ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
အမေရိကန်မှ အမျိုးသမီးတစ်ဦးသည် အီတလီနိုင်ငံတွင် ၁ ယူရိုဖြင့် နေအိမ်ရောင်းချပေးနေသော အစီအစဉ်မှ အိမ်တစ်လုံးဝယ်ယူကာ ပြုပြင်မွမ်းမံမှု များစွာ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ ယူရို ၄၅၀,၀၀၀ တန်ကြေးရှိ နေအိမ်တစ်လုံး ဖြစ်လာခဲ့သည်။
မယ်ရီဒစ် တာဘုံအမည်ရှိ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးသည် သူငယ်ချင်းဖြစ်သူက သူမထံ အီတလီတွင် ၁ ယူရိုဖြင့် နေအိမ်များ ရောင်းနေသည့် သတင်းတစ်ခု ပို့ပေးခဲ့ရာ မယ်ရီဒစ်က အိမ်တစ်လုံး ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။
အဆိုပါ အစီအစဉ်တွင် ကမ္ဘာတဝန်းရှိ မည်သူမဆို နေအိမ်များကို ၁ ယူရိုမျှဖြင့် ဝယ်ယူခွင့်ပေးခြင်း ဖြစ်သည်။
လန်ဒန်မြို့တွင်ဆိုလျှင်ပင် နေအိမ်တစ်လုံး၏ ပျမ်းမျှ ရောင်းဈေးမှာ ပေါင် ၇၂၄,၇၈၀ ရှိကြောင်း Zoopla ၏ အချက်အလက်များအရ သိရသည်။ အီတလီတွင်သာမက ပြင်သစ်နှင့် ခရိုအေးရှားနိုင်ငံများတွင်လည်း နေအိမ်များကို ၁ ယူရိုမျှဖြင့် ရောင်းချပေးခဲ့မှုများ ရှိသည်။
သို့သော် အဆိုပါ နေအိမ်များမှာ ကောင်းမွန်သော အနေအထားမရှိဘဲ ပြုပြင်မွမ်းမံမှု များစွာ ပြုလုပ်ရန် လိုအပ် သော နေအိမ်များ ဖြစ်ကြသည်။
ချီကာဂိုမြို့သူ မယ်ရီဒစ်ကမူ ပြုပြင်မွမ်းမံရမည့်အလုပ်ကို မကြောက်။
၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလအတွင်း အီတလီနိုင်ငံ စစ္စလီကျွန်းရှိ နေအိမ်တစ်လုံးကို ၁ ယူရိုဖြင့် လေလံတင်ခဲ့ရာ မယ်ရီဒစ်က ယူရို ၅၁၀၀ ပေးရန် ဆုံးဖြတ်ခဲ့သည်။
အဆိုပါ အိမ်မှာ ၁၆၀၀ ပြည့်လွန်ကာလများကတည်းက ဆောက်လုပ်ခဲ့သောအိမ်ဖြစ်ပြီး စွန့်ပစ်ခံ အဆောက်အအုံဖြစ်ကာ ရေမီးမရှိ။
အမိုးတွင်လည်း ကျောက်ဂွမ်းမှုန့်များ ထူထပ်စွာ ရှိနေသည်။
(မယ်ရီဒစ် ဝယ်ယူမွမ်းမံလိုက်သော နေအိမ်။ ဓာတ်ပုံ-Meredith Tabbone/SWNS)
“ဒီအိမ်က အခြေအနေအရမ်းဆိုးပါတယ်။ ဒါပေမဲ့ ဒီအိမ်က ကျွန်မ မျှော်လင့်သမျှ အရာရာဖြစ်လာနိုင်တဲ့ လမ်းကြောင်းတွေ ရှိနေပါတယ်။”
(ရေမီးမရှိသည့်အပြင် အမိုးတွင်လည်း ကျောက်ဂွမ်းများ ရှိနေသည်။ ဓာတ်ပုံ-Meredith Tabbone/SWNS)
ယခုအိမ်ကို မတွေ့မီက မယ်ရီဒစ်သည် အီတလီနိုင်ငံသား အဖြစ် ခံယူရန် မည်သို့ လုပ်ဆောင်ရမည်ကို ၂၀၁၆ ခုနှစ်အတွင်း စတင်လေ့လာခဲ့သည်။
၃ နှစ်အကြာတွင် စစ္စလီကျွန်းရှိ အုပ်ချုပ်ရေးအဖွဲ့တို့က နေထိုင်သူ နည်းပါးနေသော ကျေးရွာ ပြန်လည်စည်ကား လာစေရန် စွန့်ပစ်ခံအိမ်များကို ၁ ယူရိုဖြင့် လေလံတင်ရောင်းချနေသည့် သတင်းကို ကြားသိလာသည်။
