ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လည်း ဘီလ်ဂိတ်က ၁ ကာရက်သာရှိသော စိန်လက်စွပ်သာ ဝယ်ယူခဲ့

ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လည်း ဘီလ်ဂိတ်က ၁ ကာရက်သာရှိသော စိန်လက်စွပ်သာ ဝယ်ယူခဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
10 May 2024 2:25 pm တွင် တင်ခဲ့သည်
1495 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အချိန်ကား ၁၉၉၃ ခုနှစ်။

ဘီလ်ဂိတ်သည် ဇနီးလောင်း မီလင်ဒါနှင့်အတူ Berkshire Hathaway Inc ၏ ရှယ်ယာရှင်များ အစည်းအဝေး သို့ တက်ရောက်ရန် နီဘရာ စကာပြည်နယ်၊ အိုမဟာမြို့သို့ သွားရောက်ခဲ့သည်။

အိုမဟာမြို့တွင် ဘီလ်ဂိတ်တို့စုံတွဲကို Warren Buffett က ကြိုဆိုခဲ့သည်။

ယင်းနောက် Warren Buffett က သူ၏ ကုမ္ပဏီပိုင် တန်ဖိုးကြီးလက်ဝတ်ရတနာဆိုင်ဖြစ်သော Borsheims သို့ ချက်ချင်းခေါ်ဆောင်သွားခဲ့ပြီး စေ့စပ် စိန်လက်စွပ် ဝယ်ယူရာတွင် ရွေးချယ်နိုင်ရန် အကြံပေးခဲ့သည်။

“၁၉၅၁ ခုနှစ်မှာ ကျွန်တော်စေ့စပ်လက်စွပ် ဝယ်တုန်းက ကျွန်တော့် ကြွယ်ဝမှုရဲ့ ၆ ရာခိုင်နှုန်းကို လက်စွပ် အတွက် သုံးခဲ့တယ်”ဟု Warren Buffett က ဘီလ်ဂိတ်အား ပြောခဲ့သည်။

ထို့နောက် မိုက္ကရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်အား မိမိကဲ့သို့ လုပ်ဆောင်ရန် Warren Buffett က အကြံပေးခဲ့သည်။

ထိုအချိန်က ဘီလ်ဂိတ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံခန့်ဖြစ်ရာ Warren Buffett ၏ အကြံပြုချက်အတိုင်းသာ သုံးစွဲမည်ဆိုပါက စေ့စပ်လက်စွပ်အတွက် ကန်ဒေါ်လာ သန်း ၃၇၀ ခန့် သုံးစွဲရမည် ဖြစ်သည်။

သို့သော် ဘီလ်ဂိတ်က Warren Buffett ၏ အကြံပြုချက်အတိုင်း လုပ်ဆောင်ခဲ့ခြင်း မရှိချေ။

ဇနီးလောင်း မီလင်ဒါအား ၁ ကာရက်သာ ရှိသော စိန်လက်စွပ်ဖြင့် လက်ထပ်ခွင့် တောင်းခဲ့သည်။

“ကျွန်တော် မျှော်လင့်ခဲ့သလို ခမ်းနားတဲ့ နေ့ရက်တစ်ခု မဟုတ်ခဲ့ပါဘူး”ဟု Warren Buffett က နောက်ပိုင်း တွင် ပြန်လည်ပြောပြသည်။

ထိုသို့ လက်ထပ်ခွင့် တောင်းခံခဲ့ပြီးနောက် ၁၉၉၄ ခုနှစ်တွင် ဘီလ်ဂိတ်တို့စုံတွဲ လက်ထပ်ခဲ့ကြပြီး ၂၇ နှစ်တာ ပေါင်းသင်းခဲ့ကာ နောက်ပိုင်းတွင် လမ်းခွဲခဲ့ကြသည်။

သတင်းများအရ မီလင်ဒါဂိတ်သည် ကွာရှင်းပြတ်စဲမှုတွင် ကန်ဒေါ်လာ ၇၆ ဘီလီယံခန့် ရရှိခဲ့သည်ဟု ဆိုသည်။

သို့သော် ထိုသတင်းမှာ တရားဝင် အတည်ပြုမှုများ မရှိချေ။

အကယ်၍ ဘီလ်ဂိတ်သည် Warren Buffett ၏ အကြံကို လက်ခံခဲ့မည်ဆိုပါက ယနေ့ခေတ်ငွေတန်ဖိုးအားဖြင့် စေ့စပ်လက်စွပ်မှာ ကန်ဒေါ်လာ သန်း ၈၀၀ ခန့် တန်ကြေး ရှိနေမည် ဖြစ်သည်။

ထိုငွေပမာဏဖြင့် ဆိုပါက ဘီလ်ဂိတ်အနေဖြင့် ၅၉ ဒသမ ၆ ကာရက်ရှိ Pink Star စိန်ကြီး (သို့မဟုတ်) ၁၄ ဒသမ ၆၂ ကာရက်ရှိ Oppenheimer Blue တို့ကဲ့သို့ ကမ္ဘာ့အကျော်ကြားဆုံး စိန်များကို ဝယ်ယူနိုင်မည် ဖြစ်သည်။

