အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......

အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ....... - Property Knowledge in Myanmar from iMyanmarHouse.com
2 Jun 2024 2:15 pm တွင် တင်ခဲ့သည်
682 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

ဒီတစ်ပတ်အတွက် ဥပဒေအမေးအဖြေကဏ္ဍမှာ ဒီအကြောင်းအရာလေးများကို အဖြေရှာထားပါတယ်။

ဖခင်နှင့်သမီး နှစ်ဦးအမည်နဲ့ ဝယ်ထားတဲ့တိုက်ခန်းကို သမီးကရောင်းရင် ဖြစ်ပါသလား။

ပုဂ္ဂလိကပိုင်မြေကွက်အား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လိုပါက မည်သို့လျှောက်ထားတင်ပြရမည်နည်း။

စာချုပ်စာတမ်းများ မှတ်ပုံတင်ရန်နောက်ကျပါက မည့်သို့ ဆောင်ရွက်ရမည်နည်း။

 

 

မေးခွန်း (၁) - ဖခင်နှင့်သမီး နှစ်ဦးအမည်နဲ့ ဝယ်ထားတဲ့တိုက်ခန်းကို သမီးကရောင်းရင် ဖြစ်ပါသလား။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား လွှဲပြောင်းရောင်းချခြင်းဆိုသည်မှာ ငွေကျပ်(၁)သိန်းနှင့် အထက်ရှိ သော မရွှေ့မပြောင်းနိုင်သောပစ္စည်းဖြစ်ပါက မှတ်ပုံတင်စာချုပ်ချုပ်ဆို၍ ဝယ်ယူရမည်ဖြစ်ကြောင်းနှင့် ရောင်းချ သူမှလဲ မှတ်ပုံတင်စာချုပ်ဖြင့် လက်ရောက်ပေးအပ်ရမည်ဖြစ်ကြောင်း စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေတွင် ဖော်ပြထားပြီးဖြစ်ပါသည်။

မူလတိုက်ခန်း၏ အရပ်ကတိအပြီးအပိုင် အရောင်းအဝယ်စာချုပ်တွင် ဖခင်အမည်ပါ ပါဝင်၍ စာချုပ် ချုပ်ဆို ဝယ်ယူထားပါက အဆိုပါတိုက်ခန်းအား ပြန်လည်ရောင်းချခြင်း ပြုရာ၌လဲ ရောင်းချသူနေရာ၌ ဖခင်ပါ ပါဝင်ရမည်ဖြစ်ပါသည်။

တိုက်ခန်းအား လွှဲပြောင်းခြင်းပြုထားသော နှစ်ဦးပိုင်ဆိုင်ကြောင်း ပဋိဉာဉ်တစ်ရပ်သည် ပြန်လည် ရောင်းချခြင်းပြုရာ၌ နှစ်ဦးပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်းအထောက်အထားပင်ဖြစ်ကာ သားအဖ တော်စပ်မှု ရှိသော်လည်း ချန်လှပ်ထား၍ မရပါ။

ဖခင်မှ သက်ရှိ ထင်ရှားရှိပြီး ခရီးလွန်နေပါက ၎င်း၏ (Special Power/ General Power)မှ ဖခင်ကိုယ်စား လက်မှတ် ရေးထိုးခြင်းပြုနိုင်ပါသည်။ ဖခင်မှ (SP/GP) လွှဲအပ်မပေးထားပါက သမီးမှ ဖခင်ကိုယ် စား လက်မှတ်ရေးထိုး၍ မရပါ။ အမွေဆက်ခံကြောင်းအရ ဖခင်၏ ပိုင်ဆိုင်ခွင့်မှာ ၎င်း၏ဇနီး၊ အခြားသား သမီးများနှင့်လဲ သက်ဆိုင်မှုရှိကြောင်း မေ့မထားသင့်ပါ။ နောင်တချိန်တွင် အရှုပ်အရှင်း ပေါ်ပေါက်လာတတ် ပါသည်။

ဖခင်မှာ သေဆုံးသွားသူဖြစ်ပါက သေစာရင်း အထောက်အထားပြခိုင်းပါ။ ဖခင်မရှိတော့သော်လည်း ဖခင်၏ အမွေအား သက်ဆိုင်သူများရှိနေပါသဖြင့် ယခုတိုက်ခန်းအား ပြန်လည်ဝယ်ယူသူမှ သက်ဆိုင်သူများ ကိုပါ အသိသက်သေနေရာ၌ ထည့်သွင်းလက်မှတ်ရေးထိုးမှုပြုရန် ရောင်းချသူထံ တောင်းဆိုရပါမည်။

ဝယ်ယူသူမှ စာရွက်စာတမ်းအထောက်အထား၊ အချက်အလက်များ ပြည့်စုံသည့်အခါမှ တိုက်ခန်းအား ဝယ်ယူသင့်ပြီး ငွေကြေစာချုပ်ချုပ်ဆိုသည်နှင့်တပြိုင်နက် တိုက်ခန်းအား လွှဲပြောင်းရယူကာ သော့တစ်စုံ ပြောင်းခတ်ဖို့လဲ မမေ့သင့်ပါ။

