အမေရိကန်ပြည်တွင် အသက် ၈၅ နှစ်အရွယ် အဘွားအို ဂုဏ်ထူးဆောင် အထက်တန်းစာမေးပွဲ အောင်လက်မှတ် ရရှိ

အမေရိကန်ပြည်တွင် အသက် ၈၅ နှစ်အရွယ် အဘွားအို ဂုဏ်ထူးဆောင် အထက်တန်းစာမေးပွဲ အောင်လက်မှတ် ရရှိ - Property Knowledge in Myanmar from iMyanmarHouse.com
14 Jun 2024 11:44 am တွင် တင်ခဲ့သည်
684 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အမေရိကန်ပြည် ၊ ဂျော်ဂျီယာပြည်နယ်တွင် အသက် ၈၅ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးသည် ပြီးခဲ့သော စနေနေ့က အထက်တန်းစာမေးပွဲ အောင်လက်မှတ် ရရှိခဲ့ရာ အမှန်တကယ်ရသင့်သော ကာလထက် ၆၇ နှစ် နောက်ကျပြီး ရရှိခဲ့ခြင်း ဖြစ်သည်။

ဂျော်ဂျီယာပြည်နယ် Americus မြို့နေ ရှာလီ စမစ်အမည်ရှိ အဘွားအိုသည် ဂုဏ်ထူးဆောင် အထက်တန်း အောင်လက်မှတ် ရရှိမည်ဖြစ်ကြောင်း အသက် ၈၅ နှစ်ပြည့်မွေးနေ့တွင် သိလိုက်ရပြီး တုန်လှုပ်သွားသည်။

ရှာလီစမစ်သည် နှစ်ပေါင်းများစွာကာလအတွင်း မိသားစု၏ ပညာရေးအတွက် နှစ်ပေါင်းများစွာကာလအတွင်း မလျှော့သောဇွဲဖြင့် ထောက်ပံ့ကူညီပေးခဲ့မှုကြောင့် Montezuma မြို့ ရဲတပ်ဖွဲ့အကြီးအကဲ Eric Finch က ရှာလီ စမစ်အား အထက်တန်းအောင်လက်မှတ်ပေးရန် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

 

 

“ကျွန်မ ကျေးဇူးတင်ပါတယ်။ ဒါက ဂုဏ်ပြုတာ၊ မင်္ဂလာတစ်ပါးလို့ ထင်ပါတယ်”ဟု ရှာလီက Fox News သတင်းဌာနသို့ ပြောသည်။

ရှာလီ စမစ်သည် မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဝီလ်မင်တန်မြို့ရှိ ဆေးရွက်ကြီး စိုက်ခင်းတစ်ခုတွင် ကြီးပြင်းခဲ့သည်။

၁၉၅၆ ခုနှစ်တွင် ဆေးရွက်ကြီးများ ဈေးနှုန်းကျဆင်းမှုကြောင့် ဖခင်မှာ သားသမီး ၆ ဦးကို ကျွေးမွေးနိုင်ရန် အတွက် ဝင်ငွေပိုမိုရရှိရန် စိန်ခေါ်မှုနှင့် ရင်ဆိုင်ရသည်။

ထို့နောက် ရှာလီနှင့် မွေးချင်းမောင်နှမများ နယူးဂျာစီပြည်နယ်၊ Somerville မြို့သို့ ပြောင်းရွှေ့ခဲ့ရသည်။

 

(၂၀၂၄ ဇွန်လ ၁ ရက်နေ့တွင် အသက် ၈၅ နှစ်အရွယ်ရှိ ရှာလီစမစ်မှာ ဂုဏ်ထူးဆောင် အထက်တန်း အောင်လက်မှတ် ရရှိခဲ့ပြီး မိသားစုနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ-Brianna Robinson)

 

“ကျွန်မ 10th grade တက်ရတော့မယ့်အချိန်မှာ အဖေ့ကို ပြောခဲ့တယ်။ အဲလိုပြောခဲ့တာက ကျွန်မဘဝမှာ အကြီးဆုံးအမှားတစ်ခုလို့ ကျွန်မ ထင်ပါတယ်။ … အဖေ သမီးကျောင်းမတက်ချင်တော့ဘူး။…လို့ပြောတော့ အဲဒါဆို အလုပ်လုပ်..လို့ အဖေက ပြောပါတယ်။”

