စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေါ်လာ ၁၇၅၀၀၀ ဒဏ်ငွေချမှတ်ခံရ

စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေါ်လာ ၁၇၅၀၀၀ ဒဏ်ငွေချမှတ်ခံရ - Property News in Myanmar from iMyanmarHouse.com
3 Jun 2024 12:17 pm တွင် တင်ခဲ့သည်
830 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူနိုင်ငံမှ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် အိန္ဒိယတန်း (Little India) ဟုခေါ်သော အရပ်မှ အခန်း ၃ ခန်းကို Airbnb အိမ်ငှားဝက်ဘ်ဆိုက်တွင် ၃ နှစ်တာအတွင်း ၄၈၉ ကြိမ် အငှားချထားခဲ့သည်။

ထိုအခန်းများကို ခွင့်ပြုချက်မရှိဘဲ ကာလတို နေထိုင်မှုများအတွက် အငှားချထားခဲ့ရာ ဝင်ငွေ စင်္ကာပူဒေါ်လာ ၁၆၂၀၀၀ (ကန်ဒေါ်လာ ၁၂၀၀၀၀) ရရှိခဲ့သည်။

ထိုအမျိုးသမီးကို အိမ်ငှားခွင့် တင်ပြခြင်းမရှိဘဲ အငှားချထားမှုကြောင့် စင်္ကာပူတရားရုံးတစ်ခုက စင်္ကာပူဒေါ်လာ ၁၇၅၀၀၀ ဒဏ်ငွေ ချမှတ်ခဲ့သည်။

ဂျယန်သီ ပွန်နာဆာမီ မေနီယန်အမည်ရှိ အမျိုးသမီးကြီးသည် လူနေအိမ်ကို ခွင့်ပြုချက်မရှိဘဲ အငှားချထားမှုအတွက် Planning Act ဥပဒေအရ အမှု ၂ ခုဖြင့် တရားစွဲခံရပြီး ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထိုပုဒ်မဖြင့်ပင် အခြားတစ်မှု ဆက်လက်စစ်ဆေးနေဆဲ ဖြစ်သည်။

သူမအနေဖြင့် ဒဏ်ငွေမပေးဆောင်ပါက ထောင်ဒဏ် ၈ လ ကျခံရဖွယ်ရာ ရှိသည်။

တရားရုံးအမိန့်တွင် ဖော်ပြချက်အရ ဂျယန်သီသည် အိန္ဒိယတန်းမှ Kinta လမ်းပေါ်ရှိ အခန်း ၃ ခန်းကို Airbnb အိမ်ငှားဝက်ဘ်ဆိုက်မှတဆင့် ကာလတိုအငှားချထားမှုများအတွက် ကြော်ငြာခဲ့ကြောင်း ဖော်ပြသည်။

ဂျယန်သီသည် ဈေးဝယ်စင်တာတစ်ခုတွင်ရှိသော အခန်း ၃ ခန်းကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

မြေညီထပ်မှာ ဈေးအရောင်းအတွက် အသုံးပြုသည်။အပေါ် ၅ ထပ်မှာ လူနေဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဇွန်လမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအကြား ဂျယန်သီသည် အဆိုပါ ၃ ခန်းကို စုစုပေါင်း ၄၈၉ ကြိမ် အငှားချထားခဲ့သည်။

ထိုအခန်းများကို ကာလတို ငှားရမ်းမှုများအတွက် အသုံးပြုရန် အာဏာပိုင်တို့ထံမှ ခွင့်ပြချက်တောင်းခံခဲ့ခြင်း မရှိချေ။

Planning Act ဥပဒေအရ တဆက်တည်း ၃ လအောက် အငှားချထားမှုများကို ကာလတိုငှားရမ်းမှုဟု ဖွင့်ဆို ထားသည်။

ဂျယန်သီသည် သူ၏ အခန်းများကို Airbnb မှတဆင့် အငှားကြော်ငြာတင်ခဲ့ပြီး အိမ်ငှားခပေးချေမှုများကို Maybank ဘဏ်စာရင်းမှတဆင့် လက်ခံခဲ့သည်။

သူ၏ အခန်းငှားသူများမှာ အခန်းသော့ကို သော့ပိတ်မထားသော စာတိုက်ပုံးများမှတဆင့် ရယူရလေ့ရှိသည်။

အခန်းငှားရမ်းနေထိုင်သူတစ်ဦးသည် အိမ်ပြန်အပ်မည်ဆိုပါက သော့များနှင့် Access Card တို့ကို စာတိုက်ပုံးထဲတွင် ပြန်ထည့်ခဲ့ရပြီး နေအိမ်မှ မထွက်ခွာမီ ဂျယန်သီထံ ဓာတ်ပုံရိုက်ကာ ပို့ရသည်။

ဧည့်သည်များ အိမ်ပြန်အပ်ကာ ထွက်ခွာသွားလျှင် ဂျယန်သီက နေအိမ်သန့်ရှင်း ထိန်းသိမ်းရေးအတွက် ညီမဖြစ်သူအား စေလွှတ်လေ့ရှိသည်။