တရားဝင် ပဋိဉာဉ်ဖြစ်ရန်အတွက် အောက်ပါအချက်(၅)ချက်နှင့် ကိုက်ညီရန်လဲ လိုအပ်ပါသည်။

၁။ ဥပဒေအရ တားမြစ်ချက်မျိုး မရှိရပါဘူး။

၂။ ခွင့်ပြုချက်မှာ ဥပဒေနှင့်မညီညွတ်ပဲ ဆန့်ကျင့်တာမျိုးမဖြစ်စေရ၊

၃။ လိမ်လည်လှည့်ဖြားပြီး အရောင်းအဝယ်ပြုစာချုပ်ချုပ်ဆိုတာမျိုး မဖြစ်စေရ၊

၄။ သူတပါးတစ်ဦး တစ်ယောက်အား ထိခိုက်နစ်နာမှု မဖြစ်စေရ၊

၅။ အများပြည်သူအား ဆန့်ကျင်ကာ ကျင့်ဝတ်ပျက်ပြားကြောင်း

တရားရုံးမှ ထင်မြင်သည့်အချက်မရှိမှ သာ တရားဝင်ပဋိဉာဉ်တစ်ရပ်ဖြစ်မည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၂) - ပုဂ္ဂလိကပိုင်မြေကွက်အား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လိုပါက မည်သို့လျှောက်ထားတင်ပြရမည်နည်း။

ဈေးကွက်စီးပွားရေးစနစ်အရ ပုဂ္ဂလိကပိုင် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်စေရန် ခွင့်ပြုချက်များ ချမှတ်ပေးရာ ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှု ဥပဒေပုဒ်မ-၄၀ အရ ရင်းနှီးမြုပ်နှံမှုလုပ်ငန်း အမျိုးအစား များကိုလဲ ခွဲခြားသတ်မှတ်ထားပါသည်။

ပုဒ်မ-၄၀(ခ)အရ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်း၊ စက်ပစ္စည်း လုပ်ငန်းများ ကို ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုလုပ်ငန်း အမျိုးအစားအဖြစ် လုပ်ငန်းများ လုပ်ဆောင်နိုင်ပါသည်။

ရင်းနှီးမြုပ်နှံသူသည် ပုဒ်မ-၃၆ အရ နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများ၊ မတည်ငွေရင်းကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားများ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ကြီးမားသော သက်ရောက်မှုဖြစ်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အအုံများ အသုံးပြုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကော်မရှင်သို့ အဆိုပြုချက် တင်ပြစေရန် အစိုးရအဖွဲ့က သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ကော်မရှင်သို့ အဆိုပြုချက် တင်သွင်းပြီး ခွင့်ပြုမိန့်ရရှိမှသာ ရင်းနှီးမြုပ်နှံမှု လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုဥပဒေအခန်း(၁၂) ပုဒ်မ-၅၀အရ မြေအသုံးပြုခွင့်နှင့်စပ်လျဉ်း၍လဲ ခွင့်ပြုမိန့်၊ အတည် ပြုမိန့်ရရှိထားပါကပုဂ္ဂလိကမြေဖြစ်စေ၊ အစိုးရအဖွဲ့အစည်းပိုင်မြေဖြစ်စေ၊ နှစ်ရှည်ဌားရမ်းခွင့်ရှိပါသည်။ ကနဦး ခွင့်ပြုမိန့်မှာ နှစ်-၅၀ဖြစ်ပြီး သက်တမ်းတိုးခွင့်လဲ တဆက်တည်း (၁၀)နှစ် နှစ်ကြိမ် သက်တမ်းတိုး ခွင့်ရှိပါသည်။ နိုင်ငံသားမှ မိမိမြေအား ရင်းနှီးမြုပ်နှံလိုပါကလဲ တည်ဆဲဥပဒေနှင့်အညီ ရင်းနှီးမြုပ်နှံခြင်းပြုနိုင်ပါသည်။

ရင်းနှီးမြုပ်နှံမှု ဆောင်ရွက်လိုသူသည် ပုဒ်-၃၆တွင် ဖော်ပြထားသော လုပ်ငန်းဖြစ်ပါက အတည်ပြု လျှောက်လွှာအား သတ်မှတ်ပုံစံနှင့်အညီ တင်သွင်းရမည်ဖြစ်ကာ မြေအသုံးပြုမှုနှင့် စပ်လျဉ်း၍ အခွန်အကောက် သက်သာခွင့်၊ ကွင်းလွတ်ခွင့်အတွက် တင်ပြလိုပါကလဲ ပုဒ်မ-၇၇အရ ကော်မရှင်ရုံးသို့ အတည်ပြု လျှောက်လွှာ တင်ရမည်။