ရှာလီသည် ပထမဆုံး အဝတ်လျှော်ဆိုင်တွင် လုပ်ကိုင်ခဲ့ပြီး ယင်းနောက် အိတ်ဆောင်စာအုပ် စက်ရုံတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ထို့နောက် မကြာမီချိန်တွင်ပင် အိမ်ထောင်ပြုကာ မိသားစုဘဝ ထူထောင်ခဲ့ပြီး ဂျော်ဂျီယာသို့ ပြောင်းရွှေ့ခဲ့သည်။

အသက်မွေးဝမ်းကျောင်းပညာ ကျောင်းတစ်ခုခုတက်ရန် စဉ်းစားမိသော်လည်း သားသမီးများအား ကြည့်ရှု စောင့်ရှောက်ရန်နှင့် မိသားစုကို ကြည့်ရှုရန်အရေးကို ပညာရေးထက် ပိုမိုဦးစားပေးခဲ့ရကြောင်း ရှာလီက ပြောသည်။

 

 

မိမိ ထူထောင်ထားသော မိသားစုတွင် ပညာရေးမှာ ဦးစားပေးအကြောင်းရပ်ဖြစ်ကြောင်း၊ ကလေးများအနေဖြင့် မိမိ၏ အရိပ်အာဝါသအောက်တွင် နေထိုင်မည်ဆိုပါက ပညာသင်ခွင့် ရရှိမည်ဖြစ်ကြောင်း ရှာလီက ပြောသည်။

“ကလေးတွေက ကျောင်းမသွားရရင်တောင် ငိုကြတယ်။ နှင်းတွေအရမ်းကျနေရင်တောင် ကျောင်းသွားချင် ကြတယ်။”

ယနေ့အခါ ရှာလီ၏ သားသမီးများနှင့် မြေးများမှာ တက္ကဆပ်ပြည်နယ်မှ A&M တက္ကသိုလ်၊ မောင့်ကလဲ တက္ကသိုလ်၊ ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်၊ Fullerton၊ တမ်ပါတက္ကသိုလ် ၊ မစ္စစ္စပီတက္ကသိုလ်တို့ အပါအဝင် အခြားတက္ကသိုလ်အသီးသီးတွင် ကျောင်းတက်နေကြသည်ကို ရှာလီက ဂုဏ်ယူလျက် ရှိသည်။

“ဖွားဖွားက အိပ်မက်တွေကို အကောင်အထည်ပေါ်အောင် လုပ်ဖို့ အမြဲသွန်သင် ဆုံးမပါတယ်။ ဘုရားသခင်ကို ယုံကြည်မယ်ဆိုရင် အားလုံးဖြစ်နိုင်တယ်လို့ ပြောပါတယ်”ဟု ရှာလီ၏ မြေးမြစ်သူ ဘရိုင်ယန်နာ ရော်ဘင်ဆန် က Fox News Digital သို့ ပြောသည်။

 

 

(အထက်တန်းအောင်လက်မှတ်ရသွားသော ရှာလီကို မိသားစုနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ-Brianna Robinson)

 

(ရှာလီ၏ မိသားစုကလည်း သူမ၏ ဘဝဖြတ်သန်းမှုအပေါ် ဂုဏ်ယူလျက်ရှိကြသည်။ ဓာတ်ပုံ-Brianna Robinson)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Georgia woman, 85, graduates from high school with honorary diploma: 'I’m really thankful to God' (foxnews)

Photo Credit: Brianna Robinson

 

[Zawgyi]

အေမရိကန္ျပည္တြင္ အသက္ ၈၅ ႏွစ္အရြယ္ အဘြားအို ဂုဏ္ထူးေဆာင္ အထက္တန္းစာေမးပြဲ ေအာင္လက္မွတ္ ရရွိ

