမောင်နှံသည် ထိုကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပိုင်ဆိုင်သမျှ အားလုံး အပေါင်ထားကာ Beloit Savings Bank မှ ဒေါ်လာ ၉၀၀,၀၀၀ ချေးယူခဲ့ပြီး ကုမ္ပဏီ စတင်တည်ထောင်ခဲ့သည်။

၅ နှစ်တာ ကာလအတွင်း ABC Supply သည် အရောင်းဆိုင်ပေါင်း ၅၀ ရှိလာခဲ့သည်။

၁၉၉၈ ခုနှစ်တွင် နှစ်ပတ်လည် ရောင်းအား ကန်ဒေါ်လာ ၁ ဘီလီယံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

၎င်းတို့ အောင်မြင်ခဲ့ရခြင်း၏ လျှို့ဝှက်ချက်မှာ ဈေးကွက်တွင် မရှိသေးသည့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း၊ အရောင်းအဝယ် လုပ်ဆောင်မှုများတွင် လေးစားမှုနှင့် ပရော်ဖက်ရှင်နယ်ကျမှု အဆင့်ကို မြှင့်တင်ပေးခြင်း တို့ကြောင့် ဖြစ်ကြောင်း ပြောသည်။

“အိမ်မိုးသမားတွေအပေါ် လေးလေးစားစား ဆက်ဆံမခံရဘူးလို့ ကျွန်မတို့ ခံစားရပါတယ်။ ဒါကပဲ ကျွန်မတို့ရဲ့ ရည်မှန်းချက် တစိတ်တပိုင်း ဖြစ်ပါတယ်။ ပစ်ကပ်ထရပ်ကားထဲကလူကို ကူညီဖို့၊ ဝန်ဆောင်မှုပေးဖို့၊ လူတိုင်းအပေါ် လေးစားဖို့အတွက် ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ပါပဲ။”

ဝစ္စကွန်ဆင်ပြည်နယ် Beloit အခြေစိုက် သူမ၏ ကုမ္ပဏီသည် နေရာပေါင်း ၉၀၀ ကျော်တွင် ဆိုင်များ ဖွင့်လှစ်နိုင်သည့်အထိ မအောင်မြင်သေးမီက ဤကုမ္ပဏီကို တည်ထောင်ရခြင်းမှာ အိပ်မက်တစ်ခုသဖွယ် ခံစားခဲ့ရကြောင်း သူမက ပြောသည်။

ဒိုင်ယန်သည် ဝစ္စကွန်ဆင်ပြည်နယ် Osseo မြို့ရှိ ယာတောတစ်ခုတွင် မွေးဖွားကြီးပြင်းခဲ့သည်။

ဒိုင်ယန်က မင်နီယာပိုလစ်မြို့ကြီးသို့ ပြောင်းရွှေ့ကာ ဝတ်စုံလှလှလေးများ ဝတ်ပြီး ကားလှလှလေးများ စီးမည် ဟု စိတ်ကူးယဉ်ခဲ့ဖူးကြောင်း ပြန်ပြောင်း ပြောပြသည်။

ယင်းနောက် အသက် ၁၇ နှစ်အရွယ်တွင် ကိုယ်ဝန်ရခဲ့ပြီး အထက်တန်းစာမေးပွဲကို အိမ်မှ လေ့လာကာ ဝင်ရောက်ဖြေဆိုခဲ့သည်။

ထိုနောက်ပိုင်း ကောလိပ်မတက်တော့ဘဲ အလုပ်မျိုးစုံ ဝင်ရောက်လုပ်ကိုင်ခဲ့ရာ Playboy Bunny တွင် စားပွဲထိုးအဖြစ်လည်း တစ်နှစ်ခန့် လုပ်ကိုင်ခဲ့ဖူးသည်။

ထိုအချိန်ကာလအတွင်း ဒိုင်ယန်က အိမ်ခြံမြေလောကတွင် ဝင်ရောက်လုပ်ကိုင်ရန် ကြိုးစားနေခဲ့သည်။

ဒိုင်ယန်သည် ကုမ္ပဏီကို ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ၂၀၀၇ ခုနှစ်ကတည်းက ဥက္ကဌအဖြစ် ဆောင်ရွက်နေခဲ့ခြင်းဖြစ်ကြောင်း ABC Supply ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ဒိုင်ယန်သည် ယခုတိုင် ကုမ္ပဏီသို့ အလုပ်သွားနေဆဲဖြစ်ပြီး သားသမီးများအား လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း သူမက Forbes မဂ္ဂဇင်းကြီးသို့ ၂၀၂၂ ခုနှစ်တွင် ပြောခဲ့ဖူးသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: America’s richest self-made woman went $900,000 into debt to start her company—now she has a $20.9 billion net worth (cnbc)