ထို့ပြင် ရင်းနှီးမြုပ်နှံလိုသူသည် လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာအဖွဲ့အစည်း၏ ခွင်ပြုချက် (သို့) လိုင်စင် (သို့) ပါမစ် နှင့် ပိုင်ဆိုင်မှုစာချုပ်စာတမ်းများကိုလဲ လျှောက်ထားရာ၌ ပူးတွဲတင်ပြရန် လိုအပ်ပါသည်။

လျှောက်ထားသူသည် မြေဌားစာချုပ်အားလဲ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေနှင့်အညီ မှတ်ပုံတင်ရှိပြီး ကော်မရှင်၏ ခွင့်ပြုမိန့်ရရှိမှသာ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း (သို့) အခြားအဖွဲ့အစည်းများနှင့် လုပ်ငန်းများလုပ်ဆောင်ရန် ပဋိညာဉ်စာချုပ်များ ချုပ်ဆိုခြင်း၊ လုပ်ငန်းအား စတင်ခြင်းတို့ ပြုလုပ်ရမည်ဖြစ် ပါသည်။ နိုင်ငံတော်အတွင်းရှိ အာမခံလုပ်ငန်းတစ်ခုခုတွင် ရင်းနှီးမြှုပ်နှံမှုအား အာမခံထားရှိရမည်ဖြစ်ပါသည်။ အထူးပြုလိုင်စင်၊ ခွင့်ပြုမိန့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် လက်မှတ်များတွင် ပါဝင်သည့် စည်းကမ်းချက်များ အတိုင်း ရင်းနှီးမြှုပ်နှံမှုပြုသူမှ လိုက်နာဆောင်ရွက်ရန်လဲ လိုအပ်ပါသည်။

ရင်းနှီးမြုပ်နှံမှုအတွက် ကုမ္ပဏီ (သို့) တစ်ဦးတည်းပိုင်(သို့) တရားဝင်အဖွဲ့အစည်းများကို မှတ်ပုံတင်၍ ဖွဲ့စည်း တည်ထောင်ရမည်ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပဋိဉာဉ်စာချုပ်များ သက်တမ်းတိုးမြှင့် ဆောင်ရွက်သည့်အခါတိုင်း၊ ပြင်ဆင် သည့်အခါတိုင်း ကော်မရှင်ကို အသိပေးကာ ခွင့်ပြုချက်လဲ ရယူရန်လိုပါသည်။ အခြားပုဂ္ဂိုလ်တစ်ဦးဦးကို တစ်ဆင့်ငှားရမ်းခြင်း၊‌ ပေါင်နှံခြင်း၊ အစုရှယ်ယာများ လွှဲပြောင်းခြင်း၊ လုပ်ငန်းအား လွှဲပြောင်းခြင်းပြုသည့် အခါတိုင်း ကော်မရှင်ကို အသိပေး အကြောင်းကြားရန်လဲ လိုအပ်ပါသေးသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံလိုသူသည် လုပ်ငန်းအမျိုးအစားအလိုက် ကျန်းမာရေး၊ ယဉ်ကျေးမှုအမွေအနှစ် ၊ သဘာဝပတ်ဝန်းကျင် ၊ လူမှု့ပတ်ဝန်းကျင်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

 

မေးခွန်း (၃) - စာချုပ်စာတမ်းများ မှတ်ပုံတင်ရန်နောက်ကျပါက မည့်သို့ ဆောင်ရွက်ရမည်နည်း။

စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ ပုဒ်မ-၁၆ အရ မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုဖြစ်စေ ၊ ယင်းနှင့် စပ်လျဉ်းသော တန်ဖိုးငွေ(၁)သိန်းနှင့် အထက်ရှိသော မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ရောင်းချခြင်း၊ အကျိုးစီး ပွား တစ်စုံတစ်ရာကို ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွှတ် ဖျက်သိမ်းခြင်းစာချုပ်များ၊ တရားရုံး စီရင်ချက်၊ ဒီကရီအမိန့်၊ တစ်နှစ်ပြီး တစ်နှစ် ငှားရမ်းသည့် ငှားရမ်းခြင်းစာချုပ်များ ၊ မွေးစားခြင်း စာချုပ်များ အား မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းအဖြစ် သတ်မှတ်ထားပါသည်။

အထက်ဖော်ပြစာချုပ်ပါ စာချုပ်များနှင့် တရားရုံး ဒီကရီ(သို့) အမိန့်ကို စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေပုဒ်မ- ၂၁ အရ စာချုပ်ချုပ်ဆိုပြီးချိန်နှင့် အမိန့်ချမှတ်ပြီးချိန် ရက်ပေါင်း-၁၂၀အတွင်း မှတ်ပုံတင်ရန် လိုအပ်ပါသည်။ အယူခံဝင်သည့် အမှုဖြစ်နေပါက နောက်ဆုံးအယူခံဝင်သည့်ရုံး၏ အမိန့်ချမှတ်သည့်နေ့ရက်မှ ရက်ပေါင်း-၁၂၀ အတွင်း မှတ်ပုံတင်ရှိရမည်ဖြစ်ပါသည်။