၂၀၂၁ နှစ်ကုန်တွင် Airbnb က ဂျယန်သီထံ အသိပေးသည်မှာ စင်္ကာပူတွင် နေအိမ်များ ကာလတို အငှားချ ထားမှုမှာ တရားမဝင်ကြောင်း အသိပေးခဲ့သည်။

ယင်းနောက်ပိုင်း ဂျယန်သီက အငှားချထားမှု ရပ်ဆိုင်းခဲ့သည်။

မြို့ပြ ပြန်လည်ဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့က ဂျယန်သီအား စင်္ကာပူဒေါ်လာ ၂၁၂၀၀၀ ချမှတ်ရန် တောင်းခံခဲ့ပြီး ဂျယန်သီ၏ ရှေ့နေများဖြစ်သော မစ္စတာ မိုဟာမက် အာရှက် တာဟာနှင့် မစ္စတာပက်ထရစ် ဖာနန်ဒက်တို့က စင်္ကာပူဒေါ်လာ ၁၀၀၀၀ သာ ချမှတ်ရန် တောင်းဆိုခဲ့သည်။

စင်္ကာပူတွင် ကာလတို အငှားချထားမှု ပထမဆုံးအကြိမ် ကျူးလွန်သူများအတွက် အမြင့်ဆုံး ဒဏ်ငွေမှာ စင်္ကာပူဒေါ်လာ ၂၀၀၀၀၀ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Woman fined over S$175,000 for illegally renting out 3 units to Airbnb customers (CNA)

Photo Credit: (Screengrab: Google Street View)

[Zawgyi]

စကၤာပူတြင္ ေနအိမ္အငွားခ်ထားရန္ တင္ျပျခင္းမရွိဘဲ အခန္း ၃ ခန္းကို အငွားခ်ကာ ဝင္ေငြရွာသည့္ အိမ္ရွင္ အမ်ဳိးသမီး စကၤာပူေဒၚလာ ၁၇၅၀၀၀ ဒဏ္ေငြခ်မွတ္ခံရ

စကၤာပူႏိုင္ငံမွ အသက္ ၅၂ ႏွစ္အရြယ္ အမ်ဳိးသမီးၾကီးတစ္ဦးသည္ အိႏိၵယတန္း (Little India) ဟုေခၚေသာ အရပ္မွ အခန္း ၃ ခန္းကို Airbnb အိမ္ငွားဝက္ဘ္ဆိုက္တြင္ ၃ ႏွစ္တာအတြင္း ၄၈၉ ၾကိမ္ အငွားခ်ထားခဲ့သည္။

ထိုအခန္းမ်ားကို ခြင့္ျပဳခ်က္မရွိဘဲ ကာလတုိ ေနထုိင္မႈမ်ားအတြက္ အငွားခ်ထားခဲ့ရာ ဝင္ေငြ စကၤာပူေဒၚလာ ၁၆၂၀၀၀ (ကန္ေဒၚလာ ၁၂၀၀၀၀) ရရွိခဲ့သည္။

ထိုအမ်ဳိးသမီးကို အိမ္ငွားခြင့္ တင္ျပျခင္းမရွိဘဲ အငွားခ်ထားမႈေၾကာင့္ စကၤာပူတရားရံုးတစ္ခုက စကၤာပူေဒၚလာ ၁၇၅၀၀၀ ဒဏ္ေငြ ခ်မွတ္ခဲ့သည္။ ဂ်ယန္သီ ပြန္နာဆာမီ ေမနီယန္အမည္ရွိ အမ်ဳိးသမီးၾကီးသည္ လူေနအိမ္ကို ခြင့္ျပဳခ်က္မရွိဘဲ အငွားခ်ထားမႈ အတြက္ Planning Act ဥပေဒအရ အမႈ ၂ ခုျဖင့္ တရားစြဲခံရျပီး ျပစ္မႈထင္ရွားေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့သည္။

ထိုပုဒ္မျဖင့္ပင္ အျခားတစ္မႈ ဆက္လက္စစ္ေဆးေနဆဲ ျဖစ္သည္။

သူမအေနျဖင့္ ဒဏ္ေငြမေပးေဆာင္ပါက ေထာင္ဒဏ္ ၈ လ က်ခံရဖြယ္ရာ ရွိသည္။

တရားရံုးအမိန္႔တြင္ ေဖာ္ျပခ်က္အရ ဂ်ယန္သီသည္ အိႏိၵယတန္းမွ Kinta လမ္းေပၚရွိ အခန္း ၃ ခန္းကို Airbnb အိမ္ငွားဝက္ဘ္ဆုိက္မွတဆင့္ ကာလတုိအငွားခ်ထားမႈမ်ားအတြက္ ေၾကာ္ျငာခဲ့ေၾကာင္း ေဖာ္ျပသည္။

ဂ်ယန္သီသည္ ေစ်းဝယ္စင္တာတစ္ခုတြင္ရွိေသာ အခန္း ၃ ခန္းကို ပိုင္ဆုိင္ထားျခင္း ျဖစ္သည္။