[Zawgyi]

ေဒၚလာ ၉၀၀၀၀၀ အေၾကြးျဖင့္ ကုမၸဏီစတင္တည္ေထာင္ခဲ့ကာ ယခုအခါ ကန္ေဒၚလာ ၂၀ ဒသမ ၉ ဘီလီယံ ခ်မ္းသာေနျပီျဖစ္ေသာ အေမရိက၏ အခ်မ္းသာဆံုး ကိုယ့္ထူးကိုယ္ခၽြန္ အမ်ဳိးသမီး

ဒိုင္ယန္ ဟန္းဒရစ္ (Diane Hendricks) သည္ စီးပြားေရးေလာကတြင္ အေျခခ်မည္ဟု ၁၀ ႏွစ္သမီး အရြယ္ ကတည္းက ဆံုးျဖတ္ခဲ့သည္။

သူ၏ ရည္မွန္းခ်က္ ေပါက္ေျမာက္ကာ ဥစၥာဓန ေပါၾကြယ္ဝလာေစရန္ ဆယ္စုႏွစ္မ်ားစြာ ျဖတ္သန္းခဲ့ရသည္။

ယခုရက္သတၱပတ္အတြင္း Forbes မဂၢဇင္းၾကီးက ေဖာ္ျပေသာ အေမရိကန္၏ အခ်မ္းသာဆံုး ကိုယ့္ထူးကိုယ္ခၽြန္ အမ်ဳိးသမီးမ်ားစာရင္းတြင္ ဒိုင္ယန္မွာ ထိပ္ဆံုး၌ ရပ္တည္ေနသည္။

ဒိုင္ယန္သည္ အဆိုပါ စာရင္းတြင္ ၇ ႏွစ္ဆက္တုိက္ ထိပ္ဆံုး၌ ရပ္တည္ခဲ့ျခင္း ျဖစ္သည္။

သူ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၂၀ ဒသမ ၉ ဘီလီယံ ရွိသည္ဟု ခန္႔မွန္းရသည္။

သူ၏ ၾကြယ္ဝမႈမွာ အဓိကအားျဖင့္ အိမ္မိုးပစၥည္းကုမၸဏီျဖစ္ေသာ ABC Supply မွ အေျခခံသည္။

အဆုိပါ ကုမၸဏီကို ဒိုင္ယန္က ကြယ္လြန္သြားျပီျဖစ္ေသာ ခင္ပြန္း ကန္ ဟန္းဒရစ္ႏွင့္အတူ ၁၉၈၂ ခုႏွစ္တြင္ ပူးတြဲတည္ေထာင္ခဲ့ျခင္း ျဖစ္သည္။

ထုတ္လုပ္သူအမ်ဳိးမ်ဳိးထံမွ အိမ္မိုးပစၥည္းမ်ား တစ္ေနရာတည္းတြင္ ရႏုိင္သည့္ဆိုင္ အလြန္နည္းပါးသည္ကို သတိျပဳမိျပီးေနာက္ပိုင္း ဒိုင္ယန္တို႔ ဇနီးေမာင္ႏွံက အဆုိပါ ကုမၸဏီကို တည္ေထာင္ခဲ့ျခင္းျဖစ္ေၾကာင္း ဒိုင္ယန္က Forbes မဂၢဇင္းၾကီးသို႔ ၂၀၂၂ ခုႏွစ္အတြင္း ေျပာခဲ့ဖူးသည္။

ဒုိင္ယန္မွာ ယခုအခါ အသက္ ၇၇ ႏွစ္ ရွိျပီျဖစ္သည္။

ဒိုင္ယန္တုိ႔ ဇနီးေမာင္ႏွံသည္ ထိုကြက္လပ္ကို ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ ပိုင္ဆုိင္သမွ် အားလံုး အေပါင္ထား ကာ Beloit Savings Bank မွ ေဒၚလာ ၉၀၀,၀၀၀ ေခ်းယူခဲ့ျပီး ကုမၸဏီ စတင္တည္ေထာင္ခဲ့သည္။

၅ ႏွစ္တာ ကာလအတြင္း ABC Supply သည္ အေရာင္းဆိုင္ေပါင္း ၅၀ ရွိလာခဲ့သည္။

၁၉၉၈ ခုႏွစ္တြင္ ႏွစ္ပတ္လည္ ေရာင္းအား ကန္ေဒၚလာ ၁ ဘီလီယံသို႔ ပထမဆံုးအၾကိမ္ ေရာက္ရွိခဲ့ေၾကာင္း ကုမၸဏီ၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပသည္။