ပုဒ်မ-၃၁အရ စာချုပ်စာတမ်းချုပ်ဆိုသူ အားလုံးမှဖြစ်စေ၊ တစ်ဦးစီမှဖြစ်စေ စာချုပ်စာတမ်းတစ်စောင် မှတ်ပုံတင်ရန် မှတ်ပုံတင်အရာရှိထံ တင်ပြနိုင်ပါသည်။

မှတ်ပုံတင်ရန်အတွက် နှစ်ဦးနှစ်ဖက် သဘောတူချုပ်ဆိုခြင်းရှိမရှိ၊ စာချုပ်ချုပ်ဆိုသူများ ကိုယ်တိုင် မှတ်ပုံ တင်ခြင်း ဟုတ်မဟုတ်၊ စာချုပ်ချုပ်ဆိုသူများ၏ ကိုယ်စားလှယ်များမှာတဆင့် မှတ်ပုံတင်ခြင်းဖြစ်ပါက တရား ဝင် လွှဲအပ်ထားခြင်းရှိမရှိ မှတ်ပုံတင်အရာရှိမှ စီစစ်ပါသည်။

စာချုပ်ချုပ်ဆိုသူ နှစ်ဦးနှစ်ယောက်ပိုသဖြင့် လက်မှတ်ရေးထိုးသည့်အချိန် ကွဲပြားနေလျှင် နောက်ဆုံး လက်မှတ်ရေးထိုးသည့်ရက်မှ ရက်ပေါင်း(၁၂၀)ကို ရေတွက်ပြီး မှတ်ပုံတင်ရမည်ဖြစ်ပါသည်။

အကြောင်းတစ်စုံတစ်ရာကြောင့် သတ်မှတ်ကာလ ရက်ပေါင်း-(၁၂၀)အတွင်း မှတ်ပုံတင်ရန် ပျက်ကွက် ပါက စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိထံ ဒဏ်ကြေးဖြင့် မှတ်ပုံတင်ခွင့်ပြုရန် တင်ပြနိုင်ပါသည်။

မှတ်ပုံတင်အရာရှိမှ လျှောက်ထားချက်ကို လက်ခံရရှိသည်အခါ သက်ဆိုင်ရာ တိုင်းဒေသကြီး(သို့) ပြည် နယ်၊ ပြည်ထောင်စု နယ်မြေ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိထံ တဆင့် တင်ပြပေးမည်ဖြစ်ပါသည်။ မှတ်ပုံ တင်ရန် ကျော်လွန်ကာလမှာ ရက်ပေါင်း-၁၂၀ ထက် မပိုသေးပါက သတ်မှတ်ဒဏ်ကြေးငွေအား ထမ်းဆောင်စေ ၍ မှတ်ပုံတင်အရာရှိမှ မှတ်ပုံတင် ခွင့်ပြုမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

အပတ္စဥ္အိမ္ျခံေျမဥပေဒအေရး ေဆြးေႏြးအေျဖ႐ွာ.......

 

ဒီတစ္ပတ္အတြက္ ဥပေဒအေမးအေျဖက႑မွာ ဒီအေၾကာင္းအရာေလးမ်ားကို အေျဖ႐ွာထားပါတယ္။

ဖခင္ႏွင့္သမီး ႏွစ္ဦးအမည္နဲ႔ ဝယ္ထားတဲ့တိုက္ခန္းကို သမီးကေရာင္းရင္ ျဖစ္ပါသလား။

ပုဂၢလိကပိုင္ေျမကြက္အား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား ေဆာင္႐ြက္လိုပါက မည္သို႔ေလွ်ာက္ထား တင္ျပရမည္နည္း။

စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္ရန္ေနာက္က်ပါက မည့္သို႔ ေဆာင္႐ြက္ရမည္နည္း။

 

ေမးခြန္း (၁) - ဖခင္ႏွင့္သမီး ႏွစ္ဦးအမည္နဲ႔ ဝယ္ထားတဲ့တိုက္ခန္းကို သမီးကေရာင္းရင္ ျဖစ္ပါသလား။

မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းအား လႊဲေျပာင္းေရာင္းခ်ျခင္းဆိုသည္မွာ ေငြက်ပ္(၁)သိန္းႏွင့္ အထက္႐ွိ ေသာ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းျဖစ္ပါက မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆို၍ ဝယ္ယူရမည္ျဖစ္ေၾကာင္းႏွင့္ ေရာင္းခ် သူမွလဲ မွတ္ပုံတင္စာခ်ဳပ္ျဖင့္ လက္ေရာက္ေပးအပ္ရမည္ျဖစ္ေၾကာင္း စာခ်ဳပ္စာတမ္း မွတ္ပုံတင္ဥပေဒတြင္ ေဖာ္ျပထားၿပီးျဖစ္ပါသည္။