အေမရိကန္ျပည္ ၊ ေဂ်ာ္ဂ်ီယာျပည္နယ္တြင္ အသက္ ၈၅ ႏွစ္အရြယ္ရွိ အဘြားအိုတစ္ဦးသည္ ျပီးခဲ့ေသာ စေနေန႔က အထက္တန္းစာေမးပြဲ ေအာင္လက္မွတ္ ရရွိခဲ့ရာ အမွန္တကယ္ရသင့္ေသာ ကာလထက္ ၆၇ ႏွစ္ ေနာက္က်ျပီး ရရွိခဲ့ျခင္း ျဖစ္သည္။

ေဂ်ာ္ဂ်ီယာျပည္နယ္ Americus ျမဳိ႕ေန ရွာလီ စမစ္အမည္ရွိ အဘြားအိုသည္ ဂုဏ္ထူးေဆာင္ အထက္တန္း ေအာင္လက္မွတ္ ရရွိမည္ျဖစ္ေၾကာင္း အသက္ ၈၅ ႏွစ္ျပည့္ေမြးေန႔တြင္ သိလုိက္ရျပီး တုန္လႈပ္သြားသည္။

ရွာလီစမစ္သည္ ႏွစ္ေပါင္းမ်ားစြာကာလအတြင္း မိသားစု၏ ပညာေရးအတြက္ ႏွစ္ေပါင္းမ်ားစြာကာလအတြင္း မေလွ်ာ့ေသာဇြဲျဖင့္ ေထာက္ပံ့ကူညီေပးခဲ့မႈေၾကာင့္ Montezuma ျမဳိ႕ ရဲတပ္ဖြဲ႔အၾကီးအကဲ Eric Finch က ရွာလီ စမစ္အား အထက္တန္းေအာင္လက္မွတ္ေပးရန္ ေဆာင္ရြက္ေပးခဲ့ျခင္း ျဖစ္သည္။

“ကၽြန္မ ေက်းဇူးတင္ပါတယ္။ ဒါက ဂုဏ္ျပဳတာ၊ မဂၤလာတစ္ပါးလို႔ ထင္ပါတယ္”ဟု ရွာလီက Fox News သတင္းဌာနသို႔ ေျပာသည္။

ရွာလီ စမစ္သည္ ေျမာက္ကာရိုလိုင္းနားျပည္နယ္၊ ဝီလ္မင္တန္ျမဳိ႕ရွိ ေဆးရြက္ၾကီး စိုက္ခင္းတစ္ခုတြင္ ၾကီးျပင္းခဲ့သည္။

၁၉၅၆ ခုႏွစ္တြင္ ေဆးရြက္ၾကီးမ်ား ေစ်းႏႈန္းက်ဆင္းမႈေၾကာင့္ ဖခင္မွာ သားသမီး ၆ ဦးကို ေကၽြးေမြးႏိုင္ရန္ အတြက္ ဝင္ေငြပိုမိုရရွိရန္ စိန္ေခၚမႈႏွင့္ ရင္ဆိုင္ရသည္။

ထို႔ေနာက္ ရွာလီႏွင့္ ေမြးခ်င္းေမာင္ႏွမမ်ား နယူးဂ်ာစီျပည္နယ္၊ Somerville ျမဳိ႕သို႔ ေျပာင္းေရႊ႕ခဲ့ရသည္။

(၂၀၂၄ ဇြန္လ ၁ ရက္ေန႔တြင္ အသက္ ၈၅ ႏွစ္အရြယ္ရွိ ရွာလီစမစ္မွာ ဂုဏ္ထူးေဆာင္ အထက္တန္း ေအာင္လက္မွတ္ ရရွိခဲ့ျပီး မိသားစုႏွင့္အတူ ေတြ႔ရပံု။ ဓာတ္ပံု-Brianna Robinson)

“ကၽြန္မ 10th grade တက္ရေတာ့မယ့္အခ်ိန္မွာ အေဖ့ကို ေျပာခဲ့တယ္။ အဲလိုေျပာခဲ့တာက ကၽြန္မဘဝမွာ အၾကီးဆံုးအမွားတစ္ခုလို႔ ကၽြန္မ ထင္ပါတယ္။ … အေဖ သမီးေက်ာင္းမတက္ခ်င္ေတာ့ဘူး။…လို႔ေျပာေတာ့ အဲဒါဆို အလုပ္လုပ္..လို႔ အေဖက ေျပာပါတယ္။”