၎တို႔ ေအာင္ျမင္ခဲ့ရျခင္း၏ လွ်ိဳ႕ဝွက္ခ်က္မွာ ေစ်းကြက္တြင္ မရွိေသးသည့္ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးျခင္း၊ အေရာင္းအဝယ္ လုပ္ေဆာင္မႈမ်ားတြင္ ေလးစားမႈႏွင့္ ပေရာ္ဖက္ရွင္နယ္က်မႈ အဆင့္ကို ျမွင့္တင္ေပးျခင္း တို႔ေၾကာင့္ ျဖစ္ေၾကာင္း ေျပာသည္။

“အိမ္မိုးသမားေတြအေပၚ ေလးေလးစားစား ဆက္ဆံမခံရဘူးလို႔ ကၽြန္မတို႔ ခံစားရပါတယ္။ ဒါကပဲ ကၽြန္မတုိ႔ရဲ႕ ရည္မွန္းခ်က္ တစိတ္တပိုင္း ျဖစ္ပါတယ္။ ပစ္ကပ္ထရပ္ကားထဲကလူကို ကူညီဖုိ႔၊ ဝန္ေဆာင္မႈေပးဖို႔၊ လူတိုင္းအေပၚ ေလးစားဖုိ႔အတြက္ ကုမၸဏီတစ္ခု တည္ေထာင္ဖို႔ပါပဲ။”

ဝစၥကြန္ဆင္ျပည္နယ္ Beloit အေျခစိုက္ သူမ၏ ကုမၸဏီသည္ ေနရာေပါင္း ၉၀၀ ေက်ာ္တြင္ ဆိုင္မ်ား ဖြင့္လွစ္ ႏိုင္သည့္အထိ မေအာင္ျမင္ေသးမီက ဤကုမၸဏီကို တည္ေထာင္ရျခင္းမွာ အိပ္မက္တစ္ခုသဖြယ္ ခံစားခဲ့ရ ေၾကာင္း သူမက ေျပာသည္။

ဒိုင္ယန္သည္ ဝစၥကြန္ဆင္ျပည္နယ္ Osseo ျမဳိ႕ရွိ ယာေတာတစ္ခုတြင္ ေမြးဖြားၾကီးျပင္းခဲ့သည္။

ဒိုင္ယန္က မင္နီယာပိုလစ္ျမိဳ႕ၾကီးသို႔ ေျပာင္းေရႊ႕ကာ ဝတ္စံုလွလွေလးမ်ား ဝတ္ျပီး ကားလွလွေလးမ်ား စီးမည္ ဟု စိတ္ကူးယဥ္ခဲ့ဖူးေၾကာင္း ျပန္ေျပာင္း ေျပာျပသည္။

ယင္းေနာက္ အသက္ ၁၇ ႏွစ္အရြယ္တြင္ ကိုယ္ဝန္ရခဲ့ျပီး အထက္တန္းစာေမးပြဲကို အိမ္မွ ေလ့လာကာ ဝင္ေရာက္ေျဖဆိုခဲ့သည္။

ထိုေနာက္ပိုင္း ေကာလိပ္မတက္ေတာ့ဘဲ အလုပ္မ်ဳိးစံု ဝင္ေရာက္လုပ္ကိုင္ခဲ့ရာ Playboy Bunny တြင္ စားပြဲထုိး အျဖစ္လည္း တစ္ႏွစ္ခန္႔ လုပ္ကိုင္ခဲ့ဖူးသည္။

ထုိအခ်ိန္ကာလအတြင္း ဒုိင္ယန္က အိမ္ျခံေျမေလာကတြင္ ဝင္ေရာက္လုပ္ကိုင္ရန္ ၾကိဳးစားေနခဲ့သည္။

ဒိုင္ယန္သည္ ကုမၸဏီကို ၁၀၀ ရာခုိင္ႏႈန္း ပိုင္ဆုိင္ထားျပီး ၂၀၀၇ ခုႏွစ္ကတည္းက ဥကၠဌအျဖစ္ ေဆာင္ရြက္ ေနခဲ့ျခင္းျဖစ္ေၾကာင္း ABC Supply ၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပသည္။

ဒိုင္ယန္သည္ ယခုတိုင္ ကုမၸဏီသို႔ အလုပ္သြားေနဆဲျဖစ္ျပီး သားသမီးမ်ားအား လႊဲေျပာင္းေပးရန္ စီစဥ္ေန ေၾကာင္း သူမက Forbes မဂၢဇင္းၾကီးသို႔ ၂၀၂၂ ခုႏွစ္တြင္ ေျပာခဲ့ဖူးသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: America’s richest self-made woman went $900,000 into debt to start her company—now she has a $20.9 billion net worth (cnbc)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service