မူလတိုက္ခန္း၏ အရပ္ကတိအၿပီးအပိုင္ အေရာင္းအဝယ္စာခ်ဳပ္တြင္ ဖခင္အမည္ပါ ပါဝင္၍ စာခ်ဳပ္ ခ်ဳပ္ဆို ဝယ္ယူထားပါက အဆိုပါတိုက္ခန္းအား ျပန္လည္ေရာင္းခ်ျခင္း ျပဳရာ၌လဲ ေရာင္းခ်သူေနရာ၌ ဖခင္ပါ ပါဝင္ရမည္ျဖစ္ပါသည္။

တိုက္ခန္းအား လႊဲေျပာင္းျခင္းျပဳထားေသာ ႏွစ္ဦးပိုင္ဆိုင္ေၾကာင္း ပဋိဉာဥ္တစ္ရပ္သည္ ျပန္လည္ ေရာင္းခ်ျခင္းျပဳရာ၌ ႏွစ္ဦးပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္စာတမ္းအေထာက္အထားပင္ျဖစ္ကာ သားအဖ ေတာ္စပ္မႈ ႐ွိေသာ္လည္း ခ်န္လွပ္ထား၍ မရပါ။

ဖခင္မွ သက္႐ွိ ထင္႐ွား႐ွိၿပီး ခရီးလြန္ေနပါက ၎၏ (Special Power/ General Power)မွ ဖခင္ကိုယ္စား လက္မွတ္ ေရးထိုးျခင္းျပဳႏိုင္ပါသည္။ ဖခင္မွ (SP/GP) လႊဲအပ္မေပးထားပါက သမီးမွ ဖခင္ကိုယ္ စား လက္မွတ္ေရးထိုး၍ မရပါ။ အေမြဆက္ခံေၾကာင္းအရ ဖခင္၏ ပိုင္ဆိုင္ခြင့္မွာ ၎၏ဇနီး၊ အျခားသား သမီးမ်ားႏွင့္လဲ သက္ဆိုင္မႈ႐ွိေၾကာင္း ေမ့မထားသင့္ပါ။ ေနာင္တခ်ိန္တြင္ အ႐ႈပ္အ႐ွင္း ေပၚေပါက္လာတတ္ ပါသည္။

ဖခင္မွာ ေသဆုံးသြားသူျဖစ္ပါက ေသစာရင္း အေထာက္အထားျပခိုင္းပါ။ ဖခင္မ႐ွိေတာ့ေသာ္လည္း ဖခင္၏ အေမြအား သက္ဆိုင္သူမ်ား႐ွိေနပါသျဖင့္ ယခုတိုက္ခန္းအား ျပန္လည္ဝယ္ယူသူမွ သက္ဆိုင္သူမ်ား ကိုပါ အသိသက္ေသေနရာ၌ ထည့္သြင္းလက္မွတ္ေရးထိုးမႈျပဳရန္ ေရာင္းခ်သူထံ ေတာင္းဆိုရပါမည္။

ဝယ္ယူသူမွ စာ႐ြက္စာတမ္းအေထာက္အထား၊ အခ်က္အလက္မ်ား ျပည့္စုံသည့္အခါမွ တိုက္ခန္းအား ဝယ္ယူသင့္ၿပီး ေငြေၾကစာခ်ဳပ္ခ်ဳပ္ဆိုသည္ႏွင့္တၿပိဳင္နက္ တိုက္ခန္းအား လႊဲေျပာင္းရယူကာ ေသာ့တစ္စုံ ေျပာင္းခတ္ဖို႔လဲ မေမ့သင့္ပါ။

တရားဝင္ ပဋိဉာဥ္ျဖစ္ရန္အတြက္ ေအာက္ပါအခ်က္(၅)ခ်က္ႏွင့္ ကိုက္ညီရန္လဲ လိုအပ္ပါသည္။

၁။ ဥပေဒအရ တားျမစ္ခ်က္မ်ိဳး မ႐ွိရပါဘူး။

၂။ ခြင့္ျပဳခ်က္မွာ ဥပေဒႏွင့္မညီၫြတ္ပဲ ဆန္႔က်င့္တာမ်ိဳးမျဖစ္ေစရ၊

၃။ လိမ္လည္လွည့္ျဖားၿပီး အေရာင္းအဝယ္ျပဳစာခ်ဳပ္ခ်ဳပ္ဆိုတာမ်ိဳး မျဖစ္ေစရ၊

၄။ သူတပါးတစ္ဦး တစ္ေယာက္အား ထိခိုက္နစ္နာမႈ မျဖစ္ေစရ၊

၅။ အမ်ားျပည္သူအား ဆန္႔က်င္ကာ က်င့္ဝတ္ပ်က္ျပားေၾကာင္း

တရား႐ုံးမွ ထင္ျမင္သည့္အခ်က္မ႐ွိမွ သာ တရားဝင္ပဋိဉာဥ္တစ္ရပ္ျဖစ္မည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၂) - ပုဂၢလိကပိုင္ေျမကြက္အား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား ေဆာင္႐ြက္လိုပါက မည္သို႔ေလွ်ာက္ထားတင္ျပရမည္နည္း။

