ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
ဗြိတိန်၏ တစ်ခုတည်းသော ကန္တာရအလယ်တွင် တည်ရှိသော ဗြိတိန်၏ အထီးအကျန်ဆုံးနေအိမ် အရောင်းဈေးကွက်ဝင်လာသည်။
သို့သော် အဆိုပါ အိမ်ကို ဝယ်ယူနေထိုင်ရေးမှာ စိန်ခေါ်မှုများစွာ ရင်ဆိုင်ရနိုင်သည်။
(ကန့်ခရိုင်၏ ကမ်းရိုးတန်းဒေသတွင် တည်ရှိပြီး ၁၈၈၀ ပြည့်လွန်ကာလများအတွင်း ရထားတွဲတစ်ခုကို နေအိမ်အဖြစ် ပြောင်းလဲထားသောအိမ် ဖြစ်သည်။ ဓာတ်ပုံ-Jam Press/ The Modern House)
(နေအိမ်တွင် အိပ်ခန်း ၃ ခန်းပါဝင်ပြီး ထိုဒေသ၌ ရထားတွဲ ၃၀ ဝန်းကျင်ရှိသည့်အနက်တစ်ခု အပါအဝင်လည်း ဖြစ်သည်။ ဓာတ်ပုံ-Jam Press/ The Modern House)
(ခေတ်ဆန်သော ပရိဘောဂများနှင့် ခမ်းနားသော မွမ်းမံမှုလက်ရာတို့ တွေ့ရသည်။ ဓာတ်ပုံ-Jam Press/ The Modern House)
(အထင်ကရ မီးပြတိုက်တစ်ခုကို လှမ်းမျှော်တွေ့မြင်နိုင်သည့် လှပသောရှုခင်းများ ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-Jam Press/ The Modern House)
ဗြိတိန်၏ တစ်ခုတည်းသော ကန္တာရအတွင်း တည်ရှိပြီး ရှည်လျားသော သမိုင်းကြောင်း ရှိသည်။
မြို့ပြလူနေမှုဘဝမှ ရုန်းထွက်လိုသူများအတွက်မူ ရထားတွဲအိမ်မှာ နေရာကောင်းတစ်ခု ဖြစ်နိုင်သည်။
အင်္ဂလိပ်ရေလက်ကြားအနီးတည်ရှိသော မီးပြတိုက်၏ လှပသောရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။
Master Bedroom တွင် သီးသန့် ရေချိုးခန်းပါဝင်ပြီး အခြားအိပ်ခန်း ၂ ခန်းမှာလည်း အရွယ်အစား ကျယ်ဝန်းသည်။
ရှုခင်းကြည့်နေရာနှင့် ပန်းဥယျာဉ်တို့အပြင် ကား ၂ စင်း ရပ်နားရန် နေရာလည်း ပါဝင်သည်။
သို့သော် ဝယ်ယူလိုသူအနေဖြင့် ပေါင် ၈၇၅,၀၀၀ အထိ သုံးစွဲရမည် ဖြစ်သည်။
ယခုအိမ်ကို လန်ဒန်ရှိ The Modern House အိမ်ခြံမြေကုမ္ပဏီမှတဆင့် ဝယ်ယူရရှိနိုင်သည်။
ဗြိတိန်ပြည်သူများက ဤနေရာကို ဗြိတိန်၏ တစ်ခုတည်းသော သဲကန္တာရဟု ခေါ်ကြသည်။
ဤဒေသတွင် လည်ပတ်သွားလာစရာ နေရာမရှိသော်လည်း နှစ်စဉ် လာရောက်လည်ပတ်သူပေါင်း ၁ သန်းခန့် ရှိသည်။
(ဤဒေသမှာ ဗြိတိန်ရှိ အခြားမည်သည့်နေရာနှင့်မှ မတူကြောင်း ယခင်လာရောက်လည်ပတ်ဖူးသူတို့က ပြောသည်။ ဓာတ်ပုံ-Jam Press/ Wards)
(Master bedroom တွင် သီးသန့်ရေချိုးခန်းပါသည်။ ဓာတ်ပုံ-Jam Press/ The Modern House)
(ပေါင် ၈၇၅၀၀၀ ဈေးခေါ်ထားသည်။ ဓာတ်ပုံ-Jam Press/ The Modern House)
(ဤအိမ်ကို လန်ဒန်မြို့ရှိ The Modern House အိမ်ခြံမြေကုမ္ပဏီမှတဆင့် ဝယ်ယူနိုင်သည်။ ဓာတ်ပုံ-Jam Press/ The Modern House)
(မြို့ပြလူနေမှုဘဝမှ ရုန်းထွက်လိုသူများအတွက် ပြီးပြည့်စုံသောနေရာ ဖြစ်သည်။ ဓာတ်ပုံ-Jam Press/ The Modern House)
(ပန်းချီဆရာ Derek Jarman နေထိုင်ခဲ့ဖူးသောအိမ်မှာ ယခုအိမ်မှ အနည်းငယ်လမ်းလျှောက်သွားရုံဖြင့် ရောက်သည်။ ဓာတ်ပုံ-Jam Press/ The Modern House)
(အပြောကျယ်သော ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-Jam Press/ The Modern House)
(ဗြိတိန်၏ တစ်ခုတည်းသော သဲကန္တာရတွင် တည်ရှိသည်။ ဓာတ်ပုံ-Jam Press/ The Modern House)
(ရှုခင်းကြည့်နေရာနှင့် ပန်းဥယျာဉ်တစ်ခုတို့လည်း ပါဝင်သည်။ ဓာတ်ပုံ-Jam Press/ The Modern House)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Britain’s most isolated home goes up for sale – but it’s in the middle of a DESERT…why buying it may prove a challenge (thesun)
Photo Credit- Jam Press/ The Modern House
[Zawgyi]