ေျမညီထပ္မွာ ေစ်းအေရာင္းအတြက္ အသံုးျပဳသည္။

အေပၚ ၅ ထပ္မွာ လူေနျဖစ္သည္။

၂၀၁၉ ခုႏွစ္၊ ဇြန္လမွ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလအၾကား ဂ်ယန္သီသည္ အဆုိပါ ၃ ခန္းကို စုစုေပါင္း ၄၈၉ ၾကိမ္ အငွားခ်ထားခဲ့သည္။

ထိုအခန္းမ်ားကို ကာလတို ငွားရမ္းမႈမ်ားအတြက္ အသံုးျပဳရန္ အာဏာပိုင္တို႔ထံမွ ခြင့္ျပခ်က္ေတာင္းခံခဲ့ျခင္း မရွိေခ်။

Planning Act ဥပေဒအရ တဆက္တည္း ၃ လေအာက္ အငွားခ်ထားမႈမ်ားကို ကာလတိုငွားရမ္းမႈဟု ဖြင့္ဆို ထားသည္။

ဂ်ယန္သီသည္ သူ၏ အခန္းမ်ားကို Airbnb မွတဆင့္ အငွားေၾကာ္ျငာတင္ခဲ့ျပီး အိမ္ငွားခေပးေခ်မႈမ်ားကို Maybank ဘဏ္စာရင္းမွတဆင့္ လက္ခံခဲ့သည္။

သူ၏ အခန္းငွားသူမ်ားမွာ အခန္းေသာ့ကို ေသာ့ပိတ္မထားေသာ စာတိုက္ပံုးမ်ားမွတဆင့္ ရယူရေလ့ရွိသည္။

အခန္းငွားရမ္းေနထုိင္သူတစ္ဦးသည္ အိမ္ျပန္အပ္မည္ဆိုပါက ေသာ့မ်ားႏွင့္ Access Card တို႔ကို စာတုိက္ပံုး ထဲတြင္ ျပန္ထည့္ခဲ့ရျပီး ေနအိမ္မွ မထြက္ခြာမီ ဂ်ယန္သီထံ ဓာတ္ပံုရိုက္ကာ ပို႔ရသည္။

ဧည့္သည္မ်ား အိမ္ျပန္အပ္ကာ ထြက္ခြာသြားလွ်င္ ဂ်ယန္သီက ေနအိမ္သန္႔ရွင္း ထိန္းသိမ္းေရးအတြက္ ညီမျဖစ္သူအား ေစလႊတ္ေလ့ရွိသည္။

၂၀၂၁ ႏွစ္ကုန္တြင္ Airbnb က ဂ်ယန္သီထံ အသိေပးသည္မွာ စကၤာပူတြင္ ေနအိမ္မ်ား ကာလတို အငွားခ် ထားမႈမွာ တရားမဝင္ေၾကာင္း အသိေပးခဲ့သည္။

ယင္းေနာက္ပိုင္း ဂ်ယန္သီက အငွားခ်ထားမႈ ရပ္ဆိုင္းခဲ့သည္။

ျမိဳ႕ျပ ျပန္လည္ဖြ႔ံျဖဳိးေရး အာဏာပိုင္အဖြဲ႔က ဂ်ယန္သီအား စကၤာပူေဒၚလာ ၂၁၂၀၀၀ ခ်မွတ္ရန္ ေတာင္းခံခဲ့ျပီး ဂ်ယန္သီ၏ ေရွ႕ေနမ်ားျဖစ္ေသာ မစၥတာ မိုဟာမက္ အာရွက္ တာဟာႏွင့္ မစၥတာပက္ထရစ္ ဖာနန္ဒက္တို႔က စကၤာပူေဒၚလာ ၁၀၀၀၀ သာ ခ်မွတ္ရန္ ေတာင္းဆိုခဲ့သည္။

စကၤာပူတြင္ ကာလတို အငွားခ်ထားမႈ ပထမဆံုးအၾကိမ္ က်ဴးလြန္သူမ်ားအတြက္ အျမင့္ဆံုး ဒဏ္ေငြမွာ စကၤာပူေဒၚလာ ၂၀၀၀၀၀ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Woman fined over S$175,000 for illegally renting out 3 units to Airbnb customers (CNA)

Photo Credit: (Screengrab: Google Street View)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌေးကြီးသား၏ အရှိန်အဝါယူခဲ့မှုအပေါ် ဝေဖန်ခံနေရသော Blackpink မှ လီဆာက သူ၏နေအိမ်တွင်း မြင်ကွင်းများ ပရိသတ်ကိ...

ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...

လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
One Direction မှ အဆိုတော် လီယမ်ပိန်း အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေးရိစ်မြို့ ဟိုတယ် ဝရန်တာမှ ပြုတ်ကျကာ သေဆုံးခဲ့၊ လီယမ်ပ
One Direction မှ အဆိုတော် လီယမ်ပိန်း အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေးရိစ်မြို့ ဟိုတယ် ဝရန်တာမှ ပြုတ်ကျကာ သေဆုံးခဲ့၊ လီယမ်ပ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service