ေဈးကြက္စီးပြားေရးစနစ္အရ ပုဂၢလိကပိုင္ ရင္းႏွီးျမဳပ္ႏွံမႈ လုပ္ငန္းစဥ္မ်ား အေကာင္အထည္ေဖာ္ေစရန္ ခြင့္ျပဳခ်က္မ်ား ခ်မွတ္ေပးရာ ပုဂၢလိကရင္းႏွီးျမဳပ္ႏွံမႈ ဥပေဒပုဒ္မ-၄၀ အရ ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္း အမ်ိဳးအစား မ်ားကိုလဲ ခြဲျခားသတ္မွတ္ထားပါသည္။

ပုဒ္မ-၄၀(ခ)အရ ေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္း၊ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္း၊ စက္ပစၥည္း လုပ္ငန္းမ်ား ကို ပုဂၢလိက ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္း အမ်ိဳးအစားအျဖစ္ လုပ္ငန္းမ်ား လုပ္ေဆာင္ႏိုင္ပါသည္။

ရင္းႏွီးျမဳပ္ႏွံသူသည္ ပုဒ္မ-၃၆ အရ ႏိုင္ငံေတာ္အတြက္ မဟာဗ်ဴဟာအရ အေရးပါသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းအမ်ိဳးအစားမ်ား၊ မတည္ေငြရင္းႀကီးမားသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း အမ်ိဳးအစားမ်ား၊ သဘာဝ ပတ္ဝန္းက်င္ႏွင့္ ေဒသခံလူထုအေပၚ ႀကီးမားေသာ သက္ေရာက္မႈျဖစ္ေစႏိုင္သည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၊ ႏိုင္ငံေတာ္ပိုင္ေျမႏွင့္ အေဆာက္အအုံမ်ား အသုံးျပဳသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၊ ေကာ္မ႐ွင္သို႔ အဆိုျပဳခ်က္ တင္ျပေစရန္ အစိုးရအဖြဲ႕က သတ္မွတ္ထားသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းမ်ားအား ေကာ္မ႐ွင္သို႔ အဆိုျပဳခ်က္ တင္သြင္းၿပီး ခြင့္ျပဳမိန္႔ရ႐ွိမွသာ ရင္းႏွီးျမဳပ္ႏွံမႈ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားၿပီးျဖစ္ပါသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒအခန္း(၁၂) ပုဒ္မ-၅၀အရ ေျမအသုံးျပဳခြင့္ႏွင့္စပ္လ်ဥ္း၍လဲ ခြင့္ျပဳမိန္႔၊ အတည္ ျပဳမိန္႔ရ႐ွိထားပါကပုဂၢလိကေျမျဖစ္ေစ၊ အစိုးရအဖြဲ႕အစည္းပိုင္ေျမျဖစ္ေစ၊ ႏွစ္႐ွည္ဌားရမ္းခြင့္႐ွိပါသည္။ ကနဦး ခြင့္ျပဳမိန္႔မွာ ႏွစ္-၅၀ျဖစ္ၿပီး သက္တမ္းတိုးခြင့္လဲ တဆက္တည္း (၁၀)ႏွစ္ ႏွစ္ႀကိမ္ သက္တမ္းတိုး ခြင့္႐ွိပါသည္။ ႏိုင္ငံသားမွ မိမိေျမအား ရင္းႏွီးျမဳပ္ႏွံလိုပါကလဲ တည္ဆဲဥပေဒႏွင့္အညီ ရင္းႏွီးျမဳပ္ႏွံျခင္းျပဳႏိုင္ပါသည္။

ရင္းႏွီးျမဳပ္ႏွံမႈ ေဆာင္႐ြက္လိုသူသည္ ပုဒ္-၃၆တြင္ ေဖာ္ျပထားေသာ လုပ္ငန္းျဖစ္ပါက အတည္ျပဳ ေလွ်ာက္လႊာအား သတ္မွတ္ပုံစံႏွင့္အညီ တင္သြင္းရမည္ျဖစ္ကာ ေျမအသုံးျပဳမႈႏွင့္ စပ္လ်ဥ္း၍ အခြန္အေကာက္ သက္သာခြင့္၊ ကြင္းလြတ္ခြင့္အတြက္ တင္ျပလိုပါကလဲ ပုဒ္မ-၇၇အရ ေကာ္မ႐ွင္႐ုံးသို႔ အတည္ျပဳ ေလွ်ာက္လႊာ တင္ရမည္။

