ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
ရောင်းမထွက်သော အိမ်များကို ယွမ်ငွေ ၃၀၀ ဘီလီယံ (ကန်ဒေါ်လာ ၄၁ ဘီလီယံ) သုံးစွဲကာ ဝယ်ယူပေးမည် ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာလိုက်သည်။
ထို့အပြင် အိမ်ခြံမြေ developer တို့အား ရင်းနှီးမြှုပ်နှံငွေ ရရှိနိုင်ရန်၊ အလဟဿဖြစ်နေသော မြေနေရာများ ပြန်လည်ဝယ်ယူမှုကို အားပေးရန်တို့အတွက်လည်း တရုတ်အစိုးရက စီစဉ်လာသည်။
အိမ်ခြံမြေကဏ္ဍနှင့် ပိုမိုကျယ်ပြန့်သော စီးပွားရေးကဏ္ဍကို ကယ်တင်နိုင်ရန်အတွက် တရုတ်အစိုးရက အကြီးမားဆုံး ရည်မှန်းချက်ထားကြိုးပမ်းမှုကို စတင်လိုက်ခြင်းလည်း ဖြစ်သည်။
ယခုခွင့်ပြုငွေဖြင့် တရုတ်ပြည်တွင်း ဒေသအသီးသီးရှိ နိုင်ငံပိုင်ကုမ္ပဏီများသည် ရောင်းမထွက်သော အိမ်များကို ဝယ်ယူနိုင်စေမည်ဖြစ်ကာ အဆိုပါအိမ်များကို တန်ဖိုးသင့်အငှားအိမ်များအဖြစ် အငှားချထားနိုင်မည်ဖြစ်ကြောင်း အစိုးရထိပ်တန်းအရာရှိများက သတင်းမီဒီယာများသို့ ပြောသည်။
ယခုငွေကို နိုင်ငံပိုင် ကူးသန်းရောင်းဝယ်ရေးဘဏ်များ၊ ရှယ်ယာရှင်တို့ဖြင့် ဖွဲ့စည်းထားသည့်ဘဏ်များ အစရှိ သော ဘဏ်ပေါင်း ၂၁ ခုမှတဆင့် ချေးငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း တရုတ်ဗဟိုဘဏ်၏ ဒုတိယအကြီးအကဲ Tao Ling က ပြောသည်။
မရောင်းရသောအိမ်များ ဝယ်ယူမည့် အစီအစဉ်တွင် ဘဏ္ဍာရေးအင်စတီကျူးရှင်းများက ဒေသအလိုက် နိုင်ငံပိုင်ကုမ္ပဏီများအား ငွေကြေးထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း Tao Ling က ပြောသည်။
မရောင်းရသောအိမ်များ ဝယ်ယူမှုအတွက် ဘဏ်ချေးငွေ ယွမ် ၅၀၀ ဘီလီယံထုတ်ပေးမှုဟုလည်း ဆိုနိုင်သည်။
“အိမ်ခြံမြေဈေးကွက်မှာ ရောင်းလိုအား-ဝယ်လိုအား dynamic အပြောင်းအလဲဖြစ်မှုကို ကိုင်တွယ်ဖို့အတွက် ဗဟိုအစိုးရရဲ့ ကြီးမားတဲ့ခြေလှမ်းလည်း ဖြစ်ပါတယ်။ ပြည်သူတွေအတွက် အရည်အသွေးမီတဲ့အိမ်တွေ လိုအပ်ချက် ဖြည့်တင်းပေးနိုင်ဖို့လည်း ဖြစ်ပါတယ်” ဟု Tao Ling က ပြောသည်။
“ကျွန်တော်တို့ ဒါကို ချက်ချင်းအကောင်အထည်ဖော်မှာဖြစ်ပြီး အခြားကိုင်တွယ်ဆောင်ရွက်မှုများစွာလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”
ယခုအစီအစဉ်မှ ငွေများကို ဆောက်လုပ်ပြီးစီးထားပြီဖြစ်သော်လည်း မရောင်းရသေးသောအိမ်များ ဝယ်ယူရေး အတွက်သာ အသုံးပြုမည်ဖြစ်ပြီး ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့များက မိမိတို့ဒေသ၏ လိုအပ်ချက်အပေါ် မူတည်ပြီး ယခုအစီအစဉ်တွင် ပါဝင်ရန် သင့်၊ မသင့် ဆုံးဖြတ်ကြရမည် ဖြစ်သည်။
