ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအသွက်ဆုံး ဒဂုံမြို့သစ် လေးမြို့နယ်မှာ ဈေးအနိမ့်ပိုင်း အိမ်ခြံမြေတွေ အရောင်းများနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ဒဂုံဆိပ်ကမ်း ၊ ဒဂုံ(တောင်) ၊ ဒဂုံ(မြောက်) နှင့် ဒဂုံအရှေ့ လေးမြို့နယ်တို့တွင် သိန်း (၆၀၀) ဝန်းကျင် အိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်နေပြီး သိန်း (၃၀၀၀) အထက် အိမ်ခြံမြေများ အရောင်းအဝယ်ပါးနေကြောင်း သိရသည်။
“ လုံးဝ အရောင်းအဝယ်ရပ်သွားတာတော့ မရှိဘူး၊ အရင်လိုဈေးကောင်းနေတုန်းပဲ၊ ဈေးအမြင့်ပိုင်းတွေတော့ အရောင်းအဝယ်အေးတယ်။ မြေကွက်အလွတ်တွေ အဝယ်လိုက်တယ် ” ဟု TG အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းတာဝန်ခံတစ်ဦးက ပြောသည်။
ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက် အတွင်း ရောင်းအားအကောင်းဆုံး ဒဂုံမြို့သစ် လေးမြို့နယ်သည် ယခုနှစ်အတွင်း အရောင်းအဝယ် အနည်းငယ်အေးနေကြောင်း သိရသည်။
စီးပွားရေးလုပ်ငန်းများအတွက် လျှပ်စစ်မီးပျက်ခြင်းနှင့် လုံခြုံရေးအားနည်းချက် အချို့ကြောင့် အရောင်းအဝယ်ပါးလာခြင်းဖြစ်ကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ဈေးအနိမ့်ပိုင်းအိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်