ထို႔ျပင္ ရင္းႏွီးျမဳပ္ႏွံလိုသူသည္ လုပ္ငန္းအမ်ိဳးအစားအလိုက္ သက္ဆိုင္ရာအဖြဲ႕အစည္း၏ ခြင္ျပဳခ်က္ (သို႔) လိုင္စင္ (သို႔) ပါမစ္ ႏွင့္ ပိုင္ဆိုင္မႈစာခ်ဳပ္စာတမ္းမ်ားကိုလဲ ေလွ်ာက္ထားရာ၌ ပူးတြဲတင္ျပရန္ လိုအပ္ပါသည္။

ေလွ်ာက္ထားသူသည္ ေျမဌားစာခ်ဳပ္အားလဲ စာခ်ဳပ္စာတမ္း မွတ္ပုံတင္ဥပေဒႏွင့္အညီ မွတ္ပုံတင္႐ွိၿပီး ေကာ္မ႐ွင္၏ ခြင့္ျပဳမိန္႔ရ႐ွိမွသာ သက္ဆိုင္ရာ အစိုးရဌာန၊ အစိုးရအဖြဲ႕အစည္း (သို႔) အျခားအဖြဲ႕အစည္းမ်ားႏွင့္ လုပ္ငန္းမ်ားလုပ္ေဆာင္ရန္ ပဋိညာဥ္စာခ်ဳပ္မ်ား ခ်ဳပ္ဆိုျခင္း၊ လုပ္ငန္းအား စတင္ျခင္းတို႔ ျပဳလုပ္ရမည္ျဖစ္ ပါသည္။ ႏိုင္ငံေတာ္အတြင္း႐ွိ အာမခံလုပ္ငန္းတစ္ခုခုတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈအား အာမခံထား႐ွိရမည္ျဖစ္ပါသည္။ အထူးျပဳလိုင္စင္၊ ခြင့္ျပဳမိန္႔ႏွင့္ လုပ္ငန္းေဆာင္႐ြက္ခြင့္ လက္မွတ္မ်ားတြင္ ပါဝင္သည့္ စည္းကမ္းခ်က္မ်ား အတိုင္း ရင္းႏွီးျမႇဳပ္ႏွံမႈျပဳသူမွ လိုက္နာေဆာင္႐ြက္ရန္လဲ လိုအပ္ပါသည္။

ရင္းႏွီးျမဳပ္ႏွံမႈအတြက္ ကုမၸဏီ (သို႔) တစ္ဦးတည္းပိုင္(သို႔) တရားဝင္အဖြဲ႕အစည္းမ်ားကို မွတ္ပုံတင္၍ ဖြဲ႕စည္း တည္ေထာင္ရမည္ျဖစ္ပါသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ပဋိဉာဥ္စာခ်ဳပ္မ်ား သက္တမ္းတိုးျမႇင့္ ေဆာင္႐ြက္သည့္အခါတိုင္း၊ ျပင္ဆင္ သည့္အခါတိုင္း ေကာ္မ႐ွင္ကို အသိေပးကာ ခြင့္ျပဳခ်က္လဲ ရယူရန္လိုပါသည္။ အျခားပုဂၢိဳလ္တစ္ဦးဦးကို တစ္ဆင့္ငွားရမ္းျခင္း၊‌ ေပါင္ႏွံျခင္း၊ အစု႐ွယ္ယာမ်ား လႊဲေျပာင္းျခင္း၊ လုပ္ငန္းအား လႊဲေျပာင္းျခင္းျပဳသည့္ အခါတိုင္း ေကာ္မ႐ွင္ကို အသိေပး အေၾကာင္းၾကားရန္လဲ လိုအပ္ပါေသးသည္။

ထို႔ျပင္ ရင္းႏွီးျမႇဳပ္ႏွံလိုသူသည္ လုပ္ငန္းအမ်ိဳးအစားအလိုက္ က်န္းမာေရး၊ ယဥ္ေက်းမႈအေမြအႏွစ္ ၊ သဘာဝပတ္ဝန္းက်င္ ၊ လူမႈ႕ပတ္ဝန္းက်င္တို႔ကို ထိန္းသိမ္းေစာင့္ေ႐ွာက္ရန္ လိုအပ္ပါေၾကာင္း ေျဖဆိုေရးသား ေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္ရန္ေနာက္က်ပါက မည့္သို႔ ေဆာင္႐ြက္ရမည္နည္း။

စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္ဥပေဒ ပုဒ္မ-၁၆ အရ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းကိုျဖစ္ေစ ၊ ယင္းႏွင့္ စပ္လ်ဥ္းေသာ တန္ဖိုးေငြ(၁)သိန္းႏွင့္ အထက္႐ွိေသာ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းကို ေရာင္းခ်ျခင္း၊ အက်ိဳးစီး ပြား တစ္စုံတစ္ရာကို ေၾကညာျခင္း၊ လႊဲအပ္ျခင္း၊ ကန္႔သတ္ျခင္း၊ စြန္႔လႊတ္ ဖ်က္သိမ္းျခင္းစာခ်ဳပ္မ်ား၊ တရား႐ုံး စီရင္ခ်က္၊ ဒီကရီအမိန္႔၊ တစ္ႏွစ္ၿပီး တစ္ႏွစ္ ငွားရမ္းသည့္ ငွားရမ္းျခင္းစာခ်ဳပ္မ်ား ၊ ေမြးစားျခင္း စာခ်ဳပ္မ်ား အား မွတ္ပုံမတင္မေနရ စာခ်ဳပ္စာတမ္းအျဖစ္ သတ္မွတ္ထားပါသည္။

