သြစတေးလျတွင် အိမ်ရှင်က ဆောက်လုပ်ရေးသမားများကို ငွေရှင်းမပေးသောကြောင့် ဆောက်လုပ်ရေးသမား တို့က ခြံဝန်းတွင်းရှိ ကွန်ကရစ်ယာဉ်မောင်းလမ်းကို ထုချေဖျက်ဆီး

သြစတေးလျတွင် အိမ်ရှင်က ဆောက်လုပ်ရေးသမားများကို ငွေရှင်းမပေးသောကြောင့် ဆောက်လုပ်ရေးသမား တို့က ခြံဝန်းတွင်းရှိ ကွန်ကရစ်ယာဉ်မောင်းလမ်းကို ထုချေဖျက်ဆီး - Property News in Myanmar from iMyanmarHouse.com
10 Jun 2024 11:49 am တွင် တင်ခဲ့သည်
569 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အွန်လိုင်းတွင် ထွက်ပေါ်လာသော ဗွီဒီယိုဖိုင်တစ်ခုတွင် တွေ့မြင်ရမှုအရ သြစတေးလျတွင် အိမ်ရှင်က ဆောက်လုပ်ရေးသမား များကို ငွေရှင်းမပေးသောကြောင့် ဆောက်လုပ်ရေးလုပ်သားတို့က အိမ်ရှင်၏ ခြံဝန်းအတွင်း ကွန်ကရစ် ယာဉ်မောင်းလမ်းကို ထုချေဖျက်ဆီးပစ်ကြပုံ တွေ့ရသည်။

အိမ်ရှင်၏ အသစ်ခင်းထားသော ကွန်ကရစ် ယာဉ်မောင်းလမ်းမှာ ချိုင့်ခွက်များ ပရဗွဖြင့် ကျန်ရစ်ခဲ့သည်။

ကွင်းစလန်ပြည်နယ်၊ Logan မြို့နေ ဆောက်လုပ်ရေး အလုပ်သမားတစ်ဦးဖြစ်သူ ဂျက်ဆီ ခရိုး (Jesse Crowe) သည် ပေါက်ချွန်းတစ်ခုယူကာ အဆိုပါယာဉ်မောင်းလမ်းသို့ ရောက်လာခဲ့သည်။

ထိုယာဉ်မောင်းလမ်းသည် ဂျက်ဆီ ခရိုးနှင့်အဖွဲ့က အလုပ်အပ်သော အိမ်ရှင်အတွက် ခင်းပေးခဲ့သောလမ်း ဖြစ်သည်။

ဂျက်ဆီခရိုးက အိမ်ရှင်ဖြစ်သူ ဗိုင်အိုလာထံ ကျသင့်ငွေ သြစတေးလျဒေါ်လာ ၆၀၀၀ (ကန်ဒေါ်လာ ၄၀၁၂) ပေးရန် ညှိနှိုင်းတောင်းခံခဲ့သည်။

အဆိုပါ လုပ်ငန်းကုန်ကျစရိတ်တွင် ယာဉ်မောင်းလမ်း ထပ်ပိုးခင်းခြင်းလည်း အပါအဝင် ဖြစ်သည်။

အိမ်ရှင်ဗိုင်အိုလာက ကနဦးတွင် နေအိမ်မွမ်းမံမှုအတွက် သြစတေးလျဒေါ်လာ ၂၅၀၀ (ကန်ဒေါ်လာ ၁၆၂၀) ပေးခဲ့သည်။

သို့သော် လက်ရာအရည်အသွေးနှင့် အမှိုက်သရိုက်များ ဖယ်ရှားပေးရေးတို့နှင့် ပတ်သက်ပြီး ဂျက်ဆီ ခရိုးနှင့် စကားများခဲ့ကာ အိမ်ရှင်ဗိုင်အိုလာက သူမ အနေဖြင့် ကျန်ငွေ သြစတေးလျဒေါ်လာ ၃၅၀၀ (ကန်ဒေါ်လာ ၂၃၄၀) ကို မပေးနိုင်ကြောင်း ငြင်းဆိုခဲ့သည်။