ယခုမူဝါဒမှာ ပိုင်ဆိုင်မှုအပေါ် မူတည်ခြင်းမရှိဘဲ အိမ်ခြံမြေ developer အမျိုးအစားအားလုံးနှင့် အကျုံးဝင် ကြောင်းလည်း Tao Ling က ပြောသည်။
သောကြာနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲသို့ အိုးအိမ်နှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သဘာဝ အရင်းအမြစ် ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့မှ အရာရှိများ တက်ရောက်ခဲ့ကြသည်။
တရုတ်ဗဟိုဘဏ်သည် အိမ်ခြံမြေဝယ်ယူမှုများအတွက် လက်ငင်းပေးချေရမည့်ငွေပမာဏကိုလည်း ပထမဆုံးအိမ်နှင့် ဒုတိယမြောက်အိမ် ဝယ်ယူမည့်သူများအတွက် ၁၅ ရာခိုင်နှုန်းနှင့် ၂၅ ရာခိုင်နှုန်းသို့ အသီးသီး လျှော့ချပေးလိုက်သည်။
ယခင်က သတ်မှတ်ထားသည်မှာ ၂၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်း ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: China property: Beijing launches US$41 billion of funds to buy unsold homes, repurchase of ‘idle’ land in drive to rescue housing market (shareandstocks)
[Zawgyi]
တရုတ္ျပည္တြင္ အက်ပ္ဆိုက္ေနေသာ အိမ္ျခံေျမက႑ကို ကယ္တင္ရန္အတြက္ ေရာင္းမထြက္ေသာ အိမ္မ်ားကို အစိုးရက ယြမ္ေငြ ၃၀၀ ဘီလီယံ (ကန္ေဒၚလာ ၄၁ ဘီလီယံ) သံုးစြဲကာ ဝယ္ယူေပးရန္ စီစဥ္
ေရာင္းမထြက္ေသာ အိမ္မ်ားကို ယြမ္ေငြ ၃၀၀ ဘီလီယံ (ကန္ေဒၚလာ ၄၁ ဘီလီယံ) သံုးစြဲကာ ဝယ္ယူေပးမည္ ျဖစ္ေၾကာင္း တရုတ္အစိုးရက ေၾကညာလိုက္သည္။
ထို႔အျပင္ အိမ္ျခံေျမ developer တို႔အား ရင္းႏွီးျမွဳပ္ႏွံေငြ ရရွိႏိုင္ရန္၊ အလဟႆျဖစ္ေနေသာ ေျမေနရာမ်ား ျပန္လည္ဝယ္ယူမႈကို အားေပးရန္တို႔အတြက္လည္း တရုတ္အစိုးရက စီစဥ္လာသည္။
အိမ္ျခံေျမက႑ႏွင့္ ပိုမိုက်ယ္ျပန္႔ေသာ စီးပြားေရးက႑ကို ကယ္တင္ႏိုင္ရန္အတြက္ တရုတ္အစိုးရက အၾကီးမားဆံုး ရည္မွန္းခ်က္ထားၾကိဳးပမ္းမႈကို စတင္လိုက္ျခင္းလည္း ျဖစ္သည္။
ယခုခြင့္ျပဳေငြျဖင့္ တရုတ္ျပည္တြင္း ေဒသအသီးသီးရွိ ႏိုင္ငံပိုင္ကုမၸဏီမ်ားသည္ ေရာင္းမထြက္ေသာ အိမ္မ်ားကို ဝယ္ယူႏိုင္ေစမည္ျဖစ္ကာ အဆိုပါအိမ္မ်ားကို တန္ဖုိးသင့္အငွားအိမ္မ်ားအျဖစ္ အငွားခ်ထားႏိုင္မည္ျဖစ္ေၾကာင္း အစိုးရထိပ္တန္းအရာရွိမ်ားက သတင္းမီဒီယာမ်ားသို႔ ေျပာသည္။