ရွာလီသည္ ပထမဆံုး အဝတ္ေလွ်ာ္ဆိုင္တြင္ လုပ္ကိုင္ခဲ့ျပီး ယင္းေနာက္ အိတ္ေဆာင္စာအုပ္ စက္ရံုတြင္ ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။

ထုိ႔ေနာက္ မၾကာမီခ်ိန္တြင္ပင္ အိမ္ေထာင္ျပဳကာ မိသားစုဘဝ ထူေထာင္ခဲ့ျပီး ေဂ်ာ္ဂ်ီယာသို႔ ေျပာင္းေရႊ႕ခဲ့သည္။

အသက္ေမြးဝမ္းေက်ာင္းပညာ ေက်ာင္းတစ္ခုခုတက္ရန္ စဥ္းစားမိေသာ္လည္း သားသမီးမ်ားအား ၾကည့္ရႈ ေစာင့္ေရွာက္ရန္ႏွင့္ မိသားစုကို ၾကည့္ရႈရန္အေရးကို ပညာေရးထက္ ပိုမိုဦးစားေပးခဲ့ရေၾကာင္း ရွာလီက ေျပာသည္။

မိမိ ထူေထာင္ထားေသာ မိသားစုတြင္ ပညာေရးမွာ ဦးစားေပးအေၾကာင္းရပ္ျဖစ္ေၾကာင္း၊ ကေလးမ်ားအေနျဖင့္ မိမိ၏ အရိပ္အာဝါသေအာက္တြင္ ေနထုိင္မည္ဆိုပါက ပညာသင္ခြင့္ ရရွိမည္ျဖစ္ေၾကာင္း ရွာလီက ေျပာသည္။

“ကေလးေတြက ေက်ာင္းမသြားရရင္ေတာင္ ငိုၾကတယ္။ ႏွင္းေတြအရမ္းက်ေနရင္ေတာင္ ေက်ာင္းသြားခ်င္ ၾကတယ္။”

ယေန႔အခါ ရွာလီ၏ သားသမီးမ်ားႏွင့္ ေျမးမ်ားမွာ တကၠဆပ္ျပည္နယ္မွ A&M တကၠသိုလ္၊ ေမာင့္ကလဲ တကၠသိုလ္၊ ကယ္လီဖုိးနီးယားျပည္နယ္ တကၠသိုလ္၊ Fullerton၊ တမ္ပါတကၠသိုလ္ ၊ မစၥစၥပီတကၠသိုလ္တို႔ အပါအဝင္ အျခားတကၠသိုလ္အသီးသီးတြင္ ေက်ာင္းတက္ေနၾကသည္ကို ရွာလီက ဂုဏ္ယူလ်က္ ရွိသည္။

“ဖြားဖြားက အိပ္မက္ေတြကို အေကာင္အထည္ေပၚေအာင္ လုပ္ဖုိ႔ အျမဲသြန္သင္ ဆံုးမပါတယ္။ ဘုရားသခင္ကို ယံုၾကည္မယ္ဆိုရင္ အားလံုးျဖစ္ႏိုင္တယ္လို႔ ေျပာပါတယ္”ဟု ရွာလီ၏ ေျမးျမစ္သူ ဘရိုင္ယန္နာ ေရာ္ဘင္ဆန္ က Fox News Digital သို႔ ေျပာသည္။

(အထက္တန္းေအာင္လက္မွတ္ရသြားေသာ ရွာလီကို မိသားစုႏွင့္အတူ ေတြ႔ရပံု။ ဓာတ္ပံု-Brianna Robinson)

(ရွာလီ၏ မိသားစုကလည္း သူမ၏ ဘဝျဖတ္သန္းမႈအေပၚ ဂုဏ္ယူလ်က္ရွိၾကသည္။ ဓာတ္ပံု-Brianna Robinson)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Georgia woman, 85, graduates from high school with honorary diploma: 'I’m really thankful to God' (foxnews)

Photo Credit: Brianna Robinson

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service