အဆိုပါဖြစ်ရပ်အတွက် အိမ်ရှင်ဗိုင်အိုလာနှင့် ဂျက်ဆီ ခရိုးတို့ နှစ်ဦးလုံးကို 7News သတင်းဌာနက တွေ့ဆုံ မေးမြန်းခဲ့သည်။

(အလုပ်သမားများက ယာဉ်မောင်းလမ်းကို ထုရိုက်ဖျက်ဆီးနေပုံ။ ဓာတ်ပုံ-7News)

7News သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် အိမ်ရှင် ဗိုင်အိုလာက ပြောသည်မှာ ယာဉ်မောင်းလမ်း မွမ်းမံပုံနှင့်ပတ်သက်ပြီး မိမိက စောဒကတက်ရာတွင် ဂျက်ဆီ ခရိုးက မိမိအား ခြိမ်းခြောက်ခဲ့ကြောင်း ပြောသည်။

“သူတို့ပြောတာက ..ခင်ဗျား အခုပိုက်ဆံရှင်းရင်ရှင်း..ဒါမှမဟုတ်ရင် လမ်းကို ကျုပ်တို့ဖျက်ဆီးပစ်မယ် လို့ ပြောပါတယ်” ဟု ဗိုင်အိုလာက 7News သတင်းဌာနသို့ ပြောသည်။

ဗိုင်အိုလာက ဆက်လက်ပြောကြားသည်မှာ အလုပ်သမားများက အလုပ်ကို လက်စသတ်ရန် ငြင်းပယ်ခဲ့ ကြောင်း၊ ၎င်းတို့သာ လက်စသတ်အောင် လုပ်ပေးပါက မိမိအနေဖြင့် ကျန်ငွေကို ပေးမည်ဖြစ်ကြောင်းလည်း ပြောသည်။

“သူတို့က သူတို့လိုချင်တာကို လုပ်သွားတာပဲ။ ကျွန်မလိုချင်တာကို လုပ်တာ မဟုတ်ပါဘူး”

ဂျက်ဆီခရိုးကမူ မိမိအနေဖြင့် လုပ်ခ မရတော့ဟု နားလည်သွားကာ လက်ဖြင့်ဖြေရှင်းခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

ဆောက်လုပ်ရေးသမား ဂျက်ဆီ ခရိုးက လူမှုကွန်ရက်တွင် အဆိုပါဖြစ်ရပ်ကို ဗွီဒီယိုဖ်ိုင်တစ်ခုတင်ခဲ့ပြီး ခင်ဗျားတို့အိမ်မှာ အလုပ်ခေါ်ခိုင်းပြီး ပိုက်ဆံမပေးတဲ့အခါ ဘာတွေဖြစ်မလဲဟု ရေးသားခဲ့သည်။

(ဆောက်လုပ်ရေးအဖွဲ့၏ လက်ရာကို မနှစ်သက်ကြောင်း ဗိုင်အိုလာက ပြောသည်။ ဓာတ်ပုံ-7News)

ဗွီဒီယိုဖိုင်ထဲတွင် ဂျက်ဆီခရိုးနှင့် တွဲဖက်အလုပ်သမားတစ်ဦးက အသစ်စက်စက်ခင်းထားသော လမ်းကို ပေါက်ချွန်းများဖြင့် ဖျက်ဆီးနေပုံတွေ့ရသည်။

ဗွီဒီယိုထဲတွင် အသံတစ်ခုကြားရပြီး “ခင်ဗျားအနေနဲ့ ငွေပေးချေသင့်တယ်။ လမ်းကို အကုန်ပြန်တူးပြီး အသစ် ပြန်ခင်းမယ်ဆို ဒါထက်အများကြီးပိုကုန်လိမ့်မယ်” ဟု ပြောကြားထားသည်ကို တွေ့ရသည်။