ဘီလ်ဂိတ်သည် စေ့စပ်လက်စွပ်အတွက် ငွေကြေးများစွာ မသုံးစွဲခဲ့သော်လည်း နေအိမ်အတွက်မူ ငွေကြေး အတော်အတန် သုံးစွဲခဲ့သည်။

သူ၏ နေအိမ်မှာ ဝါရှင်တန်ပြည်နယ်တွင် တည်ရှိပြီး Xanadu 2.0 ဟု အမည်ရသည်။ ဘီလ်ဂိတ်က အဆိုပါ စံအိမ်၏ မြေကွက်နေရာကို ၁၉၈၈ ခုနှစ်တွင် ကန်ဒေါ်လာ ၂ သန်းဖြင့် ဝယ်ယူခဲ့ပြီး ကန်ဒေါ်လာ ၆၃ သန်း သုံးစွဲကာ စတုရန်းပေ ၆၆၀၀၀ ကျယ်ဝန်းသော စံအိမ်ကြီး ဆောက်လုပ်ခဲ့သည်။

ထိုစံအိမ် တန်ကြေးမှာ ယခုအခါ ကန်ဒေါ်လာ သန်း ၁၃၀ ခန့် တန်ကြေးရှိသည်။ Warren Buffett မှာမူ အိုမဟာမြို့တွင် ၁၉၅၈ ခုနှစ်က ဒေါ်လာ ၃၁၅၀၀ ဖြင့် ဝယ်ယူခဲ့သော နေအိမ်တွင် ယနေ့တိုင် နေထိုင်နေဆဲ ဖြစ်သည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: For $1.7M, you can buy an entire Wild West-themed town in Montana (nypost) Photo Credit- Audrey Todd Davis

Photi Credit : NewYorkPost

 

[Zawgyi]

ခ်မ္းသာႂကြယ္ဝသူတို႔၏ ေငြေၾကးစီမံခန႔္ခြဲပုံ (သို႔) ဘီလ္ဂိတ္က ဇနီးေလာင္း မီလင္ဒါ အတြက္ ေစ့စပ္လက္စြပ္ ဝယ္ရာတြင္ Warren Buffett က သူ၏ လက္ဝတ္ရတနာဆိုင္သို႔ ေခၚသြားခဲ့ၿပီး ေဒၚလာ သန္း ၄၀၀ နီးပါးသုံးစြဲကာ စိန္လက္စြပ္ဝယ္ယူရန္ တိုက္တြန္းခဲ့ေသာ္လည္း ဘီလ္ဂိတ္က ၁ ကာရက္သာရွိေသာ စိန္လက္စြပ္သာ ဝယ္ယူခဲ့

အခ်ိန္ကား ၁၉၉၃ ခုႏွစ္။

ဘီလ္ဂိတ္သည္ ဇနီးေလာင္း မီလင္ဒါႏွင့္အတူ Berkshire Hathaway Inc ၏ ရွယ္ယာရွင္မ်ား အစည္းအေဝး သို႔ တက္ေရာက္ရန္ နီဘရာ စကာျပည္နယ္၊ အိုမဟာၿမိဳ႕သို႔ သြားေရာက္ခဲ့သည္။

အိုမဟာၿမိဳ႕တြင္ ဘီလ္ဂိတ္တို႔စုံတြဲကို Warren Buffett က ႀကိဳဆိုခဲ့သည္။

ယင္းေနာက္ Warren Buffett က သူ၏ ကုမၸဏီပိုင္ တန္ဖိုးႀကီးလက္ဝတ္ရတနာဆိုင္ျဖစ္ေသာ Borsheims သို႔ ခ်က္ခ်င္းေခၚေဆာင္သြားခဲ့ၿပီး ေစ့စပ္ စိန္လက္စြပ္ ဝယ္ယူရာတြင္ ေ႐ြးခ်ယ္ႏိုင္ရန္ အႀကံေပးခဲ့သည္။

“၁၉၅၁ ခုႏွစ္မွာ ကြၽန္ေတာ္ေစ့စပ္လက္စြပ္ ဝယ္တုန္းက ကြၽန္ေတာ့္ ႂကြယ္ဝမႈရဲ႕ ၆ ရာခိုင္ႏႈန္းကို လက္စြပ္ အတြက္ သုံးခဲ့တယ္”ဟု Warren Buffett က ဘီလ္ဂိတ္အား ေျပာခဲ့သည္။

ထို႔ေနာက္ မိုကၠ႐ိုေဆာ့ဖ္ တည္ေထာင္သူ ဘီလ္ဂိတ္အား မိမိကဲ့သို႔ လုပ္ေဆာင္ရန္ Warren Buffett က အႀကံေပးခဲ့သည္။