ယခုေငြကို ႏိုင္ငံပိုင္ ကူးသန္းေရာင္းဝယ္ေရးဘဏ္မ်ား၊ ရွယ္ယာရွင္တို႔ျဖင့္ ဖြဲ႔စည္းထားသည့္ဘဏ္မ်ား အစရွိ ေသာ ဘဏ္ေပါင္း ၂၁ ခုမွတဆင့္ ေခ်းေငြထုတ္ယူႏိုင္မည္ျဖစ္ေၾကာင္း တရုတ္ဗဟိုဘဏ္၏ ဒုတိယအၾကီးအကဲ Tao Ling က ေျပာသည္။
မေရာင္းရေသာအိမ္မ်ား ဝယ္ယူမည့္ အစီအစဥ္တြင္ ဘ႑ာေရးအင္စတီက်ဴးရွင္းမ်ားက ေဒသအလိုက္ ႏိုင္ငံပိုင္ကုမၸဏီမ်ားအား ေငြေၾကးေထာက္ပံ့ေပးႏိုင္ရန္ ရည္ရြယ္ျခင္းျဖစ္ေၾကာင္း Tao Ling က ေျပာသည္။
မေရာင္းရေသာအိမ္မ်ား ဝယ္ယူမႈအတြက္ ဘဏ္ေခ်းေငြ ယြမ္ ၅၀၀ ဘီလီယံထုတ္ေပးမႈဟုလည္း ဆိုႏိုင္သည္။
“အိမ္ျခံေျမေစ်းကြက္မွာ ေရာင္းလိုအား-ဝယ္လိုအား dynamic အေျပာင္းအလဲျဖစ္မႈကို ကိုင္တြယ္ဖုိ႔အတြက္ ဗဟိုအစိုးရရဲ႕ ၾကီးမားတဲ့ေျခလွမ္းလည္း ျဖစ္ပါတယ္။ ျပည္သူေတြအတြက္ အရည္အေသြးမီတဲ့အိမ္ေတြ လိုအပ္ခ်က္ ျဖည့္တင္းေပးႏိုင္ဖုိ႔လည္း ျဖစ္ပါတယ္” ဟု Tao Ling က ေျပာသည္။ “ကၽြန္ေတာ္တို႔ ဒါကို ခ်က္ခ်င္းအေကာင္အထည္ေဖာ္မွာျဖစ္ျပီး အျခားကိုင္တြယ္ေဆာင္ရြက္မႈမ်ားစြာလည္း လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္”
ယခုအစီအစဥ္မွ ေငြမ်ားကို ေဆာက္လုပ္ျပီးစီးထားျပီျဖစ္ေသာ္လည္း မေရာင္းရေသးေသာအိမ္မ်ား ဝယ္ယူေရး အတြက္သာ အသံုးျပဳမည္ျဖစ္ျပီး ေဒသအလိုက္ အုပ္ခ်ဳပ္ေရးအဖြဲ႔မ်ားက မိမိတို႔ေဒသ၏ လိုအပ္ခ်က္အေပၚ မူတည္ျပီး ယခုအစီအစဥ္တြင္ ပါဝင္ရန္ သင့္၊ မသင့္ ဆံုးျဖတ္ၾကရမည္ ျဖစ္သည္။
ယခုမူဝါဒမွာ ပိုင္ဆိုင္မႈအေပၚ မူတည္ျခင္းမရွိဘဲ အိမ္ျခံေျမ developer အမ်ဳိးအစားအားလံုးႏွင့္ အက်ံဳးဝင္ ေၾကာင္းလည္း Tao Ling က ေျပာသည္။ ေသာၾကာေန႔က ျပဳလုပ္ခဲ့ေသာ သတင္းစာရွင္းလင္းပြဲသို႔ အိုးအိမ္ႏွင့္ ျမိဳ႕ျပ-ေက်းလက္ ဖြံ႔ျဖိဳးေရး ဝန္ၾကီးဌာန၊ သဘာဝ အရင္းအျမစ္ ဝန္ၾကီးဌာနႏွင့္ ဗဟိုဘဏ္တို႔မွ အရာရွိမ်ား တက္ေရာက္ခဲ့ၾကသည္။
တရုတ္ဗဟိုဘဏ္သည္ အိမ္ျခံေျမဝယ္ယူမႈမ်ားအတြက္ လက္ငင္းေပးေခ်ရမည့္ေငြပမာဏကိုလည္း ပထမဆံုးအိမ္ႏွင့္ ဒုတိယေျမာက္အိမ္ ဝယ္ယူမည့္သူမ်ားအတြက္ ၁၅ ရာခိုင္ႏႈန္းႏွင့္ ၂၅ ရာခိုင္ႏႈန္းသို႔ အသီးသီး ေလွ်ာ့ခ်ေပးလုိက္သည္။
ယခင္က သတ္မွတ္ထားသည္မွာ ၂၀ ရာခိုင္ႏႈန္းႏွင့္ ၃၀ ရာခိုင္ႏႈန္း ျဖစ္သည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: China property: Beijing launches US$41 billion of funds to buy unsold homes, repurchase of ‘idle’ land in drive to rescue housing market (shareandstocks)