“ပိုက်ဆံမပေးဘူးလား။ ဒါက ဘာဖြစ်လဲဆိုတာ ပြတာပါ”

ဂျက်ဆီခရိုးက 7News သတင်းဌာနသို့ ပြောသည်မှာ မိမိအနေဖြင့် မိမိလုပ်ဆောင်ထားသည့်အရာ ဖျက်ဆီး ခြင်းကို မကြိုက်ကြောင်း၊ လိမ်လည်ခံရမှုကို စိတ်ပျက်မိကြောင်း ပြောသည်။

“ကျွန်တော့်အလုပ်ကို ကျွန်တော်ဂုဏ်ယူတယ်။ ကျွန်တော်က ကွန်ကရစ်ကို ချစ်တယ်။ ဒီအလုပ်ကို မြတ်နိုး တယ်။ ကျွန်တော်က လုပ်အားခ ရချင်ရုံသက်သက်ပါပဲ” ဟု ဂျက်ဆီခရိုးက ဆက်လက်ပြောကြားသည်။

ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း၊ အမြဲတမ်း မှန်မှန်ကန်ကန် လုပ်ဆောင်သူ များနှင့်သာ တွေ့ခဲ့ရကြောင်းလည်း ဂျက်ဆီခရိုးက ပြောသည်။

“သူတို့က ပိုက်ဆံမပေးဘူးဆိုရင် ခင်ဗျားအနေနဲ့ ဘာလုပ်မလဲ” ဟုလည်း ၎င်းက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Builders smash up concrete driveway after homeowner refuses to pay them for their work (unilad)

Photo Credit: 7news

[Zawgyi]

ၾသစေတးလ်တြင္ အိမ္ရွင္က ေဆာက္လုပ္ေရးသမားမ်ားကို ေငြရွင္းမေပးေသာေၾကာင့္ ေဆာက္လုပ္ေရးသမား တို႔က ျခံဝန္းတြင္းရွိ ကြန္ကရစ္ယာဥ္ေမာင္းလမ္းကို ထုေခ်ဖ်က္ဆီး

အြန္လိုင္းတြင္ ထြက္ေပၚလာေသာ ဗြီဒီယိုဖိုင္တစ္ခုတြင္ ေတြ႔ျမင္ရမႈအရ ၾသစေတးလ်တြင္ အိမ္ရွင္က ေဆာက္လုပ္ေရးသမား မ်ားကို ေငြရွင္းမေပးေသာေၾကာင့္ ေဆာက္လုပ္ေရးလုပ္သားတို႔က အိမ္ရွင္၏ ျခံဝန္းအတြင္း ကြန္ကရစ္ ယာဥ္ေမာင္းလမ္းကို ထုေခ်ဖ်က္ဆီးပစ္ၾကပံု ေတြ႔ရသည္။

အိမ္ရွင္၏ အသစ္ခင္းထားေသာ ကြန္ကရစ္ ယာဥ္ေမာင္းလမ္းမွာ ခ်ဳိင့္ခြက္မ်ား ပရဗြျဖင့္ က်န္ရစ္ခဲ့သည္။

ကြင္းစလန္ျပည္နယ္၊ Logan ျမိဳ႕ေန ေဆာက္လုပ္ေရး အလုပ္သမားတစ္ဦးျဖစ္သူ ဂ်က္ဆီ ခရိုး (Jesse Crowe) သည္ ေပါက္ခၽြန္းတစ္ခုယူကာ အဆိုပါယာဥ္ေမာင္းလမ္းသို႔ ေရာက္လာခဲ့သည္။

ထိုယာဥ္ေမာင္းလမ္းသည္ ဂ်က္ဆီ ခရိုးႏွင့္အဖြဲ႔က အလုပ္အပ္ေသာ အိမ္ရွင္အတြက္ ခင္းေပးခဲ့ေသာလမ္း ျဖစ္သည္။