ထိုအခ်ိန္က ဘီလ္ဂိတ္၏ ႂကြယ္ဝမႈမွာ ကန္ေဒၚလာ ၆ ဒသမ ၂ ဘီလီယံခန႔္ျဖစ္ရာ Warren Buffett ၏ အႀကံျပဳခ်က္အတိုင္းသာ သုံးစြဲမည္ဆိုပါက ေစ့စပ္လက္စြပ္အတြက္ ကန္ေဒၚလာ သန္း ၃၇၀ ခန႔္ သုံးစြဲရမည္ ျဖစ္သည္။

သို႔ေသာ္ ဘီလ္ဂိတ္က Warren Buffett ၏ အႀကံျပဳခ်က္အတိုင္း လုပ္ေဆာင္ခဲ့ျခင္း မရွိေခ်။

ဇနီးေလာင္း မီလင္ဒါအား ၁ ကာရက္သာ ရွိေသာ စိန္လက္စြပ္ျဖင့္ လက္ထပ္ခြင့္ ေတာင္းခဲ့သည္။ “ကြၽန္ေတာ္ ေမွ်ာ္လင့္ခဲ့သလို ခမ္းနားတဲ့ ေန႔ရက္တစ္ခု မဟုတ္ခဲ့ပါဘူး”ဟု Warren Buffett က ေနာက္ပိုင္း တြင္ ျပန္လည္ေျပာျပသည္။

ထိုသို႔ လက္ထပ္ခြင့္ ေတာင္းခံခဲ့ၿပီးေနာက္ ၁၉၉၄ ခုႏွစ္တြင္ ဘီလ္ဂိတ္တို႔စုံတြဲ လက္ထပ္ခဲ့ၾကၿပီး ၂၇ ႏွစ္တာ ေပါင္းသင္းခဲ့ကာ ေနာက္ပိုင္းတြင္ လမ္းခြဲခဲ့ၾကသည္။ သတင္းမ်ားအရ မီလင္ဒါဂိတ္သည္ ကြာရွင္းျပတ္စဲမႈတြင္ ကန္ေဒၚလာ ၇၆ ဘီလီယံခန႔္ ရရွိခဲ့သည္ဟု ဆိုသည္။

သို႔ေသာ္ ထိုသတင္းမွာ တရားဝင္ အတည္ျပဳမႈမ်ား မရွိေခ်။

အကယ္၍ ဘီလ္ဂိတ္သည္ Warren Buffett ၏ အႀကံကို လက္ခံခဲ့မည္ဆိုပါက ယေန႔ေခတ္ေငြတန္ဖိုးအားျဖင့္ ေစ့စပ္လက္စြပ္မွာ ကန္ေဒၚလာ သန္း ၈၀၀ ခန႔္ တန္ေၾကး ရွိေနမည္ ျဖစ္သည္။

ထိုေငြပမာဏျဖင့္ ဆိုပါက ဘီလ္ဂိတ္အေနျဖင့္ ၅၉ ဒသမ ၆ ကာရက္ရွိ Pink Star စိန္ႀကီး (သို႔မဟုတ္) ၁၄ ဒသမ ၆၂ ကာရက္ရွိ Oppenheimer Blue တို႔ကဲ့သို႔ ကမာၻ႔အေက်ာ္ၾကားဆုံး စိန္မ်ားကို ဝယ္ယူႏိုင္မည္ ျဖစ္သည္။

ဘီလ္ဂိတ္သည္ ေစ့စပ္လက္စြပ္အတြက္ ေငြေၾကးမ်ားစြာ မသုံးစြဲခဲ့ေသာ္လည္း ေနအိမ္အတြက္မူ ေငြေၾကး အေတာ္အတန္ သုံးစြဲခဲ့သည္။

သူ၏ ေနအိမ္မွာ ဝါရွင္တန္ျပည္နယ္တြင္ တည္ရွိၿပီး Xanadu 2.0 ဟု အမည္ရသည္။ ဘီလ္ဂိတ္က အဆိုပါ စံအိမ္၏ ေျမကြက္ေနရာကို ၁၉၈၈ ခုႏွစ္တြင္ ကန္ေဒၚလာ ၂ သန္းျဖင့္ ဝယ္ယူခဲ့ၿပီး ကန္ေဒၚလာ ၆၃ သန္း သုံးစြဲကာ စတုရန္းေပ ၆၆၀၀၀ က်ယ္ဝန္းေသာ စံအိမ္ႀကီး ေဆာက္လုပ္ခဲ့သည္။

ထိုစံအိမ္ တန္ေၾကးမွာ ယခုအခါ ကန္ေဒၚလာ သန္း ၁၃၀ ခန႔္ တန္ေၾကးရွိသည္။

Warren Buffett မွာမူ အိုမဟာၿမိဳ႕တြင္ ၁၉၅၈ ခုႏွစ္က ေဒၚလာ ၃၁၅၀၀ ျဖင့္ ဝယ္ယူခဲ့ေသာ ေနအိမ္တြင္ ယေန႔တိုင္ ေနထိုင္ေနဆဲ ျဖစ္သည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service