ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
နေပြည်တော်မှာ အိမ်ငှားရမ်းနေထိုင်သူ ပေါများလာခြင်းကြောင့် အိမ်ငှားခဈေးများ မြင့်တက်နေကြောင်း အိမ်ငှားနေထိုင်သူတချို့ထံမှ သိရသည်။
၂၀၂၄ ခုနှစ်အတွင်း နေပြည်တော် ၌ တစ်လ တစ်သိန်းအောက် အငှားအိမ်မရှိတော့ဘဲ အိမ်လခ တစ်သိန်းအထက်များသာ ရှိတော့ကြောင်း၊ ယခင်က လစဉ်ပေး၊ သုံးလစာချုပ်၊ အမြင့်ဆုံး ၆ လစာချုပ်များသာရှိသော်လည်း လက်ရှိကာလတွင် ၊အနိမ့်ဆုံး တစ်နှစ်စာချုပ် ဖြင့်သာ ငှားရမ်းနေရကြောင်း သိရသည်။
“ နေပြည်တော်မှာက ၂၀၂၃ ခုနှစ်ထဲက ပြောင်းရွှေ့နေထိုင်သူများလာတော့ အိမ်ငှားဈေးကွက် ကောင်းလာတယ်လို့ ပြောရမှာပေါ့၊ နိုင်ငံရေးအခြေအနေအရ ဒီမှာပြောင်းလာတဲ့သူတွေများတယ်။ ငွေကြေးတတ်နိုင်သူတွေကတော့ အိမ်ဝိုင်းခြံမြေ ဈေးသင့်တာလေးတွေ ဝယ်နေထိုင်ကြပေမယ့် အများစုကတော့ အိမ်ငှားနေထိုင်သူတွေက များပါတယ်။ အစောပိုင်းကတော့ အိမ်ငှားဈေးကွက်မှာ တစ်လ တစ်သိန်းအထက်နဲ့ တစ်သိန်းအောက် အိမ်တွေရှိပေမယ့် အိမ်ငှားနေထိုင်သူများလာတာနဲ့အမျှ အိမ်ငှားခတွေ ဈေးမြင့်လာရော။ အခု နေပြည်တော်မှာ အိမ်ငှားနေသူက အိမ်ငှားဈေးကြီးလို့ နေထိုင်သူနည်းသွားတယ်။ အငှားနေတဲ့သူတွေက မြို့ပေါ်တွေမှာ အိမ်မငှားတော့ဘဲ မြို့နဲ့နီးစပ်တဲ့ ကျေးရွာတွေမှာ လိုက်ငှားပြီး နေကြတယ်။ ကျေးရွာတွေမှာကတော့ မြို့ပေါ်လောက် ဈေးမကြီးသေးဘူး ” ဟု အိမ်ငှားနေထိုင်သူတစ်ဦးမှ ပြောသည်။
လက်ရှိတွင် နေပြည်တော်၊ သပြေကုန်း၌ အိမ်ငှားခ တစ်လ သုံးသိန်းမှ သိန်းဆယ်ဂဏန်းကျော်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့ပေါ်များတွင် အနိမ့်ဆုံး သုံးသိန်းမှ ငါးသိန်းအထိ ဈေးရှိကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ေနျပည္ေတာ္တြင္ အိမ္ငွားမ်ားလာၿပီး အိမ္ငွားခေဈးမ်ားတက္ေန
ေနျပည္ေတာ္မွာ အိမ္ငွားရမ္းေနထိုင္သူ ေပါမ်ားလာျခင္းေၾကာင့္ အိမ္ငွားခေဈးမ်ား ျမင့္တက္ေနေၾကာင္း အိမ္ငွားေနထိုင္သူတခ်ိဳ႕ထံမွ သိရသည္။
၂၀၂၄ ခုႏွစ္အတြင္း ေနျပည္ေတာ္၌ တစ္လ တစ္သိန္းေအာက္ အငွားအိမ္မ႐ွိေတာ့ဘဲ အိမ္လခ တစ္သိန္းအထက္မ်ားသာ ႐ွိေတာ့ေၾကာင္း၊ ယခင္က လစဥ္ေပး၊ သုံးလစာခ်ဳပ္၊ အျမင့္ဆုံး ၆ လစာခ်ဳပ္မ်ားသာ႐ွိေသာ္လည္း လက္႐ွိကာလတြင္ ၊အနိမ့္ဆုံး တစ္ႏွစ္စာခ်ဳပ္ ျဖင့္သာ ငွားရမ္းေနရေၾကာင္း သိရသည္။
“ ေနျပည္ေတာ္မွာက ၂၀၂၃ ခုႏွစ္ထဲက ေျပာင္းေ႐ႊ႕ေနထိုင္သူမ်ားလာေတာ့ အိမ္ငွားေဈးကြက္ ေကာင္းလာတယ္လို႔ ေျပာရမွာေပါ့၊ ႏိုင္ငံေရးအေျခအေနအရ ဒီမွာေျပာင္းလာတဲ့သူေတြမ်ားတယ္။ ေငြေၾကးတတ္ႏိုင္သူေတြကေတာ့ အိမ္ဝိုင္းျခံေျမ ေဈးသင့္တာေလးေတြ ဝယ္ေနထိုင္ၾကေပမယ့္ အမ်ားစုကေတာ့ အိမ္ငွားေနထိုင္သူေတြက မ်ားပါတယ္။ အေစာပိုင္းကေတာ့ အိမ္ငွားေဈးကြက္မွာ တစ္လ တစ္သိန္းအထက္နဲ႔ တစ္သိန္းေအာက္ အိမ္ေတြ႐ွိေပမယ့္ အိမ္ငွားေနထိုင္သူမ်ားလာတာနဲ႔အမွ် အိမ္ငွားခေတြ ေဈးျမင့္လာေရာ။ အခု ေနျပည္ေတာ္မွာ အိမ္ငွားေနသူက အိမ္ငွားေဈးႀကီးလို႔ ေနထိုင္သူနည္းသြားတယ္။ အငွားေနတဲ့သူေတြက ၿမိဳ႕ေပၚေတြမွာ အိမ္မငွားေတာ့ဘဲ ၿမိဳ႕နဲ႔နီးစပ္တဲ့ ေက်း႐ြာေတြမွာ လိုက္ငွားၿပီး ေနၾကတယ္။ ေက်း႐ြာေတြမွာကေတာ့ ၿမိဳ႕ေပၚေလာက္ ေဈးမႀကီးေသးဘူး” ဟု အိမ္ငွားေနထိုင္သူတစ္ဦးမွ ေျပာသည္။
လက္႐ွိတြင္ ေနျပည္ေတာ္၊ သေျပကုန္း၌ အိမ္ငွားခ တစ္လ သုံးသိန္းမွ သိန္းဆယ္ဂဏန္းေက်ာ္အထိ ေပါက္ေဈး႐ွိေၾကာင္း သိရသည္။ ပ်ဥ္းမနား၊ လယ္ေဝး၊ တပ္ကုန္းၿမိဳ႕ေပၚမ်ားတြင္ အနိမ့္ဆုံး သုံးသိန္းမွ ငါးသိန္းအထိ ေဈး႐ွိေၾကာင္း သိရသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com