ဂ်က္ဆီခရိုးက အိမ္ရွင္ျဖစ္သူ ဗိုင္အိုလာထံ က်သင့္ေငြ ၾသစေတးလ်ေဒၚလာ ၆၀၀၀ (ကန္ေဒၚလာ ၄၀၁၂) ေပးရန္ ညွိႏႈိင္းေတာင္းခံခဲ့သည္။

အဆိုပါ လုပ္ငန္းကုန္က်စရိတ္တြင္ ယာဥ္ေမာင္းလမ္း ထပ္ပိုးခင္းျခင္းလည္း အပါအဝင္ ျဖစ္သည္။

အိမ္ရွင္ဗိုင္အိုလာက ကနဦးတြင္ ေနအိမ္မြမ္းမံမႈအတြက္ ၾသစေတးလ်ေဒၚလာ ၂၅၀၀ (ကန္ေဒၚလာ ၁၆၂၀) ေပးခဲ့သည္။

သို႔ေသာ္ လက္ရာအရည္အေသြးႏွင့္ အမႈိက္သရိုက္မ်ား ဖယ္ရွားေပးေရးတို႔ႏွင့္ ပတ္သက္ျပီး ဂ်က္ဆီ ခရိုးႏွင့္ စကားမ်ားခဲ့ကာ အိမ္ရွင္ဗိုင္အိုလာက သူမ အေနျဖင့္ က်န္ေငြ ၾသစေတးလ်ေဒၚလာ ၃၅၀၀ (ကန္ေဒၚလာ ၂၃၄၀) ကို မေပးႏိုင္ေၾကာင္း ျငင္းဆိုခဲ့သည္။

အဆိုပါျဖစ္ရပ္အတြက္ အိမ္ရွင္ဗိုင္အိုလာႏွင့္ ဂ်က္ဆီ ခရိုးတို႔ ႏွစ္ဦးလံုးကို 7News သတင္းဌာနက ေတြ႔ဆံု ေမးျမန္းခဲ့သည္။

(အလုပ္သမားမ်ားက ယာဥ္ေမာင္းလမ္းကို ထုရိုက္ဖ်က္ဆီးေနပံု။ ဓာတ္ပံု-7News)

7News သတင္းဌာနႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ အိမ္ရွင္ ဗိုင္အိုလာက ေျပာသည္မွာ ယာဥ္ေမာင္းလမ္း မြမ္းမံပံုႏွင့္ပတ္သက္ျပီး မိမိက ေစာဒကတက္ရာတြင္ ဂ်က္ဆီ ခရိုးက မိမိအား ျခိမ္းေျခာက္ခဲ့ေၾကာင္း ေျပာသည္။

“သူတို႔ေျပာတာက ..ခင္ဗ်ား အခုပိုက္ဆံရွင္းရင္ရွင္း..ဒါမွမဟုတ္ရင္ လမ္းကို က်ဳပ္တို႔ဖ်က္ဆီးပစ္မယ္ လို႔ ေျပာပါတယ္” ဟု ဗိုင္အိုလာက 7News သတင္းဌာနသို႔ ေျပာသည္။

ဗိုင္အိုလာက ဆက္လက္ေျပာၾကားသည္မွာ အလုပ္သမားမ်ားက အလုပ္ကို လက္စသတ္ရန္ ျငင္းပယ္ခဲ့ ေၾကာင္း၊ ၎တို႔သာ လက္စသတ္ေအာင္ လုပ္ေပးပါက မိမိအေနျဖင့္ က်န္ေငြကို ေပးမည္ျဖစ္ေၾကာင္းလည္း ေျပာသည္။

“သူတို႔က သူတို႔လုိခ်င္တာကို လုပ္သြားတာပဲ။ ကၽြန္မလိုခ်င္တာကို လုပ္တာ မဟုတ္ပါဘူး”