(မယ်ရီဒစ်က အီတလီမှ ၁ ယူရိုဖြင့် ရောင်းချနေသော အိမ်တစ်လုံးကို ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-Meredith Tabbone/SWNS)
မယ်ရီဒစ်သည် ၁ ယူရိုဖြင့် လေလံတင်သောအိမ်ကို ၂၀၁၉ ခုနှစ် မေလအတွင်း ဝယ်ယူခဲ့ပြီးနောက် ကပ်လျက် တွင်ရှိသော အိမ်ကိုလည်း ယူရို ၃၁,၇၀၀ ဖြင့် ဝယ်ယူခဲ့ကာ ၂၀၂၀ သြဂုတ်လတွင် အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါသော အိမ်အဖြစ် ပြောင်းလဲခဲ့သည်။
ယင်းနောက်ပိုင်း ၅ နှစ်တာကာလအတွင်း မယ်ရီဒစ်က ယူရို ၄၅၀,၀၀၀ သုံးစွဲကာ ပြန်လည်မွမ်းမံမှုများ ပြုလုပ် ခဲ့သည်။
၅ နှစ်ခန့် ပြုပြင်မွမ်းမံခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ် ၊ ဧပြီလတွင် ပြုပြင်မွမ်းမံမှုများ အပြီးသတ်ခဲ့သည်။
မယ်ရီဒစ်က အီတလီတွင် တစ်နှစ်လျှင် ၄ လတာ နေထိုင်ရန် စီစဉ်ထားသည်။
(မယ်ရီဒစ်၏ အိမ်မှ အိပ်ခန်း ၁ ခန်း။ ဓာတ်ပုံ-Meredith Tabbone/SWNS)
(နေအိမ်ပြင်ပ ညစာစားနေရာ။ ဓာတ်ပုံ-Meredith Tabbone/SWNS)
(မီးဖိုဆောင်။ ဓာတ်ပုံ-Meredith Tabbone/SWNS)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Woman who bought a €1 home in Italy reveals how she transformed it (metro)
Photo Credit- Meredith Tabbone/SWNS
[Zawgyi]
အေမရိကန္ျပည္ ခ်ီကာဂိုမွ အမ်ဳိးသမီးတစ္ဦးက အီတလီတြင္ ၁ ယူရိုျဖင့္ ေရာင္းခ်ေနေသာ ေနအိမ္တစ္လံုး ဝယ္ယူကာ ျပဳျပင္မြမ္းမံခဲ့ပံု
အေမရိကန္မွ အမ်ဳိးသမီးတစ္ဦးသည္ အီတလီႏိုင္ငံတြင္ ၁ ယူရိုျဖင့္ ေနအိမ္ေရာင္းခ်ေပးေနေသာ အစီအစဥ္မွ အိမ္တစ္လံုးဝယ္ယူကာ ျပဳျပင္မြမ္းမံမႈ မ်ားစြာ ျပဳလုပ္ခဲ့ျပီးေနာက္ ယခုအခါ ယူရုိ ၄၅၀,၀၀၀ တန္ေၾကးရွိ ေနအိမ္တစ္လံုး ျဖစ္လာခဲ့သည္။
မယ္ရီဒစ္ တာဘံုအမည္ရွိ အသက္ ၄၅ ႏွစ္အရြယ္ အမ်ဳိးသမီးသည္ သူငယ္ခ်င္းျဖစ္သူက သူမထံ အီတလီတြင္ ၁ ယူရိုျဖင့္ ေနအိမ္မ်ား ေရာင္းေနသည့္ သတင္းတစ္ခု ပို႔ေပးခဲ့ရာ မယ္ရီဒစ္က အိမ္တစ္လံုး ဝယ္ယူရန္ ဆံုးျဖတ္ခဲ့သည္။
အဆုိပါ အစီအစဥ္တြင္ ကမၻာတဝန္းရွိ မည္သူမဆုိ ေနအိမ္မ်ားကို ၁ ယူရိုမွ်ျဖင့္ ဝယ္ယူခြင့္ေပးျခင္း ျဖစ္သည္။
လန္ဒန္ျမဳိ႕တြင္ဆိုလွ်င္ပင္ ေနအိမ္တစ္လံုး၏ ပ်မ္းမွ် ေရာင္းေစ်းမွာ ေပါင္ ၇၂၄,၇၈၀ ရွိေၾကာင္း Zoopla ၏ အခ်က္အလက္မ်ားအရ သိရသည္။ အီတလီတြင္သာမက ျပင္သစ္ႏွင့္ ခရိုေအးရွားႏိုင္ငံမ်ားတြင္လည္း ေနအိမ္မ်ားကို ၁ ယူရိုမွ်ျဖင့္ ေရာင္းခ်ေပးခဲ့မႈမ်ား ရွိသည္။