အထက္ေဖာ္ျပစာခ်ဳပ္ပါ စာခ်ဳပ္မ်ားႏွင့္ တရား႐ုံး ဒီကရီ(သို႔) အမိန္႔ကို စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္ ဥပေဒပုဒ္မ- ၂၁ အရ စာခ်ဳပ္ခ်ဳပ္ဆိုၿပီးခ်ိန္ႏွင့္ အမိန္႔ခ်မွတ္ၿပီးခ်ိန္ ရက္ေပါင္း-၁၂၀အတြင္း မွတ္ပုံတင္ရန္ လိုအပ္ပါသည္။ အယူခံဝင္သည့္ အမႈျဖစ္ေနပါက ေနာက္ဆုံးအယူခံဝင္သည့္႐ုံး၏ အမိန္႔ခ်မွတ္သည့္ေန႔ရက္မွ ရက္ေပါင္း-၁၂၀ အတြင္း မွတ္ပုံတင္႐ွိရမည္ျဖစ္ပါသည္။

ပုဒ္မ-၃၁အရ စာခ်ဳပ္စာတမ္းခ်ဳပ္ဆိုသူ အားလုံးမွျဖစ္ေစ၊ တစ္ဦးစီမွျဖစ္ေစ စာခ်ဳပ္စာတမ္းတစ္ေစာင္ မွတ္ပုံတင္ရန္ မွတ္ပုံတင္အရာ႐ွိထံ တင္ျပႏိုင္ပါသည္။

မွတ္ပုံတင္ရန္အတြက္ ႏွစ္ဦးႏွစ္ဖက္ သေဘာတူခ်ဳပ္ဆိုျခင္း႐ွိမ႐ွိ၊ စာခ်ဳပ္ခ်ဳပ္ဆိုသူမ်ား ကိုယ္တိုင္ မွတ္ပုံ တင္ျခင္း ဟုတ္မဟုတ္၊ စာခ်ဳပ္ခ်ဳပ္ဆိုသူမ်ား၏ ကိုယ္စားလွယ္မ်ားမွာတဆင့္ မွတ္ပုံတင္ျခင္းျဖစ္ပါက တရား ဝင္ လႊဲအပ္ထားျခင္း႐ွိမ႐ွိ မွတ္ပုံတင္အရာ႐ွိမွ စီစစ္ပါသည္။

စာခ်ဳပ္ခ်ဳပ္ဆိုသူ ႏွစ္ဦးႏွစ္ေယာက္ပိုသျဖင့္ လက္မွတ္ေရးထိုးသည့္အခ်ိန္ ကြဲျပားေနလွ်င္ ေနာက္ဆုံး လက္မွတ္ေရးထိုးသည့္ရက္မွ ရက္ေပါင္း(၁၂၀)ကို ေရတြက္ၿပီး မွတ္ပုံတင္ရမည္ျဖစ္ပါသည္။ အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ သတ္မွတ္ကာလ ရက္ေပါင္း-(၁၂၀)အတြင္း မွတ္ပုံတင္ရန္ ပ်က္ကြက္ ပါက စာခ်ဳပ္စာတမ္း မွတ္ပုံတင္အရာ႐ွိထံ ဒဏ္ေၾကးျဖင့္ မွတ္ပုံတင္ခြင့္ျပဳရန္ တင္ျပႏိုင္ပါသည္။

မွတ္ပုံတင္အရာ႐ွိမွ ေလွ်ာက္ထားခ်က္ကို လက္ခံရ႐ွိသည္အခါ သက္ဆိုင္ရာ တိုင္းေဒသႀကီး(သို႔) ျပည္ နယ္၊ ျပည္ေထာင္စု နယ္ေျမ စာခ်ဳပ္စာတမ္း မွတ္ပုံတင္အရာ႐ွိထံ တဆင့္ တင္ျပေပးမည္ျဖစ္ပါသည္။ မွတ္ပုံ တင္ရန္ ေက်ာ္လြန္ကာလမွာ ရက္ေပါင္း-၁၂၀ ထက္ မပိုေသးပါက သတ္မွတ္ဒဏ္ေၾကးေငြအား ထမ္းေဆာင္ေစ ၍ မွတ္ပုံတင္အရာ႐ွိမွ မွတ္ပုံတင္ ခြင့္ျပဳမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
imyanmarmarket
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service