ဂ်က္ဆီခရိုးကမူ မိမိအေနျဖင့္ လုပ္ခ မရေတာ့ဟု နားလည္သြားကာ လက္ျဖင့္ေျဖရွင္းခဲ့ျခင္း ျဖစ္ေၾကာင္း ေျပာသည္။

ေဆာက္လုပ္ေရးသမား ဂ်က္ဆီ ခရိုးက လူမႈကြန္ရက္တြင္ အဆိုပါျဖစ္ရပ္ကို ဗြီဒီယိုဖို္င္တစ္ခုတင္ခဲ့ျပီး ခင္ဗ်ားတို႔အိမ္မွာ အလုပ္ေခၚခိုင္းျပီး ပိုက္ဆံမေပးတဲ့အခါ ဘာေတြျဖစ္မလဲဟု ေရးသားခဲ့သည္။

(ေဆာက္လုပ္ေရးအဖြဲ႔၏ လက္ရာကို မႏွစ္သက္ေၾကာင္း ဗိုင္အိုလာက ေျပာသည္။ ဓာတ္ပံု-7News)

ဗြီဒီယိုဖိုင္ထဲတြင္ ဂ်က္ဆီခရိုးႏွင့္ တြဲဖက္အလုပ္သမားတစ္ဦးက အသစ္စက္စက္ခင္းထားေသာ လမ္းကို ေပါက္ခၽြန္းမ်ားျဖင့္ ဖ်က္ဆီးေနပံုေတြ႔ရသည္။

ဗြီဒီယိုထဲတြင္ အသံတစ္ခုၾကားရျပီး “ခင္ဗ်ားအေနနဲ႔ ေငြေပးေခ်သင့္တယ္။ လမ္းကို အကုန္ျပန္တူးျပီး အသစ္ ျပန္ခင္းမယ္ဆို ဒါထက္အမ်ားၾကီးပိုကုန္လိမ့္မယ္” ဟု ေျပာၾကားထားသည္ကို ေတြ႔ရသည္။

“ပိုက္ဆံမေပးဘူးလား။ ဒါက ဘာျဖစ္လဲဆိုတာ ျပတာပါ”

ဂ်က္ဆီခရိုးက 7News သတင္းဌာနသို႔ ေျပာသည္မွာ မိမိအေနျဖင့္ မိမိလုပ္ေဆာင္ထားသည့္အရာ ဖ်က္ဆီး ျခင္းကို မၾကိဳက္ေၾကာင္း၊ လိမ္လည္ခံရမႈကို စိတ္ပ်က္မိေၾကာင္း ေျပာသည္။

“ကၽြန္ေတာ့္အလုပ္ကို ကၽြန္ေတာ္ဂုဏ္ယူတယ္။ ကၽြန္ေတာ္က ကြန္ကရစ္ကို ခ်စ္တယ္။ ဒီအလုပ္ကို ျမတ္ႏိုး တယ္။ ကၽြန္ေတာ္က လုပ္အားခ ရခ်င္ရံုသက္သက္ပါပဲ” ဟု ဂ်က္ဆီခရိုးက ဆက္လက္ေျပာၾကားသည္။

ေဆာက္လုပ္ေရးလုပ္ငန္းကို လုပ္ကိုင္ခဲ့သည္မွာ ၾကာျပီျဖစ္ေၾကာင္း၊ အျမဲတမ္း မွန္မွန္ကန္ကန္ လုပ္ေဆာင္သူ မ်ားႏွင့္သာ ေတြ႔ခဲ့ရေၾကာင္းလည္း ဂ်က္ဆီခရိုးက ေျပာသည္။

“သူတို႔က ပိုက္ဆံမေပးဘူးဆိုရင္ ခင္ဗ်ားအေနနဲ႔ ဘာလုပ္မလဲ” ဟုလည္း ၎က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Builders smash up concrete driveway after homeowner refuses to pay them for their work (unilad)

Photo Credit: 7news

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service