သို႔ေသာ္ အဆိုပါ ေနအိမ္မ်ားမွာ ေကာင္းမြန္ေသာ အေနအထားမရွိဘဲ ျပဳျပင္မြမ္းမံမႈ မ်ားစြာ ျပဳလုပ္ရန္ လိုအပ္ ေသာ ေနအိမ္မ်ား ျဖစ္ၾကသည္။
ခ်ီကာဂိုျမဳိ႕သူ မယ္ရီဒစ္ကမူ ျပဳျပင္မြမ္းမံရမည့္အလုပ္ကို မေၾကာက္။
၂၀၁၉ ခုႏွစ္ ၊ ဇန္နဝါရီလအတြင္း အီတလီႏိုင္ငံ စစၥလီကၽြန္းရွိ ေနအိမ္တစ္လံုးကို ၁ ယူရိုျဖင့္ ေလလံတင္ခဲ့ရာ မယ္ရီဒစ္က ယူရို ၅၁၀၀ ေပးရန္ ဆံုးျဖတ္ခဲ့သည္။
အဆုိပါ အိမ္မွာ ၁၆၀၀ ျပည့္လြန္ကာလမ်ားကတည္းက ေဆာက္လုပ္ခဲ့ေသာအိမ္ျဖစ္ျပီး စြန္႔ပစ္ခံ အေဆာက္အအံုျဖစ္ကာ ေရမီးမရွိ။
အမိုးတြင္လည္း ေက်ာက္ဂြမ္းမႈန္႔မ်ား ထူထပ္စြာ ရွိေနသည္။
(မယ္ရီဒစ္ ဝယ္ယူမြမ္းမံလိုက္ေသာ ေနအိမ္။ ဓာတ္ပံု-Meredith Tabbone/SWNS)
“ဒီအိမ္က အေျခအေနအရမ္းဆိုးပါတယ္။ ဒါေပမဲ့ ဒီအိမ္က ကၽြန္မ ေမွ်ာ္လင့္သမွ် အရာရာျဖစ္လာႏိုင္တဲ့ လမ္းေၾကာင္းေတြ ရွိေနပါတယ္။”
(ေရမီးမရွိသည့္အျပင္ အမိုးတြင္လည္း ေက်ာက္ဂြမ္းမ်ား ရွိေနသည္။ ဓာတ္ပံု-Meredith Tabbone/SWNS)
ယခုအိမ္ကို မေတြ႔မီက မယ္ရီဒစ္သည္ အီတလီႏိုင္ငံသား အျဖစ္ ခံယူရန္ မည္သုိ႔ လုပ္ေဆာင္ရမည္ကို ၂၀၁၆ ခုႏွစ္အတြင္း စတင္ေလ့လာခဲ့သည္။
၃ ႏွစ္အၾကာတြင္ စစၥလီကၽြန္းရွိ အုပ္ခ်ဳပ္ေရးအဖြဲ႔တုိ႔က ေနထုိင္သူ နည္းပါးေနေသာ ေက်းရြာ ျပန္လည္စည္ကား လာေစရန္ စြန္႔ပစ္ခံအိမ္မ်ားကို ၁ ယူရိုျဖင့္ ေလလံတင္ေရာင္းခ်ေနသည့္ သတင္းကို ၾကားသိလာသည္။
(မယ္ရီဒစ္က အီတလီမွ ၁ ယူရုိျဖင့္ ေရာင္းခ်ေနေသာ အိမ္တစ္လံုးကို ဝယ္ယူခဲ့သည္။ ဓာတ္ပံု-Meredith Tabbone/SWNS)
မယ္ရီဒစ္သည္ ၁ ယူရိုျဖင့္ ေလလံတင္ေသာအိမ္ကို ၂၀၁၉ ခုႏွစ္ ေမလအတြင္း ဝယ္ယူခဲ့ျပီးေနာက္ ကပ္လ်က္ တြင္ရွိေသာ အိမ္ကိုလည္း ယူရို ၃၁,၇၀၀ ျဖင့္ ဝယ္ယူခဲ့ကာ ၂၀၂၀ ၾသဂုတ္လတြင္ အိပ္ခန္း ၄ ခန္းႏွင့္ ေရခ်ဳိးခန္း ၄ ခန္းပါေသာ အိမ္အျဖစ္ ေျပာင္းလဲခဲ့သည္။
ယင္းေနာက္ပိုင္း ၅ ႏွစ္တာကာလအတြင္း မယ္ရီဒစ္က ယူရို ၄၅၀,၀၀၀ သံုးစြဲကာ ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ ခဲ့သည္။
၅ ႏွစ္ခန္႔ ျပဳျပင္မြမ္းမံခဲ့ရျပီးေနာက္ ၂၀၂၄ ခုႏွစ္ ၊ ဧျပီလတြင္ ျပဳျပင္မြမ္းမံမႈမ်ား အျပီးသတ္ခဲ့သည္။
မယ္ရီဒစ္က အီတလီတြင္ တစ္ႏွစ္လွ်င္ ၄ လတာ ေနထုိင္ရန္ စီစဥ္ထားသည္။
(မယ္ရီဒစ္၏ အိမ္မွ အိပ္ခန္း ၁ ခန္း။ ဓာတ္ပံု-Meredith Tabbone/SWNS)
(ေနအိမ္ျပင္ပ ညစာစားေနရာ။ ဓာတ္ပံု-Meredith Tabbone/SWNS)
(မီးဖိုေဆာင္။ ဓာတ္ပံု-Meredith Tabbone/SWNS)
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Woman who bought a €1 home in Italy reveals how she transformed it (metro)
Photo Credit- Meredith Tabbone/SWNS