တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
9 Jun 2024 2:46 pm တွင် တင်ခဲ့သည်
827 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပြီး တရားပြိုင်မှ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တရားလိုမှ တရားမ ကျင့်ထုံးဥပဒေနှင့်အညီ ဇာရီမှုဖွင့်လှစ်ရမည်ဖြစ်ပါသည်။ အယူခံမတင်သွင်းရင် ပထမဆုံးတရားရုံး၏ ဒီကရီကို အတည်ပြုရမည်ဖြစ်ကာ တရားပြိုင်မှ အယူခံမှုတက်ရင် နောက်ဆုံးတရားရုံးရဲ့ ဒီကရီကို အတည်ပြုမှာဖြစ် ပါသည်။ ဒီကရီမှာ ပါရှိတဲ့အချက်အလက်များအတိုင်း ဆောင်ရွက်နိုင်ရန် ဇာရီမှုဖွင့်လှစ်ခြင်းပဲဖြစ်ပါတယ်။
တရားရုံးက ဒီကရီကို ချမှတ်သည့် ပစ္စည်းအား ပေးအပ်စေရန် ဝရမ်းကပ်၍ ရောင်းချခြင်း၊ ဝရမ်းမကပ်ဘဲ ရောင်းချစေခြင်း၊ တရားရှုံးမှ ပစ္စည်းရှိလျက် ရောင်းချရန်ငြင်းဆန်ပါက လူကိုဖမ်းပြီး တရားမထောင်ချခြင်းတို့ ပြုနိုင်ပါတယ်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းဆိုလျှင် အခြားသူအား လွှဲပြောင်းရောင်းချခြင်းမပြုရန် ပညတ်အမိန့်လဲ ထုတ်ဆင့်ကာ ဝရမ်းကပ်နိုင်ပါသည်။ ဝရမ်းကပ်သည့်အခါ ပစ္စည်း (သို့) အနီးအနားတွင် ကပ်မည်ဖြစ်ပါသည်။ ဘဏ်သို့ ပေါင်နှံခြင်းအမှုများတွင်တော့ ငွေရပိုင်ခွင့်အား တောင်းဆိုသည့်အမှုများကဲ့သို့ တရားမထောင်မ ချနို်ငပါဘူး။
တရားပြိုင်နှင့် ပစ္စည်းအား အကျိုးခံစားခွင့်ရှိသူများမှ ဒီကရီအတည်ပြုမှုအား ဆိုင်းငံ့ပေးရန် လျှောက်ထားခြင်းများလဲ ပြုတတ်ပါတယ်။ တရားသူကြီးမှ ဆိုင်းငံ့သင့်ကြောင်း ယူဆသည့်အခါ ဆိုင်းငံ့နိုင်ပါသည်။ မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို ၎င်းတို့စီရင်ပိုင်ခွင့်ရှိဒေသ တရားရုံးတွင်ပင် စစ်ဆေးသောကြောင့် မူလတရားရုံးကသာ လေလံတင်၍ ရောင်းချပေးခြင်းပြုမှာဖြစ်ပါတယ်။
အခြားသူတစ်ဦးက မိမိပစ္စည်းဖြစ်ကြောင်း အထောက်ပြသပါကဝရမ်းပြန် ခွာမှု လျှောက်ထားခြင်းအား တရားရုံးမှ လက်ခံပေးနိုင်ပါသည်။ ဝရမ်းခွာပေးရန် လျှောက်ထားသူက ပိုင်ဆိုင်မှုအထောက်အထားပြနိုင်ပြီး တရားမအထွေထွေမှုကို ရက်ပေါင်း-၃၀အတွင်း လျှောက်ထား ဖွင့်လှစ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တရားရှုံး သေဆုံးပါကလဲ ၎င်းနှင့် သက်ဆိုင်သည့်အမွေစား၊ အမွေခံများသို့ လိုက်နာဆောင်ရွက်နိုင်ရန် ပုဂ္ဂိကဒီကရီ ချမှတ်မည်ဖြစ်ပါသည်။
လေလံတင်ရောင်းချခြင်းများ တရားရုံးမှ ဆောင်ရွက်သည့်အခါတွင်လဲ လေလံရောင်းချမှုအား ပယ်ဖျက်ပေးရန် တရားရှုံး၊ အခြားသက်ဆိုင်သူများကလဲ လေလံ့မရောင်းခင် ဝင်ရောက် တားမြစ်ခြင်းများ လျှောက်ထားနိုင်ပါသေးတယ်။ ရောင်းချရန် အမိန့်ချမှတ်လျှင် ရောင်းချခြင်းကို ဘိလစ်အရာရှိက ဆောင်ရွက်ပါတယ်။
ဝရမ်းစွဲကပ်ထားသောပစ္စည်းအား ရောင်းချသည့်အခါ ကြေငြာကပ်ပြီး မရွှေ့မပြောင်းနိုင်သော ပစ္စည်း ဖြစ်ပါက (၃၀) ရက် အတွင်း၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းဖြစ်ပါက (၁၅) ရက် အတွင်း တရားရုံးမှ ရောင်းချမှာ ဖြစ်ပါတယ်။ ကြမ်းခင်းဈေးသတ်မှတ်ပြီးသည့်အခါ ဈေးပြိုင်ဝယ်ယူစနစ်ဖြင့် အများဆုံးပေးနိုင်သူကို ရောင်းချခြင်းဖြစ် ပါတယ်။
စာချုပ်စာတမ်းများအား လွှဲပြောင်းလက်မှတ် ရေးထိုးသည့်အခါတွင်လဲ ထိုကိစ္စအတွက် တရားရုံးမှ ခန့်အပ်ထားသောအရာရှိမှသာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုကာ လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ တရားရှုံးပိုင် အနိုင်ဒီကရီ ရရှိထားသသည့်မြေကွက်အား အမည်ပြောင်းခြင်းများ ဆောင်ရွက်သည့်အခါတွင်လဲ တရားသူကြီးက မြေစာရင်းဌာနသို့ အကြောင်းကြားစာ ပို့ပေးခြင်းများ ဆောင်ရွက်ပေးပါတယ်။
လေလံ့တင်ရောင်းချခြင်းများအား တရားမကျင့်ထုံးဥပဒေ - အမိန့်၂၁ နည်း၉၅ ၊ နည်း၉၆ နှင့်အညီ တရားရုံးမှ ဆောင်ရွက်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service